ဗန်ပါစီလက်သစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ယုံကြည်နေတဲ့ ဆက်ဂ်ညာ
အာဆင်နယ်နောက်ခံကစားသမားဟောင်း ဘာကာရီ ဆက်ဂ်ညာက ခိုင် ဟာဗတ်ဇ်ဟာ ရော်ဘင် ဗန်ပါစီ လက်သစ်ဆိုတာကို သက်သေပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့လမှာ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကနေ အာဆင်နယ်ကို ပေါင် ၆၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်း မတူညီတဲ့နည်းပြတွေလက်အောက်မှာ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်းလုပွဲအတွင်း မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အလွန်ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ နည်းပြ အာတီတာက ချီးကျူးခြင်းခံခဲ့ရပြီးနောက် ဆက်ဂ်ညာကလည်း ဟာဗတ်ဇ်ကို ဗန်ပါစီနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။
“ခိုင် ဟာဗတ်ဇ်က အထူးသဖြင့် လူကောင်ကြီးတဲ့ နောက်ခံလူတွေနဲ့ ရင်ဆိုင်ရာမှာ ကျောနံပါတ် ၉ အဖြစ် ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျွန်တော် သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ခံစားရလိမ့်မယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း သူက ပါးနပ်တဲ့ကစားသမားပါ။ သူက ရော်ဘင် ဗန်ပါစီ သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတဲ့ပုံစံမျိုးအတိုင်းပဲ အသုံးပြုခဲ့တယ်။ သူက ဖြတ်တင်ပေးပို့နိုင်ပြီး နည်းစနစ်ပိုင်း အရမ်းကောင်းတယ်။ သူက ဂိုးတွေ သွင်းယူနိုင်သလို အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်တယ်။ အဲဒါက အပြုသဘောဆောင်တဲ့အရာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်ဂ်ညာက အပြုသဘောဆောင်တဲ့ ဟောကိန်းထုတ်ခဲ့ပေမယ့်လည်း ဂန်းနားတွေအနေနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပြီး အာတီတာက ဂျေးဇု ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝတာနဲ့ ခိုင် ဟာဗတ်ဇ်ကို ကျောနံပါတ် ၈ အဖြစ် အသုံးပြုသွားမယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်က ကျောနံပါတ် ၉ နေရာမှာ သေချာကစားနိုင်မယ့် ကစားသမားတစ်ဦးလိုအပ်နေသေးတယ်။ အာဆင်နယ်သာ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူနိုင်မယ်ဆိုရင် အရမ်းအားကောင်းသွားပါလိမ့်မယ်။ သူတို့တွေရဲ့ ပြီးခဲ့တဲ့ရာသီကုန်ပိုင်း ဒဏ်ရာပြဿနာတွေက အရန်အင်အားအရမ်းတောင့်ပြီး ဘယ်လိုကစားသမားမျိုးကိုမဆို အလွယ်တကူ အစားထိုးနိုင်တဲ့ မန်စီးတီးနဲ့ ယှဉ်လိုက်တဲ့အခါမှာ သူတို့ကို နာကျင်စေခဲ့တာပါ။ အာဆင်နယ်က ဝီလီယံ ဆာလီဘာ ဒဏ်ရာရသွားတဲ့အချိန်မှာ ဒုက္ခရောက်ခဲ့တယ်”
“ဂါဘရီယဲလ် ဂျေးဇုက ပွဲစဉ်တော်တော်များများကိုလည်း လွဲချော်ခဲ့ပြီး သူ ပြီးခဲ့တဲ့ရာသီမှာ ကွဲပြားခြားနားတဲ့အရာတွေကို ပြုလုပ်နိုင်ခဲ့ရမှာပါ။ ဒီရာသီမှာ အာဆင်နယ်က ချန်ပီယံတွေဖြစ်ချင်တယ်ဆိုရင် ကြီးမားတဲ့လူစာရင်းကို လိုအပ်မှာဖြစ်ပြီး သူတို့တွေရဲ့ ရာသီကုန်ပိုင်းမှာ လန်းဆန်းမှုကင်းမဲ့နေတာက သူတို့ကို တကယ်ထိခိုက်နာကျင်စေခဲ့တာပါ။ သူတို့တွေ မာတီနယ်လီနဲ့ ဆာကာတို့ ပွဲပမ်းနေတဲ့အချိန်ကျရင် အစားထိုးစရာမရှိပါဘူး။ ထရော့ဆာ့ဒ် ဝင်ကစားပေးပြီး အရမ်းကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်က သူ့လိုမျိုး လူစာရင်းကို အနားပေးလို့ရနိုင်မယ့် ကစားသမားမျိုးတွေ ပိုပြီး လိုအပ်နေပါသေးတယ်။”လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- Team News
- Transfer News