အိုဇေးလ်ဆုံးဖြတ်ချက်မှာ အာတီတာမှန်တယ်ဆိုတာ သက်သေပြခဲ့တဲ့ အော်ဒီဂွါဒ် 1024 504 coyg

အိုဇေးလ်ဆုံးဖြတ်ချက်မှာ အာတီတာမှန်တယ်ဆိုတာ သက်သေပြခဲ့တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်ဟာ မီဆွတ် အိုဇေးလ်ရဲ့ အဓိကစံချိန်ကို လိုက်မီခဲ့ပြီး ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကို အသင်းကနေ ထွက်ခွာစေခဲ့တဲ့ မီခေးလ် အာတီတာရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း နော်ဝေကွင်းလယ်ကြယ်ပွင့်က သက်သေပြသပေးခဲ့ပါတယ်။

အာတီတာဟာ ဂန်းနားတွေရဲ့ အဓိကကွင်းလယ်ဖန်တီးရှင်ဖြစ်ခဲ့တဲ့ မီဆွတ် အိုဇေးလ်ရဲ့ နေရာမှာ ဆက်ခံဖို့အတွက် မာတင် အော်ဒီဂွါဒ်ကို ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟောင်းရဲ့ အရည်အသွေးကြောင့် နော်ဝေကြယ်ပွင့်ကို အဲဒီအချိန်တုန်းက တူညီတဲ့အကျိုးသက်ရောက်မှုပြသနိုင်မှာမဟုတ်ဘူးလို့ အချို့က ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

အာတီတာကိုလည်း အိုဇေးလ်လို ကစားသမားမျိုးကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့အတွက် ဂန်းနားပရိသတ်အချို့က ပြစ်တင်ဝေဖန်ခဲ့ပြီး အော်ဒီဂွါဒ်ဟာ အမ်းမရိတ်စ်ကို ရောက်လာချိန်မှာ သွင်းဂိုးပါဝင်ပတ်သက်မှုတွေ ကင်းမဲ့ခဲ့ပေမယ့်လည်း အင်တိုက်အားတိုက်ကစားတတ်ပြီး ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်စွမ်းရှိတာကြောင့် ဂျာမန်ကြယ်ပွင့် မပေးနိုင်တဲ့အရာတွေကို ပေးနိုင်တဲ့ကစားသမားဆိုတဲ့ လက္ခဏာတွေကို စတင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် တစ်မိနစ်အတွင်းမှာပဲ ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဒီကလန် ရိုက်ရဲ့ နောက်ကျအနိုင်ဂိုးမှာလည်း ၎င်းရဲ့ ကန်ချက်ကြောင့် ထောင့်ကန်ဘောရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်က သွင်းဂိုးဟာ မာတင် အော်ဒီဂွါဒ်အတွက် ၂၀၂၁ ခုနှစ် ဇန်ဝါရီမှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ကြီး ၆ ကြီးအသင်းတွေနဲ့ ရင်ဆိုင်ကစားရာမှာ သွင်းယူနိုင်ခဲ့တဲ့ ၆ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး အဲဒီကိန်းဂဏန်းက အိုဇေးလ်ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ အမ်းမရိတ်စ်မှာ လီဗာပူးလ်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၅၀ မြောက် ပါဝင်ကစားပေးခဲ့ရာမှာ ကြီး ၆ ကြီးနဲ့ ရင်ဆိုင်ကစားရာမှာ သွင်းဂိုး ၆ ဂိုးပြည့်မြောက်တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်ကတော့ ဂျာမန်ကြယ်ပွင့်ထက် ၃၄ ပွဲလျော့နဲ့ ကြီး ၆ ကြီးကို ၆ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ရဲ့ ၆ ဂိုးမြောက်ဂိုးဟာ ပရီးမီးယားလိဂ် ၉၁ ပွဲမြောက်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကြီး ၆ ကြီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ လိဂ်ပွဲ ၂၅ ပွဲမြောက်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြားပဲ အိုဇေးလ်က ကြီး ၆ ကြီးကို ၆ ဂိုးမြောက်သွင်းယူနိုင်ခဲ့တဲ့ ပွဲအရေအတွက်နဲ့ တူညီနေတာဖြစ်ပြီး ဒါကြောင့် အိုဇေးလ်နဲ့ အော်ဒီဂွါဒ် အငြင်းအခုံစိတ်ဝင်စားစရာဖြစ်လာပြီဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ အခုကနေ အိုဇေးလ်ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ဖို့အတွက် ဂိုးသွင်းယူဖို့ ၁၂ ပွဲ ကြိုးပမ်းခွင့်ရှိနေသေးပြီး ယခုရာသီမကုန်ခင် ကြီး ၆ ကြီးနဲ့ ကစားဖို့ ၉ ပွဲ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ နော်ဝေကြယ်ပွင့်ဟာ စပါးစ်နဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်မှာ ဂိုးသွင်းယူချင်နေမှာဖြစ်ပြီး အမ်းမရိတ်စ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲအထိ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖန်တီးရှင်တစ်ယောက်အနေနဲ့ဆိုရင် အိုဇေးလ်ဟာ မေးခွန်းထုတ်စရာမရှိသူဖြစ်ပြီး နည်းပြ အာဆင်ဝင်းဂါးလက်အောက်မှာ ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုအရေအတွက်က သက်သေဖြစ်ပါတယ်။ အော်ဒီဂွါဒ်ကတော့ နည်းပြ အာတီတာလက်အောက်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ကို ပိုပြီး အာရုံစိုက်ခဲ့ပြီး စပိန်လူမျိုးနည်းပြက နော်ဝေကြယ်ပွင့်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိုဇေးလ် အသင်းကနေ ထွက်ခွာခါနီး နောက်ဆုံးအချိန်တွေမှာ ဂျာမန်ကြယ်ပွင့် ယူဆောင်လာခဲ့တဲ့အရာတွေကနေ တိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ခဲ့ပြီး အော်ဒီဂွါဒ်က အချိန်နဲ့အမျှ ၎င်းဟာ အာတီတာအတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့တယ်ဆိုတာကို ၂၀၂၃ ဘလွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တဲ့အထိ ခြေစွမ်းပြသပြီး သက်သေပြသနေခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar

Ref: Internet

ZAWGYI: မာတင္ ေအာ္ဒီဂြါဒ္ဟာ မီဆြတ္ အိုေဇးလ္ရဲ႕ အဓိကစံခ်ိန္ကို လိုက္မီခဲ့ၿပီး ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ကို အသင္းကေန ထြက္ခြာေစခဲ့တဲ့ မီေခးလ္ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္က မွန္ကန္ေၾကာင္း ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္က သက္ေသျပသေပးခဲ့ပါတယ္။

အာတီတာဟာ ဂန္းနားေတြရဲ႕ အဓိကကြင္းလယ္ဖန္တီးရွင္ျဖစ္ခဲ့တဲ့ မီဆြတ္ အိုေဇးလ္ရဲ႕ ေနရာမွာ ဆက္ခံဖို႔အတြက္ မာတင္ ေအာ္ဒီဂြါဒ္ကို ရီးရဲလ္မက္ဒရစ္ကေန ေခၚယူခဲ့တာျဖစ္ၿပီး ဂ်ာမနီလက္ေ႐ြးစင္ၾကယ္ပြင့္ေဟာင္းရဲ႕ အရည္အေသြးေၾကာင့္ ေနာ္ေဝၾကယ္ပြင့္ကို အဲဒီအခ်ိန္တုန္းက တူညီတဲ့အက်ိဳးသက္ေရာက္မႈျပသႏိုင္မွာမဟုတ္ဘူးလို႔ အခ်ိဳ႕က ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

အာတီတာကိုလည္း အိုေဇးလ္လို ကစားသမားမ်ိဳးကို အသင္းကေန ထြက္ခြာခြင့္ျပဳခဲ့တဲ့အတြက္ ဂန္းနားပရိသတ္အခ်ိဳ႕က ျပစ္တင္ေဝဖန္ခဲ့ၿပီး ေအာ္ဒီဂြါဒ္ဟာ အမ္းမရိတ္စ္ကို ေရာက္လာခ်ိန္မွာ သြင္းဂိုးပါဝင္ပတ္သက္မႈေတြ ကင္းမဲ့ခဲ့ေပမယ့္လည္း အင္တိုက္အားတိုက္ကစားတတ္ၿပီး ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္စြမ္းရွိတာေၾကာင့္ ဂ်ာမန္ၾကယ္ပြင့္ မေပးႏိုင္တဲ့အရာေတြကို ေပးႏိုင္တဲ့ကစားသမားဆိုတဲ့ လကၡဏာေတြကို စတင္ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အဖြင့္ဂိုး ေပးခဲ့ရၿပီးေနာက္ တစ္မိနစ္အတြင္းမွာပဲ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဒီကလန္ ႐ိုက္ရဲ႕ ေနာက္က်အႏိုင္ဂိုးမွာလည္း ၎ရဲ႕ ကန္ခ်က္ေၾကာင့္ ေထာင့္ကန္ေဘာရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္က သြင္းဂိုးဟာ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ၂၀၂၁ ခုႏွစ္ ဇန္ဝါရီမွာ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ႀကီး ၆ ႀကီးအသင္းေတြနဲ႔ ရင္ဆိုင္ကစားရာမွာ သြင္းယူႏိုင္ခဲ့တဲ့ ၆ ဂိုးေျမာက္သြင္းဂိုးျဖစ္ၿပီး အဲဒီကိန္းဂဏန္းက အိုေဇးလ္ပိုင္ဆိုင္ခဲ့တဲ့ မွတ္တမ္းနဲ႔ တူညီသြားခဲ့တာျဖစ္ပါတယ္။

အိုေဇးလ္ဟာ အမ္းမရိတ္စ္မွာ လီဗာပူးလ္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ပရီးမီးယားလိဂ္ ပြဲေပါင္း ၁၅၀ ေျမာက္ ပါဝင္ကစားေပးခဲ့ရာမွာ ႀကီး ၆ ႀကီးနဲ႔ ရင္ဆိုင္ကစားရာမွာ သြင္းဂိုး ၆ ဂိုးျပည့္ေျမာက္တဲ့ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ေအာ္ဒီဂြါဒ္ကေတာ့ ဂ်ာမန္ၾကယ္ပြင့္ထက္ ၃၄ ပြဲေလ်ာ့နဲ႔ ႀကီး ၆ ႀကီးကို ၆ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ရဲ႕ ၆ ဂိုးေျမာက္ဂိုးဟာ ပရီးမီးယားလိဂ္ ၉၁ ပြဲေျမာက္မွာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ႀကီး ၆ ႀကီးနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ လိဂ္ပြဲ ၂၅ ပြဲေျမာက္မွာ ရရွိခဲ့တာျဖစ္ပါတယ္။ ထူးထူးျခားျခားပဲ အိုေဇးလ္က ႀကီး ၆ ႀကီးကို ၆ ဂိုးေျမာက္သြင္းယူႏိုင္ခဲ့တဲ့ ပြဲအေရအတြက္နဲ႔ တူညီေနတာျဖစ္ၿပီး ဒါေၾကာင့္ အိုေဇးလ္နဲ႔ ေအာ္ဒီဂြါဒ္ အျငင္းအခုံစိတ္ဝင္စားစရာျဖစ္လာၿပီျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ အခုကေန အိုေဇးလ္ရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ဖို႔အတြက္ ဂိုးသြင္းယူဖို႔ ၁၂ ပြဲ ႀကိဳးပမ္းခြင့္ရွိေနေသးၿပီး ယခုရာသီမကုန္ခင္ ႀကီး ၆ ႀကီးနဲ႔ ကစားဖို႔ ၉ ပြဲ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။ ေနာ္ေဝၾကယ္ပြင့္ဟာ စပါးစ္နဲ႔ အိမ္ကြင္းမွာ ကစားရမယ့္ပြဲစဥ္မွာ ဂိုးသြင္းယူခ်င္ေနမွာျဖစ္ၿပီး အမ္းမရိတ္စ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၃ ပြဲမွာ ၂ ပြဲအထိ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖန္တီးရွင္တစ္ေယာက္အေနနဲ႔ဆိုရင္ အိုေဇးလ္ဟာ ေမးခြန္းထုတ္စရာမရွိသူျဖစ္ၿပီး နည္းျပ အာဆင္ဝင္းဂါးလက္ေအာက္မွာ ျပဳလုပ္ခဲ့တဲ့ ဂိုးဖန္တီးမႈအေရအတြက္က သက္ေသျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ကေတာ့ နည္းျပ အာတီတာလက္ေအာက္မွာ သြင္းဂိုးေတြ သြင္းယူႏိုင္ဖို႔ကို ပိုၿပီး အာ႐ုံစိုက္ခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပက ေနာ္ေဝၾကယ္ပြင့္ကို အဆုံးအျဖတ္ေပးႏိုင္တဲ့ ကစားသမားအျဖစ္ ေျပာင္းလဲေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အိုေဇးလ္ အသင္းကေန ထြက္ခြာခါနီး ေနာက္ဆုံးအခ်ိန္ေတြမွာ ဂ်ာမန္ၾကယ္ပြင့္ ယူေဆာင္လာခဲ့တဲ့အရာေတြကေန တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ခဲ့ၿပီး ေအာ္ဒီဂြါဒ္က အခ်ိန္နဲ႔အမွ် ၎ဟာ အာတီတာအတြက္ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈ ျဖစ္ခဲ့တယ္ဆိုတာကို ၂၀၂၃ ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ပါဝင္ခဲ့တဲ့အထိ ေျခစြမ္းျပသၿပီး သက္ေသျပသေနခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet