မန်ယူနိုက်တက်နဲ့ပွဲမှာ မဖြစ်မနေပွဲထွက်ပါဝင်ရမယ့် ဂန်းနားကြယ်ပွင့် ၄ ဦး 1024 504 coyg

မန်ယူနိုက်တက်နဲ့ပွဲမှာ မဖြစ်မနေပွဲထွက်ပါဝင်ရမယ့် ဂန်းနားကြယ်ပွင့် ၄ ဦး

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၃ ပွဲကနေ ၇ မှတ် ရယူနိုင်ခဲ့ပြီး အခုအချိန်အထိ ဂန်းနားတွေအနေနဲ့ နိုင်ပွဲပျောက်ဆုံးလိမ့်မယ်လို့ ဘယ်သူကမှ မတွေးမိကြသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် အမ်းမရိတ်စ်မှာ တစ်ယောက်လျော့နေတဲ့ ဖူလ်ဟမ်နဲ့ သရေ ၁ မှတ် ခွဲယူခဲ့ရပေမယ့်လည်း အရမ်းစိတ်လှုပ်ရှားစရာမလိုအပ်တာတော့ သေချာပေမယ့်လည်း ပရိသတ်အချို့ကတော့ စိတ်ပူကောင်း စိတ်ပူနေနိုင်ပါတယ်။ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာကြောင့် အာတီတာအနေနဲ့ တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက် လူစာရင်းကို အပြောင်းအလဲပြုလုပ်သင့်တယ်လို့ ပြောလို့မရဘဲ နည်းဗျူဟာအပြောင်းအလဲသာ ပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ ပွဲထွက်လူစာရင်းကို လုံးဝကြီး ပြောင်းလဲသွားမှာမဟုတ်ပေမယ့် တနင်္ဂနွေနေ့မှာ အပြောင်းအလဲအချို့တော့ လုပ်ရမှာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်လူစာရင်းထဲကို မဖြစ်မနေ ပြန်လာရမယ့် ကစားသမား ၄ ဦးရှိနေပါတယ်။

၁။ ဇင်ချန်ကို

ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကြောင့် တစ်နွေရာသီလုံး နားခဲ့ရတဲ့ ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့အပတ်မှာ မိနစ် ၄၀ ကျော် ဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲထွက်လူစာရင်းထဲမှာ ပြန်ပါလာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာပါတယ်။ ယူကရိန်းကြယ်ပွင့်နဲ့ တင်းဘားမပါဝင်တဲ့ ခံစစ်အတွက် အာတီတာဟာ ပါတေးကို ညာနောက်ခံနေရာမှာ ကစားခိုင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာ သိသာပါတယ်။ ပါတေးဟာ တစ်ဦးချင်းကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘန် ဝှိုက်နဲ့ ဆာကာတို့ ကစားတုန်းကလို ညာတောင်ပံတကြော သက်ဝင်လှုပ်ရှားမှုမျိုးတော့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ခီဗီယောကို ဘယ်နောက်ခံနေရာမှာ အသုံးပြုခဲ့တာကြောင့် တောင်ပံ ၂ ဖက်စလုံး သေသွားခဲ့တာဖြစ်ပြီး ဇင်ချန်ကို ပြန်လာမယ်ဆိုရင် ဝှိုက်လည်း ညာတောင်ပံကို ပြန်ကစားနိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလို လျင်မြန်တဲ့ကစားပုံကို ပြန်မြင်ရနိုင်ပါတယ်။

၂။ ဂါဘရီယဲလ်

ဂါဘရီယဲလ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာက အာတီတာရဲ့ အထူးဆန်းဆုံး လှည့်ကွက်တစ်ခုဖြစ်ခဲ့တာဖြစ်နိုင်ပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး အားထားခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူဟာ ရာသီကြိုတလျှောက်လုံး ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဂန်းနားတွေရဲ့ ယခုရာသီ ၃ လုံးစလုံးမှာ အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာရဲ့ ဆုံးဖြတ်ချက်က နည်းဗျူဟာပိုင်းသက်သက်လို့ ယုံကြည်ရပေမယ့်လည်း ဘရာဇီးလ်နောက်ခံလူဟာ ဆော်ဒီလိဂ်ကို ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး စပိန်လူမျိုးနည်းပြဟာ နောက်ခံလူကို နည်းဗျူဟာအကြောင်းပြချက်နဲ့ ချန်လှပ်ခဲ့တာမျိုး လုပ်ခဲတာကြောင့် တခြားကိစ္စတစ်ခုခု ရှိနေမယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ဂါဘရီယဲလ်လိုမျိုး ပင်နယ်တီ ဧရိယာ ၂ ဖက်စလုံးမှာ လွှမ်းမိုးနိုင်ပြီး ရင့်ကျက်တဲ့ကစားသမားမျိုးကို ပရိသတ်တွေ ပြန်မြင်ချင်မှာ သေချာပါတယ်။

၃။ ဖေဘီယို ဗီယာရာ

ကိုင် ဟာဗတ်ဇ်က အခုအချိန်အထိ အာတီတာရဲ့ နေရာပေါင်းစုံမှာ အသုံးပြုခြင်းခံခဲ့ရပေမယ့်လည်း ဘယ်နေရာမှာ အကောင်းဆုံးလဲဆိုတာကို သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဟာဗတ်ဇ်အနေနဲ့ တနင်္ဂနွေနေ့မှာတော့ ပွဲထွက်ခွင့်ပေးဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး မပြသခဲ့တာတော့ သေချာပြီး အရန်ခုံမှာ ခဏထိုင်နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဟာဗတ်ဇ်ကိုသာ ချန်လှပ်မယ်ဆိုရင် အာတိတာအနေနဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက် ချမှတ်ရမှာဖြစ်ပြီး လုံခြုံမှုအတွက် ရွေးချယ်မယ်ဆိုရင် ပါတေးရော ဒီကလန် ရိုက်ကိုပါ ပွဲထွက်ခွင့်ပေးရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ချာကာတုန်းလိုမျိုး ဗီယာရာကို သုံးမလားဆိုတာကို အလေးအနက်စဉ်းစားရမှာဖြစ်ပါတယ်။ ဗီယာရာဟာ ချာကာလိုမျိုး ဘောလုံးမရှိတဲ့အချိန်မှာ အထောက်အပံ့ပေးသလိုမျိုး လိုက်လုပ်နိုင်မှာမဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်တုန်းက ဘယ်တောင်ပံတကျောမှာ စွမ်းဆောင်ရည်ကောင်းအချို့ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ အရန်ခုံကနေ ဝင်ကစားခဲ့ပြီး ဂန်းနားတွေ ပြန်လည်သက်ဝင်ခဲ့တဲ့ ဒုတိယပိုင်းမှာ ဦးဆောင်သူ အခန်းကဏ္ဍကနေ ကစားပေးခဲ့ပေမယ့် ဒီလို ကြီးမားတဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးဖို့ လုံလောက်ပြီလားဆိုတာတော့ အာတီတာပဲ စဉ်းစားရမှာဖြစ်ပါတယ်။

၄။အက်ဒီ အန်ကီးတီးယား

ပြီးခဲ့တဲ့စနေမှာ ထရော့ဆာ့ဒ်က အန်ကီးတီးယားကို ကျော်ပြီး ပွဲထွက်ခွင့်ရခဲ့ပေမယ့် အရန်ခုံကနေ ဝင်ကစားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးက ဂန်းနားတွေရဲ့ တိုက်စစ်ကို အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ ကြီးမားတဲ့အခွင့်အရေးတွေကို လွဲချော်ခဲ့ပေမယ့်လည်း အန်ကီးတီးယားက မိုနာကိုနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ တောက်ပတဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲစဉ်က သွင်းဂိုးက ယခုရာသီ ဒုတိယမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး အာတီတာရဲ့အသင်းမှာ ပွဲထွက်ခွင့် ပြန်လည်ရရှိဖို့ ထိုက်တန်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ၂ ဂိုး သွင်းခဲ့တဲ့ အန်ကီးတီးယားက လက်ရှိမှာ အာတီတာရဲ့ တိုက်စစ်မှာ ဂျေးဇုမပါဝင်နိုင်ချိန်မှာ ရွေးချယ်လို့ရနိုင်တဲ့ အထက်မြက်ဆုံးတိုက်စစ်ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၃ ပြဲကေန ၇ မွတ္ ရယူႏိုင္ခဲ့ၿပီး အခုအခ်ိန္အထိ ဂန္းနားေတြအေနနဲ႔ ႏိုင္ပြဲေပ်ာက္ဆုံးလိမ့္မယ္လို႔ ဘယ္သူကမွ မေတြးမိၾကေသးတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္ အမ္းမရိတ္စ္မွာ တစ္ေယာက္ေလ်ာ့ေနတဲ့ ဖူလ္ဟမ္နဲ႔ သေရ ၁ မွတ္ ခြဲယူခဲ့ရေပမယ့္လည္း အရမ္းစိတ္လႈပ္ရွားစရာမလိုအပ္တာေတာ့ ေသခ်ာေပမယ့္လည္း ပရိသတ္အခ်ိဳ႕ကေတာ့ စိတ္ပူေကာင္း စိတ္ပူေနႏိုင္ပါတယ္။ ဖူလ္ဟမ္နဲ႔ သေရက်ခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ တနဂၤေႏြေန႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္အတြက္ လူစာရင္းကို အေျပာင္းအလဲျပဳလုပ္သင့္တယ္လို႔ ေျပာလို႔မရဘဲ နည္းဗ်ဴဟာအေျပာင္းအလဲသာ ျပဳလုပ္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ ပြဲထြက္လူစာရင္းကို လုံးဝႀကီး ေျပာင္းလဲသြားမွာမဟုတ္ေပမယ့္ တနဂၤေႏြေန႔မွာ အေျပာင္းအလဲအခ်ိဳ႕ေတာ့ လုပ္ရမွာျဖစ္ၿပီး မန္ယူႏိုက္တက္နဲ႔ပြဲမွာ အာဆင္နယ္လူစာရင္းထဲကို မျဖစ္မေန ျပန္လာရမယ့္ ကစားသမား ၄ ဦးရွိေနပါတယ္။

၁။ ဇင္ခ်န္ကို

ၿပီးခဲ့တဲ့ရာသီကုန္ပိုင္းမွာ ရခဲ့တဲ့ ေျခသလုံး ဒဏ္ရာေၾကာင့္ တစ္ေႏြရာသီလုံး နားခဲ့ရတဲ့ ဇင္ခ်န္ကိုဟာ ၿပီးခဲ့တဲ့အပတ္မွာ မိနစ္ ၄၀ ေက်ာ္ ဝင္ကစားေပးခဲ့တာျဖစ္ၿပီး ပြဲထြက္လူစာရင္းထဲမွာ ျပန္ပါလာဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ ေသခ်ာပါတယ္။ ယူကရိန္းၾကယ္ပြင့္နဲ႔ တင္းဘားမပါဝင္တဲ့ ခံစစ္အတြက္ အာတီတာဟာ ပါေတးကို ညာေနာက္ခံေနရာမွာ ကစားခိုင္းခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့တာ သိသာပါတယ္။ ပါေတးဟာ တစ္ဦးခ်င္းေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ဘန္ ဝႈိက္နဲ႔ ဆာကာတို႔ ကစားတုန္းကလို ညာေတာင္ပံတေၾကာ သက္ဝင္လႈပ္ရွားမႈမ်ိဳးေတာ့ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္နဲ႔ပြဲမွာ ခီဗီေယာကို ဘယ္ေနာက္ခံေနရာမွာ အသုံးျပဳခဲ့တာေၾကာင့္ ေတာင္ပံ ၂ ဖက္စလုံး ေသသြားခဲ့တာျဖစ္ၿပီး ဇင္ခ်န္ကို ျပန္လာမယ္ဆိုရင္ ဝႈိက္လည္း ညာေတာင္ပံကို ျပန္ကစားႏိုင္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလို လ်င္ျမန္တဲ့ကစားပုံကို ျပန္ျမင္ရႏိုင္ပါတယ္။

၂။ ဂါဘရီယဲလ္

ဂါဘရီယဲလ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာက အာတီတာရဲ႕ အထူးဆန္းဆုံး လွည့္ကြက္တစ္ခုျဖစ္ခဲ့တာျဖစ္ႏိုင္ၿပီး ၿပီးခဲ့တဲ့တစ္ရာသီလုံး အားထားခဲ့ရတဲ့ ဘရာဇီးလ္ေနာက္ခံလူဟာ ရာသီႀကိဳတေလွ်ာက္လုံး ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဂန္းနားေတြရဲ႕ ယခုရာသီ ၃ လုံးစလုံးမွာ အရန္ခုံထိုင္ခဲ့ရတာျဖစ္ပါတယ္။ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္က နည္းဗ်ဴဟာပိုင္းသက္သက္လို႔ ယုံၾကည္ရေပမယ့္လည္း ဘရာဇီးလ္ေနာက္ခံလူဟာ ေဆာ္ဒီလိဂ္ကို ေျပာင္းဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပဟာ ေနာက္ခံလူကို နည္းဗ်ဴဟာအေၾကာင္းျပခ်က္နဲ႔ ခ်န္လွပ္ခဲ့တာမ်ိဳး လုပ္ခဲတာေၾကာင့္ တျခားကိစၥတစ္ခုခု ရွိေနမယ္လို႔ ယူဆရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တနဂၤေႏြေန႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲမွာ ဂါဘရီယဲလ္လိုမ်ိဳး ပင္နယ္တီ ဧရိယာ ၂ ဖက္စလုံးမွာ လႊမ္းမိုးႏိုင္ၿပီး ရင့္က်က္တဲ့ကစားသမားမ်ိဳးကို ပရိသတ္ေတြ ျပန္ျမင္ခ်င္မွာ ေသခ်ာပါတယ္။

၃။ ေဖဘီယို ဗီယာရာ

ကိုင္ ဟာဗတ္ဇ္က အခုအခ်ိန္အထိ အာတီတာရဲ႕ ေနရာေပါင္းစုံမွာ အသုံးျပဳျခင္းခံခဲ့ရေပမယ့္လည္း ဘယ္ေနရာမွာ အေကာင္းဆုံးလဲဆိုတာကို သတ္မွတ္ဖို႔ ခက္ခဲပါတယ္။ ဟာဗတ္ဇ္အေနနဲ႔ တနဂၤေႏြေန႔မွာေတာ့ ပြဲထြက္ခြင့္ေပးဖို႔အတြက္ လုံေလာက္တဲ့ စြမ္းေဆာင္မႈမ်ိဳး မျပသခဲ့တာေတာ့ ေသခ်ာၿပီး အရန္ခုံမွာ ခဏထိုင္ေနတာက အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ တကယ္လို႔ ဟာဗတ္ဇ္ကိုသာ ခ်န္လွပ္မယ္ဆိုရင္ အာတိတာအေနနဲ႔ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ ခ်မွတ္ရမွာျဖစ္ၿပီး လုံၿခဳံမႈအတြက္ ေ႐ြးခ်ယ္မယ္ဆိုရင္ ပါေတးေရာ ဒီကလန္ ႐ိုက္ကိုပါ ပြဲထြက္ခြင့္ေပးရမွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ခ်ာကာတုန္းလိုမ်ိဳး ဗီယာရာကို သုံးမလားဆိုတာကို အေလးအနက္စဥ္းစားရမွာျဖစ္ပါတယ္။ ဗီယာရာဟာ ခ်ာကာလိုမ်ိဳး ေဘာလုံးမရွိတဲ့အခ်ိန္မွာ အေထာက္အပံ့ေပးသလိုမ်ိဳး လိုက္လုပ္ႏိုင္မွာမဟုတ္ေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္တုန္းက ဘယ္ေတာင္ပံတေက်ာမွာ စြမ္းေဆာင္ရည္ေကာင္းအခ်ိဳ႕ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ အရန္ခုံကေန ဝင္ကစားခဲ့ၿပီး ဂန္းနားေတြ ျပန္လည္သက္ဝင္ခဲ့တဲ့ ဒုတိယပိုင္းမွာ ဦးေဆာင္သူ အခန္းက႑ကေန ကစားေပးခဲ့ေပမယ့္ ဒီလို ႀကီးမားတဲ့ပြဲစဥ္မွာ ပြဲထြက္ခြင့္ေပးဖို႔ လုံေလာက္ၿပီလားဆိုတာေတာ့ အာတီတာပဲ စဥ္းစားရမွာျဖစ္ပါတယ္။

၄။အက္ဒီ အန္ကီးတီးယား

ၿပီးခဲ့တဲ့စေနမွာ ထေရာ့ဆာ့ဒ္က အန္ကီးတီးယားကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ရခဲ့ေပမယ့္ အရန္ခုံကေန ဝင္ကစားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးက ဂန္းနားေတြရဲ႕ တိုက္စစ္ကို အကူအညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပဲေလ့စ္နဲ႔ပြဲမွာ ႀကီးမားတဲ့အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း အန္ကီးတီးယားက မိုနာကိုနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ေတာက္ပတဲ့ ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ ရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္နဲ႔ပြဲစဥ္က သြင္းဂိုးက ယခုရာသီ ဒုတိယေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး အာတီတာရဲ႕အသင္းမွာ ပြဲထြက္ခြင့္ ျပန္လည္ရရွိဖို႔ ထိုက္တန္သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲမွာ ၂ ဂိုး သြင္းခဲ့တဲ့ အန္ကီးတီးယားက လက္ရွိမွာ အာတီတာရဲ႕ တိုက္စစ္မွာ ေဂ်းဇုမပါဝင္ႏိုင္ခ်ိန္မွာ ေ႐ြးခ်ယ္လို႔ရႏိုင္တဲ့ အထက္ျမက္ဆုံးတိုက္စစ္ကစားသမားအျဖစ္ ရွိေနတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet