အာတီတာရဲ့လုပ်ငန်းစဉ်နဲ့ ရောင်နီသစ်ကို ဦးဆောင်သူကို သတ်မှတ်ရာမှာ ကူညီပေးခဲ့တဲ့ အိုဇေးလ်
အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း အိုဇေးလ်ဟာ အသက် ၃၄ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဂျာမန်ကွင်းလယ်ကစားသမားဟာ ဂန်းနားတွေကို လုပ်ပေးခဲ့တဲ့ ကောင်းတဲ့အရာတွေအများကြီးရှိပေမယ့် အချို့ကလည်း ဆိုးရွားတဲ့အခိုက်အတန့်တွေကို မြင်ကြသလို မြောက်လန်ဒန်က အချိန်တွေဟာ ဆိုးရွားတဲ့ပုံစံနဲ့ အဆုံးသတ်ခဲ့ရတာကြောင့် လုံးဝ မနှစ်သက်ကြတဲ့သူတွေလည်း ရှိပါတယ်။
ဒါပေမယ့်လည်း အဲဒီ အကောင်း၊ အဆိုးနဲ့ အကျည်းတန်တဲ့ အခိုက်အတန့်တွေကို မပြောခင်မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အိုဇေးလ်ရှိနေခဲ့တဲ့အချိန်တွေကို အသိအမှတ်ပြုတာက ပိုကောင်းမှာဖြစ်ပြီး လာမယ့် မေလမှာ ဂန်းနားတွေ ရှိနေနိုင်တဲ့ နေရာကို ရောက်ရှိလာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေတောင် ပါဝင်ခဲ့တယ်လို့ ပြောလို့လည်း ရပါတယ်။
အာတီတာဟာ အိုဇေးလ်ရဲ့ မြောက်လန်ဒန်က အချိန်တွေကို ပြည်ဖုံးကားချပေးခဲ့သူဖြစ်ပြီး အသင်းဖော်ဟောင်းနဲ့ နောက်ထပ်တစ်ကြိမ် အလုပ်အတူတူ လုပ်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်စရာ အကြောင်းအရင်းအချို့လည်း ရှိနေခဲ့ပါတယ်။
အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးဟာ ၂၀၁၃ ခုနှစ်မှာ အိုဇေးလ်ကို ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့ပြီး အာတီတာကိုလည်း အတူတူပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီရာသီမှာပဲ အာဆင်နယ်အသင်းဟာ ၉ နှစ်ကြာ ဆုဖလားပျောက်ဆုံးနေမှုကို အက်ဖ်အေဖလားကို အရယူပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး နောက်ရာသီမှာလည်း အက်ဖ်အေဖလားချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာသပညာရှင် အလန် ဒေးဗီးစ်က The Tuesday Club Podcast မှာ ၂၀၁၅ အက်ဖ်အေဖလားဗိုလ်လုပွဲကို ပြန်လည်သုံးသပ်ရာမှာ ဆုပေးပွဲနဲ့ပတ်သက်ပြီး ဟာသဖောက်ခဲ့ပြီး “အိုဇေးလ်က ကျွန်တော်ထင်တယ်။ သူက ရာသီကုန်တိုင်းမှာ ဆုဖလားရနေပြီး အဲဒါက သာမန်ပဲလို့ သူတွေးနေတယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၇ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ နိုင်ပွဲရခဲ့ပေမယ့်လည်း အိုဇေးလ်ရဲ့ ဂုဏ်သတင်းဟာ ပရိသတ်တွေကြားထဲမှာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေအောက် ရောက်ရှိနေခဲ့ပြီးဖြစ်ပြီး ၎င်းရဲ့ ကြီးမားတဲ့လစာပမာဏနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ခြေစွမ်းကျဆင်းမှုနဲ့ နည်းပြ အူနိုင်း အမ်မရီလက်အောက်မှာ ပျက်ကွက်မှု၊ ပွတ်တိုက်မှုတွေဖြစ်ခဲ့တဲ့ကာလတွေဟာ အာတီတာရောက်ရှိလာပေမယ့်လည်း ထူးခြားမလာခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝ အချိန်တွေကို ပြန်ကြည့်လိုက်ရင် အိုဇေးလ်ရဲ့ ဇာတ်လမ်းက အလွန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူစရာဖြစ်ခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ တင်းကြပ်တဲ့ စည်းကမ်းနဲ့ ညှိနှိုင်းလို့မရသူအဖြစ် အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
လက်ရှိလူစာရင်းကို ကြည့်လိုက်ရင် ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးမှု၊ အာရုံစိုက်မှုတွေနဲ့ ဆုဖလားအတွက် တိုက်ပွဲဝင်နေပြီး အိုဇေးလ်နဲ့ အူဘာမီယန်းတို့လို ကစားသမားတွေနဲ့ ကြုံတွေ့ခဲ့တာတွေက အသင်းအတွက် သင်ခန်းစာယူစရာအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ မန်ချက်စတာစီးတီးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး တွစ်တာမှာ ရေးသားခဲ့တဲ့စာက နည်းပြအာတီတာကို တိုက်ရိုက်ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး “လုပ်ငန်းစဉ်ကို ယုံကြည်ပါ”ဆိုတဲ့ စာသားကို အသည်းကွဲနေတဲ့ အီမိုဂျီ၊ စိတ်ပျက်ဝမ်းနည်းနေတဲ့ အီမိုဂျီနဲ့အတူ တင်ထားခဲ့တာဖြစ်ပါတယ်။
Trust the process💔😟
— Mesut Özil (@M10) August 28, 2021
လုပ်ငန်းစဉ်ကို ယုံကြည်ပါဆိုတဲ့စာသားဟာ အာတီတာနဲ့ ၎င်းရဲ့ ကစားသမားတွေ သုံးလေ့ရှိတဲ့ လက်စွဲဆောင်ပုဒ်ဖြစ်ပေမယ့်လည်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရချိန်မှာတော့ သရော်စာအဖြစ် အသုံးပြုခြင်းခံခဲ့ရပြီး အချိန်ရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီးနောက် ခရီးလမ်းဟာ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အိုဇေးလ်ဟာ အာတီတာရဲ့အသင်း အသင်းခေါင်းဆောင်သစ်ကို အောင်အောင်မြင်မြင် ခန့်အပ်နိုင်ခဲ့တဲ့နေရာမှာလည်း အကြောင်းအရင်းတစ်ခုဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်သစ် မခန့်ခင်မှာ ကြားခဲ့ရတဲ့ အိုဇေးလ်ရဲ့ အဝတ်လဲခန်းအတွင်းက ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အမ်မရီ ပြောခဲ့တဲ့စကားက ပြောစရာတစ်ခုဖြစ်ပြီး အသင်းခေါင်းဆောင်သစ်ကို ဘယ်လိုလူမျိုးကို ခန့်အပ်သင့်လဲဆိုတာကို မကြာသေးမီ ၎င်းရဲ့နေရာမှာ ဆက်ခံမယ့် နည်းပြသစ်အတွက် မီးမောင်းထိုးပြရာမှာ အကောင်းဆုံးဥပမာတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။
“ရာသီကြိုတုန်းက ကျွန်တော် သူ့ကို ပြောခဲ့တယ်။ ငါ အကောင်းဆုံးအိုဇေးလ်ကို ပြန်ရအောင် ကူညီပေးချင်တယ်လို့။ ကျွန်တော် အမြင့်မားဆုံး အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းနဲ့ နစ်မြှုပ်ကစားပေးနိုင်စွမ်းကို အဝတ်လဲခန်းထဲမှာ ရှိစေချင်ခဲ့တယ်။ ကျွန်တော် သူ့ကို လေးစားမှုရှိခဲ့ပြီး သူ အကူအညီပေးနိုင်မယ်လို့ ထင်ခဲ့မိပါတယ်။ သူက အသင်းခေါင်းဆောင်ဖြစ်ခဲ့ရမှာပါ။ ဒါပေမယ့် အဝတ်လဲခန်းထဲက ကစားသမားတွေက သူ့ကို အသင်းခေါင်းဆောင် မဖြစ်စေချင်ခဲ့ကြဘူး။ အဲဒါက ကျွန်တော် ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ ကစားသမားတွေက ဆုံးဖြတ်ခဲ့တာပါ။ အသင်းခေါင်းဆောင်ဆိုတာက အသင်းကို၊ နည်းပြကို၊ အသင်းဖော်တွေကို ကာကွယ်ပေးနေရမယ့်သူမျိုးပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာတီတာအနေနဲ့ ကျောနံပါတ် ၁၀ ကစားသမားစစ်စစ်နဲ့ လက်ရှိမှာ ကစားဖို့ မလိုအပ်ပေမယ့်လည်း အာဆင်နယ်ကွင်းလယ် ၃ ဦးထဲမှာ ဖန်တီးနိုင်စွမ်းရှိနေတာ ရှင်းလင်းနေပြီး အဲဒီကစားသမားကတော့ မာတင် အော်ဒီဂွါဒ်ဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ အမ်းမရိတ်စ်ကို ရောက်လာခဲ့တဲ့အချိန်ကစပြီး နည်းပြအာတီတာကို အရင်လူတုန်းက မယူဆောင်ပေးနိုင်ခဲ့ဘူးလို့ ယုံကြည်ခဲ့ပုံရတဲ့တစ်စုံတရာကို ဖြည့်စွက်ပေးခဲ့တာဖြစ်ပါတယ်။
အော်ဒီဂွါဒ် ကစားတဲ့ ပွဲတိုင်းကို ကြည့်လိုက်ရင် အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့ ပြေးလွှားမှု၊ ဖိအားပေးနိုင်စွမ်းနဲ့ အသင်းကို လှုံ့ဆော်ပေးနိုင်စွမ်းကို သတိပြုမိမှာဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်တွေအရ အိုဇေးလ်ဟာ ကွင်းနေရာအများအပြားကို ကာဗာလုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီလိုပြေးလွှားမှုတွေက မတူညီတဲ့ဇာတ်လမ်းတစ်ခုကို ပြောပြနေပြီး အာတီတာရဲ့ မျှော်မှန်းချက်တွေအတိုင်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အော်ဒီဂွါဒ်ဟာ ယခုရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်လာမယ့်သူလို့ ယူဆခြင်း ခံနေရသူဖြစ်ပြီး ပွဲစဉ်တိုင်း အပြီးမှာ ကွင်းရဲ့ ထောင့်တိုင်းမှာရှိနေတဲ့ ပရိသတ်တွေဆီကို လျှောက်သွားပြီး လက်ခုပ်တီးပေးသလို နောက်ဆုံးမှ ကွင်းထဲကနေ ထွက်လေ့ရှိသူဖြစ်ပါတယ်။
အော်ဒီဂွါဒ်ဟာ ကွင်းထဲမှာ အာတီတာ မျှော်မှန်းထားတဲ့ အာဆင်နယ်ကစားသမားတစ်ယောက်ရှိနေရမယ့် ပုံစံအတိုင်းရှိနေပြီး အိုဇေးလ်ကတော့ အဲဒီလို ကစားသမားမျိုး မဟုတ်တာက ကွင်းလယ်နေရာမှာ အသင်းက လိုအပ်နေတာ ဘာလဲဆိုတာ အာတီတာ သိရှိသွားစေခဲ့တာဖြစ်ပါတယ်။
အိုဇေးလ်ရဲ့ အရည်အချင်းက ၎င်းရဲ့ အကောင်းဆုံးအချိန်တုန်းက လက်ရှိ အော်ဒီဂွါဒ်ထက် ပိုမို ကောင်းမွန်တယ်လို့ ငြင်းခုံနိုင်ပေမယ့်လည်း ဘောလုံးအမြင်ရှိမှု၊ ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့မှုတွေက ကြောက်မက်စရာကောင်းတဲ့နေရာမှာ ဆင်တူတာကိုတော့ ငြင်းလို့မရတာဖြစ်ပါတယ်။
နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ အသင်းအတွက် အများကြီး ပေးစရာရှိနေပြီး တိုးတက်လာဖို့လည်း နှစ်တွေ အများကြီးကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အော်ဒီဂွါဒ် အောင်မြင်မှု ရရှိခဲ့ပြီးသားဖြစ်တဲ့အရာက အာဆင်နယ်အသင်းက ၎င်းရဲ့နေရာမှာရှိနေဖို့ ထိုက်တန်ကြောင်းနဲ့ လက်ရှိမှာ အနားယူသွားခဲ့ပြီဖြစ်တဲ့ အိုဇေးလ်ကို အာတီတာ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တာ မှန်ကန်ခဲ့တယ်ဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အိုဇေးလ်ရဲ့ အချိန်တွေကို ပြန်ကြည့်တဲ့နေရာမှာ စိတ်ပျက်မှု ဒါမှမဟုတ် နောင်တတောင် ရစရာ မရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဇေးလ်ရဲ့ လူမှုကွန်ရက်ပေါ်က အာတီတာရဲ့ လုပ်ငန်းစဉ်အပေါ်ကို ဝေဖန်ခဲ့တဲ့ စာတစ်ကြောင်းကြောင့်သာ အသင်းက ထိပ်ဆုံးကို ပြန်လည်တက်လှမ်းရာမှာ အလွန်ဂရုတစိုက်ရှိခဲ့တယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်ပြီး အဲဒီစာကြောင်းသာ မတင်ခဲ့ရင် လက်ရှိ ကြုံတွေ့နေရတာတွေကိုတောင် ကြုံတွေ့ချင်မှ ကြုံတွေ့နေရမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview