အက်ဖ်အေ၊ မာတီနယ်လီကြံ့ခိုင်မှု၊ ဘရိုက်တန်နဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ကစားရမယ့် အမ်းမရိတ်စ်က ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။
မေး- နာမည်ပိုကြီးလို့ အပြစ်ပိုပေးခံရတာက မျှတတယ်လို့ထင်လား။
ဖြေ- ကျွန်တော်တို့မှာ ကြီးမားတဲ့ တာဝန်ရှိတယ်လို့ ထင်တယ်။ အဲဒါက ကျွန်တော်တို့အလုပ်နဲ့ ကျွန်တော်တို့ အခန်းကဏ္ဍကို ကျွန်တော်တို့ဘာသာ နေ့စဉ် အကောင်းဆုံးပုံစံနဲ့ ကိုယ်စားပြုနိုင်ဖို့အတွက် အစိတ်အပိုင်းတစ်ခုပါ။
မေး- ခရစ္စမတ် ပွဲချိန်ဇယားအပေါ်မှာရော။
ဖြေ-ကျွန်တော် အဲဒါကို တကယ်သဘောကျတယ်။ ကျွန်တော်တို့ကို မိသားစုတွေ ပြန်ဆုံစည်းဖို့ အခွင့်အရေးပေးတယ်။ ၂၄ နဲ့ ၂၅ ရက်နေ့မှာ လေ့ကျင့်ရေးအစီအစဉ်တွေ လုံးဝမရှိပါဘူး။
မေး-PGMOL က ပြိုင်ပွဲကို တိုးတက်စေချင်နေတယ်လို့ ခင်ဗျား ထင်လား။
ဖြေ- အဲဒါက သူတို့ပဲ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ပြိုင်ပွဲကို ပိုကောင်းစေချင်တယ်။ ကျွန်တော်တို့က တစ်လမ်းစီမဟုတ်ပါဘူး။
မေး- ခင်ဗျား ပြောခဲ့တဲ့အရာတွေအတိုင်း ထပ်ပြီး ပြောဦးမှာလား။
ဖြေ- ဘဝမှာ အဲဒါက အရမ်းလွယ်ကူလွန်းတယ်။ ကျွန်တော်သာ သိနေခဲ့ရင် ဘယ်လုပ်မလဲ။ ပြီးတာတွေက ပြီးပြီ။ ကျွန်တော့် အတွေးအမြင်တွေကို ကျွန်တော် ကာကွယ်ခဲ့တယ်။ ကျွန်တော်တို့ ပြိုင်ပွဲကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲဆိုတာကို အပြည့်အဝ အားပေးထောက်ခံမှုရခဲ့တယ်။ ကျွန်တော်တို့ အဲဒါကို လုပ်ဖို့ တာဝန်ရှိတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့တာကတော့ ကောင်းပါတယ်။
မေး- ခင်ဗျား ဘာတွေမှာ တိုးတက်ဖို့လိုတယ်လို့ အကြုံပြုခဲ့လဲ။
ဖြေ-အဲဒါက သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လို့ ခင်ဗျားကို ကျွန်တော် မရှင်းပြနိုင်တာ ဆောရီးပဲ။
မေး- အသင်းသတင်းတွေကရော။
ဖြေ- မာတီနယ်လီက ကောင်းမွန်နေတယ်လို့ ခံစားနေရပါတယ်။ သူ ပါဝင်ကစားပေးချင်နေပါတယ်။ မို(အယ်လ်နန်နီ)ကတော့ လူစားလဲခဲ့ရတယ်။ သူ့တံကောက်ကြောမှာ တစ်စုံတစ်ခုကို ခံစားခဲ့ရတယ်။ အရမ်းပြင်းထန်ပုံတော့ မပေါ်ပါဘူး။ အဲဒီတော့ သိပ်မကြာခင် ကျွန်တော်တို့နဲ့အတူ ပြန်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး- ဟာဗတ်ဇ်ဆုံးဖြတ်ချက်အပေါ်မှာရော။
ဖြေ-ပင်နယ်တီဧရိယာထဲက အရာအားလုံးက ဖန်သားလို ရှင်းလင်းပြတ်သားနေရမှာဖြစ်ပြီး ကျွန်တော်တို့ အဲဒီလိုဖြစ်အောင် အလုပ်လုပ်နေပါတယ်။
မေး- အက်ဖ်အေရဲ့ စွဲချက်အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ- အဲဒီလိုဖြစ်မှာပါပဲ။ အဲဒါက တကယ်ကောင်းတယ်လို့ ထင်တယ်။ ကောင်းကောင်း လည်ပတ်နေတဲ့ လုပ်ငန်းစဉ်ပါ။ ကျွန်တော်တို့ ဘယ်လိုခံစားနေရလဲဆိုတာကို ပြောပြဖို့အတွက် နှစ်ဖက်စလုံးကို အခွင့်အရေးပေးပါတယ်။ ကျွန်တော်တို့ အခု မျဉ်းတစ်ကြောင်း ဆွဲပြီး ဘယ်သူက ပိုပြီးတော့ ညွှန်ကြားချက်တွေကို လိုက်နာနိုင်လဲဆိုတာကို ကြည့်ရမယ်လို့ ထင်ပါတယ်။ ကျွန်တော် အမှန်အတိုင်း ပြောရရင် ကိုယ်ချင်းစာမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နည်းပြတွေအနေနဲ့ ဘယ်လိုခံစားရလဲဆိုတာနဲ့ အသေးစိတ်ကအစ ဘယ်လောက်အရေးကြီးလဲဆိုတာကို ရှင်းပြခွင့်ရခဲ့လို့ပါ။ အမှန်တရားက နည်းပြ ၁၄ ဦးလောက် သူတို့အလုပ်ကို ဆုံးရှုံးခဲ့ရပြီး ကျွန်တော်တို့က ရလဒ်တွေအပေါ်မှာ မူတည်နေတာပါ။ ရလဒ်တွေက အရေးကြီးတဲ့အခါမှာ ကျွန်တော်တို့ အဲဒီအပေါ်မှာပဲ မှီခိုနေရပါတယ်။ အဲဒါက တကယ်ကောင်းတဲ့ လုပ်ငန်းစဉ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔ ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ အမ္းမရိတ္စ္က ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ် ေမးခြန္းေတြကို အေျဖေပးခဲ့ပါတယ္။
ေမး- နာမည္ပိုႀကီးလို႔ အျပစ္ပိုေပးခံရတာက မွ်တတယ္လို႔ထင္လား။
ေျဖ- ကြၽန္ေတာ္တို႔မွာ ႀကီးမားတဲ့ တာဝန္ရွိတယ္လို႔ ထင္တယ္။ အဲဒါက ကြၽန္ေတာ္တို႔အလုပ္နဲ႔ ကြၽန္ေတာ္တို႔ အခန္းက႑ကို ကြၽန္ေတာ္တို႔ဘာသာ ေန႔စဥ္ အေကာင္းဆုံးပုံစံနဲ႔ ကိုယ္စားျပဳႏိုင္ဖို႔အတြက္ အစိတ္အပိုင္းတစ္ခုပါ။
ေမး- ခရစၥမတ္ ပြဲခ်ိန္ဇယားအေပၚမွာေရာ။
ေျဖ-ကြၽန္ေတာ္ အဲဒါကို တကယ္သေဘာက်တယ္။ ကြၽန္ေတာ္တို႔ကို မိသားစုေတြ ျပန္ဆုံစည္းဖို႔ အခြင့္အေရးေပးတယ္။ ၂၄ နဲ႔ ၂၅ ရက္ေန႔မွာ ေလ့က်င့္ေရးအစီအစဥ္ေတြ လုံးဝမရွိပါဘူး။
ေမး-PGMOL က ၿပိဳင္ပြဲကို တိုးတက္ေစခ်င္ေနတယ္လို႔ ခင္ဗ်ား ထင္လား။
ေျဖ- အဲဒါက သူတို႔ပဲ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔လည္း ၿပိဳင္ပြဲကို ပိုေကာင္းေစခ်င္တယ္။ ကြၽန္ေတာ္တို႔က တစ္လမ္းစီမဟုတ္ပါဘူး။
ေမး- ခင္ဗ်ား ေျပာခဲ့တဲ့အရာေတြအတိုင္း ထပ္ၿပီး ေျပာဦးမွာလား။
ေျဖ- ဘဝမွာ အဲဒါက အရမ္းလြယ္ကူလြန္းတယ္။ ကြၽန္ေတာ္သာ သိေနခဲ့ရင္ ဘယ္လုပ္မလဲ။ ၿပီးတာေတြက ၿပီးၿပီ။ ကြၽန္ေတာ့္ အေတြးအျမင္ေတြကို ကြၽန္ေတာ္ ကာကြယ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲကို ဘယ္လို တိုးတက္ေအာင္လုပ္ရမလဲဆိုတာကို အျပည့္အဝ အားေပးေထာက္ခံမႈရခဲ့တယ္။ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္ဖို႔ တာဝန္ရွိတယ္။ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခြင့္ရခဲ့တာကေတာ့ ေကာင္းပါတယ္။
ေမး- ခင္ဗ်ား ဘာေတြမွာ တိုးတက္ဖို႔လိုတယ္လို႔ အႀကဳံျပဳခဲ့လဲ။
ေျဖ-အဲဒါက သီးသန႔္ေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္လို႔ ခင္ဗ်ားကို ကြၽန္ေတာ္ မရွင္းျပႏိုင္တာ ေဆာရီးပဲ။
ေမး- အသင္းသတင္းေတြကေရာ။
ေျဖ- မာတီနယ္လီက ေကာင္းမြန္ေနတယ္လို႔ ခံစားေနရပါတယ္။ သူ ပါဝင္ကစားေပးခ်င္ေနပါတယ္။ မို(အယ္လ္နန္နီ)ကေတာ့ လူစားလဲခဲ့ရတယ္။ သူ႔တံေကာက္ေၾကာမွာ တစ္စုံတစ္ခုကို ခံစားခဲ့ရတယ္။ အရမ္းျပင္းထန္ပုံေတာ့ မေပၚပါဘူး။ အဲဒီေတာ့ သိပ္မၾကာခင္ ကြၽန္ေတာ္တို႔နဲ႔အတူ ျပန္ရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
ေမး- ဟာဗတ္ဇ္ဆုံးျဖတ္ခ်က္အေပၚမွာေရာ။
ေျဖ-ပင္နယ္တီဧရိယာထဲက အရာအားလုံးက ဖန္သားလို ရွင္းလင္းျပတ္သားေနရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒီလိုျဖစ္ေအာင္ အလုပ္လုပ္ေနပါတယ္။
ေမး- အက္ဖ္ေအရဲ႕ စြဲခ်က္အေပၚမွာေရာ ဘယ္လိုျမင္လဲ။
ေျဖ- အဲဒီလိုျဖစ္မွာပါပဲ။ အဲဒါက တကယ္ေကာင္းတယ္လို႔ ထင္တယ္။ ေကာင္းေကာင္း လည္ပတ္ေနတဲ့ လုပ္ငန္းစဥ္ပါ။ ကြၽန္ေတာ္တို႔ ဘယ္လိုခံစားေနရလဲဆိုတာကို ေျပာျပဖို႔အတြက္ ႏွစ္ဖက္စလုံးကို အခြင့္အေရးေပးပါတယ္။ ကြၽန္ေတာ္တို႔ အခု မ်ဥ္းတစ္ေၾကာင္း ဆြဲၿပီး ဘယ္သူက ပိုၿပီးေတာ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာႏိုင္လဲဆိုတာကို ၾကည့္ရမယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ အမွန္အတိုင္း ေျပာရရင္ ကိုယ္ခ်င္းစာမိပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ နည္းျပေတြအေနနဲ႔ ဘယ္လိုခံစားရလဲဆိုတာနဲ႔ အေသးစိတ္ကအစ ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို ရွင္းျပခြင့္ရခဲ့လို႔ပါ။ အမွန္တရားက နည္းျပ ၁၄ ဦးေလာက္ သူတို႔အလုပ္ကို ဆုံးရႈံးခဲ့ရၿပီး ကြၽန္ေတာ္တို႔က ရလဒ္ေတြအေပၚမွာ မူတည္ေနတာပါ။ ရလဒ္ေတြက အေရးႀကီးတဲ့အခါမွာ ကြၽန္ေတာ္တို႔ အဲဒီအေပၚမွာပဲ မွီခိုေနရပါတယ္။ အဲဒါက တကယ္ေကာင္းတဲ့ လုပ္ငန္းစဥ္ျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview