နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ
စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိပြီး ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပရိသတ်တွေသိချင်မယ့် မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။
မေး- ကစားသမားတွေကို ဘယ်လိုအဆင့်သတ်မှတ်ချင်လဲ။
ဖြေ- ဒီနေ့ အာဆင်နယ်အတွက် အထူးချွန်ဆုံး စွမ်းဆောင်ရည်ပြခဲ့တဲ့ ဆာကာနဲ့ မာတီနယ်လီတို့ထက် ကျော်ပြီး ကြည့်ဖို့ ခက်ပါတယ်။ အထူးသဖြင့် မာတီနယ်လီက အရမ်းထူးခြားကောင်းမွန်ခဲ့တယ်။ တိုက်စစ်မှာ ကစားနေပေမယ့်လည်း ခံစစ်ပိုင်းမှာလည်း အပြုသဘောဆောင်ခဲ့တယ်။
မေး-အန်ကီးတီးယားရဲ့ ခြေစွမ်းကိုရော ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ- သူ့အတွက် ဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ သူက စံပြဖြစ်နေလို့ပါ။ သူက ဂါဘီမပါဝင်တဲ့ နောက်ဆုံးပွဲမှာ မပါဝင်ခဲ့ရလို့ စိတ်ပျက်ခဲ့တဲ့ကစားသမားပါ။ သူ ဒီအပတ်လေ့ကျင့်ရေးမှာ လေ့ကျင့်ခဲ့တဲ့ပုံစံက နည်းပြရေ ခင်ဗျား မျက်စိကန်းနေတယ်ဆိုရင်တော့ ကျွန်တော့်ကို ပေးမကစားနဲ့ပေါ့ဗျာဆိုတဲ့ပုံစံမျိုးပဲ။ သူက အားလုံးအတွက် ရှင်းလင်းတဲ့ ဥပမာတစ်ခုပါ။
မေး-ပွဲအပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ- ပရီးမီးယားလိဂ်က ကြိုဆိုပါတယ်။ ဒါက ခေါင်းစည်းလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ပွဲရဖို့ ထိုက်တန်ခဲ့တယ်။ ကျွန်တော်တို့ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အခွင့်အရေးတွေ မယူနိုင်ခဲ့ဘူး။ တကယ်ဖြစ်ခဲ့တာထက် ခံစားချက်က ပိုခဲ့ပါတယ်။
မေး- တင်းဘားအခြေအနေကရော။
ဖြေ- ဆရာဝန်တွေက သူ့ကို ကြည့်ပေးခဲ့ကြပြီး သူက ဆက်ကစားချင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ချက်ချင်းပဲ လူစားလဲခံခဲ့ရတာက ရယ်စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော်တို့ သူ့အခြေအနေကို အကဲဖြတ်သွားမှာပါ။
မေး-လက်မှတ်ပြဿနာတွေက ဘယ်လိုဖြစ်တာလဲ။
ဖြေ- ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ပြန်ကြည့်သွားမှာပါ။ ပွဲကို နောက်ရွှေ့ပြီး ကန်ခွင့်ပေးခဲ့တဲ့ ဒိုင်လူကြီးတွေနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အငွေ့အသက်မျိုး ရခဲ့တယ်။
မေး-မာတီနယ်လီအပေါ်မှာ ဘယ်လိုထင်လဲ။
ဖြေ- ကျွန်တော် ဒီနေ့မြင်ခဲ့ရတာကို တကယ်နှစ်သက်မိပြီး လွန်ခဲ့တဲ့ ၂ ပတ်က မိုနာကိုနဲ့ ကစားခဲ့တဲ့ပွဲတုန်းက သူဘောလုံးတွေ ပေးပစ်ပြီး ပြန်လိုက်တဲ့ပုံစံကိုတော့ အရမ်းမနှစ်သက်ခဲ့ပါဘူး။ ဒါက အဆုံးအဖြတ်ပေးနိုင်တဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဂါဘီက နောက်ပြန်ဆုတ်ပြီး အဲဒါကို လုပ်နေလို့ပါ။ တိုက်စစ်မှာဆိုရင်တော့ သူက အကောင်းဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံးကစားသမားတွေထဲက တစ်ဦးပါ။ မတူညီတဲ့ ရစ်သမ်နဲ့ ကစားရတဲ့အခါမှာတော့ အန္တရာယ်အပေးနိုင်ဆုံးမဟုတ်ပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview