ဗီလာနဲ့ အမ်မရီပေါ်အမြင်၊ ပါတေးရဲ့အခြေအနေ၊ ဆုဖလားပြိုင်ပွဲသုံးသပ်ချက်တို့အပါအဝင် အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညနေ ဗီလာပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ယနေ့နံနက် လန်ဒန်ကိုလ်နီကွင်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး-လူတန်နဲ့ပွဲက တစ်စုတစည်းတည်းရှိမှုကို ဒီအပတ်အထိ ယူဆောင်လာနိုင်မလား။
ဖြေ- ပွဲအပြီးမှာ ခင်ဗျား အာရုံပြန်စိုက်ရမှဖြစ်ပြီး ဗီလာနဲ့ပွဲအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စဉ်းစားရမှာပါ။ ဒါပေမယ့် လူတန်နဲ့ပွဲက ကျွန်တော်တို့ ပရိသတ်တွေအတွက် အရမ်းကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ခင်ဗျား ကစားသမားတွေကြားက အပြန်အလှန် နားလည်မှုတွေ၊ အသင်းဖော်တွေအတွက် တကယ်ရင်ထဲက အစစ်အမှန် ပျော်ရွှင်ပေးခဲ့ကြတဲ့ အရန်ခုံက ကစားသမားတွေရဲ့မျက်နှာတွေကို မြင်ခဲ့မှာပါ။ အဲဒါက လှပတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။
မေး- ၅ ကြိမ်မြောက် နာကျင်အချိန်ပိုမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်မှာရော။
ဖြေ- အသင်းတစ်သင်းဆိုတာက ပွဲစဉ်တိုင်းကို အနိုင်ရချင်တဲ့ စိတ်ဆန္ဒရှိနေရမယ်။ ကျွန်တော်တို့မှာ အဲဒီစိတ်ဆန္ဒရှိပြီး ကျွန်တော်တို့ တစ်ကြိမ်ပြီး တစ်ကြိမ် ထပ်ထပ်ပြီး ပြသနေတယ်။ ကျွန်တော်တို့ စောစောစီးစီး ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ တတိယမြောက် ဒါမှမဟုတ် စတုတ္ထမြောက်ဂိုးရနိုင်တဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်ခဲ့တဲ့အချိန်မှာ အသင်းမှာ အခု ဆက်ပြီး ယုံကြည်နေဖို့နဲ့ အဲဒီအခိုက်အတန့်မှာ အနိုင်ရဖို့ လုပ်ဖို့လိုအပ်တဲ့အရာအတွက် အရင်းအမြစ်တွေနဲ့ အရည်အချင်းတွေ ရှိနေပါတယ်။
မေး- အက်စတန် ဗီလာရဲ့ နိုင်ပွဲဆက်နေမှုအပေါ်မှာရော။
ဖြေ-သူတို့တွေ အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့တဲ့ပုံစံနဲပတ်သက်ပြီး ချီးကျူးရမှာပါ။ ဗီလာပါ့ခ်က ကျွန်တော် အနှစ်သက်ဆုံးကွင်းတွေထဲက တစ်ခုပါ။ ကျွန်တာ်တို့အတွက် ကြီးမားတဲ့အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။
မေး- ရာယာရဲ့ အမှားတွေက တခြားဂိုးသမားတွေထက်စာရင် ပိုပြီး အာရုံစိုက်ခံနေရတာလား။
ဖြေ-ခင်ဗျား သူ့ရဲ့ လက်စွမ်းကို ကြည့်လိုက်ရင် ကျွန်တော်တို့နဲ့ အတူ စရှိခဲ့တဲ့အချိန်ကစပြီး သူ ရရှိခဲ့တဲ့အရာတွေက အထင်ကြီးစရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ဂိုးသမား ၃ ဦးရှိပြီး တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်မှာ အရမ်းကောင်းတဲ့ တောင်ပံကစားသမားတွေလည်းရှိနေတယ်။ သူတို့တွေထဲက အချို့က အရန်ခုံသာ ထိုင်နေတာပါ။ သူတို့နဲ့ပတ်သက်ပြီး ဘာမှ မေးခွန်းထုတ်စရာမရှိပါဘူး။ ကျွန်တော်တို့ အဲဒါကို လက်ခံရမှာပါ။ ကျွန်တော်တို့ ကစားသမားတွေကိုလည်း အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းနဲ့ အားပေးထောက်ခံရမှာပါ။ ကျွန်တော်တို့ သူတို့ကို ကာကွယ်ရမယ်။ ကျွန်တော်တို့ သူတို့ဆီက အကောင်းဆုံးပုံစံရအောင်လုပ်ရမယ်။ ကျွန်တော် အဲဒီအပေါ်မှာပဲ ပိုပြီး အာရုံစိုက်မှာပါ။ ကစားသမားတိုင်းက မှန်ကန်တဲ့ အားပေးထောက်ခံမှုနဲ့ ချစ်ခြင်းတရားကို လိုအပ်တယ်။ သူတို့တွေက အဲဒါတွေနဲ့ ထိုက်တန်တယ်။
မေး- လူတန်နဲ့ပွဲအပြီး ခင်ဗျားရဲ့ အောင်ပွဲခံမှုအပေါ်မှာရော။ အဲဒီလို အောင်ပွဲခံဖို့ ခွင့်ပြုမထားဘူးမလား။
ဖြေ- ကျွန်တော်တို့ အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ စည်းနဲ့ဘောင်နဲ့ ရှိပါတယ်။ စည်းနဲ့ဘောင်နဲ့ဆိုတာကလည်း အဲဒါကို ကျွန်တော်တို့ လိုသလို နည်းနည်းတိုးမြှင့်လို့ရတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ အရန်ခုံတန်းကို အရမ်းခိုင်မာတဲ့ ကြိုးနဲ့တုပ်ထားလိုက်ပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့ မလှုပ်ရှားနိုင်လောက်တော့ပါဘူး။ ဒါက ကျွန်တော်တို့ လှုပ်ရှားလို့မရဘူးလို့ ဆိုလိုတာပါ။ ကျွန်တော်တို့ အားလုံးပဲ။ ကျွန်တော်တို့ လှုပ်ရှားလို့ရမှာမဟုတ်ပါဘူး။
မေး-ခင်ဗျား ဘယ်လိုအောင်ပွဲခံနိုင်မလဲဆိုတာကို ရှင်းလင်းပြောဆိုထားတာလုပ်ဖို့ လိုအပ်သလား။
ဖြေ- အဲဒါကြောင့်ပဲ ကျွန်တော်တို့လို့ ပြောတာလေ။ ကျွန်တော်လို့ ပြောတာမဟုတ်ဘူး။ ကျွန်တော် မသိဘူး။ ဆုံးဖြတ်ချက်က ချပြီးပြီ။ ကံဆိုးစွာနဲ့ ကျွန်တော်အဲဒါကို အခုကနေ တနင်္ဂနွေနေ့အထိ ပြောင်းလဲနိုင်မယ်မထင်ပါဘူး။
မေး- ခင်ဗျား အက်ဖ်အေဆီကနေ တစ်ခုခု ပြန်ကြားထားတာရှိလား။
ဖြေ- ဟင့်အင်း။ ကျွန်တော်တို့ သက်သေ၊ ထင်မြင်ချက်၊ ကောက်ချက်တွေ၊ ကျွန်တော်တို့မှာရှိတဲ့ အကြောင်းအရာတွေကို အစည်းအဝေးအချို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဘာပြောမလဲ စောင့်နေတုန်းပါ။
မေး- အက်စတန်ဗီလာက အူနိုင်း အမ်မရီရဲ့ အောင်မြင်မှုက ခင်ဗျားကို အံ့အားသင့်စေခဲ့လား။
ဖြေ- ဟင့်အင်း။ ကျွန်တော် သူ အယ်လ်မီးရီးယားမှာ နည်းပြကတည်းက စောင့်ကြည့်ခဲ့တာပါ။ သူ အသင်းတိုင်းအတွက် လုပ်ခဲ့တာတွေက အမြဲတမ်း ထူးခြားခဲ့ပါတယ်။ သူက အမြဲတမ်း ကစားသမားတွေ၊ အသင်း၊ ကလပ်နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေကို တိုးတက်စေခဲ့တယ်။ သူက ကျွန်တော့်လို ဘက်စ်ကီလူမျိုးပဲ။ သူက ပွဲစဉ်တွေမှာ လုပ်ခဲ့တာတွေအတွက် ကျွန်တော် တကယ်လေးစားရတဲ့ နည်းပြပါ။ သူ အဲဒါကို မတူညီတဲ့အဆင့်အတန်းမှာ မတူညီတဲ့နိုင်ငံတွေမှာ လုပ်ခဲ့တယ်။ အမြဲတမ်းလည်း အောင်မြင်မှုရခဲ့တယ်။ အဲဒီတော့ သူ့အတွက် ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။
မေး-ထိပ်ဆုံး ၄ သင်းထဲမှာ မတူညီတဲ့အသင်းတွေ ရှိနေတဲ့အပေါ်မှာရော။
ဖြေ- အဲဒါက လိဂ်ရဲ့ အရည်အသွေးကို ပြနေတာပဲ။ မနှစ်တုန်းက ထိပ်ဆုံး ၄ နေရာမှာ တခြားအသင်းတွေရှိနေခဲ့တယ်။ အဲဒါက ထိပ်ဆုံး ၄ နေရာထဲမှာ ရှိနေရဖို့ ပြိုင်ဆိုင်မှုနဲ့ ခက်ခဲမှုကို ပြနေတာပါ။ ဒါပေမယ့် သူတို့တွေရှိနေတဲ့နေရာနဲ့ အပြည့်အဝ ထိုက်တန်ပါတယ်။
မေး- ခင်ဗျား ဗီလာပွဲကို ဘယ်ကနေ ကြည့်မှာလဲ။
ဖြေ- ကျွန်တော်ကတော့ ဒါရိုက်တာဘောက်စ်ကနေပဲ ထိုင်ကြည့်မယ်လို့ တွေးထားတယ်။ မသိသေးဘူး။ အဲဒါက ကျွန်တော်တို့ နောက်ကျမှ ဆွေးနွေးရမယ့်ကိစ္စပါ။ ကြည့်ကြတာပေါ့။ ကျွန်တော် တကယ်ကောင်းတဲ့မြင်ကွင်းရမယ်လို့ မျှော်လင့်မိပါတယ်။
ဖြေ- အူနိုင်းက မှားယွင်းတဲ့အချိန်မှာ အာဆင်နယ်နည်းပြ ဖြစ်ခဲ့တာလား။
ဖြေ- ကျွန်တော် မသိဘူး။ အဲဒီအချိန်တုန်းက အဲဒီလိုပဲ ဖြစ်ခဲ့တယ်။ သူက အရမ်းကောင်းမွန်တဲ့အရာအချို့ကို ဒီမှာ လုပ်နိုင်ခဲ့သေးတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါကို ဆုံးဖြတ်ရမှာ ကျွန်တော့်အလုပ်မဟုတ်ပါဘူး။
မေး- ဝပ်ကင်စ်ကို ဘယ်လို တားဆီးမလဲ။
ဖြေ-သူက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အရမ်းကို ခြေစွမ်းပိုင်းတည်ငြိမ်ခဲ့ပါတယ်။ သူက တကယ်ခြိမ်းခြောက်မှုစစ်စစ်ပါ။ တခြားတိုက်စစ်မှူးတွေအားလုံးလိုပဲ သူ့ကို ပင်နယ်တီဧရိယာထဲမှာ ဘောလုံးပေးကိုင်လို့မရပါဘူး။ ဒါက သူ့ရဲ့ အဓိကအရည်အချင်းပဲ။
မေး-ခင်ဗျားက ဒိုင်တွေရဲ့ ပစ်မှတ်ထားခြင်းခံနေရတာလား။
ဖြေ- အောင်ပွဲခံတာကို ဘယ်လိုရပ်တန့်ရမလဲ ကျွန်တော် မသိဘူး။ အဲဒါက တကယ်ကို စိတ်ခံစားချက်တွေ ပြင်းထန်တဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်။ ခင်ဗျားနားမှာ အားလုံးက ခုန်ပေါက်နေပြီး ခင်ဗျား ဘယ်နေရာရောက်နေမှန်းတောင် သတိထားမိလိုက်မှာမဟုတ်ဘူး။ အဲဒါက ကံဆိုးခဲ့တာပါ။ ဘာလို့လဲဆိုတော့ အခု ကျွန်တော် ကွင်းဘေးစည်းနားမှာ အသင်းနဲ့အတူ မရှိနိုင်တော့ဘူး။ ဒါပေမယ့် အဲဒါက သူတို့တွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ ခင်ဗျားက စည်းမျဉ်းတွေကို တင်းကြပ်တယ်လို့ ထင်ရင်လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမယ့် အကြောင်းအရာက ကွဲပြားခြားနားပါတယ်။ ပြီးတော့ ဒီအကြောင်းအရာထဲမှာ ကျွန်တော်တို့ဆိုတဲ့စကားလုံးက အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။
မေး- ဘောလုံးပြိုင်ပွဲကနေ စိတ်ခံစားမှုတွေကို ထုတ်ပစ်လိုက်ရမှာလား။
ဖြေ- အဲဒီကိစ္စအပြီးမှာ ကျွန်တော် ချက်ချင်းပဲ ကျွန်တော့်ခုံမှာ သွားထိုင်ခဲ့ပြီး စက္ကန့် ၃၀ လောက် မလှုပ်မယှက်နေခဲ့တယ်။ ဒါပေမယ့် အဲဒါက စိတ်ခံစားမှုဖြစ်အပြီးမှာပါ။ အဲဒီအချိန်မှာ စိတ်ခံစားမှုမဖြစ်ဘဲနေဖို့ တောင်းဆိုဖို့က အရမ်းခက်ခဲတယ်လို့ ထင်ပါတယ်။
မေး- ခင်ဗျား အောင်ပွဲခံတဲ့အကျင့်ကို ရပ်တန့်ချင်လား။
ဖြေ- ကျွန်တော့်ကိုသာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်လည်း မရပ်ချင်ဘူး။ ကျွန်တော့်ကစားသမားတွေနဲ့ ရှိနေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နေ့တိုင်း ကျွန်တော်တို့ လိုချင်တဲ့အရာကို ရဖို့ ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အနိုင်ရဖို့ အနီးကပ်အလုပ်လုပ်ခဲ့ရလို့ပါ။ ခင်ဗျား အားကစားမှာ ဒီလို အခိုက်အတန့်တွေကြုံတဲ့အခါမှာ အဲဒီလို လုပ်သင့်ပါတယ်။ ဒါပေမယ့် စည်းဘောင်တွေကလည်း ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်တယ်။ ခင်ဗျား အဲဒါတွေကို လေးစားရမယ်။ ခင်ဗျားရှိရမယ့်နေရာနဲ့ အဝေးမှာ ရှိနေတာလိုမျိုးပေါ့။ ဒါပေမယ့် ကျွန်တာ်သာ အဲဒီအချိန်ကို ပြန်သွားဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်လည်း ကျွန်တော် အဲဒီမှာ ခုန်ပေါက်နေဦးမှာပဲ။
မေး- စီးတီးနဲ့ပွဲက ဗီလာရဲ့ ခြေစွမ်းအပေါ်မှာရော။
ဖြေ- နညးဗျူဟာပိုင်းမှာ သူတို့တွေ တကယ်ကောင်းကောင်း ပြင်ဆင်လာတယ်။ သူတို့တွေ မတူညီတဲ့အရာ ၂ ခု၊ ၃ ခုလောက်လုပ်တယ်။ သူတို့တွေက နောက်ကနေ ကစားဖို့ကို တကယ်သတ္တိရှိခဲ့တယ်။ သူတို့တွေ တကယ်ခင်ဗျားကို တိုက်စစ်ဆင်နိုင်တယ်။ ဘာလိုပလဲဆိုတော့ သူတို့မှာ ခင်ဗျားကို တကယ် နာကျင်အောင် လုပ်နိုင်တဲ့ ကစားသမားတွေရှိနေလို့ပါ။ နေရာလွတ်တွေမှာ အဆက်မပြတ် ခင်ဗျားကို ခြိမ်းခြောက်နိုင်တဲ့ကစားသမားတွေ ရှိနေလို့ပါ။ အဲဒါတင်မဟုတ်သေးဘူး။ သူတို့တွေ ဖန်တီးထားတဲ့ စိတ်ဓာတ်၊ ပတ်ဝန်းကျင်၊ အရှိန်အဟုန်နဲ့ အဲဒီအချိန်မှာ ရှိနေတဲ့ယုံကြည်မှုက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်ပါတယ်။
မေး- ၄ သင်းပြိုင်ရမယ့် ဆုဖလားပြိုင်ပွဲဖြစ်မလား။
ဖြေ- ခင်ဗျား ပြိုင်ပွဲကို ကြည့်လိုက်တဲ့အခါကျရင် ရလဒ်တွေက အပတ်တိုင်းထွက်နေတယ်။ ပြိုင်ပွဲက အရမ်းကို ပွင့်လင်းနေပြီး အဆုံးအထိလည်း ဒီလိုပဲ ဖြစ်နေမယ်လို့ ထင်တယ်။
မေး- ခင်ဗျား ကွင်းဘေးစည်းမှာ ဒီအပတ်မရှိတော့ အသင်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်မလား။
ဖြေ- ပိုကောင်းမယ်လို့ မျှော်လင့်မိပါတယ်။သူတို့တွေ ပိုကောင်းအောင် ကစားကြပါလိမ့်မယ်။ သူတို့တွေ ပိုပြီးတော့လည်းအကောင်းမြင်ကြပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အကောင်းမြင်စိတ်နဲ့ သူတို့ကို လွှမ်းမိုးနိုင်ပါတယ်။ ကျွန်တော်တို့မှာ အရမ်းအတွေ့အကြုံရင့်တဲ့နည်းပြတွေဖြစ်တဲ့ အဲလ်ဘတ်၊ ကားလို့စ်၊ နီကိုတို့လည်း သူတို့နားမှာ ရှိနေမှာပါ။ ကျွန်တော်တို့ အရင်တုန်းကလည်း ဒီလိုလုပ်ဖူးပါတယ်။ အဲဒီတော့ အခုလည်း လုပ်လိုက်ကြစို့။
မေး- အသင်းနောက်ဆုံးရသတင်းတွေရှိလား။
ဖြေ- အားလုံး အဆင်ပြေမယ်လို့ ကျွန်တော် ထင်တယ်။
မေး- ပါတေး ဘယ်အချိန်လောက် ပြန်ကစားနိုင်မလဲ။
ဖြေ-ကျွန်တော်တို့ မသိသေးဘူး။ သူရထားတဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အရမ်းကောင်းတဲ့ ဆင့်ကဲတိုးတက်မှုတွေ ရနေပါတယ်။ လီဗာပူးလ်ပွဲက မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့မှာ အဓိကကစားသမား ၅ ဦး ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးလို့ အင်အားတော်တော်နည်းနေတယ်။
မေး- ခင်ဗျား ဗီလာပါ့ခ်ထဲက ထိုင်ခုံကနေ ကြည့်နိုင်မယ်ဆိုရင် မတ်တပ်ထ အောင်ပွဲခံမလား။
ဖြေ- ဒါရိုက်တာဘောက်စ်ထဲမှာ ရှိနေမှာပါ။ ကျွန်တော်တော့ မထင်ပါဘူး။ မဖြစ်နိုင်ဘူးလို့လည်း မပြောပါဘူး။ ဘာလို့လဲဆိုတော့ ပွဲက အရမ်းကို စိတ်ခံစားမှု ပြင်းထန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မလုပ်မိအောင် ကြိုးစားမှာပါ။
မေး- ဒဏ်ရာပြဿနာတွေကို ကာဗာလုပ်ဖို့အတွက် လုံလောက်တဲ့ အင်အားရှိရဲ့လား။
ဖြေ- ကြည့်တာပေါ့။ ကျွန်တော်တို့ အသားကျအောင် လုပ်ရမှာပါ။ ကျွန်တော်တို့မှာ အခုရှိနေတဲ့လူနဲ့ ဖြစ်အောင် လုပ်ရမှာပေါ့ ။ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က လာတော့မယ်ဆိုတာ အမှန်ပဲ။ ကျွန်တော်တို့ လူစာရင်းကို အကဲဖြတ်ပြီး လိုအပ်နေတာဘာလဲဆိုတာကို ကြည့်ရမယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ ဘာကိုမှ မပြောင်းလဲနိုင်ဘူး။ ကျွန်တော်တို့ အခုကနေ ဒီဇင်ဘာလကုန်အထိ အကောင်းဆုံးဖြစ်နိုင်မယ့်နည်းနဲ့ နိုင်ပွဲတွေ ဆက်ရအောင် ကစားသွားရမှာပါ။
မေး- တိုမိယဆုနဲ့ တင်းဘားပြန်ကစားနိုင်ရင် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အပေါ်မှာ အကျိုးသက်ရောက်မှုရှိမှာလား။
ဖြေ- ကျွန်တော်တို့ ဖြစ်လာနိုင်တဲ့အခင်းအကျင်းတိုင်းကို စဉ်းစားရမှာပါ။ ကျွန်တော်တို့ အဲဒီကစားသမားတွေ ပြန်ကစားနိုင်မယ့် အချိန်ကိုလည်း ရှင်းလင်းပြတ်သားတဲ့ အချိန်အတိုင်းအတာကို သိရဖို့လိုတယ်။ ဘယ်လိုအခြေအနေရှိမလဲ၊ အချိန်ဘယ်လောက်ကြာကြာ ကစားပေးနိုင်မလဲဆိုတာလည်း သိရဖို့လိုတယ်။ ကျွန်တော်တို့ လုပ်စရာရှိတာအားလုံး လုပ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ကြိုးစားသွားမှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔ညေန ဗီလာပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ ယေန႔နံနက္ လန္ဒန္ကိုလ္နီကြင္းက ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုတဲ့ေမးခြန္းေတြကို ေျဖၾကားေပးခဲ့ပါတယ္။
ေမး-လူတန္နဲ႔ပြဲက တစ္စုတစည္းတည္းရွိမႈကို ဒီအပတ္အထိ ယူေဆာင္လာႏိုင္မလား။
ေျဖ- ပြဲအၿပီးမွာ ခင္ဗ်ား အာ႐ုံျပန္စိုက္ရမွျဖစ္ၿပီး ဗီလာနဲ႔ပြဲအတြက္ အေကာင္းဆုံးႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ စဥ္းစားရမွာပါ။ ဒါေပမယ့္ လူတန္နဲ႔ပြဲက ကြၽန္ေတာ္တို႔ ပရိသတ္ေတြအတြက္ အရမ္းေကာင္းတဲ့အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား ကစားသမားေတြၾကားက အျပန္အလွန္ နားလည္မႈေတြ၊ အသင္းေဖာ္ေတြအတြက္ တကယ္ရင္ထဲက အစစ္အမွန္ ေပ်ာ္႐ႊင္ေပးခဲ့ၾကတဲ့ အရန္ခုံက ကစားသမားေတြရဲ႕မ်က္ႏွာေတြကို ျမင္ခဲ့မွာပါ။ အဲဒါက လွပတဲ့ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။
ေမး- ၅ ႀကိမ္ေျမာက္ နာက်င္အခ်ိန္ပိုမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့အေပၚမွာေရာ။
ေျဖ- အသင္းတစ္သင္းဆိုတာက ပြဲစဥ္တိုင္းကို အႏိုင္ရခ်င္တဲ့ စိတ္ဆႏၵရွိေနရမယ္။ ကြၽန္ေတာ္တို႔မွာ အဲဒီစိတ္ဆႏၵရွိၿပီး ကြၽန္ေတာ္တို႔ တစ္ႀကိမ္ၿပီး တစ္ႀကိမ္ ထပ္ထပ္ၿပီး ျပသေနတယ္။ ကြၽန္ေတာ္တို႔ ေစာေစာစီးစီး ဂိုးေတြ သြင္းယူႏိုင္ခဲ့သင့္ပါတယ္။ ကြၽန္ေတာ္တို႔ တတိယေျမာက္ ဒါမွမဟုတ္ စတုတၳေျမာက္ဂိုးရႏိုင္တဲ့ အခိုက္အတန႔္ေတြရွိခဲ့ၿပီး ပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ အဲဒီလို မျဖစ္ခဲ့တဲ့အခ်ိန္မွာ အသင္းမွာ အခု ဆက္ၿပီး ယုံၾကည္ေနဖို႔နဲ႔ အဲဒီအခိုက္အတန႔္မွာ အႏိုင္ရဖို႔ လုပ္ဖို႔လိုအပ္တဲ့အရာအတြက္ အရင္းအျမစ္ေတြနဲ႔ အရည္အခ်င္းေတြ ရွိေနပါတယ္။
ေမး- အက္စတန္ ဗီလာရဲ႕ ႏိုင္ပြဲဆက္ေနမႈအေပၚမွာေရာ။
ေျဖ-သူတို႔ေတြ အရာအားလုံးကို ေျပာင္းလဲႏိုင္ခဲ့တဲ့ပုံစံနဲပတ္သက္ၿပီး ခ်ီးက်ဴးရမွာပါ။ ဗီလာပါ့ခ္က ကြၽန္ေတာ္ အႏွစ္သက္ဆုံးကြင္းေတြထဲက တစ္ခုပါ။ ကြၽန္တာ္တို႔အတြက္ ႀကီးမားတဲ့အခြင့္အေရး ျဖစ္လာပါလိမ့္မယ္။
ေမး- ရာယာရဲ႕ အမွားေတြက တျခားဂိုးသမားေတြထက္စာရင္ ပိုၿပီး အာ႐ုံစိုက္ခံေနရတာလား။
ေျဖ-ခင္ဗ်ား သူ႔ရဲ႕ လက္စြမ္းကို ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔နဲ႔ အတူ စရွိခဲ့တဲ့အခ်ိန္ကစၿပီး သူ ရရွိခဲ့တဲ့အရာေတြက အထင္ႀကီးစရာေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ဂိုးသမား ၃ ဦးရွိၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ့္မွာ အရမ္းေကာင္းတဲ့ ေတာင္ပံကစားသမားေတြလည္းရွိေနတယ္။ သူတို႔ေတြထဲက အခ်ိဳ႕က အရန္ခုံသာ ထိုင္ေနတာပါ။ သူတို႔နဲ႔ပတ္သက္ၿပီး ဘာမွ ေမးခြန္းထုတ္စရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို လက္ခံရမွာပါ။ ကြၽန္ေတာ္တို႔ ကစားသမားေတြကိုလည္း အေကာင္းဆုံးျဖစ္ႏိုင္မယ့္နည္းလမ္းနဲ႔ အားေပးေထာက္ခံရမွာပါ။ ကြၽန္ေတာ္တို႔ သူတို႔ကို ကာကြယ္ရမယ္။ ကြၽန္ေတာ္တို႔ သူတို႔ဆီက အေကာင္းဆုံးပုံစံရေအာင္လုပ္ရမယ္။ ကြၽန္ေတာ္ အဲဒီအေပၚမွာပဲ ပိုၿပီး အာ႐ုံစိုက္မွာပါ။ ကစားသမားတိုင္းက မွန္ကန္တဲ့ အားေပးေထာက္ခံမႈနဲ႔ ခ်စ္ျခင္းတရားကို လိုအပ္တယ္။ သူတို႔ေတြက အဲဒါေတြနဲ႔ ထိုက္တန္တယ္။
ေမး- လူတန္နဲ႔ပြဲအၿပီး ခင္ဗ်ားရဲ႕ ေအာင္ပြဲခံမႈအေပၚမွာေရာ။ အဲဒီလို ေအာင္ပြဲခံဖို႔ ခြင့္ျပဳမထားဘူးမလား။
ေျဖ- ကြၽန္ေတာ္တို႔ ေအာင္ပြဲခံခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ စည္းနဲ႔ေဘာင္နဲ႔ ရွိပါတယ္။ စည္းနဲ႔ေဘာင္နဲ႔ဆိုတာကလည္း အဲဒါကို ကြၽန္ေတာ္တို႔ လိုသလို နည္းနည္းတိုးျမႇင့္လို႔ရတယ္။ ဒါမွမဟုတ္ရင္ေတာ့ ကြၽန္ေတာ္တို႔ အရန္ခုံတန္းကို အရမ္းခိုင္မာတဲ့ ႀကိဳးနဲ႔တုပ္ထားလိုက္ေပါ့။ အဲဒါဆိုရင္ ကြၽန္ေတာ္တို႔ မလႈပ္ရွားႏိုင္ေလာက္ေတာ့ပါဘူး။ ဒါက ကြၽန္ေတာ္တို႔ လႈပ္ရွားလို႔မရဘူးလို႔ ဆိုလိုတာပါ။ ကြၽန္ေတာ္တို႔ အားလုံးပဲ။ ကြၽန္ေတာ္တို႔ လႈပ္ရွားလို႔ရမွာမဟုတ္ပါဘူး။
ေမး-ခင္ဗ်ား ဘယ္လိုေအာင္ပြဲခံႏိုင္မလဲဆိုတာကို ရွင္းလင္းေျပာဆိုထားတာလုပ္ဖို႔ လိုအပ္သလား။
ေျဖ- အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔လို႔ ေျပာတာေလ။ ကြၽန္ေတာ္လို႔ ေျပာတာမဟုတ္ဘူး။ ကြၽန္ေတာ္ မသိဘူး။ ဆုံးျဖတ္ခ်က္က ခ်ၿပီးၿပီ။ ကံဆိုးစြာနဲ႔ ကြၽန္ေတာ္အဲဒါကို အခုကေန တနဂၤေႏြေန႔အထိ ေျပာင္းလဲႏိုင္မယ္မထင္ပါဘူး။
ေမး- ခင္ဗ်ား အက္ဖ္ေအဆီကေန တစ္ခုခု ျပန္ၾကားထားတာရွိလား။
ေျဖ- ဟင့္အင္း။ ကြၽန္ေတာ္တို႔ သက္ေသ၊ ထင္ျမင္ခ်က္၊ ေကာက္ခ်က္ေတြ၊ ကြၽန္ေတာ္တို႔မွာရွိတဲ့ အေၾကာင္းအရာေတြကို အစည္းအေဝးအခ်ိဳ႕ လုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဘာေျပာမလဲ ေစာင့္ေနတုန္းပါ။
ေမး- အက္စတန္ဗီလာက အူႏိုင္း အမ္မရီရဲ႕ ေအာင္ျမင္မႈက ခင္ဗ်ားကို အံ့အားသင့္ေစခဲ့လား။
ေျဖ- ဟင့္အင္း။ ကြၽန္ေတာ္ သူ အယ္လ္မီးရီးယားမွာ နည္းျပကတည္းက ေစာင့္ၾကည့္ခဲ့တာပါ။ သူ အသင္းတိုင္းအတြက္ လုပ္ခဲ့တာေတြက အၿမဲတမ္း ထူးျခားခဲ့ပါတယ္။ သူက အၿမဲတမ္း ကစားသမားေတြ၊ အသင္း၊ ကလပ္နဲ႔ သူ႔ရဲ႕ အဖြဲ႕ဝင္ေတြကို တိုးတက္ေစခဲ့တယ္။ သူက ကြၽန္ေတာ့္လို ဘက္စ္ကီလူမ်ိဳးပဲ။ သူက ပြဲစဥ္ေတြမွာ လုပ္ခဲ့တာေတြအတြက္ ကြၽန္ေတာ္ တကယ္ေလးစားရတဲ့ နည္းျပပါ။ သူ အဲဒါကို မတူညီတဲ့အဆင့္အတန္းမွာ မတူညီတဲ့ႏိုင္ငံေတြမွာ လုပ္ခဲ့တယ္။ အၿမဲတမ္းလည္း ေအာင္ျမင္မႈရခဲ့တယ္။ အဲဒီေတာ့ သူ႔အတြက္ ကြၽန္ေတာ္ တကယ္ေပ်ာ္႐ႊင္မိပါတယ္။
ေမး-ထိပ္ဆုံး ၄ သင္းထဲမွာ မတူညီတဲ့အသင္းေတြ ရွိေနတဲ့အေပၚမွာေရာ။
ေျဖ- အဲဒါက လိဂ္ရဲ႕ အရည္အေသြးကို ျပေနတာပဲ။ မႏွစ္တုန္းက ထိပ္ဆုံး ၄ ေနရာမွာ တျခားအသင္းေတြရွိေနခဲ့တယ္။ အဲဒါက ထိပ္ဆုံး ၄ ေနရာထဲမွာ ရွိေနရဖို႔ ၿပိဳင္ဆိုင္မႈနဲ႔ ခက္ခဲမႈကို ျပေနတာပါ။ ဒါေပမယ့္ သူတို႔ေတြရွိေနတဲ့ေနရာနဲ႔ အျပည့္အဝ ထိုက္တန္ပါတယ္။
ေမး- ခင္ဗ်ား ဗီလာပြဲကို ဘယ္ကေန ၾကည့္မွာလဲ။
ေျဖ- ကြၽန္ေတာ္ကေတာ့ ဒါ႐ိုက္တာေဘာက္စ္ကေနပဲ ထိုင္ၾကည့္မယ္လို႔ ေတြးထားတယ္။ မသိေသးဘူး။ အဲဒါက ကြၽန္ေတာ္တို႔ ေနာက္က်မွ ေဆြးေႏြးရမယ့္ကိစၥပါ။ ၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္ တကယ္ေကာင္းတဲ့ျမင္ကြင္းရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
ေျဖ- အူႏိုင္းက မွားယြင္းတဲ့အခ်ိန္မွာ အာဆင္နယ္နည္းျပ ျဖစ္ခဲ့တာလား။
ေျဖ- ကြၽန္ေတာ္ မသိဘူး။ အဲဒီအခ်ိန္တုန္းက အဲဒီလိုပဲ ျဖစ္ခဲ့တယ္။ သူက အရမ္းေကာင္းမြန္တဲ့အရာအခ်ိဳ႕ကို ဒီမွာ လုပ္ႏိုင္ခဲ့ေသးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဲဒါကို ဆုံးျဖတ္ရမွာ ကြၽန္ေတာ့္အလုပ္မဟုတ္ပါဘူး။
ေမး- ဝပ္ကင္စ္ကို ဘယ္လို တားဆီးမလဲ။
ေျဖ-သူက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ အရမ္းကို ေျခစြမ္းပိုင္းတည္ၿငိမ္ခဲ့ပါတယ္။ သူက တကယ္ၿခိမ္းေျခာက္မႈစစ္စစ္ပါ။ တျခားတိုက္စစ္မႉးေတြအားလုံးလိုပဲ သူ႔ကို ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးေပးကိုင္လို႔မရပါဘူး။ ဒါက သူ႔ရဲ႕ အဓိကအရည္အခ်င္းပဲ။
ေမး-ခင္ဗ်ားက ဒိုင္ေတြရဲ႕ ပစ္မွတ္ထားျခင္းခံေနရတာလား။
ေျဖ- ေအာင္ပြဲခံတာကို ဘယ္လိုရပ္တန႔္ရမလဲ ကြၽန္ေတာ္ မသိဘူး။ အဲဒါက တကယ္ကို စိတ္ခံစားခ်က္ေတြ ျပင္းထန္တဲ့အခိုက္အတန႔္ျဖစ္ခဲ့တယ္။ ခင္ဗ်ားနားမွာ အားလုံးက ခုန္ေပါက္ေနၿပီး ခင္ဗ်ား ဘယ္ေနရာေရာက္ေနမွန္းေတာင္ သတိထားမိလိုက္မွာမဟုတ္ဘူး။ အဲဒါက ကံဆိုးခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ အခု ကြၽန္ေတာ္ ကြင္းေဘးစည္းနားမွာ အသင္းနဲ႔အတူ မရွိႏိုင္ေတာ့ဘူး။ ဒါေပမယ့္ အဲဒါက သူတို႔ေတြ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ပါ။ ခင္ဗ်ားက စည္းမ်ဥ္းေတြကို တင္းၾကပ္တယ္လို႔ ထင္ရင္လည္း ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ဘာမွ မလုပ္ႏိုင္ဘူး။ ဒါေပမယ့္ အေၾကာင္းအရာက ကြဲျပားျခားနားပါတယ္။ ၿပီးေတာ့ ဒီအေၾကာင္းအရာထဲမွာ ကြၽန္ေတာ္တို႔ဆိုတဲ့စကားလုံးက အရမ္းကို အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။
ေမး- ေဘာလုံးၿပိဳင္ပြဲကေန စိတ္ခံစားမႈေတြကို ထုတ္ပစ္လိုက္ရမွာလား။
ေျဖ- အဲဒီကိစၥအၿပီးမွာ ကြၽန္ေတာ္ ခ်က္ခ်င္းပဲ ကြၽန္ေတာ့္ခုံမွာ သြားထိုင္ခဲ့ၿပီး စကၠန႔္ ၃၀ ေလာက္ မလႈပ္မယွက္ေနခဲ့တယ္။ ဒါေပမယ့္ အဲဒါက စိတ္ခံစားမႈျဖစ္အၿပီးမွာပါ။ အဲဒီအခ်ိန္မွာ စိတ္ခံစားမႈမျဖစ္ဘဲေနဖို႔ ေတာင္းဆိုဖို႔က အရမ္းခက္ခဲတယ္လို႔ ထင္ပါတယ္။
ေမး- ခင္ဗ်ား ေအာင္ပြဲခံတဲ့အက်င့္ကို ရပ္တန႔္ခ်င္လား။
ေျဖ- ကြၽန္ေတာ့္ကိုသာ အခြင့္အေရးေပးခဲ့မယ္ဆိုရင္လည္း မရပ္ခ်င္ဘူး။ ကြၽန္ေတာ့္ကစားသမားေတြနဲ႔ ရွိေနခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ေန႔တိုင္း ကြၽန္ေတာ္တို႔ လိုခ်င္တဲ့အရာကို ရဖို႔ ၊ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ အႏိုင္ရဖို႔ အနီးကပ္အလုပ္လုပ္ခဲ့ရလို႔ပါ။ ခင္ဗ်ား အားကစားမွာ ဒီလို အခိုက္အတန႔္ေတြႀကဳံတဲ့အခါမွာ အဲဒီလို လုပ္သင့္ပါတယ္။ ဒါေပမယ့္ စည္းေဘာင္ေတြကလည္း ရွိေနတယ္ဆိုတာကိုလည္း ကြၽန္ေတာ္ နားလည္တယ္။ ခင္ဗ်ား အဲဒါေတြကို ေလးစားရမယ္။ ခင္ဗ်ားရွိရမယ့္ေနရာနဲ႔ အေဝးမွာ ရွိေနတာလိုမ်ိဳးေပါ့။ ဒါေပမယ့္ ကြၽန္တာ္သာ အဲဒီအခ်ိန္ကို ျပန္သြားဖို႔ အခြင့္အေရးရခဲ့မယ္ဆိုရင္လည္း ကြၽန္ေတာ္ အဲဒီမွာ ခုန္ေပါက္ေနဦးမွာပဲ။
ေမး- စီးတီးနဲ႔ပြဲက ဗီလာရဲ႕ ေျခစြမ္းအေပၚမွာေရာ။
ေျဖ- နညးဗ်ဴဟာပိုင္းမွာ သူတို႔ေတြ တကယ္ေကာင္းေကာင္း ျပင္ဆင္လာတယ္။ သူတို႔ေတြ မတူညီတဲ့အရာ ၂ ခု၊ ၃ ခုေလာက္လုပ္တယ္။ သူတို႔ေတြက ေနာက္ကေန ကစားဖို႔ကို တကယ္သတၱိရွိခဲ့တယ္။ သူတို႔ေတြ တကယ္ခင္ဗ်ားကို တိုက္စစ္ဆင္ႏိုင္တယ္။ ဘာလိုပလဲဆိုေတာ့ သူတို႔မွာ ခင္ဗ်ားကို တကယ္ နာက်င္ေအာင္ လုပ္ႏိုင္တဲ့ ကစားသမားေတြရွိေနလို႔ပါ။ ေနရာလြတ္ေတြမွာ အဆက္မျပတ္ ခင္ဗ်ားကို ၿခိမ္းေျခာက္ႏိုင္တဲ့ကစားသမားေတြ ရွိေနလို႔ပါ။ အဲဒါတင္မဟုတ္ေသးဘူး။ သူတို႔ေတြ ဖန္တီးထားတဲ့ စိတ္ဓာတ္၊ ပတ္ဝန္းက်င္၊ အရွိန္အဟုန္နဲ႔ အဲဒီအခ်ိန္မွာ ရွိေနတဲ့ယုံၾကည္မႈက ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္ပါတယ္။
ေမး- ၄ သင္းၿပိဳင္ရမယ့္ ဆုဖလားၿပိဳင္ပြဲျဖစ္မလား။
ေျဖ- ခင္ဗ်ား ၿပိဳင္ပြဲကို ၾကည့္လိုက္တဲ့အခါက်ရင္ ရလဒ္ေတြက အပတ္တိုင္းထြက္ေနတယ္။ ၿပိဳင္ပြဲက အရမ္းကို ပြင့္လင္းေနၿပီး အဆုံးအထိလည္း ဒီလိုပဲ ျဖစ္ေနမယ္လို႔ ထင္တယ္။
ေမး- ခင္ဗ်ား ကြင္းေဘးစည္းမွာ ဒီအပတ္မရွိေတာ့ အသင္းအေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလား။
ေျဖ- ပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။သူတို႔ေတြ ပိုေကာင္းေအာင္ ကစားၾကပါလိမ့္မယ္။ သူတို႔ေတြ ပိုၿပီးေတာ့လည္းအေကာင္းျမင္ၾကပါလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းျမင္စိတ္နဲ႔ သူတို႔ကို လႊမ္းမိုးႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ အရမ္းအေတြ႕အႀကဳံရင့္တဲ့နည္းျပေတြျဖစ္တဲ့ အဲလ္ဘတ္၊ ကားလို႔စ္၊ နီကိုတို႔လည္း သူတို႔နားမွာ ရွိေနမွာပါ။ ကြၽန္ေတာ္တို႔ အရင္တုန္းကလည္း ဒီလိုလုပ္ဖူးပါတယ္။ အဲဒီေတာ့ အခုလည္း လုပ္လိုက္ၾကစို႔။
ေမး- အသင္းေနာက္ဆုံးရသတင္းေတြရွိလား။
ေျဖ- အားလုံး အဆင္ေျပမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။
ေမး- ပါေတး ဘယ္အခ်ိန္ေလာက္ ျပန္ကစားႏိုင္မလဲ။
ေျဖ-ကြၽန္ေတာ္တို႔ မသိေသးဘူး။ သူရထားတဲ့ ဒဏ္ရာနဲ႔ပတ္သက္ၿပီး အရမ္းေကာင္းတဲ့ ဆင့္ကဲတိုးတက္မႈေတြ ရေနပါတယ္။ လီဗာပူးလ္ပြဲက မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ျမန္ျမန္ေရာက္လာပါလိမ့္မယ္။ ကြၽန္ေတာ္တို႔မွာ အဓိကကစားသမား ၅ ဦး ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးလို႔ အင္အားေတာ္ေတာ္နည္းေနတယ္။
ေမး- ခင္ဗ်ား ဗီလာပါ့ခ္ထဲက ထိုင္ခုံကေန ၾကည့္ႏိုင္မယ္ဆိုရင္ မတ္တပ္ထ ေအာင္ပြဲခံမလား။
ေျဖ- ဒါ႐ိုက္တာေဘာက္စ္ထဲမွာ ရွိေနမွာပါ။ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး။ မျဖစ္ႏိုင္ဘူးလို႔လည္း မေျပာပါဘူး။ ဘာလို႔လဲဆိုေတာ့ ပြဲက အရမ္းကို စိတ္ခံစားမႈ ျပင္းထန္ႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲဒီလို မလုပ္မိေအာင္ ႀကိဳးစားမွာပါ။
ေမး- ဒဏ္ရာျပႆနာေတြကို ကာဗာလုပ္ဖို႔အတြက္ လုံေလာက္တဲ့ အင္အားရွိရဲ႕လား။
ေျဖ- ၾကည့္တာေပါ့။ ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔မွာ အခုရွိေနတဲ့လူနဲ႔ ျဖစ္ေအာင္ လုပ္ရမွာေပါ့ ။ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က လာေတာ့မယ္ဆိုတာ အမွန္ပဲ။ ကြၽန္ေတာ္တို႔ လူစာရင္းကို အကဲျဖတ္ၿပီး လိုအပ္ေနတာဘာလဲဆိုတာကို ၾကည့္ရမယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ဘာကိုမွ မေျပာင္းလဲႏိုင္ဘူး။ ကြၽန္ေတာ္တို႔ အခုကေန ဒီဇင္ဘာလကုန္အထိ အေကာင္းဆုံးျဖစ္ႏိုင္မယ့္နည္းနဲ႔ ႏိုင္ပြဲေတြ ဆက္ရေအာင္ ကစားသြားရမွာပါ။
ေမး- တိုမိယဆုနဲ႔ တင္းဘားျပန္ကစားႏိုင္ရင္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္အေပၚမွာ အက်ိဳးသက္ေရာက္မႈရွိမွာလား။
ေျဖ- ကြၽန္ေတာ္တို႔ ျဖစ္လာႏိုင္တဲ့အခင္းအက်င္းတိုင္းကို စဥ္းစားရမွာပါ။ ကြၽန္ေတာ္တို႔ အဲဒီကစားသမားေတြ ျပန္ကစားႏိုင္မယ့္ အခ်ိန္ကိုလည္း ရွင္းလင္းျပတ္သားတဲ့ အခ်ိန္အတိုင္းအတာကို သိရဖို႔လိုတယ္။ ဘယ္လိုအေျခအေနရွိမလဲ၊ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ကစားေပးႏိုင္မလဲဆိုတာလည္း သိရဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ လုပ္စရာရွိတာအားလုံး လုပ္ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ အသင္းအတြက္ အေကာင္းဆုံးဆုံးျဖတ္ခ်က္ကို ခ်မွတ္ဖို႔ ႀကိဳးစားသြားမွာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview