ဟာဗတ်ဇ်ရဲ့အနိုင်ဂိုး၊ ရမ်းစ်ဒေးလ်အမှားတို့အပါအဝင် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြဟာ စနေနေ့ညက ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ဘရန့်တ်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။
မေး-ပွဲအပေါ်မှာ ဘယ်လိုထင်လဲ။
ဖြေ- အရမ်းပျော်တယ်။ ခင်ဗျား အမှတ်ပေးဇယားထိပ်ဆုံးကို တက်ဖို့ အခွင့်အရေးပေးခံရချိန်မှာ ခင်ဗျား လာကစားတယ်။ ဆောင်းရာသီက စနေပြီ။ ဘရန့်တ်ဖို့ဒ် အိမ်ကွင်းလိုမျိုး သက်တောင့်သက်သာမရှိတဲ့နေရာကို လာပြီး ချမ်းချမ်းစီးစီးနဲ့ ကစားရတယ်။ အသင်းက ယှဉ်ပြိုင်ချင်စိတ်၊ အနိုင်ကစားကို ကစားရမယ့်ပွဲကို မဆုတ်မနစ်နဲ့ ကစားသွားချင်စိတ် အများကြီးရှိတယ်ဆိုတာကို ပြသခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ နိုင်ပွဲနဲ့ အပြည့်အဝ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် အရမ်းပျော်တယ်။
မေး- ဘုန်းမောက်နဲ့ပွဲတုန်းက ဟာဗတ်ဇ်ဂိုးသွင်းတုန်းက လူတွေက အဲဒါက တံခါးဖွင့်လိုက်တဲ့အခိုက်အတန့်လို့ ထင်ခဲ့ကြတယ်။ ဒီဂိုးကရော ကွာခြားတဲ့ခံစားချက်မျိုးရှိလား။
ဖြေ- ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ထင်တယ်။ ဒါက လှပတဲ့သွင်းဂိုးပဲ။ အရာအားလုံးက လွယ်ကူလာတဲ့အခါမှာ ခင်ဗျား အဲဒါတွေကို တန်ဖိုးမထားတော့ဘူး။ အရာအားလုံးကသာ လွယ်ကူနေခဲ့ရင် သူ ဒီနေ့ အားလုံးက ဝိုင်းဖက်ပြီး သူ့ကို ကျွန်တော်တို့ ဘယ်လောက်ချစ်လဲဆိုတာ ပြောပြတဲ့အခြေအနေမျိုး သူ ရမှာမဟုတ်ဘူး။ အဲဒါက အကြောင်းပြချက်ရှိတယ်။ ခက်ခဲတဲ့အခြေအနေတွေမှာ သူ ပြုမူခဲ့တဲ့ ပုံစံတွေကြောင့်ပဲ။ သူက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲနေတဲ့အချိန်မှာတောင် ကိုယ်လုပ်ရမယ့်ဟာကို လုပ်ရမယ်ဆိုတာကို ပြသခဲ့တဲ့ စံနမူနာပဲ။ အသင်းအတွက် အရမ်းကောင်းတဲ့ နမူနာပါ။ ကျွန်တော်တို့ အသင်းအတွက် သူ နိုင်ပွဲရယူပေးသလိုမျိုးထက် ပွဲကြီးပွဲကောင်းတွေမှာ အနိုင်ရရင်တောင် ပိုပျော်နိုင်မှာမဟုတ်ပါဘူး။
မေး- ခင်ဗျားတိုက်စစ် အရောအစပ်တွေကို ရှာဖွေဖို့ ကြိုးပမ်းနေတုန်းလား။
ဖြေ- ကျွန်တော် ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းပြီးရင်း ကောင်းလာပြီး အသားကျသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပကတိအမှန်တရားက ကျွန်တော်တို့ လိဂ်ရဲ့ ပထမအချိန်အပိုင်းအခြားမှာ တိုက်စစ်ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရပြီး အသင်းက နိုင်ပွဲရယူဖို့ နည်းလမ်းတွေကို ဆက်ရှာခဲ့ရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦး ထပ်ထည့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ လုပ်မယ့်အရာကို ကျွန်တော် သံသယရှိခဲ့လို့ပါ။ ကျွန်တော်တို့ ရထားတဲ့ တိုက်စစ်က တကယ်ကောင်းတယ်လို့ တွေးမိခဲ့ပါတယ်။
မေး- နောက်ကျ ပြေးလွှားပြီး အဆုံးသတ်သွားတဲ့ ဂိုးမျိုးပဲနော်။ ခင်ဗျား ဘာလို့ ဟာဗတ်ဇ်ကို ခေါ်ယူခဲ့တာလဲ။
ဖြေ- ဟုတ်ပါတယ်။ လုံးဝကို ဟုတ်ပါတယ်။ ဒီလိုမျိုး ပိတ်ကစားတတ်တဲ့ ပင်နယ်တီဧရိယာကို ဒီလို ပိတ်ဆို့ထားတတ်တဲ့အသင်းနဲ့ရင်ဆိုင်ရာမှာ ခင်ဗျား ဒီလိုမျိုး သွင်းဂိုးတွေ လိုအပ်မှာပါ။ သူက အဲဒီနေရာမှာ သူမတူအောင်ကောင်းမွန်ပါတယ်။ ဒီနေ့ ကျွန်တော်တို့အတွက် အဲဒီလို သူလုပ်ပြီး နိုင်ပွဲရယူပေးခဲ့ပါတယ်။
မေး-ရမ်းစ်ဒေးလ်အတွက် ခက်ခဲတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျား သူ့ကို ဒုတိယပိုင်းမှာ ပြန်လာနိုင်အောင် ဘယ်လို လုပ်ပေးခဲ့တာလဲ။
ဖြေ- ဒါက ဘောလုံးပဲ။ ကျွန်တော် အသင်းနဲ့ပတ်သက်ပြီး အရမ်းပျော်တယ်။ ပေးဂိုးမရှိအောင် အသင်းက စွမ်းဆောင်နိုင်ခဲ့တဲ့ပုံစံကို ပျော်ရွှင်မိတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားမှာပါ။ အရမ်းပျော်ပါတယ်။
မေး-သူက ပရိသတ်တွေဆီကနေ အားပေးထောက်ခံမှုအများကြီးရခဲ့ပေမယ့် သူ့ကြည့်ရတာက ဖြစ်ခဲ့တာတွေကြောင့် ပိုကောင်းလာတဲ့ပုံပဲနော်။
ဖြေ- သတ္တိရှိတာပေါ့။ သူ့မှာ ကြီးမားတဲ့ သတ္တိရှိပြီး ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ သူ့ကို ချစ်ကြတာပါ။
မေး- ကစားသမားတွေက ရမ်းစ်ဒေးလ်ဆီ ပြေးသွားကြတာက အသင်းစိတ်ဓာတ်နဲ့ပတ်သက်ပြီး စကားပြောနေတာလား။
ဖြေ- ဒီလိုမျိုး တုံ့ပြန်မှုမျိုးကို မြင်ရတာ နည်းပြတစ်ယောက်အနေနဲ့ ပျော်ရွှင်စရာပါ။ ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးမှုကို ပြသကြတယ်။ အဲဒီထက် ပိုကောင်းတာမရှိတော့ဘူး။ ဒီနေ့က ကျွန်တော့်ရဲ့ ပွဲ ၂၀၀ မြောက်ပွဲဖြစ်ပြီး ကစားသမားတွေက ဒီလိုမျိုးအရာတွေလုပ်တာမြင်ရတဲ့အချိန်မှာ ကျွန်တော် ပြုံးနေမိပါတယ်။ ကျွန်တော် အရမ်းပျော်တယ်။ ကျွန်တော်တို့နဲ့အတူ နေ့တိုင်းရှိနေပြီး ကျွန်တော့်အလုပ်ကို ပိုပြီး ပျော်ရွှင်စရာကောင်းအောင် လုပ်ပေးနေတဲ့ အားလုံးကို ဒီထက်ပိုပြီး ဂုဏ်ယူနိုင်မှာ၊ ကျေးဇူးတင်နိုင်မှာမဟုတ်တော့ပါဘူး။
မေး- ကိုင်က ဂျာမနီအတွက် ဘယ်နောက်ခံနေရာမှာ ကစားခဲ့ပြီး ဒီနေ့မှာ အနိုင်ဂိုးသွင်းရှင်ဖြစ်ခဲ့တယ်။ ဒါက သူ့ရဲ့ နေရာစုံကစားနိုင်စွမ်းကို စကားပြောနေတာလား။
ဖြေ-ပထမဆုံးအနေနဲ့ သူ့ရဲ့အရည်အသွေးကြောင့်ပါ။ ဘာလို့လဲဆိုတော့ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားတစ်ယောက်က အဲဒီလို လုပ်နိုင်ဖို့ အရည်အသွေးတွေ အများကြီးလိုလို့ပါ။ ပြီးတော့ သူ အာရုံစိုက်ပြီး အသင်းကို မောင်းနှင်ပေးတယ်။ သူက ကျွန်တော် တောင်းဆိုရင် ဘယ်နေရာမှာမဆို အဲဒါကို လုပ်ပါတယ်။ အတူတူပါပဲ။ ဒါပေမယ့် သူတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော် ဂျော်ဂျင်ညိုကို ၃ မိနစ် ကစားဖို့ တောင်းဆိုခဲ့ပြီး သူ့နာမည်ကို လှည့်ပြောတဲ့အချိန်မှာပဲ သူ လုပ်စရာရှိတာအကုန်လုပ်ပြီးသားဖြစ်နေပြီး ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒီလိုမျိုး အသင်းနဲ့ အလုပ်လုပ်ရတာက ပျော်စရာပါပဲ။
မေး- ဘာလို့ ပရိသတ်တွေဆီ ဟာဗတ်ဇ်ကို ဆွဲခေါ်သွားခဲ့တာလဲ။
ဖြေ-ဘာလို့လဲဆိုတော့ သူက အဲဒါနဲ့ အပြည့်အဝ ထိုက်တန်လို့ပါ။ ခင်ဗျား ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ခင်ဗျား ပြစ်တင်ဝေဖန်မှုတွေကို မျက်နှာချင်းဆိုင်ရမယ်။ သူ အဲဒါကို လုပ်ခဲ့တယ်။ သူ မပုံးကွယ်ခဲ့ဘူး။ အဲဒီတော့ အခု သူ လှပတဲ့အခိုက်အတန့်တွေကိုလည်း မျက်နှာချင်းဆိုင်ရမယ်လေ။ ဘာလို့လဲဆိုတော့ သူက အဲဒါနဲ့ ထိုက်တန်လို့ပါ။ သူ အဲဒီလို လုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။ အဲဒါကြောင့်မို့လို့ သူ့ကို ဆွဲခေါ်ပြီး ပရိသတ်တွေရှေ့ တွန်းထုတ်လိုက်တာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပဟာ စေနေန႔ညက ဂ်ီတက္ခ်္ကြန္ျမဴနတီကြင္းမွာ ဘရန႔္တ္ဖို႔ဒ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြသိလိုသမွ်ကို ေျဖၾကားေပးခဲ့ပါတယ္။
ေမး-ပြဲအေပၚမွာ ဘယ္လိုထင္လဲ။
ေျဖ- အရမ္းေပ်ာ္တယ္။ ခင္ဗ်ား အမွတ္ေပးဇယားထိပ္ဆုံးကို တက္ဖို႔ အခြင့္အေရးေပးခံရခ်ိန္မွာ ခင္ဗ်ား လာကစားတယ္။ ေဆာင္းရာသီက စေနၿပီ။ ဘရန႔္တ္ဖို႔ဒ္ အိမ္ကြင္းလိုမ်ိဳး သက္ေတာင့္သက္သာမရွိတဲ့ေနရာကို လာၿပီး ခ်မ္းခ်မ္းစီးစီးနဲ႔ ကစားရတယ္။ အသင္းက ယွဥ္ၿပိဳင္ခ်င္စိတ္၊ အႏိုင္ကစားကို ကစားရမယ့္ပြဲကို မဆုတ္မနစ္နဲ႔ ကစားသြားခ်င္စိတ္ အမ်ားႀကီးရွိတယ္ဆိုတာကို ျပသခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲနဲ႔ အျပည့္အဝ ထိုက္တန္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္။
ေမး- ဘုန္းေမာက္နဲ႔ပြဲတုန္းက ဟာဗတ္ဇ္ဂိုးသြင္းတုန္းက လူေတြက အဲဒါက တံခါးဖြင့္လိုက္တဲ့အခိုက္အတန႔္လို႔ ထင္ခဲ့ၾကတယ္။ ဒီဂိုးကေရာ ကြာျခားတဲ့ခံစားခ်က္မ်ိဳးရွိလား။
ေျဖ- ဟုတ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ထင္တယ္။ ဒါက လွပတဲ့သြင္းဂိုးပဲ။ အရာအားလုံးက လြယ္ကူလာတဲ့အခါမွာ ခင္ဗ်ား အဲဒါေတြကို တန္ဖိုးမထားေတာ့ဘူး။ အရာအားလုံးကသာ လြယ္ကူေနခဲ့ရင္ သူ ဒီေန႔ အားလုံးက ဝိုင္းဖက္ၿပီး သူ႔ကို ကြၽန္ေတာ္တို႔ ဘယ္ေလာက္ခ်စ္လဲဆိုတာ ေျပာျပတဲ့အေျခအေနမ်ိဳး သူ ရမွာမဟုတ္ဘူး။ အဲဒါက အေၾကာင္းျပခ်က္ရွိတယ္။ ခက္ခဲတဲ့အေျခအေနေတြမွာ သူ ျပဳမူခဲ့တဲ့ ပုံစံေတြေၾကာင့္ပဲ။ သူက ကြၽန္ေတာ္တို႔အားလုံးအတြက္ ခက္ခဲေနတဲ့အခ်ိန္မွာေတာင္ ကိုယ္လုပ္ရမယ့္ဟာကို လုပ္ရမယ္ဆိုတာကို ျပသခဲ့တဲ့ စံနမူနာပဲ။ အသင္းအတြက္ အရမ္းေကာင္းတဲ့ နမူနာပါ။ ကြၽန္ေတာ္တို႔ အသင္းအတြက္ သူ ႏိုင္ပြဲရယူေပးသလိုမ်ိဳးထက္ ပြဲႀကီးပြဲေကာင္းေတြမွာ အႏိုင္ရရင္ေတာင္ ပိုေပ်ာ္ႏိုင္မွာမဟုတ္ပါဘူး။
ေမး- ခင္ဗ်ားတိုက္စစ္ အေရာအစပ္ေတြကို ရွာေဖြဖို႔ ႀကိဳးပမ္းေနတုန္းလား။
ေျဖ- ကြၽန္ေတာ္ ရွာေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ပိုေကာင္းၿပီးရင္း ေကာင္းလာၿပီး အသားက်သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပကတိအမွန္တရားက ကြၽန္ေတာ္တို႔ လိဂ္ရဲ႕ ပထမအခ်ိန္အပိုင္းအျခားမွာ တိုက္စစ္ကစားသမားအမ်ားအျပားကို ဆုံးရႈံးခဲ့ရၿပီး အသင္းက ႏိုင္ပြဲရယူဖို႔ နည္းလမ္းေတြကို ဆက္ရွာခဲ့ရပါတယ္။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ ေနာက္ထပ္ တိုက္စစ္ကစားသမားတစ္ဦး ထပ္ထည့္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ လုပ္မယ့္အရာကို ကြၽန္ေတာ္ သံသယရွိခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔ ရထားတဲ့ တိုက္စစ္က တကယ္ေကာင္းတယ္လို႔ ေတြးမိခဲ့ပါတယ္။
ေမး- ေနာက္က် ေျပးလႊားၿပီး အဆုံးသတ္သြားတဲ့ ဂိုးမ်ိဳးပဲေနာ္။ ခင္ဗ်ား ဘာလို႔ ဟာဗတ္ဇ္ကို ေခၚယူခဲ့တာလဲ။
ေျဖ- ဟုတ္ပါတယ္။ လုံးဝကို ဟုတ္ပါတယ္။ ဒီလိုမ်ိဳး ပိတ္ကစားတတ္တဲ့ ပင္နယ္တီဧရိယာကို ဒီလို ပိတ္ဆို႔ထားတတ္တဲ့အသင္းနဲ႔ရင္ဆိုင္ရာမွာ ခင္ဗ်ား ဒီလိုမ်ိဳး သြင္းဂိုးေတြ လိုအပ္မွာပါ။ သူက အဲဒီေနရာမွာ သူမတူေအာင္ေကာင္းမြန္ပါတယ္။ ဒီေန႔ ကြၽန္ေတာ္တို႔အတြက္ အဲဒီလို သူလုပ္ၿပီး ႏိုင္ပြဲရယူေပးခဲ့ပါတယ္။
ေမး-ရမ္းစ္ေဒးလ္အတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ခင္ဗ်ား သူ႔ကို ဒုတိယပိုင္းမွာ ျပန္လာႏိုင္ေအာင္ ဘယ္လို လုပ္ေပးခဲ့တာလဲ။
ေျဖ- ဒါက ေဘာလုံးပဲ။ ကြၽန္ေတာ္ အသင္းနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္တယ္။ ေပးဂိုးမရွိေအာင္ အသင္းက စြမ္းေဆာင္ႏိုင္ခဲ့တဲ့ပုံစံကို ေပ်ာ္႐ႊင္မိတယ္။ ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြားမွာပါ။ အရမ္းေပ်ာ္ပါတယ္။
ေမး-သူက ပရိသတ္ေတြဆီကေန အားေပးေထာက္ခံမႈအမ်ားႀကီးရခဲ့ေပမယ့္ သူ႔ၾကည့္ရတာက ျဖစ္ခဲ့တာေတြေၾကာင့္ ပိုေကာင္းလာတဲ့ပုံပဲေနာ္။
ေျဖ- သတၱိရွိတာေပါ့။ သူ႔မွာ ႀကီးမားတဲ့ သတၱိရွိၿပီး ႀကီးမားတဲ့ ကိုယ္ရည္ကိုယ္ေသြးရွိတယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ သူ႔ကို ခ်စ္ၾကတာပါ။
ေမး- ကစားသမားေတြက ရမ္းစ္ေဒးလ္ဆီ ေျပးသြားၾကတာက အသင္းစိတ္ဓာတ္နဲ႔ပတ္သက္ၿပီး စကားေျပာေနတာလား။
ေျဖ- ဒီလိုမ်ိဳး တုံ႔ျပန္မႈမ်ိဳးကို ျမင္ရတာ နည္းျပတစ္ေယာက္အေနနဲ႔ ေပ်ာ္႐ႊင္စရာပါ။ ကစားသမားေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေစာင့္ေရွာက္ၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ျမတ္ႏိုးမႈကို ျပသၾကတယ္။ အဲဒီထက္ ပိုေကာင္းတာမရွိေတာ့ဘူး။ ဒီေန႔က ကြၽန္ေတာ့္ရဲ႕ ပြဲ ၂၀၀ ေျမာက္ပြဲျဖစ္ၿပီး ကစားသမားေတြက ဒီလိုမ်ိဳးအရာေတြလုပ္တာျမင္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ၿပဳံးေနမိပါတယ္။ ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ ေန႔တိုင္းရွိေနၿပီး ကြၽန္ေတာ့္အလုပ္ကို ပိုၿပီး ေပ်ာ္႐ႊင္စရာေကာင္းေအာင္ လုပ္ေပးေနတဲ့ အားလုံးကို ဒီထက္ပိုၿပီး ဂုဏ္ယူႏိုင္မွာ၊ ေက်းဇူးတင္ႏိုင္မွာမဟုတ္ေတာ့ပါဘူး။
ေမး- ကိုင္က ဂ်ာမနီအတြက္ ဘယ္ေနာက္ခံေနရာမွာ ကစားခဲ့ၿပီး ဒီေန႔မွာ အႏိုင္ဂိုးသြင္းရွင္ျဖစ္ခဲ့တယ္။ ဒါက သူ႔ရဲ႕ ေနရာစုံကစားႏိုင္စြမ္းကို စကားေျပာေနတာလား။
ေျဖ-ပထမဆုံးအေနနဲ႔ သူ႔ရဲ႕အရည္အေသြးေၾကာင့္ပါ။ ဘာလို႔လဲဆိုေတာ့ မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္တဲ့ ကစားသမားတစ္ေယာက္က အဲဒီလို လုပ္ႏိုင္ဖို႔ အရည္အေသြးေတြ အမ်ားႀကီးလိုလို႔ပါ။ ၿပီးေတာ့ သူ အာ႐ုံစိုက္ၿပီး အသင္းကို ေမာင္းႏွင္ေပးတယ္။ သူက ကြၽန္ေတာ္ ေတာင္းဆိုရင္ ဘယ္ေနရာမွာမဆို အဲဒါကို လုပ္ပါတယ္။ အတူတူပါပဲ။ ဒါေပမယ့္ သူတစ္ေယာက္တည္းမဟုတ္ပါဘူး။ ဒီေန႔ ကြၽန္ေတာ္ ေဂ်ာ္ဂ်င္ညိဳကို ၃ မိနစ္ ကစားဖို႔ ေတာင္းဆိုခဲ့ၿပီး သူ႔နာမည္ကို လွည့္ေျပာတဲ့အခ်ိန္မွာပဲ သူ လုပ္စရာရွိတာအကုန္လုပ္ၿပီးသားျဖစ္ေနၿပီး ဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ ဒီလိုမ်ိဳး အသင္းနဲ႔ အလုပ္လုပ္ရတာက ေပ်ာ္စရာပါပဲ။
ေမး- ဘာလို႔ ပရိသတ္ေတြဆီ ဟာဗတ္ဇ္ကို ဆြဲေခၚသြားခဲ့တာလဲ။
ေျဖ-ဘာလို႔လဲဆိုေတာ့ သူက အဲဒါနဲ႔ အျပည့္အဝ ထိုက္တန္လို႔ပါ။ ခင္ဗ်ား ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ ခင္ဗ်ား ျပစ္တင္ေဝဖန္မႈေတြကို မ်က္ႏွာခ်င္းဆိုင္ရမယ္။ သူ အဲဒါကို လုပ္ခဲ့တယ္။ သူ မပုံးကြယ္ခဲ့ဘူး။ အဲဒီေတာ့ အခု သူ လွပတဲ့အခိုက္အတန႔္ေတြကိုလည္း မ်က္ႏွာခ်င္းဆိုင္ရမယ္ေလ။ ဘာလို႔လဲဆိုေတာ့ သူက အဲဒါနဲ႔ ထိုက္တန္လို႔ပါ။ သူ အဲဒီလို လုပ္မွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ သိတယ္။ အဲဒါေၾကာင့္မို႔လို႔ သူ႔ကို ဆြဲေခၚၿပီး ပရိသတ္ေတြေရွ႕ တြန္းထုတ္လိုက္တာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview