အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ စပါးစ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိလိုသမျှ မေးခွန်းတွေကို ဖြေဆိုပေးခဲ့ပါတယ်။
မေး- အော်ဒီဂွါဒ်ရဲ့ ကာလရှည်စာချုပ်သစ်က အသင်းကို ဘယ်လောက်အထိ စိတ်အားတက်ကြွစေနိုင်မလဲ။
ဖြေ- အသင်းအတွက် အရမ်းကောင်းတဲ့သတင်းပါ။ ကျွန်တော် သူ့အတွက်လည်း အရမ်းပျော်ပါတယ်။ သူက အပြည့်အဝ ထိုက်တန်ပါတယ်။ အဲဒါကို ပြုလုပ်ဖို့ အတွက် နည်းလမ်းအများကြီးရှိတယ်ဆိုတာ ပြသရုံပါ။ ခင်ဗျား ရောက်ချင်တဲ့နေရာကို ရောက်နိုင်ဖို့ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ အဆုံးမှာ ခင်ဗျား သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရနိုင်တဲ့၊ တန်ဖိုးထားတဲ့၊ ခင်ဗျားရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသနိုင်မယ့်နေရာကို ရှာတွေ့ဖို့ပဲ အရေးကြီးပါတယ်။ သူက အဲဒီနေရာကို ရှာတွေ့ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက အချစ်ခံရပြီး အားလုံးရဲ့လေးစားမှုခံရတယ်။ သူ လုပ်နေတာတွေအတွက် အပြည့်အဝ ထိုက်တန်တဲ့အရာတွေပေါ့။
မေး- ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေက ပိုပြီး ကောင်းလာနိုင်လား။
ဖြေ- အနိုင်ရရှိမှုက အမြဲတမ်း သင့်တော်တဲ့နေရာမှာ စိတ်ဓာတ်တက်ကြွမှုကို ထိန်းသိမ်းနိုင်ဖို့ အကူအညီပေးပြီး ဒီပွဲက ဘာစိတ်ဓာတ်ခွန်အားမှ မလိုပါဘူး။ ဒီပွဲက ရာသီရဲ့ အထူးခြားဆုံးပွဲစဉ်ဖြစ်တဲ့ ဒါဘီပွဲပါ။ ကျွန်တော်တို့အားလုံးအတွက်ထူးခြားတဲ့အခိုက်အတန့်ဖြစ်ပြီး အဲဒီအပေါ်မှာပဲ အာရုံစိုက်ဖို့လိုပါတယ်။
မေး- ပါတေး မပါဘူးပေါ့။
ဖြေ- ဟုတ်ပါတယ်။
မေး-သူနဲ့ မာတီနယ်လီ ပြန်လာနိုင်မယ့်အချိန်သိရပြီလား။
ဖြေ- ဂါဘီနဲ့ သူ့ကို ကျွန်တော်တို့ အကဲခတ်နေတုန်းပါ။ အဲဒီတော့ သူ ပွဲကစားနိုင်မလားဆိုတာ ကြည့်တာပေ့ါ။ သောမတ်စ်ကတော့ ကျိန်းသေမပါဘူး။ ကျန်တဲ့ကစားသမားတွေအားလုံးကတော့ ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးအချိန် ၂ ချိန်ကျန်သေးပြီး ဒီရက်သတ္တပတ်အလယ်မှာ ဘာပြဿနာကြီးကြီးမားမားမှ မရှိခဲ့ပါဘူး။
မေး- မာတီနယ်လီ မပါဝင်နိုင်ဘူးဆိုတဲ့သတင်းတွေကို မငြင်းပယ်ဘူးပေါ့။
ဖြေ- မငြင်းပါဘူး။
မေး- ရမ်းစ်ဒေးလ် ကြည့်ရတာ မပျော်မရွှင်ဖြစ်နေပုံပေါ်ပြီး သူ ဘယ်လို တုံ့ပြန်ခဲ့လဲ။
ဖြေ- ကျွန်တော် နားလည်ပါတယ်။ ကစားသမားတိုင်းအတွက် အဲဒါက အရမ်းခက်ခဲပါတယ်။ ကျွန်တော်လည်း ခံစားခဲ့ရပြီး ကျွန်တော် မကစားရတဲ့ကစားသမားတိုင်းကို ဂရုစိုက်ပါတယ်။ ဒါပေမယ့် ဒါက ပြိုင်ပွဲဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းကို ဆုံးဖြတ်ဖို့က ကျွန်တော့်အလုပ်ပဲ။ သူက အရမ်းကို အားပေးထောက်ခံမှုရှိခဲ့ပြီး သူ့ပတ်ဝန်းကျင်က လူတိုင်းအတွက်လည်း တကယ်ကောင်းမွန်ခဲ့တယ်။ ဒါက ကျွန်တော် ကစားသမားတိုင်းဆီကနေ မျှော်လင့်ထားတဲ့အရာပါ။ ခင်ဗျား ကွင်းထဲမှာ ရှိနေတဲ့အခါမှာ ကွင်းထဲမှာ မရှိတဲ့ တခြားတစ်စုံတယောက်လည်း ရှိနေမှာပါ။ အဲဒီတော့ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ အခုအချိန်အထိတော့ သူက တကယ်ကောင်းမွန်နေပါတယ်။
မေး- ခင်ဗျားလိုချင်တဲ့ဖလားတွေရဖို့ အညှာအတာကင်းမဲ့တဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်တာလား။ ခင်ဗျား အဲဒီလိုလုပ်ရတာ သက်တောင့်သက်သာရှိရဲ့လား။
ဖြေ- သက်တောင့်သက်သာရှိရဲ့လား။ ဟုတ်လား။ ကျွန်တော့်ပုံစံက အဲဒီလို ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမယ့် ခင်ဗျားရှေ့မှာ ကစားသမားတွေက ထိုင်နေပြီး ခင်ဗျားက ပွဲထွက်လူစာရင်းကို ကြေညာရတဲ့အခါမှာ အဲဒါက အခက်ခဲဆုံးအရာတွေထဲက တစ်ခုပါ။ ကစားသမားတွေက သူတို့ ကစားရတဲ့အခါ ပျော်ရွှင်ပြီး တန်ဖိုးထားခံရတယ်လို့ ခံစားရပါတယ်။ သူတို့တွေ မကစားရတဲ့အခါမှာတော့ အရမ်းခက်ခဲပါတယ်။ ခင်ဗျား သူတို့ကိုအချစ်ခံရတယ်၊ ယုံကြည်မှုအပေးခံရတယ်လို့ ခံစားစေချင်မှာဖြစ်ပြီး အဲဒီလို ခံစားရဖို့ဆိုရင် သူတို့ကို ကစားခိုင်းဖို့ပဲရှိတယ်။ ဒါပေမယ့် အားလုံးက ဒါက အသင်းလိုက် အားကစားဖြစ်ပြီး အမြဲတမ်း ၁၁ ယောက်ပဲ ပွဲထွက်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဆုံးသတ်သူတွေက ဘယ်လောက်အရေးပါလဲဆိုတာကို မြင်တွေ့ခဲ့ရပြီး အားလုံးက ရာသီထဲမှာ ဘယ်လောက်အရေးပါလာမလဲဆိုတာကို မြင်တွေ့ခဲ့ကြပါတယ်။ ရာသီရဲ့ ပထမဆုံး ၆ ပွဲ၊ ၇ ပွဲလောက် ကစားခဲ့ရတဲ့အသင်းကို ပြန်ကြည့်နေမှာမဟုတ်ပါဘူး။
မေး- တော့တင်ဟမ်ဟော့စပါးကို ဘယ်လို သုံးသပ်မိလဲ။
ဖြေ- စိန်ခေါ်မှုအသစ်ပါ။ အခွင့်အရေးအသစ်ပါ။ သိသာပါတယ်။ သူတို့မှာကောင်းကောင်း လုပ်နိုင်နေတဲ့ နည်းပြသစ် ရှိပါတယ်။ သူက စိတ်ခံစားမှုနဲ့ အသင်းမှာရှိတဲ့အရာအားလုံးကို ပြောင်းလဲခဲ့တယ်။ မတူညီတဲ့ စတိုင်ကိုလည်း ပြောင်းခဲ့တယ်။ အဲဒါနဲ့ အသားကျအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့က ကိုယ့်ပုံစံအတိုင်း ကိုယ် ရှိနေပြီး သူတို့ကို အနိုင်ယူနိုင်ဖို့ လိုအပ်တဲ့ စွမ်းဆောင်ရည်ကို ပြသရမယ်။
မေး- ပိုစတီကိုဂလူကို ခင်ဗျား ဘယ်လိုထင်လဲ။
ဖြေ- သူ့ကို ကျွန်တော်တကယ် သဘောကျတယ်။ ကျွန်တော့်မှာ သူနဲ့ရော ကျွန်တော်နဲ့ပါ သိခဲ့တဲ့ ကစားသမားတွေ ရှိပြီး သူတို့တွေအားလုံးက သူ့အကြောင်း တော်တော်လေး ချီးကျူးခဲ့ကြတယ်။ ဒါက တိုက်ဆိုင်မှုမဟုတ်တာသိသာပါတယ်။ ခင်ဗျား သူက ချက်ချင်းကို အံဝင်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါက ဒီလိဂ်ရဲ့ အလှတရားပါ။ ကျွန်တော်တို့မှာ ထိပ်တန်းနည်းပြတွေရှိတယ်။ ထိပ်တန်း ပြိုင်ပွဲဖြစ်ပြီး ပွဲတိုင်းက ခက်ခဲပါတယ်။
မေး- ဒီပွဲစဉ်အတွက် ခင်ဗျားရဲ့ အမှတ်တရတွေက ဘာလဲ။
ဖြေ- ကျွန်တော့်မှာ အများကြီးရှိတယ်။ နောက်ဆုံးတစ်ခုက မနှစ်က နိုင်ပွဲပါ။ ကျွန်တော်တို့ ပွဲကို အနိုင်ရအောင် လုပ်နိုင်ခဲ့တဲ့အချိန်မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပြီး အားလုံးကို ခင်ဗျား စိတ်ကျေနပ်မှု ပေးနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက အားလုံးအတွက် ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ခဲ့လို့ပါ။ အဲဒီတော့ ကျွန်တော်တို့ အဲဒီအတိုင်း ထပ်ပြီး လုပ်ပြနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မေး- ရမ်းစ်ဒေးလ်က ပရိသတ်အချစ်တော်ဖြစ်လို့ သူ့ကို ချန်လှပ်ရတာ ခက်ခဲခဲ့လား။
ဖြေ- ခက်ပါတယ်။ ဒါပေမယ့် တခြားကစားသမားတွေလည်း အတူတူပါပဲ။ အာရွန်က ထူးခြားတဲ့ စရိုက်ရှိပြီး သူက လူချစ်လူခင်ပေါတယ်။ ကျွန်တော်တို့ အားလုံး အဲဒါကို သိတယ်။ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ တခြားကစားသမားတွေလည်း ဒီလိုဖြစ်ခဲ့တာပဲ။ ခင်ဗျား စမစ် ရိုးတုန်းကလည်း ကြိုဆိုမှုကို မြင်မှာပါ။ အဲဒါက ကျွန်တော်တို့ သူ့ကို တကယ်နှစ်သက်တယ်၊ သူ့ကို ကျွန်တော် တကယ်နှစ်သက်တယ်ဆိုတာ သတင်းစကားပေးပို့တာပါ။ ကျွန်တော်တို့ အဲဒါကို ကိုင်တွယ်ဖြေရှင်းရမှာပါ။ ဒါပေမယ့် အဆုံးမှာတော့ ခင်ဗျားက အသင်းတစ်သင်းကို ခင်းကျင်းရမယ်။ ခင်ဗျားပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးဖြစ်နိုင်တယ်လို့ ခံစားရတဲ့ ပွဲထွက်လူစာရင်းကို ထုတ်ရမှာပါ။
မေး- အော်ဒီဂွါဒ်ကို စာချုပ်သစ် ချုပ်နိုင်ခဲ့ပြီဆိုတော့ လာမယ့်နှစ်တွေအတွက် အသင်းရဲ့ အဓိကပင်မကျောရိုးကို ပိုင်ဆိုင်ရတာ ဘယ်လောက်အထိ စိတ်ကျေနပ်ခဲ့လဲ။
ဖြေ- အသင်းက ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း ကျွန်တော်တို့မှာ ရှိနေတဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရှိနေချင်တဲ့နေရာမှာ တသမတ်တည်းရှိနေနိုင်ဖို့ တိုးတက်လာအောင် ကြိုးစားနေပါတယ်။ ဒါက ရည်မှန်းချက်ပန်းတိုင်ပဲ။ အဲဒါကို ထိန်းသိမ်းထားဖို့နဲ့ အသင်းကို တိုးတက်အောင် လုပ်ဖို့ပါပဲ။
မေး- တနင်္ဂနွေနေ့အတွက် ဂိုးပေါက်မှာ ဘယ်သူရှိမလဲဆိုတာ ခင်ဗျား ဆုံးဖြတ်ပြီးပြီလား။
ဖြေ- ဟင့်အင်း။ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။
မေး-စပါးစ်က ဟာရီ ကိန်းမပါတော့ ဘာကွာခြားသွားတယ်လို့ ခင်ဗျား မြင်လဲ။
ဖြေ- သူက ထူးခြားတဲ့ကစားသမားဖြစ်ပြီး အရာအားလုံးက သူ့ဆီကနေ တဆင့် သွားရတာ သိသာပါတယ်။ သူက အားလုံးကို တစ်ပေါင်းတစည်းတည်း စုစည်းထားတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။ သူတို့တွေ အဲဒါကို ကွင်းထဲက မတူညီတဲ့နေရာအများအပြားကနေ မတူညီတဲ့နည်းလမ်းတွေနဲ့ လုပ်ခဲ့တယ်။ အခုတော့ အဲဒါက နည်းနည်း ကွာခြားသွားပါပြီ။ သူတို့တွေရဲ့ နောက်ဆုံး နည်းပြ ၂ ဦးကလည်း မတူညီတဲ့ စတိုင်တွေ ရှိပါတယ်။ သူတို့တွေက ကစားသမားအချို့နဲ့ပတ်သက်ပြီး အချို့အချိန်တွေမှာ ထူးခြားမှုအချို့ ရှိတာကြောင့် အရမ်းကို ကွဲပြားခြားနားတဲ့အသင်းဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။
မေး- ကိန်းမပါတော့ နည်းနည်းစိတ်သက်သာရာရမှာပေါ့နော်။
ဖြေ- ကျွန်တော်တို့ လျင်လျင်မြန်မြန်ပဲ မေ့ပစ်ချင်ပါတယ်။ ကျွန်တော်တို့ သူတို့မှာရှိတဲ့ အသင်းအပေါ်မှာ အာရုံစိုက်ပြီး သူတို့ကို ပြဿနာတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းအတိုင်း ကစားသွားရမှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြသိလိုသမွ် ေမးခြန္းေတြကို ေျဖဆိုေပးခဲ့ပါတယ္။
ေမး- ေအာ္ဒီဂြါဒ္ရဲ႕ ကာလရွည္စာခ်ဳပ္သစ္က အသင္းကို ဘယ္ေလာက္အထိ စိတ္အားတက္ႂကြေစႏိုင္မလဲ။
ေျဖ- အသင္းအတြက္ အရမ္းေကာင္းတဲ့သတင္းပါ။ ကြၽန္ေတာ္ သူ႔အတြက္လည္း အရမ္းေပ်ာ္ပါတယ္။ သူက အျပည့္အဝ ထိုက္တန္ပါတယ္။ အဲဒါကို ျပဳလုပ္ဖို႔ အတြက္ နည္းလမ္းအမ်ားႀကီးရွိတယ္ဆိုတာ ျပသ႐ုံပါ။ ခင္ဗ်ား ေရာက္ခ်င္တဲ့ေနရာကို ေရာက္ႏိုင္ဖို႔ လမ္းေၾကာင္းေတြ အမ်ားႀကီးရွိပါတယ္။ အဆုံးမွာ ခင္ဗ်ား သက္ေတာင့္သက္သာျဖစ္တယ္လို႔ ခံစားရႏိုင္တဲ့၊ တန္ဖိုးထားတဲ့၊ ခင္ဗ်ားရဲ႕ အရည္အခ်င္းေတြကို ထုတ္ေဖာ္ျပသႏိုင္မယ့္ေနရာကို ရွာေတြ႕ဖို႔ပဲ အေရးႀကီးပါတယ္။ သူက အဲဒီေနရာကို ရွာေတြ႕ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက အခ်စ္ခံရၿပီး အားလုံးရဲ႕ေလးစားမႈခံရတယ္။ သူ လုပ္ေနတာေတြအတြက္ အျပည့္အဝ ထိုက္တန္တဲ့အရာေတြေပါ့။
ေမး- ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြက ပိုၿပီး ေကာင္းလာႏိုင္လား။
ေျဖ- အႏိုင္ရရွိမႈက အၿမဲတမ္း သင့္ေတာ္တဲ့ေနရာမွာ စိတ္ဓာတ္တက္ႂကြမႈကို ထိန္းသိမ္းႏိုင္ဖို႔ အကူအညီေပးၿပီး ဒီပြဲက ဘာစိတ္ဓာတ္ခြန္အားမွ မလိုပါဘူး။ ဒီပြဲက ရာသီရဲ႕ အထူးျခားဆုံးပြဲစဥ္ျဖစ္တဲ့ ဒါဘီပြဲပါ။ ကြၽန္ေတာ္တို႔အားလုံးအတြက္ထူးျခားတဲ့အခိုက္အတန႔္ျဖစ္ၿပီး အဲဒီအေပၚမွာပဲ အာ႐ုံစိုက္ဖို႔လိုပါတယ္။
ေမး- ပါေတး မပါဘူးေပါ့။
ေျဖ- ဟုတ္ပါတယ္။
ေမး-သူနဲ႔ မာတီနယ္လီ ျပန္လာႏိုင္မယ့္အခ်ိန္သိရၿပီလား။
ေျဖ- ဂါဘီနဲ႔ သူ႔ကို ကြၽန္ေတာ္တို႔ အကဲခတ္ေနတုန္းပါ။ အဲဒီေတာ့ သူ ပြဲကစားႏိုင္မလားဆိုတာ ၾကည့္တာေပ့ါ။ ေသာမတ္စ္ကေတာ့ က်ိန္းေသမပါဘူး။ က်န္တဲ့ကစားသမားေတြအားလုံးကေတာ့ ပါဝင္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးအခ်ိန္ ၂ ခ်ိန္က်န္ေသးၿပီး ဒီရက္သတၱပတ္အလယ္မွာ ဘာျပႆနာႀကီးႀကီးမားမားမွ မရွိခဲ့ပါဘူး။
ေမး- မာတီနယ္လီ မပါဝင္ႏိုင္ဘူးဆိုတဲ့သတင္းေတြကို မျငင္းပယ္ဘူးေပါ့။
ေျဖ- မျငင္းပါဘူး။
ေမး- ရမ္းစ္ေဒးလ္ ၾကည့္ရတာ မေပ်ာ္မ႐ႊင္ျဖစ္ေနပုံေပၚၿပီး သူ ဘယ္လို တုံ႔ျပန္ခဲ့လဲ။
ေျဖ- ကြၽန္ေတာ္ နားလည္ပါတယ္။ ကစားသမားတိုင္းအတြက္ အဲဒါက အရမ္းခက္ခဲပါတယ္။ ကြၽန္ေတာ္လည္း ခံစားခဲ့ရၿပီး ကြၽန္ေတာ္ မကစားရတဲ့ကစားသမားတိုင္းကို ဂ႐ုစိုက္ပါတယ္။ ဒါေပမယ့္ ဒါက ၿပိဳင္ပြဲျဖစ္ၿပီး အသင္းအတြက္ အေကာင္းဆုံးျဖစ္ႏိုင္မယ့္နည္းလမ္းကို ဆုံးျဖတ္ဖို႔က ကြၽန္ေတာ့္အလုပ္ပဲ။ သူက အရမ္းကို အားေပးေထာက္ခံမႈရွိခဲ့ၿပီး သူ႔ပတ္ဝန္းက်င္က လူတိုင္းအတြက္လည္း တကယ္ေကာင္းမြန္ခဲ့တယ္။ ဒါက ကြၽန္ေတာ္ ကစားသမားတိုင္းဆီကေန ေမွ်ာ္လင့္ထားတဲ့အရာပါ။ ခင္ဗ်ား ကြင္းထဲမွာ ရွိေနတဲ့အခါမွာ ကြင္းထဲမွာ မရွိတဲ့ တျခားတစ္စုံတေယာက္လည္း ရွိေနမွာပါ။ အဲဒီေတာ့ ႏွစ္မ်ိဳးစလုံး ျဖစ္ႏိုင္ပါတယ္။ အခုအခ်ိန္အထိေတာ့ သူက တကယ္ေကာင္းမြန္ေနပါတယ္။
ေမး- ခင္ဗ်ားလိုခ်င္တဲ့ဖလားေတြရဖို႔ အညႇာအတာကင္းမဲ့တဲ့ ဆုံးျဖတ္ခ်က္မ်ိဳးခ်မွတ္တာလား။ ခင္ဗ်ား အဲဒီလိုလုပ္ရတာ သက္ေတာင့္သက္သာရွိရဲ႕လား။
ေျဖ- သက္ေတာင့္သက္သာရွိရဲ႕လား။ ဟုတ္လား။ ကြၽန္ေတာ့္ပုံစံက အဲဒီလို ျဖစ္ခ်င္ျဖစ္ေနမွာပါ။ ဒါေပမယ့္ ခင္ဗ်ားေရွ႕မွာ ကစားသမားေတြက ထိုင္ေနၿပီး ခင္ဗ်ားက ပြဲထြက္လူစာရင္းကို ေၾကညာရတဲ့အခါမွာ အဲဒါက အခက္ခဲဆုံးအရာေတြထဲက တစ္ခုပါ။ ကစားသမားေတြက သူတို႔ ကစားရတဲ့အခါ ေပ်ာ္႐ႊင္ၿပီး တန္ဖိုးထားခံရတယ္လို႔ ခံစားရပါတယ္။ သူတို႔ေတြ မကစားရတဲ့အခါမွာေတာ့ အရမ္းခက္ခဲပါတယ္။ ခင္ဗ်ား သူတို႔ကိုအခ်စ္ခံရတယ္၊ ယုံၾကည္မႈအေပးခံရတယ္လို႔ ခံစားေစခ်င္မွာျဖစ္ၿပီး အဲဒီလို ခံစားရဖို႔ဆိုရင္ သူတို႔ကို ကစားခိုင္းဖို႔ပဲရွိတယ္။ ဒါေပမယ့္ အားလုံးက ဒါက အသင္းလိုက္ အားကစားျဖစ္ၿပီး အၿမဲတမ္း ၁၁ ေယာက္ပဲ ပြဲထြက္ရမယ္ဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ အဆုံးသတ္သူေတြက ဘယ္ေလာက္အေရးပါလဲဆိုတာကို ျမင္ေတြ႕ခဲ့ရၿပီး အားလုံးက ရာသီထဲမွာ ဘယ္ေလာက္အေရးပါလာမလဲဆိုတာကို ျမင္ေတြ႕ခဲ့ၾကပါတယ္။ ရာသီရဲ႕ ပထမဆုံး ၆ ပြဲ၊ ၇ ပြဲေလာက္ ကစားခဲ့ရတဲ့အသင္းကို ျပန္ၾကည့္ေနမွာမဟုတ္ပါဘူး။
ေမး- ေတာ့တင္ဟမ္ေဟာ့စပါးကို ဘယ္လို သုံးသပ္မိလဲ။
ေျဖ- စိန္ေခၚမႈအသစ္ပါ။ အခြင့္အေရးအသစ္ပါ။ သိသာပါတယ္။ သူတို႔မွာေကာင္းေကာင္း လုပ္ႏိုင္ေနတဲ့ နည္းျပသစ္ ရွိပါတယ္။ သူက စိတ္ခံစားမႈနဲ႔ အသင္းမွာရွိတဲ့အရာအားလုံးကို ေျပာင္းလဲခဲ့တယ္။ မတူညီတဲ့ စတိုင္ကိုလည္း ေျပာင္းခဲ့တယ္။ အဲဒါနဲ႔ အသားက်ေအာင္ လုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔က ကိုယ့္ပုံစံအတိုင္း ကိုယ္ ရွိေနၿပီး သူတို႔ကို အႏိုင္ယူႏိုင္ဖို႔ လိုအပ္တဲ့ စြမ္းေဆာင္ရည္ကို ျပသရမယ္။
ေမး- ပိုစတီကိုဂလူကို ခင္ဗ်ား ဘယ္လိုထင္လဲ။
ေျဖ- သူ႔ကို ကြၽန္ေတာ္တကယ္ သေဘာက်တယ္။ ကြၽန္ေတာ့္မွာ သူနဲ႔ေရာ ကြၽန္ေတာ္နဲ႔ပါ သိခဲ့တဲ့ ကစားသမားေတြ ရွိၿပီး သူတို႔ေတြအားလုံးက သူ႔အေၾကာင္း ေတာ္ေတာ္ေလး ခ်ီးက်ဴးခဲ့ၾကတယ္။ ဒါက တိုက္ဆိုင္မႈမဟုတ္တာသိသာပါတယ္။ ခင္ဗ်ား သူက ခ်က္ခ်င္းကို အံဝင္သြားတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါက ဒီလိဂ္ရဲ႕ အလွတရားပါ။ ကြၽန္ေတာ္တို႔မွာ ထိပ္တန္းနည္းျပေတြရွိတယ္။ ထိပ္တန္း ၿပိဳင္ပြဲျဖစ္ၿပီး ပြဲတိုင္းက ခက္ခဲပါတယ္။
ေမး- ဒီပြဲစဥ္အတြက္ ခင္ဗ်ားရဲ႕ အမွတ္တရေတြက ဘာလဲ။
ေျဖ- ကြၽန္ေတာ့္မွာ အမ်ားႀကီးရွိတယ္။ ေနာက္ဆုံးတစ္ခုက မႏွစ္က ႏိုင္ပြဲပါ။ ကြၽန္ေတာ္တို႔ ပြဲကို အႏိုင္ရေအာင္ လုပ္ႏိုင္ခဲ့တဲ့အခ်ိန္မွာ ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ၿပီး အားလုံးကို ခင္ဗ်ား စိတ္ေက်နပ္မႈ ေပးႏိုင္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက အားလုံးအတြက္ ထူးျခားတဲ့ေန႔တစ္ေန႔ျဖစ္ခဲ့လို႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဲဒီအတိုင္း ထပ္ၿပီး လုပ္ျပႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
ေမး- ရမ္းစ္ေဒးလ္က ပရိသတ္အခ်စ္ေတာ္ျဖစ္လို႔ သူ႔ကို ခ်န္လွပ္ရတာ ခက္ခဲခဲ့လား။
ေျဖ- ခက္ပါတယ္။ ဒါေပမယ့္ တျခားကစားသမားေတြလည္း အတူတူပါပဲ။ အာ႐ြန္က ထူးျခားတဲ့ စ႐ိုက္ရွိၿပီး သူက လူခ်စ္လူခင္ေပါတယ္။ ကြၽန္ေတာ္တို႔ အားလုံး အဲဒါကို သိတယ္။ ကြၽန္ေတာ္ အျပည့္အဝ နားလည္ပါတယ္။ တျခားကစားသမားေတြလည္း ဒီလိုျဖစ္ခဲ့တာပဲ။ ခင္ဗ်ား စမစ္ ႐ိုးတုန္းကလည္း ႀကိဳဆိုမႈကို ျမင္မွာပါ။ အဲဒါက ကြၽန္ေတာ္တို႔ သူ႔ကို တကယ္ႏွစ္သက္တယ္၊ သူ႔ကို ကြၽန္ေတာ္ တကယ္ႏွစ္သက္တယ္ဆိုတာ သတင္းစကားေပးပို႔တာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို ကိုင္တြယ္ေျဖရွင္းရမွာပါ။ ဒါေပမယ့္ အဆုံးမွာေတာ့ ခင္ဗ်ားက အသင္းတစ္သင္းကို ခင္းက်င္းရမယ္။ ခင္ဗ်ားပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ အေကာင္းဆုံးျဖစ္ႏိုင္တယ္လို႔ ခံစားရတဲ့ ပြဲထြက္လူစာရင္းကို ထုတ္ရမွာပါ။
ေမး- ေအာ္ဒီဂြါဒ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ႏိုင္ခဲ့ၿပီဆိုေတာ့ လာမယ့္ႏွစ္ေတြအတြက္ အသင္းရဲ႕ အဓိကပင္မေက်ာ႐ိုးကို ပိုင္ဆိုင္ရတာ ဘယ္ေလာက္အထိ စိတ္ေက်နပ္ခဲ့လဲ။
ေျဖ- အသင္းက ၿပီးခဲ့တဲ့ ၂ ႏွစ္၊ ၃ ႏွစ္အတြင္း ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ အရည္အခ်င္းရွိတဲ့ ကစားသမားေတြကို ထိန္းသိမ္းႏိုင္ဖို႔ တကယ္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ရွိေနခ်င္တဲ့ေနရာမွာ တသမတ္တည္းရွိေနႏိုင္ဖို႔ တိုးတက္လာေအာင္ ႀကိဳးစားေနပါတယ္။ ဒါက ရည္မွန္းခ်က္ပန္းတိုင္ပဲ။ အဲဒါကို ထိန္းသိမ္းထားဖို႔နဲ႔ အသင္းကို တိုးတက္ေအာင္ လုပ္ဖို႔ပါပဲ။
ေမး- တနဂၤေႏြေန႔အတြက္ ဂိုးေပါက္မွာ ဘယ္သူရွိမလဲဆိုတာ ခင္ဗ်ား ဆုံးျဖတ္ၿပီးၿပီလား။
ေျဖ- ဟင့္အင္း။ ကြၽန္ေတာ္ မဆုံးျဖတ္ရေသးပါဘူး။
ေမး-စပါးစ္က ဟာရီ ကိန္းမပါေတာ့ ဘာကြာျခားသြားတယ္လို႔ ခင္ဗ်ား ျမင္လဲ။
ေျဖ- သူက ထူးျခားတဲ့ကစားသမားျဖစ္ၿပီး အရာအားလုံးက သူ႔ဆီကေန တဆင့္ သြားရတာ သိသာပါတယ္။ သူက အားလုံးကို တစ္ေပါင္းတစည္းတည္း စုစည္းထားတဲ့အရာတစ္ခုျဖစ္ခဲ့တယ္။ သူတို႔ေတြ အဲဒါကို ကြင္းထဲက မတူညီတဲ့ေနရာအမ်ားအျပားကေန မတူညီတဲ့နည္းလမ္းေတြနဲ႔ လုပ္ခဲ့တယ္။ အခုေတာ့ အဲဒါက နည္းနည္း ကြာျခားသြားပါၿပီ။ သူတို႔ေတြရဲ႕ ေနာက္ဆုံး နည္းျပ ၂ ဦးကလည္း မတူညီတဲ့ စတိုင္ေတြ ရွိပါတယ္။ သူတို႔ေတြက ကစားသမားအခ်ိဳ႕နဲ႔ပတ္သက္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာ ထူးျခားမႈအခ်ိဳ႕ ရွိတာေၾကာင့္ အရမ္းကို ကြဲျပားျခားနားတဲ့အသင္းျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။
ေမး- ကိန္းမပါေတာ့ နည္းနည္းစိတ္သက္သာရာရမွာေပါ့ေနာ္။
ေျဖ- ကြၽန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္ပဲ ေမ့ပစ္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔မွာရွိတဲ့ အသင္းအေပၚမွာ အာ႐ုံစိုက္ၿပီး သူတို႔ကို ျပႆနာေတြ ဖန္တီးႏိုင္ဖို႔ အေကာင္းဆုံးျဖစ္ႏိုင္မယ့္ နည္းလမ္းအတိုင္း ကစားသြားရမွာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview