အာဆင်နယ်နဲ့ ဖြတ်တောက်မရတဲ့ သံယောဇဉ်ကို ဖွင့်ဟခဲ့တဲ့ ရမ်ဆေး 615 410 coyg

အာဆင်နယ်နဲ့ ဖြတ်တောက်မရတဲ့ သံယောဇဉ်ကို ဖွင့်ဟခဲ့တဲ့ ရမ်ဆေး

အာရွန် ရမ်ဆေးဟာ အာဆင်နယ်နဲ့ ဝေးလ်စ် လက်ရွေးစင်အသင်းအတွက် မေ့ဖျောက်လို့ မရနိုင်တဲ့ ကစားသမားဖြစ်ပြီး ဂရိသတင်းထောက် ဒီမီထရစ် မာနာကော့စ်နဲ့ တွေ့ဆုံရာမှာ ဂန်းနားတွေနဲ့အမှတ်တရတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

မေး- ခင်ဗျားနဲ့ပတ်သက်တဲ့သူတိုင်းက ခင်ဗျား အာဆင်နယ်မှာ ရှိနေတာကို နှစ်သက်ကြပြီး နှစ်ဖက်စလုံးက အဲဒီလိုပဲ ထင်တယ်။ ခင်ဗျားရဲ့ အာဆင်နယ်က အတွေ့အကြုံတွေနဲ့ အဲဒီမှာ ရှိနေခဲ့တဲ့နှစ်တွေအကြောင်းရယ် ဘောလုံးလောကမှာ ဘယ်လိုရင့်ကျက်လာခဲ့လဲဆိုတာ ပြောပြပါဦး။

ဖြေ-အံ့အားသင့်စရာပရိသတ်တွေနဲ့အတူ ကြီးမားတဲ့ ဘောလုံးအသင်းတစ်သင်းပါ။ ကျွန်တော် အဲဒီမှာ ရှိနေခဲ့ရတဲ့ အချိန်တွေကို ချစ်မြတ်နိုးမိတယ်။ ကျွန်တော်ဒီလိုမျိုး အရမ်းကောင်းတဲ့အသင်းအတွက် နှစ်အကြာကြီး ကိုယ်စားပြုပေးခွင့်ရခဲ့တာကိုလည်း ဂုဏ်ယူမဆုံးပါဘူး။ အာဆင်နယ်က ကွင်းတွင်းကွင်းပြင်ပမှာပါ ဂုဏ်သိက္ခာကြီးမားပါတယ်။ ကျွန်တော် အဲဒီကို ကောင်လေးတစ်ယောက်အနေနဲ့ သွားခဲ့ပြီး ယောကျာ်းတစ်ယောက်အဖြစ်နဲ့ စွန့်ခွာခဲ့ပါတယ်။

မေး- ခင်ဗျားရဲ့ အသင်းက အကောင်းဆုံးအခိုက်အတန့်က ဘာလဲ။ ခင်ဗျား ဘယ်တော့မှ မမေ့နိုင်မယ့် အဖြစ်အပျက်ကရော ဘယ်ဟာလဲ။

ဖြေ- အာဆင်နယ်မှာ ကျွန်တော် အရမ်းကို ထူးခြားတဲ့အခိုက်အတန့်အချို့ရှိခဲ့တယ်။ ဒါပေမယ့် အထူးခြားဆုံးတစ်ခုက နှစ်တွေ ဘယ်လောက်ပဲကြာပါစေ မှတ်မိနေသေးတယ်။ အဲဒါက ဟားလ်စီးတီးနဲ့ပွဲက အနိုင်ဂိုးပါ။ ကျွန်တော်တို့ ဆုဖလားတစ်လုံးမှ မရှိဘဲ နှစ်တွေအများကြီးဖြတ်သန်းခဲ့ရတယ်။ အဲဒီတော့ ကျွန်တော့်လက်ထဲကို နောက်ဆုံး ဖလားတစ်လုံးရောက်လာတာက အရမ်းကောင်းပါတယ်။ ကျွန်တော် အဲဒါကို မေ့မှာမဟုတ်ပါဘူး။

မေး-ခင်ဗျားက အရမ်းကို ခက်ခဲတဲ့ဒဏ်ရာပြဿနာတွေနဲ့ ကြုံခဲ့ရပြီး အမှန်တရားက အနည်းငယ်လောက်ပဲ အဲဒီလိုဒဏ်ရာတွေကနေ ပြန်လာနိုင်ခဲ့တယ်။ ခင်ဗျား အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲ။ အသင်းနဲ့ အာဆင်ဝင်းဂါးတို့က ဘယ်လိုမျိုး ခင်ဗျားကို ကူညီခဲ့ကြလဲ။

ဖြေ-အဲဒါက မလွယ်ခဲ့ပါဘူး။ ကျွန်တော် မကြာခဏကစားခဲ့ရပြီး အဲဒီဒဏ်ရာတွေမတိုင်ခင်က ဘောလုံးကစားရတာကို ပျော်ရွှင်ခဲ့ပြီး အဲဒီလို ဖြစ်ခဲ့တယ်။ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေက အများကြီးရှိခဲ့တယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် လမ်းလျှောက်နိုင်ချင်တယ်။ ကျွန်တော် ဘောလုံးကစားနိုင်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။

ကျွန်တော် ဆေးအဖွဲ့နဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေကို အရမ်းကျေးဇူးတင်တယ်။ ကျွန်တော့်ကို နောက်ထပ်တစ်ကြိမ် ဘောလုံးကစားနိုင်အောင် သူတို့ လုပ်ရမယ့်အပိုင်းတွေအားလုံးကို လုပ်ပေးခဲ့ကြလို့ပါ။ အဲဒါက လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူတို့တွေ ကျွန်တော့်ကို ခြေလှမ်းတစ်ခုချင်းစီတိုင်းမှာ ကူညီပေးခဲ့တယ်။ ကျွန်တော်က ဒီလိုဒဏ်ရာတွေကို ပထမဆုံးနဲ့ နောက်ဆုံးခံစားခဲ့ရတဲ့ကစားသမားမဟုတ်ပါဘူး။ဒါပေမယ့် အထူးကျွမ်းကျင်သူတွေရဲ့ စကားကိုနားထောင်ဖို့ အရေးကြီးတယ်။ ကျွန်တော် လုပ်နိုင်ခဲ့ပြီး ပြန်လာနိုင်ခဲ့တယ်။

မေး- ခင်ဗျား လုပ်နိုင်ခဲ့ရုံတင်မဟုတ်ဘူး။ ခင်ဗျား ပြန်လာခဲ့တယ်။ အသင်းရဲ့ ကြယ်ပွင့် ဖြစ်လာခဲ့တယ်။ ခင်ဗျား အဲဒီလိုမျိုးရော ခံစားခဲ့ဖူးလား။ လွန်ခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်လောက်က အာရန် ရမ်ဆေးက ကစားသမားဘဝရဲ့ အကောင်းဆုံးပုံစံမှာ ရှိခဲ့တယ်ဆိုတဲ့ခံစားချက်မျိုးရှိခဲ့လား။

ဖြေ- ကျွန်တော် အာဆင်နယ်က အချိန်တွေကို အရမ်းဂုဏ်ယူမိတယ်။ ကျွန်တော် မိနစ်တိုင်းကို ချစ်မြတ်နိုးတယ်။ ကျွန်တော် အသင်းကို ကူညီနိုင်အောင် အကောင်းဆုံးကစားသမားဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးက ကျွန်တော့်ကို ခုလိုမျိုး ကစားသမားတစ်ယောက် ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ ကျွန်တော် အဲဒီအတွက် သူ့အပေါ်မှာ အကြွေးတွေ အများကြီးတင်ခဲ့ပါတယ်။

မေး- ၂၀၁၆ တုန်းက လိဂ်ကို မှတ်မိသေးလား။လက်စတာရဲ့ မယုံနိုင်စရာရာသီလေ။ ခင်ဗျား အဲဒီအချိန်ကို ပြန်သွားနိုင်ပြီး တစ်ခုခုလုပ်နိုင်မယ်ဆိုရင် ခင်ဗျား ဘယ်ဟာကို အောင်နိုင်ချင်လဲ။

ဖြေ- သူတို့အတွက် မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို တစ်ရာသီတည်းနဲ့ အနိုင်ရခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့တွေ လိဂ်မှာ ဆက်ရှိနေဖို့တောင် ရုန်းကန်ခဲ့ရတာပါ။ အဲဒါက မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော်တို့ နောက်ပြန်ကြည့်ပြီး ငါတို့သာ အဲဒါကို လုပ်နိုင်ခဲ့ရင် ဒါမှမဟုတ် အဲဒီလိုမျိုး ကွဲပြားခြားနားမှုမျိုး လုပ်နိုင်ခဲ့ရင်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြောစရာ အကြောင်းမရှိပါဘူး။

မေး- အာဆင်ဝင်းဂါးအကြောင်း ပြောပြပါဦး။ ဂရိက လူတိုင်းရဲ့ စိတ်ထဲမှာ အားကစားရဲ့ဂန္တဝင်လို့ မှတ်ယူထားတယ်။ ခင်ဗျားကို သူဘယ်လောက်အားပေးထောက်ခံခဲ့လဲ။ နေ့တိုင်း သူနဲ့ ဘယ်လို ဆက်သွယ်ခဲ့လဲ။ ခင်ဗျားတို့ ဆက်ဆံရေးကရော ဘယ်လိုလဲ။

ဖြေ- သူက ကျွန်တော် အသင်းကို ရောက်လာဖို့ အဓိကကျခဲ့တဲ့သူပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ဆွစ်ဇာလန်ကို လေယာဉ်နဲ့သွားပြီး သူနဲ့ တွေ့ခဲ့တာပါ။ သူနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိခဲ့တယ်။ သူ ကျွန်တော့်ကို ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ကူညီပေးခဲ့တယ်။ သူက ကူညီပေးဖို့ ဉာဏ်ပညာနဲ့ ဗဟုသုတတွေအများကြီးရှိတဲ့ ဖခင်လိုလူမျိုးပါ။ ကျွန်တော့်ကို သူပေးခဲ့တဲ့ အခွင့်အရေးတွေအတွက် တသက်လုံး ကျေးဇူးတင်နေမှာပါ။

မေး- ခင်ဗျား ပြောတဲ့ ဟားလ်စီးတီးနဲ့ပွဲက ဂိုးဆိုတာက အက်ဖ်အေဗိုလ်လုပွဲလား။ လီဗာပူးလ်နဲ့ပွဲက ဂိုးလား။ ဒါမှမဟုတ် တူရကီက ဂိုးလား။ ဘာကြောင့် အဲဒီဂိုးလဲ။

ဖြေ- ဂလာတာဆာရေးနဲ့ပွဲက ဂိုးက ကျွန်တော် သွင်းဖူးသမျှထဲမှာ အကောင်းဆုံးဂိုးပါ။ ဒါပေမယ့် ဟားလ်စီးတီးနဲ့ပွဲက ဂိုးက စိတ်ခံစားကြောင့်လည်း အထူးခြားဆုံးဖြစ်ခဲ့တာပါ။ ကျွန်တော် အဲဒါက မဖော်ပြနိုင်ဘူး။ အရမ်းအံ့အားသင့်စရာကောင်းတယ်။

မေး- အာဆင်နယ်က ခင်ဗျားရဲ့ အကောင်းဆုံးအသင်းဖော်က ဘယ်သူဖြစ်ခဲ့လဲ။ လေ့ကျင့်ဖို့ အခက်ခဲဆုံးသူက ဘယ်သူလဲ။ ဘာကြောင့်လဲ။

ဖြေ- ကျွန်တော့်မှာ အာဆင်နယ်မှာ ရှိခဲ့တဲ့ နှစ်တွေအတွင်း အရမ်းကောင်းတဲ့အသင်းဖော်တွေ ရှိခဲ့ပါတယ်။ ကီရန် ဂစ်ဘ်စ်၊ ဝဲလ်ကော့၊ မာတီဆက်ကာ၊ ကိုစီယယ်လ်နီ၊ ဆန်တီ၊ မွန်နရယ်တို့ပါ။ ဒါပေမယ့်လည်း ဆန်တီ ကာဇိုလာက လေ့ကျင့်ဖို့ အခက်ခဲဆုံးသူပါ။ သူက အတူတူ ကစားရရင် စိတ်ပျော်ရွှင်စရာကောင်းတဲ့သူပါ။ အရမ်းကို ပါရမီရှိတယ်။ သူက ခြေ၂ဖက်စလုံးကို ညီတူညီမျှ သုံးနိုင်ပြီး ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးကမဆို ဖောက်ထွက်နိုင်တယ်။ သူက အရမ်းကောင်းတဲ့ အသင်းလိုက်ကစားသမားဖြစ်ပြီး သူ ကွင်းထဲမှာ ရှိနေတဲ့မိနစ်တိုင်းကို ပျော်ရွှင်မိပါတယ်။

မေး- ကျွန်တော် မမေးဘဲမနေနိုင်လို့ မေးမယ်ဗျာ။ ခင်ဗျား အာဆင်နယ်က ထွက်ခွာရတာ ဘယ်လိုခံစားခဲ့ရလဲ၊ အမ်းမရိတ်စ်မှာ စက်ဝန်းတစ်ခုပြည့်သွားတာလား ဒါမှမဟုတ် ဆက်ပြီး ကစားချင်သေးလား။

ဖြေ-အဲဒါက ကျွန်တော် မဖြစ်စေချင်ခဲ့တဲ့အရာပါ။ ကျွန်တော် စာချုပ် ကမ်းလှမ်းခံခဲ့ရတယ်။ ကျွန်တော်လက်ခံခဲ့တယ်။ တစ်ပတ်၊ နှစ်ပတ်လောက်နေတော့ အဲဒီစာချုပ်က မရှိတော့ဘူး။ ကျွန်တော့်ရဲ့အချိန်တွေက အများကြီး ပိုပြီးရှည်လျားခဲ့ရင်ကောင်းမယ်လို့ ဆုတောင်းမိခဲ့တယ်။ ဒါပေမယ့် တခါတလေကျရင် ဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်။

မေး-ဒီနှစ်အသင်းနဲ့ အာတီတာအပေါ် ခင်ဗျား ဘယ်လိုမြင်လဲ။ နှစ် ၂၀ ကျော်အကြာမှာ အမ်းမရိတ်စ်ကို အမှတ်ပေးဖလားပြန်ရောက်လာမယ်ထင်လား။

ဖြေ-မီခေးလ်က မယုံနိုင်စရာအလုပ်ကို လုပ်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းနဲ့အတူ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းကို တည်ဆောက်ခဲ့တာ သိသာပါတယ်။ မနှစ်တုန်းက သူတို့တွေ နီးစပ်ခဲ့တယ်။ ဒီနှစ်တော့ သူတို့တွေ နောက်ထပ်ခြေလှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာ႐ြန္ ရမ္ေဆးဟာ အာဆင္နယ္နဲ႔ ေဝးလ္စ္ လက္ေ႐ြးစင္အသင္းအတြက္ ေမ့ေဖ်ာက္လို႔ မရႏိုင္တဲ့ ကစားသမားျဖစ္ၿပီး ဂရိသတင္းေထာက္ ဒီမီထရစ္ မာနာေကာ့စ္နဲ႔ ေတြ႕ဆုံရာမွာ ဂန္းနားေတြနဲ႔အမွတ္တရေတြကို ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။

ေမး- ခင္ဗ်ားနဲ႔ပတ္သက္တဲ့သူတိုင္းက ခင္ဗ်ား အာဆင္နယ္မွာ ရွိေနတာကို ႏွစ္သက္ၾကၿပီး ႏွစ္ဖက္စလုံးက အဲဒီလိုပဲ ထင္တယ္။ ခင္ဗ်ားရဲ႕ အာဆင္နယ္က အေတြ႕အႀကဳံေတြနဲ႔ အဲဒီမွာ ရွိေနခဲ့တဲ့ႏွစ္ေတြအေၾကာင္းရယ္ ေဘာလုံးေလာကမွာ ဘယ္လိုရင့္က်က္လာခဲ့လဲဆိုတာ ေျပာျပပါဦး။

ေျဖ-အံ့အားသင့္စရာပရိသတ္ေတြနဲ႔အတူ ႀကီးမားတဲ့ ေဘာလုံးအသင္းတစ္သင္းပါ။ ကြၽန္ေတာ္ အဲဒီမွာ ရွိေနခဲ့ရတဲ့ အခ်ိန္ေတြကို ခ်စ္ျမတ္ႏိုးမိတယ္။ ကြၽန္ေတာ္ဒီလိုမ်ိဳး အရမ္းေကာင္းတဲ့အသင္းအတြက္ ႏွစ္အၾကာႀကီး ကိုယ္စားျပဳေပးခြင့္ရခဲ့တာကိုလည္း ဂုဏ္ယူမဆုံးပါဘူး။ အာဆင္နယ္က ကြင္းတြင္းကြင္းျပင္ပမွာပါ ဂုဏ္သိကၡာႀကီးမားပါတယ္။ ကြၽန္ေတာ္ အဲဒီကို ေကာင္ေလးတစ္ေယာက္အေနနဲ႔ သြားခဲ့ၿပီး ေယာက်ာ္းတစ္ေယာက္အျဖစ္နဲ႔ စြန႔္ခြာခဲ့ပါတယ္။

ေမး- ခင္ဗ်ားရဲ႕ အသင္းက အေကာင္းဆုံးအခိုက္အတန႔္က ဘာလဲ။ ခင္ဗ်ား ဘယ္ေတာ့မွ မေမ့ႏိုင္မယ့္ အျဖစ္အပ်က္ကေရာ ဘယ္ဟာလဲ။

ေျဖ- အာဆင္နယ္မွာ ကြၽန္ေတာ္ အရမ္းကို ထူးျခားတဲ့အခိုက္အတန႔္အခ်ိဳ႕ရွိခဲ့တယ္။ ဒါေပမယ့္ အထူးျခားဆုံးတစ္ခုက ႏွစ္ေတြ ဘယ္ေလာက္ပဲၾကာပါေစ မွတ္မိေနေသးတယ္။ အဲဒါက ဟားလ္စီးတီးနဲ႔ပြဲက အႏိုင္ဂိုးပါ။ ကြၽန္ေတာ္တို႔ ဆုဖလားတစ္လုံးမွ မရွိဘဲ ႏွစ္ေတြအမ်ားႀကီးျဖတ္သန္းခဲ့ရတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္လက္ထဲကို ေနာက္ဆုံး ဖလားတစ္လုံးေရာက္လာတာက အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္ အဲဒါကို ေမ့မွာမဟုတ္ပါဘူး။

ေမး-ခင္ဗ်ားက အရမ္းကို ခက္ခဲတဲ့ဒဏ္ရာျပႆနာေတြနဲ႔ ႀကဳံခဲ့ရၿပီး အမွန္တရားက အနည္းငယ္ေလာက္ပဲ အဲဒီလိုဒဏ္ရာေတြကေန ျပန္လာႏိုင္ခဲ့တယ္။ ခင္ဗ်ား အဲဒီတုန္းက ဘယ္လိုခံစားခဲ့ရလဲ။ အသင္းနဲ႔ အာဆင္ဝင္းဂါးတို႔က ဘယ္လိုမ်ိဳး ခင္ဗ်ားကို ကူညီခဲ့ၾကလဲ။

ေျဖ-အဲဒါက မလြယ္ခဲ့ပါဘူး။ ကြၽန္ေတာ္ မၾကာခဏကစားခဲ့ရၿပီး အဲဒီဒဏ္ရာေတြမတိုင္ခင္က ေဘာလုံးကစားရတာကို ေပ်ာ္႐ႊင္ခဲ့ၿပီး အဲဒီလို ျဖစ္ခဲ့တယ္။ ကြၽန္ေတာ့္ေခါင္းထဲမွာ အေတြးေတြက အမ်ားႀကီးရွိခဲ့တယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ လမ္းေလွ်ာက္ႏိုင္ခ်င္တယ္။ ကြၽန္ေတာ္ ေဘာလုံးကစားႏိုင္လိမ့္မယ္လို႔ေတာ့ မထင္ခဲ့ဘူး။

ကြၽန္ေတာ္ ေဆးအဖြဲ႕နဲ႔ ခြဲစိတ္ဆရာဝန္ႀကီးေတြကို အရမ္းေက်းဇူးတင္တယ္။ ကြၽန္ေတာ့္ကို ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးကစားႏိုင္ေအာင္ သူတို႔ လုပ္ရမယ့္အပိုင္းေတြအားလုံးကို လုပ္ေပးခဲ့ၾကလို႔ပါ။ အဲဒါက လြယ္ကူတဲ့ လုပ္ငန္းစဥ္မဟုတ္ခဲ့ဘူး။ ဒါေပမယ့္ သူတို႔ေတြ ကြၽန္ေတာ့္ကို ေျခလွမ္းတစ္ခုခ်င္းစီတိုင္းမွာ ကူညီေပးခဲ့တယ္။ ကြၽန္ေတာ္က ဒီလိုဒဏ္ရာေတြကို ပထမဆုံးနဲ႔ ေနာက္ဆုံးခံစားခဲ့ရတဲ့ကစားသမားမဟုတ္ပါဘူး။ဒါေပမယ့္ အထူးကြၽမ္းက်င္သူေတြရဲ႕ စကားကိုနားေထာင္ဖို႔ အေရးႀကီးတယ္။ ကြၽန္ေတာ္ လုပ္ႏိုင္ခဲ့ၿပီး ျပန္လာႏိုင္ခဲ့တယ္။

ေမး- ခင္ဗ်ား လုပ္ႏိုင္ခဲ့႐ုံတင္မဟုတ္ဘူး။ ခင္ဗ်ား ျပန္လာခဲ့တယ္။ အသင္းရဲ႕ ၾကယ္ပြင့္ ျဖစ္လာခဲ့တယ္။ ခင္ဗ်ား အဲဒီလိုမ်ိဳးေရာ ခံစားခဲ့ဖူးလား။ လြန္ခဲ့တဲ့ ၈ ႏွစ္၊ ၉ ႏွစ္ေလာက္က အာရန္ ရမ္ေဆးက ကစားသမားဘဝရဲ႕ အေကာင္းဆုံးပုံစံမွာ ရွိခဲ့တယ္ဆိုတဲ့ခံစားခ်က္မ်ိဳးရွိခဲ့လား။

ေျဖ- ကြၽန္ေတာ္ အာဆင္နယ္က အခ်ိန္ေတြကို အရမ္းဂုဏ္ယူမိတယ္။ ကြၽန္ေတာ္ မိနစ္တိုင္းကို ခ်စ္ျမတ္ႏိုးတယ္။ ကြၽန္ေတာ္ အသင္းကို ကူညီႏိုင္ေအာင္ အေကာင္းဆုံးကစားသမားျဖစ္လာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အာဆင္ဝင္းဂါးက ကြၽန္ေတာ့္ကို ခုလိုမ်ိဳး ကစားသမားတစ္ေယာက္ ျဖစ္လာေအာင္ ကူညီေပးခဲ့တယ္။ ကြၽန္ေတာ္ အဲဒီအတြက္ သူ႔အေပၚမွာ အေႂကြးေတြ အမ်ားႀကီးတင္ခဲ့ပါတယ္။

ေမး- ၂၀၁၆ တုန္းက လိဂ္ကို မွတ္မိေသးလား။လက္စတာရဲ႕ မယုံႏိုင္စရာရာသီေလ။ ခင္ဗ်ား အဲဒီအခ်ိန္ကို ျပန္သြားႏိုင္ၿပီး တစ္ခုခုလုပ္ႏိုင္မယ္ဆိုရင္ ခင္ဗ်ား ဘယ္ဟာကို ေအာင္ႏိုင္ခ်င္လဲ။

ေျဖ- သူတို႔အတြက္ မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။ ပရီးမီးယားလိဂ္ကို တစ္ရာသီတည္းနဲ႔ အႏိုင္ရခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက သူတို႔ေတြ လိဂ္မွာ ဆက္ရွိေနဖို႔ေတာင္ ႐ုန္းကန္ခဲ့ရတာပါ။ အဲဒါက မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။ ဟုတ္တာေပါ့။ ကြၽန္ေတာ္တို႔ ေနာက္ျပန္ၾကည့္ၿပီး ငါတို႔သာ အဲဒါကို လုပ္ႏိုင္ခဲ့ရင္ ဒါမွမဟုတ္ အဲဒီလိုမ်ိဳး ကြဲျပားျခားနားမႈမ်ိဳး လုပ္ႏိုင္ခဲ့ရင္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေျပာစရာ အေၾကာင္းမရွိပါဘူး။

ေမး- အာဆင္ဝင္းဂါးအေၾကာင္း ေျပာျပပါဦး။ ဂရိက လူတိုင္းရဲ႕ စိတ္ထဲမွာ အားကစားရဲ႕ဂႏၲဝင္လို႔ မွတ္ယူထားတယ္။ ခင္ဗ်ားကို သူဘယ္ေလာက္အားေပးေထာက္ခံခဲ့လဲ။ ေန႔တိုင္း သူနဲ႔ ဘယ္လို ဆက္သြယ္ခဲ့လဲ။ ခင္ဗ်ားတို႔ ဆက္ဆံေရးကေရာ ဘယ္လိုလဲ။

ေျဖ- သူက ကြၽန္ေတာ္ အသင္းကို ေရာက္လာဖို႔ အဓိကက်ခဲ့တဲ့သူပါ။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုက ဆြစ္ဇာလန္ကို ေလယာဥ္နဲ႔သြားၿပီး သူနဲ႔ ေတြ႕ခဲ့တာပါ။ သူနဲ႔ အရမ္းေကာင္းတဲ့ ဆက္ဆံေရးရွိခဲ့တယ္။ သူ ကြၽန္ေတာ့္ကို ကြင္းတြင္းမွာေရာ ကြင္းျပင္မွာပါ ကူညီေပးခဲ့တယ္။ သူက ကူညီေပးဖို႔ ဉာဏ္ပညာနဲ႔ ဗဟုသုတေတြအမ်ားႀကီးရွိတဲ့ ဖခင္လိုလူမ်ိဳးပါ။ ကြၽန္ေတာ့္ကို သူေပးခဲ့တဲ့ အခြင့္အေရးေတြအတြက္ တသက္လုံး ေက်းဇူးတင္ေနမွာပါ။

ေမး- ခင္ဗ်ား ေျပာတဲ့ ဟားလ္စီးတီးနဲ႔ပြဲက ဂိုးဆိုတာက အက္ဖ္ေအဗိုလ္လုပြဲလား။ လီဗာပူးလ္နဲ႔ပြဲက ဂိုးလား။ ဒါမွမဟုတ္ တူရကီက ဂိုးလား။ ဘာေၾကာင့္ အဲဒီဂိုးလဲ။

ေျဖ- ဂလာတာဆာေရးနဲ႔ပြဲက ဂိုးက ကြၽန္ေတာ္ သြင္းဖူးသမွ်ထဲမွာ အေကာင္းဆုံးဂိုးပါ။ ဒါေပမယ့္ ဟားလ္စီးတီးနဲ႔ပြဲက ဂိုးက စိတ္ခံစားေၾကာင့္လည္း အထူးျခားဆုံးျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ အဲဒါက မေဖာ္ျပႏိုင္ဘူး။ အရမ္းအံ့အားသင့္စရာေကာင္းတယ္။

ေမး- အာဆင္နယ္က ခင္ဗ်ားရဲ႕ အေကာင္းဆုံးအသင္းေဖာ္က ဘယ္သူျဖစ္ခဲ့လဲ။ ေလ့က်င့္ဖို႔ အခက္ခဲဆုံးသူက ဘယ္သူလဲ။ ဘာေၾကာင့္လဲ။

ေျဖ- ကြၽန္ေတာ့္မွာ အာဆင္နယ္မွာ ရွိခဲ့တဲ့ ႏွစ္ေတြအတြင္း အရမ္းေကာင္းတဲ့အသင္းေဖာ္ေတြ ရွိခဲ့ပါတယ္။ ကီရန္ ဂစ္ဘ္စ္၊ ဝဲလ္ေကာ့၊ မာတီဆက္ကာ၊ ကိုစီယယ္လ္နီ၊ ဆန္တီ၊ မြန္နရယ္တို႔ပါ။ ဒါေပမယ့္လည္း ဆန္တီ ကာဇိုလာက ေလ့က်င့္ဖို႔ အခက္ခဲဆုံးသူပါ။ သူက အတူတူ ကစားရရင္ စိတ္ေပ်ာ္႐ႊင္စရာေကာင္းတဲ့သူပါ။ အရမ္းကို ပါရမီရွိတယ္။ သူက ေျခ၂ဖက္စလုံးကို ညီတူညီမွ် သုံးႏိုင္ၿပီး ဘယ္လိုခက္ခဲတဲ့အေျခအေနမ်ိဳးကမဆို ေဖာက္ထြက္ႏိုင္တယ္။ သူက အရမ္းေကာင္းတဲ့ အသင္းလိုက္ကစားသမားျဖစ္ၿပီး သူ ကြင္းထဲမွာ ရွိေနတဲ့မိနစ္တိုင္းကို ေပ်ာ္႐ႊင္မိပါတယ္။

ေမး- ကြၽန္ေတာ္ မေမးဘဲမေနႏိုင္လို႔ ေမးမယ္ဗ်ာ။ ခင္ဗ်ား အာဆင္နယ္က ထြက္ခြာရတာ ဘယ္လိုခံစားခဲ့ရလဲ၊ အမ္းမရိတ္စ္မွာ စက္ဝန္းတစ္ခုျပည့္သြားတာလား ဒါမွမဟုတ္ ဆက္ၿပီး ကစားခ်င္ေသးလား။

ေျဖ-အဲဒါက ကြၽန္ေတာ္ မျဖစ္ေစခ်င္ခဲ့တဲ့အရာပါ။ ကြၽန္ေတာ္ စာခ်ဳပ္ ကမ္းလွမ္းခံခဲ့ရတယ္။ ကြၽန္ေတာ္လက္ခံခဲ့တယ္။ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ေနေတာ့ အဲဒီစာခ်ဳပ္က မရွိေတာ့ဘူး။ ကြၽန္ေတာ့္ရဲ႕အခ်ိန္ေတြက အမ်ားႀကီး ပိုၿပီးရွည္လ်ားခဲ့ရင္ေကာင္းမယ္လို႔ ဆုေတာင္းမိခဲ့တယ္။ ဒါေပမယ့္ တခါတေလက်ရင္ ဒီလိုမ်ိဳးေတြက ျဖစ္တတ္ပါတယ္။

ေမး-ဒီႏွစ္အသင္းနဲ႔ အာတီတာအေပၚ ခင္ဗ်ား ဘယ္လိုျမင္လဲ။ ႏွစ္ ၂၀ ေက်ာ္အၾကာမွာ အမ္းမရိတ္စ္ကို အမွတ္ေပးဖလားျပန္ေရာက္လာမယ္ထင္လား။

ေျဖ-မီေခးလ္က မယုံႏိုင္စရာအလုပ္ကို လုပ္ခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းနဲ႔အတူ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့အသင္းကို တည္ေဆာက္ခဲ့တာ သိသာပါတယ္။ မႏွစ္တုန္းက သူတို႔ေတြ နီးစပ္ခဲ့တယ္။ ဒီႏွစ္ေတာ့ သူတို႔ေတြ ေနာက္ထပ္ေျခလွမ္း လွမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Arsenal Myanmar

Ref: Internet