နည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကရွန်ကီတို့ ပံ့ပိုးမှုတွေအကြောင်း နည်းပြ အာတေတာ ဖွင့်ဟ
နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ရမယ့်အချိန်မှာ ထိပ်တန်းကလပ်အသင်းတသင်းကို အကောင်းဆုံး ကိုယ်တွယ်နိုင်ဖို့ဆိုတာ လူငယ်နည်းပြတဦးအဖို့တော့ မလွယ်ကူပါဘူး။ စိန်ခေါ်မှုတွေက ကြမ်းတမ်းတယ်။ အတွေ့အကြုံနဲ့မလိုက်အောင် ဖြေရှင်းရမယ့် ပြဿနာတွေက အသင့်စောင့်ကြိုနေတယ်။ တခုခု လွဲချော်တာနဲ့ ကြုံတွေ့ရလာနိုင်တဲ့ ဝေဖန်မှုတွေ၊ ထိုးချမှုတွေ၊ စိတ်ပျက်စရာတွေကြားမှာ တော်ရုံမာကျောမှုလောက်နဲ့တော့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း နည်းပြ အာတေတာကတော့ လက်ရှိအချိန်မှာ ဒါကို ရအောင် လုပ်ပြခဲ့ပြီလို့ ပြောရပါမယ်။ အာဆင်နယ်နည်းပြဘဝ အစောပိုင်းနေ့ရက်တွေမှာ အသင်းတွင်း ထောင်ပေါင်းမက ဖြစ်တည်နေတဲ့ ပြဿနာတွေကြား နည်းပြသစ်တဦးအဖို့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်နဲ့ပဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဂန်းနားတို့ကို ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်တဲ့ အဆင့်တခုဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းကို ကိုင်တွယ်အပြီး (၆) လအတွင်းမှာပဲ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ထူးချွန်ပြောင်မြောက်စွာ ရယူပြနိုင်ခဲ့တာကလည်း ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရချိန်မှာ အသင်းပိုင်ရှင်တွေရဲ့ အပြည့်အဝ ပံ့ပိုးပေးမှုတွေကို ရခဲ့တာ ဖြစ်တယ်လို့လည်း အမြင်အချို့ ရှိနေပါတယ်။ နည်းပြ အာတေတာကလည်း သူ့အနေနဲ့ အာဆင်နယ်အစောပိုင်းနေ့ရက်တွေမှာ နည်းပြထိုင်ခုံပေါ် ဆက်ရှိနိုင်ခဲ့တာဟာ ကံတရားရဲ့ ဖေးမမှုကြောင့်လည်း ပါဝင်တယ်လို့ လက်ခံထားပါတယ်။
” အတိအကျတော့ ကျွန်တော် မပြောတတ်ပါဘူး။ အတိတ်နေ့ရက်တွေမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးလေ။ ဘယ်မှာမှ အတွေ့အကြုံမရှိသေးတဲ့ အစိမ်းသက်သက် နည်းပြတဦးအနေနဲ့ ကိုဗစ်ကာလ (၂) နှစ်အပါအဝင် ဒီလိုအခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာဟာ မလွယ်ကူပါဘူး။ ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းတွင်းပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာ ပြန်တွေးကြည့်ရင် ကျွန်တော့်အနေနဲ့ နည်းပြထိုင်ခုံပေါ် ဆက်ရှိနေခဲ့တာ ကံကောင်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ”
” ကျွန်တော့်အနေနဲ့တော့ ဒီခရီးကို စိတ်နှစ်ပြီး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ နေ့ရက်တိုင်းကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီးပဲ နေထိုင်ခဲ့တာပါ။ နေ့ရက်တိုင်းက သင်ခန်းစာတွေ၊ စိန်ခေါ်မှုတွေပဲ ဖြစ်နေလေတော့ ဒီလိုအလုပ်မျိုးကို လက်ခံကြိုးစားဖို့ လိုအပ်တာပေါ့။ ”
ကလပ်အသင်းပိုင်ရှင် ကရွန်ကီ မိသားစုရဲ့ ပံ့ပိုးပေးမှုနဲ့ ပတ်သက်လို့လည်း နည်းပြ အာတေတာက ” သူတို့ကိုယ်တိုင် ဘယ်ကိုရောက်ချင်သလဲ … သူတို့ပိုင်ဆိုင်တဲ့ ဒီကလပ်နဲ့ပတ်သက်လို့ ဘယ်လောက်အထိ တန်ဖိုးထားသလဲ … သူတို့ ဘယ်လောက်အထိ ဆုံးဖြတ်နိုင်မလဲ … ဒီကလပ်အသင်းကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်မလဲ … အစရှိတာတွေအတွက် အချိန်တခုတော့ ယူခဲ့ရပါတယ်။ ”
” ကျွန်တော့်အမြင်မှာတော့ သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ တကယ်လည်း စိတ်ရှည်ခဲ့ပါတယ်။ အခုတော့ သူတို့ဟာ ကလပ်အသင်းအတွက် အမှန်တကယ် စိတ်နှစ်ထားကြောင်း ပြသနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ သူတို့ဟာ ရည်မှန်းချက်ကြီးမားတယ်။ ကလပ်အသင်းအောင်မြင်ဖို့အတွက် နောက်ကွယ်ကနေ အရာအားလုံး ပံ့ပိုးပေးသွားဖို့ အသင့်ရှိနေကြပါတယ်။ ”
” အသင်းပိုင်ရှင်တွေအနေနဲ့ ဒီကလပ်အသင်းအောင်မြင်ဖို့အတွက် ဒီလိုအရာအားလုံး ဆက်လက်ပံ့ပိုးပေးသွားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကလပ်အသင်းကို နည်းလမ်းမှန်ကန်စွာနဲ့ ဆက်လက်ရင်းနှီးမြှုပ်နှံပေးသွားမယ်လို့လည်း ထင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
EG
Ref : ESPN
ZAWGYI:
နည္းျပခ်ဳပ္အျဖစ္ ပထမဆုံးအႀကိမ္ ေဆာင္႐ြက္ရမယ့္အခ်ိန္မွာ ထိပ္တန္းကလပ္အသင္းတသင္းကို အေကာင္းဆုံး ကိုယ္တြယ္ႏိုင္ဖို႔ဆိုတာ လူငယ္နည္းျပတဦးအဖို႔ေတာ့ မလြယ္ကူပါဘူး။ စိန္ေခၚမႈေတြက ၾကမ္းတမ္းတယ္။ အေတြ႕အႀကဳံနဲ႔မလိုက္ေအာင္ ေျဖရွင္းရမယ့္ ျပႆနာေတြက အသင့္ေစာင့္ႀကိဳေနတယ္။ တခုခု လြဲေခ်ာ္တာနဲ႔ ႀကဳံေတြ႕ရလာႏိုင္တဲ့ ေဝဖန္မႈေတြ၊ ထိုးခ်မႈေတြ၊ စိတ္ပ်က္စရာေတြၾကားမွာ ေတာ္႐ုံမာေက်ာမႈေလာက္နဲ႔ေတာ့ ေရွ႕ဆက္ႏိုင္မွာ မဟုတ္ပါဘူး။
ဒါေပမယ့္လည္း နည္းျပ အာေတတာကေတာ့ လက္ရွိအခ်ိန္မွာ ဒါကို ရေအာင္ လုပ္ျပခဲ့ၿပီလို႔ ေျပာရပါမယ္။ အာဆင္နယ္နည္းျပဘဝ အေစာပိုင္းေန႔ရက္ေတြမွာ အသင္းတြင္း ေထာင္ေပါင္းမက ျဖစ္တည္ေနတဲ့ ျပႆနာေတြၾကား နည္းျပသစ္တဦးအဖို႔ ဆုံးျဖတ္ခ်က္ေတြ မွန္မွန္ကန္ကန္နဲ႔ပဲ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ဂန္းနားတို႔ကို ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို စိန္ေခၚႏိုင္တဲ့ အဆင့္တခုဆီ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။
အာဆင္နယ္အသင္းကို ကိုင္တြယ္အၿပီး (၆) လအတြင္းမွာပဲ FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔ကို ထူးခြၽန္ေျပာင္ေျမာက္စြာ ရယူျပႏိုင္ခဲ့တာကလည္း ရလဒ္ဆိုးေတြနဲ႔ ႀကဳံေတြ႕ေနရခ်ိန္မွာ အသင္းပိုင္ရွင္ေတြရဲ႕ အျပည့္အဝ ပံ့ပိုးေပးမႈေတြကို ရခဲ့တာ ျဖစ္တယ္လို႔လည္း အျမင္အခ်ိဳ႕ ရွိေနပါတယ္။ နည္းျပ အာေတတာကလည္း သူ႔အေနနဲ႔ အာဆင္နယ္အေစာပိုင္းေန႔ရက္ေတြမွာ နည္းျပထိုင္ခုံေပၚ ဆက္ရွိႏိုင္ခဲ့တာဟာ ကံတရားရဲ႕ ေဖးမမႈေၾကာင့္လည္း ပါဝင္တယ္လို႔ လက္ခံထားပါတယ္။
” အတိအက်ေတာ့ ကြၽန္ေတာ္ မေျပာတတ္ပါဘူး။ အတိတ္ေန႔ရက္ေတြမွာ ျဖစ္ပ်က္ခဲ့တာေတြက အမ်ားႀကီးေလ။ ဘယ္မွာမွ အေတြ႕အႀကဳံမရွိေသးတဲ့ အစိမ္းသက္သက္ နည္းျပတဦးအေနနဲ႔ ကိုဗစ္ကာလ (၂) ႏွစ္အပါအဝင္ ဒီလိုအေျခအေနေတြကို ရင္ဆိုင္ခဲ့ရတာဟာ မလြယ္ကူပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ ကလပ္အသင္းတြင္းပဲျဖစ္ျဖစ္၊ ျပင္ပမွာပဲျဖစ္ျဖစ္ စိန္ေခၚမႈေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားခဲ့ရပါတယ္။ ဘယ္ေလာက္အထိ တိုးတက္လာသလဲဆိုတာ ျပန္ေတြးၾကည့္ရင္ ကြၽန္ေတာ့္အေနနဲ႔ နည္းျပထိုင္ခုံေပၚ ဆက္ရွိေနခဲ့တာ ကံေကာင္းခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ ”
” ကြၽန္ေတာ့္အေနနဲ႔ေတာ့ ဒီခရီးကို စိတ္ႏွစ္ၿပီး ျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။ ေန႔ရက္တိုင္းကို ေနာက္ဆုံးေန႔အျဖစ္ သတ္မွတ္ၿပီးပဲ ေနထိုင္ခဲ့တာပါ။ ေန႔ရက္တိုင္းက သင္ခန္းစာေတြ၊ စိန္ေခၚမႈေတြပဲ ျဖစ္ေနေလေတာ့ ဒီလိုအလုပ္မ်ိဳးကို လက္ခံႀကိဳးစားဖို႔ လိုအပ္တာေပါ့။ ”
ကလပ္အသင္းပိုင္ရွင္ က႐ြန္ကီ မိသားစုရဲ႕ ပံ့ပိုးေပးမႈနဲ႔ ပတ္သက္လို႔လည္း နည္းျပ အာေတတာက ” သူတို႔ကိုယ္တိုင္ ဘယ္ကိုေရာက္ခ်င္သလဲ … သူတို႔ပိုင္ဆိုင္တဲ့ ဒီကလပ္နဲ႔ပတ္သက္လို႔ ဘယ္ေလာက္အထိ တန္ဖိုးထားသလဲ … သူတို႔ ဘယ္ေလာက္အထိ ဆုံးျဖတ္ႏိုင္မလဲ … ဒီကလပ္အသင္းကို မွန္ကန္တဲ့နည္းလမ္းေတြနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ တည္ေဆာက္ႏိုင္မလဲ … အစရွိတာေတြအတြက္ အခ်ိန္တခုေတာ့ ယူခဲ့ရပါတယ္။ ”
” ကြၽန္ေတာ့္အျမင္မွာေတာ့ သူတို႔ဟာ မွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာ တကယ္လည္း စိတ္ရွည္ခဲ့ပါတယ္။ အခုေတာ့ သူတို႔ဟာ ကလပ္အသင္းအတြက္ အမွန္တကယ္ စိတ္ႏွစ္ထားေၾကာင္း ျပသႏိုင္ခဲ့ၿပီလို႔ ထင္ပါတယ္။ သူတို႔ဟာ ရည္မွန္းခ်က္ႀကီးမားတယ္။ ကလပ္အသင္းေအာင္ျမင္ဖို႔အတြက္ ေနာက္ကြယ္ကေန အရာအားလုံး ပံ့ပိုးေပးသြားဖို႔ အသင့္ရွိေနၾကပါတယ္။ ”
” အသင္းပိုင္ရွင္ေတြအေနနဲ႔ ဒီကလပ္အသင္းေအာင္ျမင္ဖို႔အတြက္ ဒီလိုအရာအားလုံး ဆက္လက္ပံ့ပိုးေပးသြားမယ္ဆိုတာ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကလပ္အသင္းကို နည္းလမ္းမွန္ကန္စြာနဲ႔ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံေပးသြားမယ္လို႔လည္း ထင္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။
Ref : ESPN
- Posted In:
- Exclusive Interview
- Manager's Talk