ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ
စနေနေ့ အမ်းမရိတ်စ်မှာ ဖူလ်ဟမ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အာတီတာက လန်ဒန် ကိုလ်နီကွင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး- ဂျေးဇု လေ့ကျင့်ရေးပြန်လာတဲ့အပေါ်မှာ ခင်ဗျားရဲ့ အမြင်က။
ဖြေ- ကျွန်တော်တို့ တကယ်ပျော်ရွှင်မိပါတယ်။ ရာသီကြိုမှာ နောက်ထပ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် သူ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူ့ပုံစံက တကယ်ကို ထက်မြက်နေပြီး ရက်သတ္တပတ်အပြည့် လေ့ကျင့်ခဲ့တာ တကယ်ကောင်းမွန်ခဲ့ပါတယ်။ အဲဒီတော့ သူ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မေး- ဖူလ်ဟမ်နဲ့ပွဲမှာ ဂျေးဇု ပါလာမှာလား။
ဖြေ- သူက ကစားဖို့ အဆင်သင့်ပါပဲ။ ပါလာမှာပါ။
မေး- ပွဲထွက်ပါဝင်လာနိုင်မှာလား။
ဖြေ- ကြည့်တာပေ့ါ။ အဲဒါက အရမ်းကောင်းတဲ့သတင်းဖြစ်မှာပါ။
မေး- အသင်းကထွက်နိုင်ခြေရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ရော။
ဖြေ- အပြောင်းအရွှေ့အချို့ ဖြစ်ပျက်နေတယ်။ နောက်ဆုံးအပတ်က တကယ်ကို အလုပ်များမယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုအချိန်မှာ ကြေညာနိုင်တာ ဘာမှမရှိပါဘူး။
မေး- ဘာလိုဂန်ရဲ့ အနာဂတ်အပေါ်မှာရော။
ဖြေ- ကျွန်တော်တို့ ဘာမှ မပြောနိုင်ပါဘူး။ ရွေ့လျားမှုအချို့ရှိနေပေမယ့် ကျွန်တော်တို့ တစ်ဦးချင်းဆီတော့ လိုက်မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘာမှ အခိုင်အမာမရှိသေးလို့ပါ။
မေး- တီယာနီနဲ့ ရီးရဲလ်ဆိုစီဒက်သတင်းထွက်နေတာကရော။
ဖြေ- ထပ်ထွက်ပြန်ပြီလား။ ဖြေရှင်းလို့မရသေးတဲ့ အရာတွေရှိနေပါတယ်။ အဲဒါတွေ ဖြေရှင်းပြီးတဲ့အချိန်ကျရင် ခင်ဗျားကို ကျွန်တော်တို့ ပြောမှာပါ။
မေး- ဂါဘရီယဲလ်ရဲ့ ကောလာဟလတွေကရော။
ဖြေ- ဂါဘီက ကျွန်တော်တို့အတွက် တကယ်ကို အရေးပါတဲ့ ကစားသမားပါ။ အခုအချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နေတာ ဘာမှမရှိပါဘူး။
မေး- ဖူလ်ဟမ်အပေါ်မှာ ခင်ဗျားအမြင်ကရော။
ဖြေ- မာကိုနဲ့ နည်းပြအဖွဲ့က ထူးခြားတဲ့အရာကို လုပ်ခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ပြီးခဲ့တဲ့ရာသီ ကစားခဲ့တဲ့ပုံစံ၊ ပရီးမီးယားလိဂ်မှာ သူတို့ ရာသီအဆုံးသတ်ခဲ့တဲ့နေရာနဲ့ အထူးသဖြင့် သူတို့တွေ လုပ်ခဲ့တဲ့ပုံစံက မယုံနိုင်စရာကောင်းခဲ့တယ်။ သူက ကျွန်တော် အမြဲတမ်း လေးစားနှစ်သက်ရတဲ့ နည်းပြပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက တကယ်ကောင်းကောင်းကို စုဖွဲ့ထားနိုင်ခဲ့လို့ပါ။ သူတို့တွေ ဘာလုပ်ချင်တယ်ဆိုတာကို ရှင်းလင်းတဲ့ အတွေးအမြင်ရှိပြီး သူ့အသင်းက သူ ကစားစေချင်တဲ့အတိုင်း အတိအကျကစားနေတာ ခင်ဗျား မြင်နိုင်ပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ကစားသွားရမှာပါ။
မေး- ခင်ဗျား အရင်တုန်းက ဘာလို့ ဖူလ်ဟမ်ကို မရှုံးနိမ့်ခဲ့ဖူးတာလဲ။
ဖြေ- ကျွန်တော် ကိန်းဂဏန်းတွေကို မသိဘူး။ ဒါက အသစ်အဆန်းတစ်ခုပါ။ ကျွန်တော်တို့ မနက်ဖြန်မှာ အဲဒါကို ရှေ့ဆက်နိုင်ပြီး နိုင်ပွဲရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ သူတို့တွေက စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ အများကြီး ဖန်တီးနိုင်တဲ့အသင်းပါ။ ကျွန်တော်တို့ အဲဒီမှာ (အဝေးကွင်း)ကစားခဲ့တဲ့အချိန်မှာရော အိမ်ကွင်းမှာ ကစားခဲ့တဲ့အချိန်မှာပါ ခက်ခဲတဲ့အခိုက်အတန့်တွေ မနှစ်က ကြုံခဲ့တယ်။ အိမ်ကွင်းမှာ ကျွန်တော်တို့ နောက်ဆုံးမိနစ်တွေမှ အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ ကျွန်တော်တို့ ပထမပိုင်းမှာ တကယ်ကို ကောင်းမွန်ခဲ့လို့ပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ အရမ်းမကောင်းခဲ့ပါဘူး။ အဲဒီတော့ မနက်ဖြန်မှာ အဲဒီလိုမျိုး ရလဒ်မျိုးကို ကျွန်တော် မျှော်လင့်ထားပါတယ်။
မေး- ဒီရာသီ ဖူလ်ဟမ်ကို ခင်ဗျား ဘယ်လိုမြင်ထားလဲ။
ဖြေ- အတူတူရှိနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့ ကစားသမားအများစုရှိတဲ့ အစုအဖွဲ့ဖြစ်ပြီး သူတို့တွေက အဲဒီအမာခံအစုအဖွဲ့နဲ့ ကောင်းကောင်း လုပ်နေပါတယ်။ မီထရိုဗစ်က သူတို့ကို မတူညီတဲ့ ရှုထောင့်ကို ပေးခဲ့တာ အမှန်ဖြစ်ပေမယ့် ဟီမီနက်ဇ်က ဒီလိဂ်မှာ ဂိုးသွင်းနိုင်စွမ်းမြင့်မားတဲ့ကစားသမားဆိုတာ သက်သေပြသထားပြီးသားပါ။ သူက ဝုလ်ဗ်စ်မှာ အရမ်းကောင်းကောင်းလုပ်ခဲ့ပါတယ်။ သူတို့တွေမှာ ခင်ဗျားကို နာကျင်အောင် လုပ်နိုင်တဲ့ အရည်အချင်းနဲ့ အရင်းအမြစ်တွေ ရှိပြီး မနက်ဖြန်မှာ အဲဒါကို ကျွန်တော်တို့ ကျိန်းသေပေါက် ထပ်မြင်ရမှာပါ။
မေး- ဒဏ်ရာပြဿနာ စိုးရိမ်စရာတွေ ထပ်ရှိသေးလား။
ဖြေ- ဟင့်အင်း။ မရှိပါဘူး။
မေး- ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲက ဘယ်လောက်အထိ ကောင်းမွန်ခဲ့လဲ။
ဖြေ- အထူးသဖြင့် ခင်ဗျား အဲဒီလိုအခြေအနေ(တစ်ယောက်လျော့)နဲ့ နာရီဝက်လောက် ကစားရတဲ့အခါမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ အသင်းက အနိုင်ရဖို့ မယုံနိုင်စရာ ဆာလောင်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ပြီး ခက်ခဲတဲ့အခိုက်အတန့်တွေကို တုံ့ပြန်ခဲ့တယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါ။ ကျွန်တော်တို့အတွက် မတူညီတဲ့အရာတစ်ခုကို လေ့လာသင်ယူဖို့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
မေး- အာဆင်နယ်က ရုပ်ပိုင်းဆိုင်ရာအရ ပိုအားကောင်းလာပုံပေါ်ပြီး အရင်တုန်းက နည်းနည်းပျော့တိပျော့ဖတ်ဖြစ်နေခဲ့တယ်နော်။
ဖြေ- ဒါက ခင်ဗျား နေ့တိုင်း သက်သေပြသနေရမယ့်အရာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျား အားကောင်းမနေတဲ့အချိန်ဆိုရင် ဒီလိဂ်မှာ ခင်ဗျား အလဲထိုးခံရမှာပါ။ လူတွေက အရှုံး ဒါမှမဟုတ် သရေကို ရှင်းပြဖို့အတွက် နာမဝိသေသနတွေအဖြစ် အသုံးပြုကြတယ်။ တစ်ခါတလေ အဲဒါက အဲဒါက ရိုးရှင်းတဲ့စကားမဟုတ်ပေမယ့် ကျွန်တော်တို့အသင်းနဲ့ပတ်သက်ပြီး အဲဒီစကားလုံးတွေကို ကျွန်တော် မနှစ်သက်ဘူးဆိုတာတော့ သေချာပါတယ်။
မေး- ခင်ဗျား ပြောင်းလဲရမယ့်အရာလို့ သတ်မှတ်ခဲ့တဲ့အရာများရှိလား။
ဖြေ- ပြောင်းလဲရမယ်ဆိုတာထက် ပိုပါတယ်။ အဲဒါက ခင်ဗျား ခံစားရတဲ့ပုံစံနဲ့ အသင်းက ပြုမူတဲ့ပုံစံ၊ ထုတ်လွှတ်မှုနဲ့ ခံစားမှု၊ ယှဉ်ပြိုင်ရမယ့်ပုံစံပါ။ အဲဒါက ဒီလိုစကားလုံးတွေနဲ့ ဖော်ပြဖို့ အရမ်းခက်ပါတယ်။ အဲဒါတော့ သေချာတယ်။
မေး- ပါတေး၊ရိုက်နဲ့ အော်ဒီဂွါဒ်တို့ကို ကွင်းလယ် ၃ ဦးအတွဲအနေနဲ့ မြင်လား။
ဖြေ- ကျွန်တော်တို့ အဲဒီအတိုင်း ကစားခဲ့ပြီးပြီထင်တယ်။ ကျွန်တော်တို့ မန်စီးတီးနဲ့ပွဲမှာ အဲဒီအတိုင်း ကစားခဲ့ပါတယ်။
မေး- ပရီးမီးယားလိဂ်မှာရော အဲဒီလိုကစားမှာလား။
ဖြေ- အိုး ပရိးမီးယားလိဂ်မှာလား။ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းမှာ ကစားမယ်ဆိုရင်ရော။ ကျွန်တော်တို့ လိဂ်မှာ ဒီလိုမျိုး ကစားရမှာလား။ အိမ်ကွင်းမှာလား။ အဝေးကွင်းမှာလား။ သေချာတာတော့ အဲဒီလို ကစားဖို့က ဖြစ်လာမယ်လို့ ကျွန်တော် ထင်တယ်။
မေး- ကွင်းဘေးစည်းက စည်းမျဉ်းသစ်တွေအပေါ်မှာရော။
ဖြေ- ကျွန်တော် အဲဒါတွေနဲ့ အသားကျသွားပြီးပါပြီ။ တစ်ပတ်ပါပဲ။ ပြီးပြီ။ ကျွန်တော်က လူသစ်စိတ်သစ်ဖြစ်သွားပြီ။ ကွင်းဘေးစည်းမှာ ခင်ဗျား ကျွန်တော့်ကို စိတ်အေးလက်အေးပုံစံနဲ့ မြင်ရလိမ့်မယ်။ ကျွန်တော် စည်းပေါ်ကနေ လှုပ်ရှားမှာမဟုတ်ဘူး။ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် အတည်ပြောနေတာပါ။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် ရွေ့လျားတာနဲ့ ပွဲကြည့်စင်မှာ ကြည့်နေမယ့် တစ်စုံတယောက်ရှိတယ်။ မနက်ဖြန်မှာ ကျွန်တော် ဘယ်လောက်ကောင်းကောင်း ပြုမူမလဲဆိုတာ ခင်ဗျား မြင်ရပါလိမ့်မယ်။
မေး- စည်းမျဉ်းသစ်တွေက ခင်ဗျားအတွက် လိုက်နာဖို့ ခက်ခဲသလား။
ဖြေ- ခက်ပါတယ်။ အဲဒါက အရမ်းခက်ပေမယ့် ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ။ ဒါတော့ ကျွန်တော် ကတိပေးနိုင်တယ်။
မေး- တိုမီယဆုရဲ့ ၂ ဝါကို အယူခံဝင်ဖို့ လုပ်ငန်းစဉ်အတွက် ခွင့်ပြုသင့်သလား။
ဖြေ- ခွင့်ပြုသင့်ပါတယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်ချဉ်းကပ်မှုကို မြင်ချင်ပေမယ့် အဲဒါက ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိပါတယ်။
မေး- တင်းဘားရဲ့ ဒဏ်ရာက နွေရာသီမှာ ခံစစ်လုပ်ဆောင်မှုတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ။
ဖြေ- ခင်ဗျားမှာ ကိန်းဂဏန်းတွေအပေါ် အယူအဆရှိမှာပါ။ ဒါပေမယ့် ခင်ဗျား ဒဏ်ရာလိုမျိုး ထိန်းချုပ်လို့မရတဲ့အရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဒဏ်ရာရနေတဲ့ ကစားသမားတွေ အများကြီးရှိနေပြီး အဲဒါက အရင်နှစ်တွေတုန်းက ကျွန်တော်တို့မှာ မရှိခဲ့တဲ့တစ်စုံတရာပါ။ ကျွန်တော်တို့ အချိန်အချို့မှာ ခံစစ်အတွက် မတူညီတဲ့ကစားသမားတွေကို အသုံးပြုခဲ့ရတယ်။ ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်တဲ့ နောက်ထပ်အရာတစ်ခုက ကစားသမားတွေက အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်တာပါ။ အဲဒီတော့ ကျွန်တော်တို့ အသားကျအောင် လုပ်သွားရမှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: စေနေန႔ အမ္းမရိတ္စ္မွာ ဖူလ္ဟမ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတိုင္ခင္ အာတီတာက လန္ဒန္ ကိုလ္နီကြင္းမွာ မီဒီယာေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး ပရိသတ္ေတြ သိလိုတဲ့ေမးခြန္းေတြကို ေျဖၾကားေပးခဲ့ပါတယ္။
ေမး- ေဂ်းဇု ေလ့က်င့္ေရးျပန္လာတဲ့အေပၚမွာ ခင္ဗ်ားရဲ႕ အျမင္က။
ေျဖ- ကြၽန္ေတာ္တို႔ တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ရာသီႀကိဳမွာ ေနာက္ထပ္ခြဲစိတ္ကုသမႈ ခံယူခဲ့ရၿပီးေနာက္ သူ႔အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ သူ႔ပုံစံက တကယ္ကို ထက္ျမက္ေနၿပီး ရက္သတၱပတ္အျပည့္ ေလ့က်င့္ခဲ့တာ တကယ္ေကာင္းမြန္ခဲ့ပါတယ္။ အဲဒီေတာ့ သူ ျပန္ကစားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။
ေမး- ဖူလ္ဟမ္နဲ႔ပြဲမွာ ေဂ်းဇု ပါလာမွာလား။
ေျဖ- သူက ကစားဖို႔ အဆင္သင့္ပါပဲ။ ပါလာမွာပါ။
ေမး- ပြဲထြက္ပါဝင္လာႏိုင္မွာလား။
ေျဖ- ၾကည့္တာေပ့ါ။ အဲဒါက အရမ္းေကာင္းတဲ့သတင္းျဖစ္မွာပါ။
ေမး- အသင္းကထြက္ႏိုင္ေျခရွိတဲ့ကစားသမားေတြနဲ႔ပတ္သက္ၿပီးေတာ့ေရာ။
ေျဖ- အေျပာင္းအေ႐ႊ႕အခ်ိဳ႕ ျဖစ္ပ်က္ေနတယ္။ ေနာက္ဆုံးအပတ္က တကယ္ကို အလုပ္မ်ားမယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ ေၾကညာႏိုင္တာ ဘာမွမရွိပါဘူး။
ေမး- ဘာလိုဂန္ရဲ႕ အနာဂတ္အေပၚမွာေရာ။
ေျဖ- ကြၽန္ေတာ္တို႔ ဘာမွ မေျပာႏိုင္ပါဘူး။ ေ႐ြ႕လ်ားမႈအခ်ိဳ႕ရွိေနေပမယ့္ ကြၽန္ေတာ္တို႔ တစ္ဦးခ်င္းဆီေတာ့ လိုက္မေျပာႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ဘာမွ အခိုင္အမာမရွိေသးလို႔ပါ။
ေမး- တီယာနီနဲ႔ ရီးရဲလ္ဆိုစီဒက္သတင္းထြက္ေနတာကေရာ။
ေျဖ- ထပ္ထြက္ျပန္ၿပီလား။ ေျဖရွင္းလို႔မရေသးတဲ့ အရာေတြရွိေနပါတယ္။ အဲဒါေတြ ေျဖရွင္းၿပီးတဲ့အခ်ိန္က်ရင္ ခင္ဗ်ားကို ကြၽန္ေတာ္တို႔ ေျပာမွာပါ။
ေမး- ဂါဘရီယဲလ္ရဲ႕ ေကာလာဟလေတြကေရာ။
ေျဖ- ဂါဘီက ကြၽန္ေတာ္တို႔အတြက္ တကယ္ကို အေရးပါတဲ့ ကစားသမားပါ။ အခုအခ်ိန္မွာ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ျဖစ္ေနတာ ဘာမွမရွိပါဘူး။
ေမး- ဖူလ္ဟမ္အေပၚမွာ ခင္ဗ်ားအျမင္ကေရာ။
ေျဖ- မာကိုနဲ႔ နည္းျပအဖြဲ႕က ထူးျခားတဲ့အရာကို လုပ္ခဲ့ၾကတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ရာသီ ကစားခဲ့တဲ့ပုံစံ၊ ပရီးမီးယားလိဂ္မွာ သူတို႔ ရာသီအဆုံးသတ္ခဲ့တဲ့ေနရာနဲ႔ အထူးသျဖင့္ သူတို႔ေတြ လုပ္ခဲ့တဲ့ပုံစံက မယုံႏိုင္စရာေကာင္းခဲ့တယ္။ သူက ကြၽန္ေတာ္ အၿမဲတမ္း ေလးစားႏွစ္သက္ရတဲ့ နည္းျပပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက တကယ္ေကာင္းေကာင္းကို စုဖြဲ႕ထားႏိုင္ခဲ့လို႔ပါ။ သူတို႔ေတြ ဘာလုပ္ခ်င္တယ္ဆိုတာကို ရွင္းလင္းတဲ့ အေတြးအျမင္ရွိၿပီး သူ႔အသင္းက သူ ကစားေစခ်င္တဲ့အတိုင္း အတိအက်ကစားေနတာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ မနက္ျဖန္ ကြၽန္ေတာ္တို႔ ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲကို ကစားသြားရမွာပါ။
ေမး- ခင္ဗ်ား အရင္တုန္းက ဘာလို႔ ဖူလ္ဟမ္ကို မရႈံးနိမ့္ခဲ့ဖူးတာလဲ။
ေျဖ- ကြၽန္ေတာ္ ကိန္းဂဏန္းေတြကို မသိဘူး။ ဒါက အသစ္အဆန္းတစ္ခုပါ။ ကြၽန္ေတာ္တို႔ မနက္ျဖန္မွာ အဲဒါကို ေရွ႕ဆက္ႏိုင္ၿပီး ႏိုင္ပြဲရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ သူတို႔ေတြက စိန္ေခၚမႈေတြနဲ႔ အခက္အခဲေတြ အမ်ားႀကီး ဖန္တီးႏိုင္တဲ့အသင္းပါ။ ကြၽန္ေတာ္တို႔ အဲဒီမွာ (အေဝးကြင္း)ကစားခဲ့တဲ့အခ်ိန္မွာေရာ အိမ္ကြင္းမွာ ကစားခဲ့တဲ့အခ်ိန္မွာပါ ခက္ခဲတဲ့အခိုက္အတန႔္ေတြ မႏွစ္က ႀကဳံခဲ့တယ္။ အိမ္ကြင္းမွာ ကြၽန္ေတာ္တို႔ ေနာက္ဆုံးမိနစ္ေတြမွ အႏိုင္ရခဲ့ၿပီး အေဝးကြင္းမွာ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ တကယ္ကို ေကာင္းမြန္ခဲ့လို႔ပါ။ ဒါေပမယ့္ ဒုတိယပိုင္းမွာ အရမ္းမေကာင္းခဲ့ပါဘူး။ အဲဒီေတာ့ မနက္ျဖန္မွာ အဲဒီလိုမ်ိဳး ရလဒ္မ်ိဳးကို ကြၽန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။
ေမး- ဒီရာသီ ဖူလ္ဟမ္ကို ခင္ဗ်ား ဘယ္လိုျမင္ထားလဲ။
ေျဖ- အတူတူရွိေနခဲ့တာ အခ်ိန္အေတာ္ၾကာၿပီျဖစ္တဲ့ ကစားသမားအမ်ားစုရွိတဲ့ အစုအဖြဲ႕ျဖစ္ၿပီး သူတို႔ေတြက အဲဒီအမာခံအစုအဖြဲ႕နဲ႔ ေကာင္းေကာင္း လုပ္ေနပါတယ္။ မီထ႐ိုဗစ္က သူတို႔ကို မတူညီတဲ့ ရႈေထာင့္ကို ေပးခဲ့တာ အမွန္ျဖစ္ေပမယ့္ ဟီမီနက္ဇ္က ဒီလိဂ္မွာ ဂိုးသြင္းႏိုင္စြမ္းျမင့္မားတဲ့ကစားသမားဆိုတာ သက္ေသျပသထားၿပီးသားပါ။ သူက ဝုလ္ဗ္စ္မွာ အရမ္းေကာင္းေကာင္းလုပ္ခဲ့ပါတယ္။ သူတို႔ေတြမွာ ခင္ဗ်ားကို နာက်င္ေအာင္ လုပ္ႏိုင္တဲ့ အရည္အခ်င္းနဲ႔ အရင္းအျမစ္ေတြ ရွိၿပီး မနက္ျဖန္မွာ အဲဒါကို ကြၽန္ေတာ္တို႔ က်ိန္းေသေပါက္ ထပ္ျမင္ရမွာပါ။
ေမး- ဒဏ္ရာျပႆနာ စိုးရိမ္စရာေတြ ထပ္ရွိေသးလား။
ေျဖ- ဟင့္အင္း။ မရွိပါဘူး။
ေမး- ပဲေလ့စ္ကို အႏိုင္ရခဲ့တဲ့ပြဲက ဘယ္ေလာက္အထိ ေကာင္းမြန္ခဲ့လဲ။
ေျဖ- အထူးသျဖင့္ ခင္ဗ်ား အဲဒီလိုအေျခအေန(တစ္ေယာက္ေလ်ာ့)နဲ႔ နာရီဝက္ေလာက္ ကစားရတဲ့အခါမွာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တယ္။ အသင္းက အႏိုင္ရဖို႔ မယုံႏိုင္စရာ ဆာေလာင္မႈနဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္းကို ျပသခဲ့ၿပီး ခက္ခဲတဲ့အခိုက္အတန႔္ေတြကို တုံ႔ျပန္ခဲ့တယ္။ ဒါက ကြၽန္ေတာ္တို႔ လိုခ်င္တဲ့အရာပါ။ ကြၽန္ေတာ္တို႔အတြက္ မတူညီတဲ့အရာတစ္ခုကို ေလ့လာသင္ယူဖို႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါတယ္။
ေမး- အာဆင္နယ္က ႐ုပ္ပိုင္းဆိုင္ရာအရ ပိုအားေကာင္းလာပုံေပၚၿပီး အရင္တုန္းက နည္းနည္းေပ်ာ့တိေပ်ာ့ဖတ္ျဖစ္ေနခဲ့တယ္ေနာ္။
ေျဖ- ဒါက ခင္ဗ်ား ေန႔တိုင္း သက္ေသျပသေနရမယ့္အရာပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား အားေကာင္းမေနတဲ့အခ်ိန္ဆိုရင္ ဒီလိဂ္မွာ ခင္ဗ်ား အလဲထိုးခံရမွာပါ။ လူေတြက အရႈံး ဒါမွမဟုတ္ သေရကို ရွင္းျပဖို႔အတြက္ နာမဝိေသသနေတြအျဖစ္ အသုံးျပဳၾကတယ္။ တစ္ခါတေလ အဲဒါက အဲဒါက ႐ိုးရွင္းတဲ့စကားမဟုတ္ေပမယ့္ ကြၽန္ေတာ္တို႔အသင္းနဲ႔ပတ္သက္ၿပီး အဲဒီစကားလုံးေတြကို ကြၽန္ေတာ္ မႏွစ္သက္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္။
ေမး- ခင္ဗ်ား ေျပာင္းလဲရမယ့္အရာလို႔ သတ္မွတ္ခဲ့တဲ့အရာမ်ားရွိလား။
ေျဖ- ေျပာင္းလဲရမယ္ဆိုတာထက္ ပိုပါတယ္။ အဲဒါက ခင္ဗ်ား ခံစားရတဲ့ပုံစံနဲ႔ အသင္းက ျပဳမူတဲ့ပုံစံ၊ ထုတ္လႊတ္မႈနဲ႔ ခံစားမႈ၊ ယွဥ္ၿပိဳင္ရမယ့္ပုံစံပါ။ အဲဒါက ဒီလိုစကားလုံးေတြနဲ႔ ေဖာ္ျပဖို႔ အရမ္းခက္ပါတယ္။ အဲဒါေတာ့ ေသခ်ာတယ္။
ေမး- ပါေတး၊႐ိုက္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ကြင္းလယ္ ၃ ဦးအတြဲအေနနဲ႔ ျမင္လား။
ေျဖ- ကြၽန္ေတာ္တို႔ အဲဒီအတိုင္း ကစားခဲ့ၿပီးၿပီထင္တယ္။ ကြၽန္ေတာ္တို႔ မန္စီးတီးနဲ႔ပြဲမွာ အဲဒီအတိုင္း ကစားခဲ့ပါတယ္။
ေမး- ပရီးမီးယားလိဂ္မွာေရာ အဲဒီလိုကစားမွာလား။
ေျဖ- အိုး ပရိးမီးယားလိဂ္မွာလား။ ခ်န္ပီယံလိဂ္နဲ႔ ကာရာေဘာင္းမွာ ကစားမယ္ဆိုရင္ေရာ။ ကြၽန္ေတာ္တို႔ လိဂ္မွာ ဒီလိုမ်ိဳး ကစားရမွာလား။ အိမ္ကြင္းမွာလား။ အေဝးကြင္းမွာလား။ ေသခ်ာတာေတာ့ အဲဒီလို ကစားဖို႔က ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။
ေမး- ကြင္းေဘးစည္းက စည္းမ်ဥ္းသစ္ေတြအေပၚမွာေရာ။
ေျဖ- ကြၽန္ေတာ္ အဲဒါေတြနဲ႔ အသားက်သြားၿပီးပါၿပီ။ တစ္ပတ္ပါပဲ။ ၿပီးၿပီ။ ကြၽန္ေတာ္က လူသစ္စိတ္သစ္ျဖစ္သြားၿပီ။ ကြင္းေဘးစည္းမွာ ခင္ဗ်ား ကြၽန္ေတာ့္ကို စိတ္ေအးလက္ေအးပုံစံနဲ႔ ျမင္ရလိမ့္မယ္။ ကြၽန္ေတာ္ စည္းေပၚကေန လႈပ္ရွားမွာမဟုတ္ဘူး။ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနပါၿပီ။ ကြၽန္ေတာ္ အတည္ေျပာေနတာပါ။ ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္ ေ႐ြ႕လ်ားတာနဲ႔ ပြဲၾကည့္စင္မွာ ၾကည့္ေနမယ့္ တစ္စုံတေယာက္ရွိတယ္။ မနက္ျဖန္မွာ ကြၽန္ေတာ္ ဘယ္ေလာက္ေကာင္းေကာင္း ျပဳမူမလဲဆိုတာ ခင္ဗ်ား ျမင္ရပါလိမ့္မယ္။
ေမး- စည္းမ်ဥ္းသစ္ေတြက ခင္ဗ်ားအတြက္ လိုက္နာဖို႔ ခက္ခဲသလား။
ေျဖ- ခက္ပါတယ္။ အဲဒါက အရမ္းခက္ေပမယ့္ ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားမွာပါ။ ဒါေတာ့ ကြၽန္ေတာ္ ကတိေပးႏိုင္တယ္။
ေမး- တိုမီယဆုရဲ႕ ၂ ဝါကို အယူခံဝင္ဖို႔ လုပ္ငန္းစဥ္အတြက္ ခြင့္ျပဳသင့္သလား။
ေျဖ- ခြင့္ျပဳသင့္ပါတယ္။ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး ေနာက္ေၾကာင္းျပန္ခ်ဥ္းကပ္မႈကို ျမင္ခ်င္ေပမယ့္ အဲဒါက ျဖစ္လာမွာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္တို႔ သိပါတယ္။
ေမး- တင္းဘားရဲ႕ ဒဏ္ရာက ေႏြရာသီမွာ ခံစစ္လုပ္ေဆာင္မႈေတြအေပၚမွာ ဘယ္လိုအက်ိဳးသက္ေရာက္မႈရွိလဲ။
ေျဖ- ခင္ဗ်ားမွာ ကိန္းဂဏန္းေတြအေပၚ အယူအဆရွိမွာပါ။ ဒါေပမယ့္ ခင္ဗ်ား ဒဏ္ရာလိုမ်ိဳး ထိန္းခ်ဳပ္လို႔မရတဲ့အရာေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္တို႔ ဒဏ္ရာရေနတဲ့ ကစားသမားေတြ အမ်ားႀကီးရွိေနၿပီး အဲဒါက အရင္ႏွစ္ေတြတုန္းက ကြၽန္ေတာ္တို႔မွာ မရွိခဲ့တဲ့တစ္စုံတရာပါ။ ကြၽန္ေတာ္တို႔ အခ်ိန္အခ်ိဳ႕မွာ ခံစစ္အတြက္ မတူညီတဲ့ကစားသမားေတြကို အသုံးျပဳခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ ေနာက္ထပ္အရာတစ္ခုက ကစားသမားေတြက အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္တာပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္သြားရမွာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview