အမ်ဘာပေရဲ့မြန်နှုန်းနဲ့ ကစားသမားကြောင့် ဘန်ဇီးမားကို မေ့ထားလို့ရနိုင်တဲ့ အာဆင်နယ် 1024 512 coyg

အမ်ဘာပေရဲ့မြန်နှုန်းနဲ့ ကစားသမားကြောင့် ဘန်ဇီးမားကို မေ့ထားလို့ရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ပြောစရာပြဿနာဆိုလို့ အဲဒီ ၅ ဂိုးထဲမှာ အသင်းရဲ့ အထောင်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇု သွင်းယူခဲ့တဲ့ သွင်းဂိုး ၁ ဂိုးမှ မပါဝင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ယခုရာသီ သွင်းဂိုး ၃ ဂိုးနဲ့ စွမ်းဆောင်ရည်ဟာ ယခုလမှာ ကာရင် ဘန်ဇီးမားလို ထိပ်တန်းတိုက်စစ်မှူးကို ခေါ်ယူဖို့ ကောလာဟလတွေ ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေအနေနဲ့ တိုက်စစ်နဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချချင်တယ်ဆိုရင် ယခုလမှာ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ နောက်ထပ် ကျောနံပါတ် ၉ ကို ခေါ်ယူဖို့ စဉ်းစားသင့်တာဖြစ်ပါတယ်။

Mail Online ရဲ့ ဖော်ပြချက်အရ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ် ယူနိုက်တက်တို့အားလုံးဟာ လိုက်ပ်ဇစ်ရဲ့ စိတ်လှုပ်ရှားစရာ လူငယ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကို ကို စိတ်ဝင်စားနေကြပြီး ယခုလမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီကမှ လိုက်ပ်ဇစ်ရဲ့ ဩစတြီးယားညီအစ်မ ကလပ်ဖြစ်တဲ့ ဆာ့လ်ဇ်ဘာ့ဂ်ကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၇၉ ပွဲသာ ကစားရသေးချိန်မှာ သွင်းဂိုး ၄၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဂျာမနီမှာ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းဖြစ်လာပြီး ၂၄ ပွဲမှာ သွင်းဂိုး ၇ ဂိုးသွင်းယူပေးထားတာကြောင့် ဆလိုဗေးနီးယားတိုက်စစ်မှူးကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး တော်တော်များများ ပေးချေရမှာဖြစ်ပါတယ်။

Sky Sports ဂျာမနီ သတင်းထောက် ဖိလစ် ဟင့်ဇ်က အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ယူရိုသန်း ၅၀ ကို ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီလိုကစားသမားမျိုးကို ခေါ်ယူလိုက်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ သိသိသာသာ တိုးတက်လာမှာဖြစ်ပြီး ဆက်စ်ကို ကို ခေါ်ယူသင့်တဲ့ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။ NXGN Football ရဲ့ ဖော်ပြချက်အရ ဘန်းဇီးမားထက်စာရင် အမ်ဘာပေလိုမျိုး မြန်နှုန်းကို ပိုင်ဆိုင်ထားပြီး ဂိုးသွင်းကောင်းတဲ့ လူငယ်တိုက်စစ်မှူးကို ခေါ်ယူတာက ဂန်းနားတို့အတွက် ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာ ဖြစ်မှာ ဖြစ်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ လိုက်ပ်ဇစ် ကြယ်ပွင့်ဟာ အသက် ၂၀ အရွယ်သာ ရှိသေးချိန်မှာ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးကတော့ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရ ဆလိုဗေးနီးယားတိုက်စစ်မှူးရဲ့ အကောင်းဆုံးအချိန်ဟာ အသက် ၂၇ နှစ်ဝန်းကျင်မှာဖြစ်တာကြောင့် အလွန်ဆုံး ၁ နှစ်၊ ၂ နှစ်လောက်သာ သုံးလို့ရနိုင်မယ့် သက်ကြီးတိုက်စစ်မှူးနဲ့ မယှဉ်နိုင်အောင် ကောင်းမွန်နေတာဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အာတီတာနဲ့ အီဒူးတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ရဲ့ ယခုရာသီ ဆော်ဒီ ပရိုလိဂ်က သွင်းဂိုးအရေအတွက်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ဘန်ဇီးမားဟာ လက်ရှိအချိန်အထိ ၉ ဂိုးသာ သွင်းယူထားနိုင်သေးတာကြောင့် ဥရောပရဲ့ထိပ်တန်းလိဂ် ၅ ခုထဲက ဂိုးသွင်းအများဆုံးကစားသမားတွေထဲတောင် မပါဝင်နိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ဘန်ဇိးမားဟာ မျှော်မှန်းသွင်းဂိုး ၉.၈၃ ဂိုးနဲ့ နှိုင်းယှဉ်ရင် မျှော်မှန်းထားတဲ့ သွင်းဂိုးနဲ့ အနည်းငယ်ကွာဟနေပြီး ဆော်ဒီ ပရိုလိဂ်က ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုဆိုရင် သွင်းဂိုး ၂၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ဘန်ဂျမင် ဆက်စ်ကိုက ယခုရာသီ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ ၇ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး မျှော်မှန်းသွင်းဂိုး ၄.၆ ဂိုးထက် အများကြီး ပိုမိုသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆက်စ်ကိုဟာ အခြား ဥရောပထိပ်တန်းလိဂ် ၅ ခုက တိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် အားနည်းနေသေးပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်က တိုးတက်လာနိုင်ပြီး အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီတို့လို ကစားသမားတွေနဲ့ဆိုရင် လက်ရှိ သွင်းယူထားတဲ့ သွင်းဂိုးတွေထက် ပိုမို သွင်းယူနိုင်ဖို့ အခွင့်အရေး ပိုမို ရရှိမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဂန်းနားတွေရဲ့ ဂိုးရှေ့မှာ အကျိုးသက်ရောက်မှုကို မြှင့်တင်နိုင်ဖို့အတွက်ဆိုရင် ဘန်ဇီးမားရော ဆက်စ်ကိုပါ အကူအညီပေးနိုင်မှာဖြစ်ပေမယ့်လည်း အာတီတာနဲ့ အီဒူးတို့ရဲ့ လူငယ်ပေါ်လစီနဲ့ ပိုမိုကိုက်ညီတဲ့ ဆလိုဗေးနီးယားတိုက်စစ်မှူးကို ခေါ်ယူတာက ပိုပြီး ယုတ္တိဗေဒကျမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ လာမယ့္အပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေနာ္တင္ဟမ္ေဖာရက္စ္ အိမ္ကြင္းကို သြားကစားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ေျပာစရာျပႆနာဆိုလို႔ အဲဒီ ၅ ဂိုးထဲမွာ အသင္းရဲ႕ အေထာင္တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇု သြင္းယူခဲ့တဲ့ သြင္းဂိုး ၁ ဂိုးမွ မပါဝင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ယခုရာသီ သြင္းဂိုး ၃ ဂိုးနဲ႔ စြမ္းေဆာင္ရည္ဟာ ယခုလမွာ ကာရင္ ဘန္ဇီးမားလို ထိပ္တန္းတိုက္စစ္မႉးကို ေခၚယူဖို႔ ေကာလာဟလေတြ ထြက္ေပၚလာေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြအေနနဲ႔ တိုက္စစ္နဲ႔ပတ္သက္ၿပီး ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ကို ဆုံးျဖတ္ခ်က္ခ်ခ်င္တယ္ဆိုရင္ ယခုလမွာ ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေနတဲ့ ေနာက္ထပ္ ေက်ာနံပါတ္ ၉ ကို ေခၚယူဖို႔ စဥ္းစားသင့္တာျဖစ္ပါတယ္။

Mail Online ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္၊ နယူးကာဆယ္ ယူႏိုက္တက္တို႔အားလုံးဟာ လိုက္ပ္ဇစ္ရဲ႕ စိတ္လႈပ္ရွားစရာ လူငယ္တိုက္စစ္မႉး ဘန္ဂ်မင္ ဆက္စ္ကို ကို စိတ္ဝင္စားေနၾကၿပီး ယခုလမွာ ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

ဆလိုေဗးနီးယားတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ လိုက္ပ္ဇစ္ရဲ႕ ဩစႀတီးယားညီအစ္မ ကလပ္ျဖစ္တဲ့ ဆာ့လ္ဇ္ဘာ့ဂ္ကေန ေပါင္ ၂၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၇၉ ပြဲသာ ကစားရေသးခ်ိန္မွာ သြင္းဂိုး ၄၀ အထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဂ်ာမနီမွာ ဆက္စ္ကိုဟာ လိုက္ပ္ဇစ္ရဲ႕ မရွိမျဖစ္ အစိတ္အပိုင္းျဖစ္လာၿပီး ၂၄ ပြဲမွာ သြင္းဂိုး ၇ ဂိုးသြင္းယူေပးထားတာေၾကာင့္ ဆလိုေဗးနီးယားတိုက္စစ္မႉးကို ေခၚယူခ်င္တယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကး ေတာ္ေတာ္မ်ားမ်ား ေပးေခ်ရမွာျဖစ္ပါတယ္။

Sky Sports ဂ်ာမနီ သတင္းေထာက္ ဖိလစ္ ဟင့္ဇ္က အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးဟာ လိုက္ပ္ဇစ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ ယူ႐ိုသန္း ၅၀ ကို ထည့္သြင္းခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။

အာဆင္နယ္အေနနဲ႔ ဒီလိုကစားသမားမ်ိဳးကို ေခၚယူလိုက္မယ္ဆိုရင္ တိုက္စစ္ပိုင္းမွာ သိသိသာသာ တိုးတက္လာမွာျဖစ္ၿပီး ဆက္စ္ကို ကို ေခၚယူသင့္တဲ့ အေၾကာင္းအရင္းေတြကလည္း ရွိေနပါတယ္။ NXGN Football ရဲ႕ ေဖာ္ျပခ်က္အရ ဘန္းဇီးမားထက္စာရင္ အမ္ဘာေပလိုမ်ိဳး ျမန္ႏႈန္းကို ပိုင္ဆိုင္ထားၿပီး ဂိုးသြင္းေကာင္းတဲ့ လူငယ္တိုက္စစ္မႉးကို ေခၚယူတာက ဂန္းနားတို႔အတြက္ ပစၥဳပၸန္မွာေရာ အနာဂတ္မွာပါ ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာ ျဖစ္မွာ ျဖစ္ပါတယ္။

ပထမဆုံးအခ်က္အေနနဲ႔ လိုက္ပ္ဇစ္ ၾကယ္ပြင့္ဟာ အသက္ ၂၀ အ႐ြယ္သာ ရွိေသးခ်ိန္မွာ ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဆလိုေဗးနီးယားတိုက္စစ္မႉးရဲ႕ အေကာင္းဆုံးအခ်ိန္ဟာ အသက္ ၂၇ ႏွစ္ဝန္းက်င္မွာျဖစ္တာေၾကာင့္ အလြန္ဆုံး ၁ ႏွစ္၊ ၂ ႏွစ္ေလာက္သာ သုံးလို႔ရႏိုင္မယ့္ သက္ႀကီးတိုက္စစ္မႉးနဲ႔ မယွဥ္ႏိုင္ေအာင္ ေကာင္းမြန္ေနတာျဖစ္ပါတယ္။

ဒုတိယအခ်က္ကေတာ့ အာတီတာနဲ႔ အီဒူးတို႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ရဲ႕ ယခုရာသီ ေဆာ္ဒီ ပ႐ိုလိဂ္က သြင္းဂိုးအေရအတြက္ကို ထည့္သြင္းစဥ္းစားရမွာျဖစ္ၿပီး ဘန္ဇီးမားဟာ လက္ရွိအခ်ိန္အထိ ၉ ဂိုးသာ သြင္းယူထားႏိုင္ေသးတာေၾကာင့္ ဥေရာပရဲ႕ထိပ္တန္းလိဂ္ ၅ ခုထဲက ဂိုးသြင္းအမ်ားဆုံးကစားသမားေတြထဲေတာင္ မပါဝင္ႏိုင္တာျဖစ္ပါတယ္။

ဒါ့အျပင္ ဘန္ဇိးမားဟာ ေမွ်ာ္မွန္းသြင္းဂိုး ၉.၈၃ ဂိုးနဲ႔ ႏႈိင္းယွဥ္ရင္ ေမွ်ာ္မွန္းထားတဲ့ သြင္းဂိုးနဲ႔ အနည္းငယ္ကြာဟေနၿပီး ေဆာ္ဒီ ပ႐ိုလိဂ္က ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ ေရာ္နယ္လ္ဒိုဆိုရင္ သြင္းဂိုး ၂၀ အထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဆန႔္က်င္ဘက္အေနနဲ႔ ဘန္ဂ်မင္ ဆက္စ္ကိုက ယခုရာသီ လိုက္ပ္ဇစ္အတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ ၇ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ေမွ်ာ္မွန္းသြင္းဂိုး ၄.၆ ဂိုးထက္ အမ်ားႀကီး ပိုမိုသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ ဆက္စ္ကိုဟာ အျခား ဥေရာပထိပ္တန္းလိဂ္ ၅ ခုက တိုက္စစ္မႉးေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ အနည္းငယ္ အားနည္းေနေသးေပမယ့္လည္း အခ်ိန္ၾကာလာတာနဲ႔အမွ် စြမ္းေဆာင္ရည္က တိုးတက္လာႏိုင္ၿပီး ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီတို႔လို ကစားသမားေတြနဲ႔ဆိုရင္ လက္ရွိ သြင္းယူထားတဲ့ သြင္းဂိုးေတြထက္ ပိုမို သြင္းယူႏိုင္ဖို႔ အခြင့္အေရး ပိုမို ရရွိမွာ ျဖစ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ ဂန္းနားေတြရဲ႕ ဂိုးေရွ႕မွာ အက်ိဳးသက္ေရာက္မႈကို ျမႇင့္တင္ႏိုင္ဖို႔အတြက္ဆိုရင္ ဘန္ဇီးမားေရာ ဆက္စ္ကိုပါ အကူအညီေပးႏိုင္မွာျဖစ္ေပမယ့္လည္း အာတီတာနဲ႔ အီဒူးတို႔ရဲ႕ လူငယ္ေပၚလစီနဲ႔ ပိုမိုကိုက္ညီတဲ့ ဆလိုေဗးနီးယားတိုက္စစ္မႉးကို ေခၚယူတာက ပိုၿပီး ယုတၱိေဗဒက်မွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet