အဲဗာတန်အမှတ်လျှော့ခံရမှု၊ အက်ဖ်အေစွဲချက်၊ ဂျေးဇုဒဏ်ရာတို့နဲ့ပတ်သက်ပြီး အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ဘရန့်တ်ဖို့ဒ်နဲ့ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဲဗာတန်အပေါ် FFP ရဲ့ ရမှတ်လျှော့ချမှု၊ အက်ဖ်အေရဲ့ စွဲချက်၊ ဂျေးဇုဒဏ်ရာအခြေအနေ၊ အော်ဒီဂွါဒ် ပြန်လည်ပါဝင်လာနိုင်ခြေ စတဲ့အချက်တွေအပါအဝင် ပရိသတ်တွေ သိလိုသမျှမေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။
မေး- အော်ဒီဂွါဒ် ကစားပေးနိုင်မလား။
ဖြေ- ကစားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ နောက်ထပ် လေ့ကျင့်ရေးအချိန်တစ်ခု ဒီနေ့ရှိပါသေးတယ်။ ဒါပေမယ့် သူ ကောင်းကောင်း တိုးတက်မှုရှိနေပြီး ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မေး-သူ နယူးကာဆယ်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်ခဲ့တာနော်။ ဟုတ်လား။
ဖြေ-ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်နှရက်မှန်း မသိခဲ့လို့ပါ။ အဲဒါက အချို့အရာတွေပေါ်မှာ မူတည်ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ လိုချင်တဲ့အချိန်ထက် နှောင့်နှေးခဲ့ပေမယ့် ကစားသမားကို ကာကွယ်ခဲ့တာပါ။
မေး- ဂျေးဇုရော ကစားပေးနိုင်မလား။
ဖြေ-သူ ကစားပေးနိုင်မှာပါ။ သူ တကယ်ကို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ပွဲမှာ ၉၆ မိနစ် ကစားပေးခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ် လေ့ကျင့်ရေးအချိန်ရှိပါသေးတယ်။ သူတို့တွေ လေယာဉ်အကြာကြီး စီးခဲ့ရတယ်။ ကျွန်တော် ကစားသမားတစ်ဦးချင်းစီကို နောက်ဆုံးပွဲထွက်လူစာရင်းထဲ မခေါ်ခင် အခြေအနေကြည့်သွားမှာပါ။
မေး-ဘန် ဝှိုက်ရော ကစားပေးနိုင်မလား။
ဖြေ- သူ ဒီနေ့ လေ့ကျင့်ရေးဆင်းနိုင်ရင် သူ ကစားလို့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက နောက်ထပ် နာရီအနည်းငယ်အထိ ရှာဖွေရဦးမယ့် မေးခွန်းပါ။
မေး- ရမ်းစ်ဒေးလ် ပွဲထွက်လာမှာလား။
ဖြေ- ဟုတ်ပါတယ်။
မေး- သူ ပွဲထွက်ရမယ်ဆိုတာကို သိသွားတဲ့အချိန်မှာ ဘာကွာခြားမှုကို မြင်ရလဲ။
ဖြေ- ဟင့်အင်း။ ကစားသမားတိုင်းက ကစားချင်ကြမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေအားလုံး ကစားရဖို့ စိတ်လှုပ်ရှားကြတယ်။ တစ်ခါတလေ သူတို့တွေ ပွဲမတိုင်ခင် တစ်ရက် ဒါမှမဟုတ် နာရီအနည်းငယ်မှာ စိတ်ပျက်ကြရတယ်။ ကစားသမားတိုင်းကတော့ ကစားချင်စိတ်ရှိကြပါတယ်။
မေး- ဒါပေမယ့်လည်း သူက အရမ်းအံ့အားသင့်စရာကောင်းတဲ့ပွဲကို ကစားခဲ့ပြီး ပင်နယ်တီ ၂ ကြိမ် ကာကွယ်ခဲ့ရင်တောင်မှပဲ လွန်းစ်နဲ့ ကစားရမယ့် ဗုဒ္ဓဟူးနေ့ပွဲကို ကစားခွင့်ရမှာမို့လို့လား။
ဖြေ- သူ ပင်နယ်တီ ၂ ကြိမ် တားဆီးဖို့ မလိုအပ်ပါစေနဲ့လို့ မျှော်လင့်မိပြီး အံ့အားသင့်စရာပွဲတော့ ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။
မေး- တင်းဘားရော ဘယ်လို ပူးပေါင်းပါဝင်နေလဲ။
ဖြေ- အရမ်းကောင်းပါတယ်။ လုံးဝကို ကောင်းမွန်ပါတယ်။ ခင်ဗျား ဒီအဆောက်အအုံထဲက လူတိုင်း သူနဲ့ ရင်းနှီးတဲ့သူတိုင်းကို မေးလိုက်ရင် သူက တကယ်ကို ထူးခြားတဲ့ စရိုက်မျိုးရှိတဲ့ကစားသမားလို့ ပြောလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို ခေါ်ခဲ့တဲ့အချိန်တုန်းက တကယ်ကို အထင်ကြီးခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လေ့ကျင့်ရေး ဆင်းနေတဲ့အချိန်မှာ ဝိုး အံ့အားသင့်စရာကောင်းလိုက်တဲ့ကစားသမားဆိုပြီး ဖြစ်ရတဲ့ ကစားသမားမျိုးမို့လို့ပါ။ ဒါပေမယ့် ဒီကစားသမားက ကြီးမားတဲ့ ဒဏ်ရာရခဲ့ပြီး ဖြတ်သန်းဖို့ခက်တဲ့ အခိုက်အတန့်မှာ ရှိနေပါတယ်။ သူက ဒီအခြေအနေကို ဖြတ်သန်းနေတဲ့ပုံစံက အရမ်းကို ထူးခြားပါတယ်။ တကယ်ကို ထူးခြားပါတယ်။
မေး- သူ မကြာခင် မြက်ခင်းပေါ် ပြန်ရောက်လာနိုင်ခြေရှိလား။
ဖြေ-ကျွန်တော်လည်း မျှော်လင့်မိပါတယ်။ အရမ်းကွဲပြားခြားနားတဲ့ လှုပ်ရှားမှုမျိုးကို လုပ်နေရတယ်။ သူက လမ်းတော့ နည်းနည်းလျှောက်နေပါပြီ။ ဒါပေမယ့် အဲဒါက ယှဉ်ပြိုင်မှုနဲ့တော့ တော်တော်ဝေးပါသေးတယ်။ ဒါပေမယ့် သူက ကောင်းမွန်တဲ့နေရာမှာ ရှိနေပါတယ်။
မေး- ခင်ဗျား ဂေါ်ဒွန်ဂိုးနဲ့ပတ်သက်ပြီး အက်ဖ်အေကို လေ့လာတွေ့ရှိမှုတွေ ပို့ပြီးပြီးပြီလား။
ဖြေ- ပို့ထားတယ်။ ကျွန်တော်တို့ လေ့လာတွေ့ရှိမှုတွေ ရှိထားပါတယ်။ ကျွန်တော်တို့ဘက်က ပြောချင်တဲ့အချက်တွေရယ် ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းတွေရယ်ပါ။ ဒါက ကျွန်တော် ဒီထက်ပိုပြီး အများကြီး မှတ်ချက်ပေးနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။
မေး- ဒီကိစ္စကို ကိုင်တွယ်နေခဲ့တဲ့ ပုံစံနဲ့ပတ်သက်ပြီး ကျေနပ်လား။
ဖြေ- ကျေနပ်ပါတယ်။ လုပ်ဆောင်မှုတွေရှိနေပြီး ခင်ဗျားရဲ့ လေ့လာတွေ့ရှိချက်တွေပေးဖို့နဲ့ မှန်ကန်တဲ့နည်းလမ်းအတိုင်း ခင်ဗျား ဘာသာ ဖြေရှင်းဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ကျွန်တော်တို့မှာ လုပ်ဆောင်မှုတွေနဲ့ လုင်ငန်းစဉ်တွေ ရှိနေပါတယ်။ အဲဒီတော့ ဘာတွေဖြစ်လာမလဲ ကြည့်တာပေ့ါ။
မေး- မနက်ဖြန် ခင်ဗျားအတွက် အာဆင်နယ်နည်းပြဘဝ ပွဲ ၂၀၀ မြောက်ပွဲဖြစ်လာမှာနော်။ အဲဒါက ခင်ဗျားကို ဘယ်လိုခံစားရစေလဲ။
ဖြေ-အရမ်းကောင်းတယ်။ ဒီကိန်းဂဏန်းအထိ ရောက်ရှိလာခဲ့တာ တကယ် ဂုဏ်ယူမိတယ်။ ကြီးမားတဲ့ကလပ်အသင်းမှာ အဲဒီလို ကိန်းဂဏန်းရောက်လာဖို့က တကယ်ခက်ပါတယ်။ ဒါက ခင်ဗျား ပွဲတွေအများကြီး အနိုင်ကစားရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး နောက်ထပ် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးလာဦးမယ်လို့ မျှော်လင့်မိပါတယ်။
မေး- နောက်ထပ် ၂၀၀ ကို ပြောတာလား။
ဖြေ- ဒါမှမဟုတ် ၃၀၀ ပေါ့။ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ အလုပ်မှာ အရေးအကြီးဆုံးက မနက်ဖြန်ပါ။ ဒါကပဲ အရေးပါတာပါ။
မေး- ခင်ဗျားက ဘရန့်တ်ဖို့ဒ်နဲ့ အဝေးကွင်းရလဒ်ကောင်းတွေ ရှိတဲ့ပုံပဲ။ ဘာကြောင့်လဲ။
ဖြေ- ဒါက ခင်ဗျား အဲဒါကို ဘယ်လိုကြည့်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော်တို့ ရာသီကို ခက်ခက်ခဲခဲ စတင်ခဲ့ရတယ်။ အဲဒီကနေ ကျွန်တော်တို့ လေ့လာသင်ယူခဲ့တယ်။ သူတို့တွေက တကယ်ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ အဲဒါက ကစားဖို့ တကယ်ကို ခက်ခဲတဲ့နေရာပါ။ ခင်ဗျား ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် သူတို့တွေက ခင်ဗျားအတွက် ခက်ခဲအောင် လုပ်နိုင်တယ်ဆိုတာ သိမှာပါ။ သူတို့တွေက ကောင်းကောင်း လေ့ကျင့်ပေးခြင်းခံထားရပြီး အဲဒါက ခက်ခဲပါလိမ့်မယ်။ မနက်ဖြန် ခက်ခဲတဲ့ပွဲဖြစ်မှာပါ။
မေး- ခင်ဗျား စီးတီးနဲ့ လီဗာပူးလ်တို့ပွဲကို ကြည့်မှာလား။
ဖြေ- ကျွန်တော်တို့ ဘောလုံးပွဲတွေ ကြည့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လိဂ်ကို စိတ်ဝင်စားလို့ဖြစ်ပြီး အရာအားလုံးရဲ့ ထိပ်မှာ ရှိနေချင်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲ အမြဲတမ်း အာရုံစိုက်ပါတယ်။
မေး- ခင်ဗျား အက်ဖ်အေရဲ့ စွဲချက်ကို ယှဉ်ပြိုင်သွားမှာလား။
ဖြေ- အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးအပေါ်မှာ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်တွေ၊ ထင်မြင်ယူဆချက်တွေပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ လုပ်သွားမယ့်အရာပါ။
မေး- ဘာတွေဖြစ်ခဲ့လဲဆိုတာကို နားလည်အောင် ခင်ဗျား ထပ်ပြောပေးနိုင်မလား။
ဖြေ- အဲဒါက မဖြစ်နိုင်ပါဘူး။ အဲဒါက ပွဲစဉ်ထဲမှာရှိနေသလိုပါပဲ။ ကျွန်တော်တို့ ရှုံးသွားရင် ခင်ဗျား တူညီတဲ့လူစာရင်းကို ထပ်ထုတ်မှာလား။ အဲဒါက လွယ်ပါတယ်။ ဟုတ်တယ်မလား။ ကျွန်တော်တို့ နောက်ပြန်ရစ်ပြီး သူ့ဆီကို ဘောလုံးပေးလိုက်လို့ ပြောလို့ရရင် ကောင်းမယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ဘူးလေ။ ခင်ဗျား အရာအားလုံးဆီကနေ လေ့လာသင်ယူရမယ်။ အဲဒါတော့ သေချာတယ်။
မေး- တိုမိယဆုက ဒီအပတ်မှာ အသင်းကနေ ထွက်ဖို့ သတင်းတွေ ထွက်ခဲ့တယ်။ အဲဒီသတင်းအပေါ်မှာ ခင်ဗျားရဲ့ ရပ်တည်မှုက ဘယ်လိုလဲ။
ဖြေ- ကျွန်တော် သူ့ကို တကယ် ဆက်နေစေချင်ပါတယ်။ ကျွန်တော် ကစားသမားကို အရမ်းတန်ဖိုးထားတယ်။ သူ့ကို တကယ်နှစ်သက်တယ်။ သူက အသင်းမှာရှိတဲ့လူအားလုံးရဲ့ ချစ်မြတ်နိုးမှု၊ လေးစားမှုကို ခံရတဲ့သူပါ။ သူက အခုဆိုရင် ပွဲကစားချိန် အများကြီးရနေတယ်။ ကျွန်တော်တို့ အသင်းပေါ်မှာ အကျိုးသက်ရောက်မှု ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ကစားပေးနိုင်တဲ့ အဆင့်အတန်းမှာလည်း သူ ရှိနေပါတယ်။ သူက ကျွန်တော်တို့နဲ့ပဲ ဆက်ပြီး ရှိနေပါလိမ့်မယ်။
မေး- နောက်ကျမှ ကန်ရင် အားသာချက်က ဘယ်လောက်များလဲ။
ဖြေ- နည်းပြအားလုံးကတော့ ဖြစ်နိုင်ရင် စနေနေ့ထက် တနင်္ဂနွေနေ့ ဒါမှမဟုတ် တနင်္လာနေ့မှာ ကစားချင်ကြပါလိမ့်မယ်။ အထူးသဖြင့် ကမ္ဘာအနှံ့ လေယာဉ်စီးပြီး နိုင်ငံတကာပွဲတွေ အများကြီး ကစားခဲ့ရတဲ့ အသင်းတွေပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိကျသေချာတဲ့ နှစ်မြှုပ်ပေးဆပ်မှုတွေ ရှိရမှာဖြစ်ပြီး ပွဲချိန်စာရင်းနဲ့ပတ်သက်ပြီး အများကြီး ပြောလို့မရပါဘူး။ ကျွန်တော်တို့ အဲဒါနဲ့ အသားကျအောင်ပဲ လုပ်ရမှာပါ။
မေး- ရမ်းစ်ဒေးလ်ကို အာဆင်နယ်မှာ ရှိနေတဲ့အချိန်အတွင်းမှာပဲ အင်္ဂလန်ပွဲထွက်ဂိုးသမားနေရာအတွက် ပြိုင်ပွဲထဲမှာပဲ ရှိနေလိမ့်မယ်လို့ ယုံကြည်လာအောင် ခင်ဗျား ဘယ်လို စည်းရုံးမလဲ။
ဖြေ- ကျွန်တော့်အလုပ်က ကစားသမားတိုင်းကို နေ့တိုင်း ပိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာအောင် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းနဲ့ ကူညီပေးဖို့ပါ။ သူတို့ ကစားသမားဘဝမှာ အလားအလာရှိသလောက် ဖြစ်လာနိုင်ဖို့နဲ့ သူတို့တွေ ရောက်နိုင်တဲ့ အမြင့်မားဆုံးအဆင့်အတန်းကို ရောက်အောင် အကောင်းဆုံးအခွင့်အရေး ပေးဖို့ပါပဲ။ ဘယ်ကစားသမား ဒါမှမဟုတ် ဘယ်နေရာက ဖြစ်ရမယ်ဆိုတဲ့ ချွင်းချက်မျိုး မရှိပါဘူး။
မေး-အဲဗာတန် ၁၀ မှတ်လျှော့ခံခဲ့ရတယ်။ ခင်ဗျား ဘယ်လိုတုံ့ပြန်ချင်လဲ။
ဖြေ-ကျွန်တော် အသင်းနဲ့ အရမ်းကို ဆက်နွယ်မှုရှိတယ်လို့ ခံစားရပါတယ်။ အသင်းကို ခက်ခဲတဲ့ နေရာကို တွန်းပို့ခဲ့တာ သိသာပြီး အရမ်းခက်ခဲတဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် သူတို့တွေ တခြား အခြေအနေတွေအများကြီးမှာ ရှိနေခဲ့ဖူးပြီး အမြဲတမ်း ထွက်ပေါက်ကို ရှာတွေ့ခဲ့ပါတယ်။ အသင်းရဲ့ အရည်အသွေးကို ဖော်ပြပါဆိုရင် ရဲစွမ်းသတ္တိရှိမှု၊ စိတ်ပိုင်းဖြတ်နိုင်မှု၊ တိုက်ပွဲဝင်နိုင်စွမ်းပါ။ သူတို့တွေ ဘာမဆို တိုက်ခိုက်သွားမှာဖြစ်ပြီး သူတို့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
မေး- အဲဒီလောက်ကြီး အတိုင်းအတာဖြစ်ခဲ့တာကြောင့် အံ့အားသင့်ခဲ့လား။ အဲဒါက ကြီးမားတဲ့ အခိုက်အတန့်တစ်ခုဖြစ်ခဲ့လား။
ဖြေ- ကျွန်တော် မသိဘူး။ဒါပေမယ့် သတင်းကတော့ ကျွန်တော့်ကို အံ့အားသင့်စေခဲ့တယ်။ အဲဒါက ရာသီလယ်မှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ဒါမှမဟုတ် ဇာတ်လမ်းတစ်ခုလုံး အတွင်းကျကျ မသိပါဘူး။ အဲဒီတော့ မှတ်ချက်ပေးဖို့ ခက်ပါတယ်။
မေး-ဟောင်းဝပ်ဝက်ဘ်က VAR ကို အပြစ်လွှတ်ပေးနေတယ်။ နည်းပြတွေက သူတို့ထင်မြင်ချက်ကို ပေးတဲ့အတွက် မမျှမတ အပြစ်ပေးခံနေရတာလား။
ဖြေ- ကျွန်တော်တို့ ဆက်သွယ်ပြောဆိုနေကြတာက ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲကို တိုးတက်စေချင်တယ်။ အားလုံးပါပဲ။ နည်းပြတွေ၊ ဒိုင်လူကြီးတွေ၊ တာဝန်ရှိသူတွေ၊ ပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာတွေ၊ မီဒီယာတွေ အကုန်လုံးပါပဲ။ ကျွန်တော်တို့ အားလုံး ပိုကောင်းတဲ့ပြိုင်ပွဲဖြစ်စေချင်တယ်။ ဒါပေမယ့် ပိုကောင်းတဲ့ပြိုင်ပွဲဖြစ်ဖို့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိရပါမယ်။ လေးစားသမှုနဲ့ အပြုသဘောဆောင်တဲ့ပုံစံနဲ့ အဲဒါကို မြှင့်တင်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် ခင်ဗျား ပိုကောင်းမလာနိုင်ပါဘူး။ အဲဒီတော့ သူတို့တွေ မီဒီယာရှေ့မှာ အခြေအနေကို ရှင်းလင်းနေတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အဲဒါက ပွင့်လင်းမြင်သာမှုကို ယူဆောင်လာတယ်လို့ ထင်ပါတယ်။
မေး- ဂျော်ဂျင်ညို စာချုပ်သစ် ချုပ်မှာလား။
ဖြေ-ကျွန်တော် ဂျော်ဂျီနဲ့ပတ်သက်ပြီး တကယ်ပျော်နေတယ်။ သူက အသင်းကို ပိုကောင်းလာအောင် ကူညီပေးနေတယ်။ ကြည့်တာပေါ့။
မေး- ခင်ဗျား အဲဒီဆုံးဖြတ်ချက်ကို ဘယ်တော့ချမှာလဲ။
ဖြေ- အဲဒါက အီဒူး ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို မေးရမယ့် မေးခွန်းပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ ဂျီတက်ခ်ျကွန်မြူနတီကွင်းမှာ ဘရန့်တ်ဖို့ဒ်နဲ့ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဲဗာတန်အပေါ် FFP ရဲ့ ရမှတ်လျှော့ချမှု၊ အက်ဖ်အေရဲ့ စွဲချက်၊ ဂျေးဇုဒဏ်ရာအခြေအနေ၊ အော်ဒီဂွါဒ် ပြန်လည်ပါဝင်လာနိုင်ခြေ စတဲ့အချက်တွေအပါအဝင် ပရိသတ်တွေ သိလိုသမျှမေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။
ဖြေ- ဟုတ်ပါတယ်။