နိုင်ငံတကာပွဲတွေအပြီးမှာ အာတီတာစဉ်းစားရမယ့် အသင်းလူစာရင်းရွေးချယ်မှု ၃ ခု 1024 576 coyg

နိုင်ငံတကာပွဲတွေအပြီးမှာ အာတီတာစဉ်းစားရမယ့် အသင်းလူစာရင်းရွေးချယ်မှု ၃ ခု

စက်တင်ဘာနိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ အာဆင်နယ်အတွက် စောင့်မျှော်နေတဲ့အရာတွေ အများအပြားရှိနေပြီး စက်တင်ဘာနားရက်ဟာ ဂန်းနားတွေအတွက် ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်ကို နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အကောင်းဆုံးဖြစ်ပျက်ခဲ့တဲ့အရာမဟုတ်ခဲ့တာဖြစ်နိုင်ပါတယ်။

အမ်းမရိတ်စ်က ဒုတိယပိုင်းစွမ်းဆောင်ရည်ဟာ အာဆင်နယ်ဟာ အမ်းမရိတ်စ်က လူအုပ်ကြီးရဲ့ အားပေးသံတွေကြားမှာ ဘယ်လောက်အထိ တောက်ပနိုင်လဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး နိုင်ငံတကာအားလပ်ရက်အပြီးမှာတော့ အာတီတာရဲ့အသင်းဟာ မြောက်လန်ဒန်ဒါဘီအဖြစ် စပါးစ်ကို အိမ်ကွင်းမှာ လက်ခံမယှဉ်ပြိုင်မီ အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စက်တင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်တွေအပြီးမှာ အာတီတာ စဉ်းစားသင့်တဲ့ လူစာရင်းရွေးချယ်မှု ၃ ခုရှိနေပြီး အဲဒီရွေးချယ်မှုတွေကတော့…

၁။ အားကောင်းနေတဲ့ ဂါဘရီယဲလ် ဂျေးဇု

ဂျေးဇုဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ပွဲကစားချိန်များများစားစားမရခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ဂန်းနားတွေရဲ့ တိုက်စစ်မှာ ပွဲထွက်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပုံပေါ်ပါတယ်။ အန်ကီးတီးယားက ဂျေးဇု နားနေရချိန်မှာ အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်က အလွန်ကောင်းမွန်တဲ့ ဘောလုံးကစားပုံနဲ့ အာတီတာရဲ့အသင်းကို တိုးတက်လာစေခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးက တစ်ဦးချင်းအခြေအနေတွေမှာ အရမ်းမကောင်းသလို အရမ်းလည်း မဆိုးပေမယ့် ဘရာဇီးလ်ကြယ်ပွင့်က ပြိုင်ဘက်ခံစစ်မှူးကို အလဲထိုးဖို့ မြန်နှုန်း၊ စွမ်းရည်၊ လှည့်စားမှုပြုလုပ်နိုင်တဲ့ အရည်အသွေးရှိတာဖြစ်ပါတယ်။ အဲဒါက မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

၂။ ဆက်ပြီး ပါဝင်ရမယ့် ဂါဘရီယဲလ်

ဝီလီယံ ဆာလီဘာဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် ချီးကျူးမှုတွေအားလုံး ရရှိခဲ့ပေမယ့်လည်း ဂါဘရီယဲလ်ကလည်း မရှိမဖြစ် ကစားသမားတစ်ဦးဆိုတာ ငြင်းလို့မရပါဘူး။ ဂါဘရီယဲလ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဘယ်တောင်ပံက အန်တိုနီကို အိတ်ကပ်ထဲ ထည့်ထားခဲ့ပြီး ဇင်ချန်ကို ကွင်းလယ်တက်ကစားနိုင်အောင် အထောက်အပံ့ပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ရာ့စ်မွတ် ဟွိုင်လွန်းကို ထည့်သွင်းပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲကို ဖန်တီးခဲ့ချိန်မှာလည်း ဒိန်းမတ်ကြယ်ပွင့်ထက် မကြာခဏဆိုသလို ဂါဘရီယဲလ်က ပိုမိုသာလွန်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ကျအနိုင်ဂိုးဖြစ်သွားနိုင်တဲ့ ဂါနာချိုရဲ့ သွင်းဂိုးကို မိုက်ကယ် ဂျက်ဆင်ကကွက်နဲ့ လူကျွံဘောဖမ်းခဲ့တာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး တနင်္ဂနွေနေ့ပွဲစဉ်က ဂါဘရီယဲလ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ဘယ်သူကမှ လာမယ့် ၂ ပွဲမှာ ပွဲထွက်ပါဝင်ခွင့်မရသင့်ဘူးလို့ ပြောနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

၃။ ထပ်မသုံးသင့်တော့တဲ့ ကိုင် ဟာဗတ်ဇ်

ယခုရာသီအစ ၄ ပွဲသာ ရှိသေးပေမယ့်လည်း ကိုင် ဟာဗတ်ဇ်ဟာ အခြား အာဆင်နယ်အသင်းဖော်တွေနဲ့ ကောင်းကောင်း တွဲမကစားနိုင်ဘဲ ကြီးမားတဲ့ အခွင့်အရေးတွေကိုလွဲချော်ခဲ့တယ်ဆိုတာတော့ ပြောလို့ရပြီဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ပွဲ ပထမပိုင်းအစောပိုင်းမှာ အာဆင်နယ်တို့ ဦးဆောင်ဂိုးရရှိနိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့ရုံတင်မကဘဲ မန်ယူနိုက်တက်တို့ အဖွင့်ဂိုးရသွားခဲ့တဲ့ သွင်းဂိုးမှာ အဓိကတာဝန်ရှိသူဖြစ်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ပွဲမှာ ထူးထူးခြားခြား လုပ်နိုင်ခဲ့တာဆိုလို့ VAR နဲ့ ပြန်လည်ပြင်ဆင်ခြင်းခံခဲ့ရတဲ့ ပင်နယ်တီရရှိအောင် လုပ်ဆောင်နိုင်ခဲ့မှုသာရှိပြီး နိုင်ငံတကာပွဲစဉ်အားလပ်ရက်ဟာ ဂျာမန်ကြယ်ပွင့်အတွက် ယုံကြည်မှု ပြန်လည်ရရှိအောင် အကူအညီဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း လန်ဒန်ကိုလ်နီကို ကစားသမားတွေအားလုံး ပြန်ရောက်တဲ့အချိန်မှာတော့ အာတီတာအနေနဲ့ ကိုင် ဟာဗတ်ဇ်အစား ဖေဘီယို ဗီယာရာကို ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားသင့်ပြီး ပါတေးကလည်း အောက်တိုဘာလအထိ အနားယူရမှာဖြစ်တာကြောင့် စမစ် ရိုးကိုလည်း လူစာရင်းထဲ ပြန်ထည့်သွင်းဖို့ ကြိုးပမ်းသင့်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဟာဗတ်ဇ်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး အဆုံးအဖြတ်ပေးနိုင်စွမ်းနဲ့ ယုံကြည်ချက်လည်း ကင်းမဲ့နေတာကြောင့် ခဏအရန်ခုံပို့ထားသင့်ပါကြောင်း ဖော်ပြအပ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: စက္တင္ဘာႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီးမွာ အာဆင္နယ္အတြက္ ေစာင့္ေမွ်ာ္ေနတဲ့အရာေတြ အမ်ားအျပားရွိေနၿပီး စက္တင္ဘာနားရက္ဟာ ဂန္းနားေတြအတြက္ ခါးသီးၿပိဳင္ဘက္ မန္ယူႏိုက္တက္ကို ေနာက္ကေန လိုက္ကစားၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အေကာင္းဆုံးျဖစ္ပ်က္ခဲ့တဲ့အရာမဟုတ္ခဲ့တာျဖစ္ႏိုင္ပါတယ္။

အမ္းမရိတ္စ္က ဒုတိယပိုင္းစြမ္းေဆာင္ရည္ဟာ အာဆင္နယ္ဟာ အမ္းမရိတ္စ္က လူအုပ္ႀကီးရဲ႕ အားေပးသံေတြၾကားမွာ ဘယ္ေလာက္အထိ ေတာက္ပႏိုင္လဲဆိုတာကို ျပသခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာေတာ့ အာတီတာရဲ႕အသင္းဟာ ေျမာက္လန္ဒန္ဒါဘီအျဖစ္ စပါးစ္ကို အိမ္ကြင္းမွာ လက္ခံမယွဥ္ၿပိဳင္မီ အဲဗာတန္ရဲ႕ ဂြတ္ဒီဆင္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

စက္တင္ဘာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ေတြအၿပီးမွာ အာတီတာ စဥ္းစားသင့္တဲ့ လူစာရင္းေ႐ြးခ်ယ္မႈ ၃ ခုရွိေနၿပီး အဲဒီေ႐ြးခ်ယ္မႈေတြကေတာ့…

၁။ အားေကာင္းေနတဲ့ ဂါဘရီယဲလ္ ေဂ်းဇု

ေဂ်းဇုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ ပြဲကစားခ်ိန္မ်ားမ်ားစားစားမရခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ ဂန္းနားေတြရဲ႕ တိုက္စစ္မွာ ပြဲထြက္ပါဝင္လာဖို႔ အဆင္သင့္ျဖစ္ေနပုံေပၚပါတယ္။ အန္ကီးတီးယားက ေဂ်းဇု နားေနရခ်ိန္မွာ အရာအားလုံးကို လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္က အလြန္ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံနဲ႔ အာတီတာရဲ႕အသင္းကို တိုးတက္လာေစခဲ့တာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးက တစ္ဦးခ်င္းအေျခအေနေတြမွာ အရမ္းမေကာင္းသလို အရမ္းလည္း မဆိုးေပမယ့္ ဘရာဇီးလ္ၾကယ္ပြင့္က ၿပိဳင္ဘက္ခံစစ္မႉးကို အလဲထိုးဖို႔ ျမန္ႏႈန္း၊ စြမ္းရည္၊ လွည့္စားမႈျပဳလုပ္ႏိုင္တဲ့ အရည္အေသြးရွိတာျဖစ္ပါတယ္။ အဲဒါက မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးမွာ သိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

၂။ ဆက္ၿပီး ပါဝင္ရမယ့္ ဂါဘရီယဲလ္

ဝီလီယံ ဆာလီဘာဟာ ကမာၻေပၚက အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္ ခ်ီးက်ဴးမႈေတြအားလုံး ရရွိခဲ့ေပမယ့္လည္း ဂါဘရီယဲလ္ကလည္း မရွိမျဖစ္ ကစားသမားတစ္ဦးဆိုတာ ျငင္းလို႔မရပါဘူး။ ဂါဘရီယဲလ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ဘယ္ေတာင္ပံက အန္တိုနီကို အိတ္ကပ္ထဲ ထည့္ထားခဲ့ၿပီး ဇင္ခ်န္ကို ကြင္းလယ္တက္ကစားႏိုင္ေအာင္ အေထာက္အပံ့ေပးခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ရာ့စ္မြတ္ ဟြိဳင္လြန္းကို ထည့္သြင္းၿပီး ႐ုပ္ပိုင္းဆိုင္ရာ တိုက္ပြဲကို ဖန္တီးခဲ့ခ်ိန္မွာလည္း ဒိန္းမတ္ၾကယ္ပြင့္ထက္ မၾကာခဏဆိုသလို ဂါဘရီယဲလ္က ပိုမိုသာလြန္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ေနာက္ခံလူဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္က်အႏိုင္ဂိုးျဖစ္သြားႏိုင္တဲ့ ဂါနာခ်ိဳရဲ႕ သြင္းဂိုးကို မိုက္ကယ္ ဂ်က္ဆင္ကကြက္နဲ႔ လူကြၽံေဘာဖမ္းခဲ့တာလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ၿပီး တနဂၤေႏြေန႔ပြဲစဥ္က ဂါဘရီယဲလ္ရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္ၿပီး ဘယ္သူကမွ လာမယ့္ ၂ ပြဲမွာ ပြဲထြက္ပါဝင္ခြင့္မရသင့္ဘူးလို႔ ေျပာႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

၃။ ထပ္မသုံးသင့္ေတာ့တဲ့ ကိုင္ ဟာဗတ္ဇ္

ယခုရာသီအစ ၄ ပြဲသာ ရွိေသးေပမယ့္လည္း ကိုင္ ဟာဗတ္ဇ္ဟာ အျခား အာဆင္နယ္အသင္းေဖာ္ေတြနဲ႔ ေကာင္းေကာင္း တြဲမကစားႏိုင္ဘဲ ႀကီးမားတဲ့ အခြင့္အေရးေတြကိုလြဲေခ်ာ္ခဲ့တယ္ဆိုတာေတာ့ ေျပာလို႔ရၿပီျဖစ္ပါတယ္။ မန္ယူႏိုက္တက္နဲ႔ပြဲ ပထမပိုင္းအေစာပိုင္းမွာ အာဆင္နယ္တို႔ ဦးေဆာင္ဂိုးရရွိႏိုင္မယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့႐ုံတင္မကဘဲ မန္ယူႏိုက္တက္တို႔ အဖြင့္ဂိုးရသြားခဲ့တဲ့ သြင္းဂိုးမွာ အဓိကတာဝန္ရွိသူျဖစ္ခဲ့တာျဖစ္ပါတယ္။ မန္ယူႏိုက္တက္နဲ႔ပြဲမွာ ထူးထူးျခားျခား လုပ္ႏိုင္ခဲ့တာဆိုလို႔ VAR နဲ႔ ျပန္လည္ျပင္ဆင္ျခင္းခံခဲ့ရတဲ့ ပင္နယ္တီရရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့မႈသာရွိၿပီး ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ဟာ ဂ်ာမန္ၾကယ္ပြင့္အတြက္ ယုံၾကည္မႈ ျပန္လည္ရရွိေအာင္ အကူအညီျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္လည္း လန္ဒန္ကိုလ္နီကို ကစားသမားေတြအားလုံး ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ အာတီတာအေနနဲ႔ ကိုင္ ဟာဗတ္ဇ္အစား ေဖဘီယို ဗီယာရာကို ပြဲထြက္ခြင့္ေပးဖို႔ စဥ္းစားသင့္ၿပီး ပါေတးကလည္း ေအာက္တိုဘာလအထိ အနားယူရမွာျဖစ္တာေၾကာင့္ စမစ္ ႐ိုးကိုလည္း လူစာရင္းထဲ ျပန္ထည့္သြင္းဖို႔ ႀကိဳးပမ္းသင့္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဟာဗတ္ဇ္ဟာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနၿပီး အဆုံးအျဖတ္ေပးႏိုင္စြမ္းနဲ႔ ယုံၾကည္ခ်က္လည္း ကင္းမဲ့ေနတာေၾကာင့္ ခဏအရန္ခုံပို႔ထားသင့္ပါေၾကာင္း ေဖာ္ျပအပ္ပါတယ္။

Arsenal Myanmar

Ref: Internet