အဲဗာတန်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ 1024 504 coyg

အဲဗာတန်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာတီတာဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။

မေး-၂၀၁၇ ခုနှစ်နောက်ပိုင်း အဲဗာတန်အိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲရခဲ့တဲ့အပေါ်။
ဖြေ- တကယ် ပျော်ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်နဲ့ ကစားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ခဲ့တာ ၆ နှစ်ရှိခဲ့ပါပြီ။ ဒါက ကျွန်တော်တို့ရှေ့မှာ ရှိနေတဲ့ စိန်ခေါ်မှုဖြစ်ပြီး အခွင့်အရေးလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ လိုတဲ့အရာအားလုံးကို ကြိုးစားခဲ့ပြီး ကွင်းထဲမှာ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ပွဲအတွင်းမှာ လွှမ်းမိုးမှုအများကြီးလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘာမှ ပြန်မပေးခဲ့ဘူး။ ဒီနေရာမှာ ဒီလို လုပ်နိုင်တဲ့အတွက်ကစားသမားတွေကို ကြီးကြီးမားမား ချီးမွမ်းရမှာပါ။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်ဖို့က လုံးဝကို မလွယ်လို့ပါ။

မေး-အနိုင်ရခဲ့တဲ့ ဂိုးရလဒ်အပေါ်မှာရော။
ဖြေ- ကျွန်တော်တို့ အရာအားလုံးအပေါ်မှာ အလုပ်လုပ်တယ်။ နည်းပြတိုင်း လုပ်ရမယ့်အရာကို လုပ်တယ်။ ခင်ဗျား ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အခါမှာ ခင်ဗျား ပြိုင်ဘက်တွေရဲ့ အားနည်းချက်ကို ရှာဖို့နဲ့ ခင်ဗျားရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ ကြိုးစားရမှာပါ။ ဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားခဲ့တဲ့ရလဒ်နဲ့ လုပ်ချင်တဲ့ရလဒ်ပါ။ ရလဒ်ကလည်း ထွက်လာခဲ့တယ်။ ကျွန်တော်တို့ နည်းလမ်းပေါင်းများစွာနဲ့ အဖွင့်ဂိုးဖြစ်လာနိုင်တဲ့အခွင့်အရေးတွေ ရှာတွေ့ခဲ့ပြီး နောက်ဆုံးပေးပို့မှုတွေမှာ သပ်ရပ်သင့်သလောက် သပ်ရပ်ခဲ့တယ်။ အဲဒါကို လုပ်ဖို့က နောက်ဆုံး လုပ်ဆောင်မှုနဲ့ နောက်ဆုံးအဆုံးသတ်ပါပဲ။ သူတို့ကိုလည်း ချီးကျူးပါတယ်။ ဘာလို့လဲဆိုတော့ ပင်နယ်တီဧရိယာကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့လို့ပါ။ ဒီပွဲက မာတီနယ်လီဂိုးသာ ခွင့်ပြုခံခဲ့ရရင် အရမ်းကို ကွဲပြားခြားနားတဲ့ပွဲဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီဂိုးကို ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီနေ့ အရမ်းအရမ်း ပျော်နေပါတယ်။

မေး- မာတီနယ်လီ ဒဏ်ရာရော။
ဖြေ- သူ ဂိုးအတွက် ပြေးလွှားရင်းဖြစ်သွားခဲ့တာပါ။ သာမန်အားဖြင့် သူက ကြွက်သားဒဏ်ရာရတတ်တဲ့သူမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူ့ကို လူစားလဲခဲ့ရတယ်။ ကြည့်ကြတာပေ့ါ။

မေး- ပွဲအတွင်းက ထောင့်ကန်ဘော အမြန်လူပေးနည်းဗျူဟာကရော။
ဖြေ- ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်ဖို့ အခြေအနေတိုင်းကို ပြင်ဆင်ခဲ့တယ်။ ကျွန်တော်တို့ ပြိုင်ဘက်ကို ဘာတစ်ခုမှ မပေးချင်ဘူးဆိုတာ ခင်ဗျား တွေးကြည့်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ တည်ကန်ဘောတွေ လေ့ကျင့်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက်လည်း ကြီးမားတဲ့အရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တိုက်စစ်ဧရိယာမှာ အချိန်တော်တော်များများရှိနေပြီး တည်ကန်ဘောကန်ရာမှာလည်း ကောင်းဖို့ လိုလို့ပါ။ ဒါက အသင်းတွေအားလုံးအတွက် အနိုင်ရရှိနိုင်မယ့် နည်းလမ်းမို့လို့ပါ။

မေး- ၃ ပွဲဆက်တိုက် လူစားဝင်ကစားသမားက ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာရော။
ဖြေ- ဘယ်သူကမှ တစ်နေရာအတွက် အာမခံချက်မရှိပါဘူး။ ကျွန်တော်လည်း အာမခံချက်မပေးထားဘူး။ ခင်ဗျားက ဒီမှာ အမြင့်မားဆုံးအဆင့်အတန်းမှာ စွမ်းဆောင်ပြီး နိုင်ပွဲတွေရဖို့ ကျွန်တော်တို့ကို ကူညီပေးရမယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်ဟာပဲ။ ဘယ်သူ့အတွက်မှ အဲဒါက မပြောင်းလဲသွားဘူး။ ကျွန်တော်တို့ အဲဒီစံနှုန်းတွေကို ကိုယ့်ဘာသာ သတ်မှတ်တယ်။ အသင်းအတွင်းပိုင်းထဲမှာ ဘာတွေပဲဖြစ်နေနေ အဲဒီထက်ပိုပြီး ကြီးမားတဲ့အရာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့မှာ ရှိနေတဲ့ အဆုံးသတ်ပဲ။

မေး- ရာယာကို ဘာလို့ ပွဲထွက်ခွင့်ပေးဖို့ ရွေးတာလဲ။
ဖြေ- ဖေဘီယိုက ဟာဗတ်ဇ်နေရာမှာ ကစားတယ်။ အက်ဒီက ဂျေးဇုနေရာမှာ ကစားတယ်။ ဒါက တူညီတဲ့ အလှည့်ကျစနစ်ပဲ။ ဘာကြောင့် ဂါဘရီယဲလ်ကိုကျ ပွဲထွက်ခွင့်မပေးတာလဲဆိုပြီး ကျွန်တော် အမေးမခံရဘူး။ သူက အဝတ်လဲခန်းထဲမှာ ကျွန်တော်အပါအဝင် အားလုံးထက် ဆုဖလားတွေ ပိုရခဲ့တယ်။ ဒါပေမယ့် သူတို့တွေ မမေးကြဘူး။ ကျွန်တော် ကစားသမား ၂ ဦးကို တစ်နေရာတည်းမှာ သုံးလို့မရလို့ မကစားခိုင်းတာပါ။ ဒေးဗစ်က အာရွန်နဲ့ ကားလ်လိုပဲ ကြီးမားတဲ့ အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအရည်အချင်းတွေကို အသုံးပြုရမယ်။ ဒါပါပဲ။

မေး- ရမ်းစ်ဒေးလ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကို ဘယ်လို တုံ့ပြန်စေချင်လဲ။
ဖြေ- ဂျေးဇုအတိုင်း၊ တိုမီယဆုအတိုင်းပဲပေါ့။ ကျွန်တော်တို့ ကစားသမား ၁၁ ဦးနဲ့ ကစားနေရပြီး ၁၀+၁ ဒါမှဟုတ် ၁၀ ယောက်၊ ၉ ယောက်နဲ့ ကစားတာမဟုတ်ပါဘူး။ သူ့ရဲ့ တုံ့ပြန်မှုက အတိအကျ တူညီပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာတီတာဟာ ဂြတ္ဒီဆင္ပါ့ခ္မွာ အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ် ေမးခြန္းေတြကို အေျဖေပးခဲ့ပါတယ္။

ေမး-၂၀၁၇ ခုႏွစ္ေနာက္ပိုင္း အဲဗာတန္အိမ္ကြင္းမွာ ပထမဆုံး ႏိုင္ပြဲရခဲ့တဲ့အေပၚ။
ေျဖ- တကယ္ ေပ်ာ္ပါတယ္။ ကြၽန္ေတာ္တို႔ စြမ္းေဆာင္ရည္နဲ႔ ကစားခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး အလြန္အမင္း ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီလို မလုပ္ႏိုင္ခဲ့တာ ၆ ႏွစ္ရွိခဲ့ပါၿပီ။ ဒါက ကြၽန္ေတာ္တို႔ေရွ႕မွာ ရွိေနတဲ့ စိန္ေခၚမႈျဖစ္ၿပီး အခြင့္အေရးလည္း ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ဖို႔ လိုတဲ့အရာအားလုံးကို ႀကိဳးစားခဲ့ၿပီး ကြင္းထဲမွာ လုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲအစကေန အဆုံးအထိ လႊမ္းမိုးႏိုင္ခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့တယ္။ ပြဲအတြင္းမွာ လႊမ္းမိုးမႈအမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဘာမွ ျပန္မေပးခဲ့ဘူး။ ဒီေနရာမွာ ဒီလို လုပ္ႏိုင္တဲ့အတြက္ကစားသမားေတြကို ႀကီးႀကီးမားမား ခ်ီးမြမ္းရမွာပါ။ ဘာလို႔လဲဆိုေတာ့ ဒီလိုလုပ္ဖို႔က လုံးဝကို မလြယ္လို႔ပါ။

ေမး-အႏိုင္ရခဲ့တဲ့ ဂိုးရလဒ္အေပၚမွာေရာ။
ေျဖ- ကြၽန္ေတာ္တို႔ အရာအားလုံးအေပၚမွာ အလုပ္လုပ္တယ္။ နည္းျပတိုင္း လုပ္ရမယ့္အရာကို လုပ္တယ္။ ခင္ဗ်ား ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အခါမွာ ခင္ဗ်ား ၿပိဳင္ဘက္ေတြရဲ႕ အားနည္းခ်က္ကို ရွာဖို႔နဲ႔ ခင္ဗ်ားရဲ႕ အားနည္းခ်က္ကို ဖုံးကြယ္ဖို႔ ႀကိဳးစားရမွာပါ။ ဒါက ကြၽန္ေတာ္တို႔ လုပ္ဖို႔ ႀကိဳးစားခဲ့တဲ့ရလဒ္နဲ႔ လုပ္ခ်င္တဲ့ရလဒ္ပါ။ ရလဒ္ကလည္း ထြက္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ နည္းလမ္းေပါင္းမ်ားစြာနဲ႔ အဖြင့္ဂိုးျဖစ္လာႏိုင္တဲ့အခြင့္အေရးေတြ ရွာေတြ႕ခဲ့ၿပီး ေနာက္ဆုံးေပးပို႔မႈေတြမွာ သပ္ရပ္သင့္သေလာက္ သပ္ရပ္ခဲ့တယ္။ အဲဒါကို လုပ္ဖို႔က ေနာက္ဆုံး လုပ္ေဆာင္မႈနဲ႔ ေနာက္ဆုံးအဆုံးသတ္ပါပဲ။ သူတို႔ကိုလည္း ခ်ီးက်ဴးပါတယ္။ ဘာလို႔လဲဆိုေတာ့ ပင္နယ္တီဧရိယာကို ေကာင္းေကာင္း ကာကြယ္ႏိုင္ခဲ့လို႔ပါ။ ဒီပြဲက မာတီနယ္လီဂိုးသာ ခြင့္ျပဳခံခဲ့ရရင္ အရမ္းကို ကြဲျပားျခားနားတဲ့ပြဲျဖစ္ခဲ့ပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီဂိုးကို ခြင့္မျပဳခဲ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီေန႔ အရမ္းအရမ္း ေပ်ာ္ေနပါတယ္။

ေမး- မာတီနယ္လီ ဒဏ္ရာေရာ။
ေျဖ- သူ ဂိုးအတြက္ ေျပးလႊားရင္းျဖစ္သြားခဲ့တာပါ။ သာမန္အားျဖင့္ သူက ႂကြက္သားဒဏ္ရာရတတ္တဲ့သူမ်ိဳးမဟုတ္ဘူး။ ဒါေပမယ့္ သူ႔ကို လူစားလဲခဲ့ရတယ္။ ၾကည့္ၾကတာေပ့ါ။

ေမး- ပြဲအတြင္းက ေထာင့္ကန္ေဘာ အျမန္လူေပးနည္းဗ်ဴဟာကေရာ။
ေျဖ- ကြၽန္ေတာ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ထိန္းသိမ္းႏိုင္ဖို႔ အေျခအေနတိုင္းကို ျပင္ဆင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ၿပိဳင္ဘက္ကို ဘာတစ္ခုမွ မေပးခ်င္ဘူးဆိုတာ ခင္ဗ်ား ေတြးၾကည့္လို႔ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ တည္ကန္ေဘာေတြ ေလ့က်င့္ခဲ့တယ္။ ဒါက ကြၽန္ေတာ္တို႔အတြက္လည္း ႀကီးမားတဲ့အရာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က တိုက္စစ္ဧရိယာမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားရွိေနၿပီး တည္ကန္ေဘာကန္ရာမွာလည္း ေကာင္းဖို႔ လိုလို႔ပါ။ ဒါက အသင္းေတြအားလုံးအတြက္ အႏိုင္ရရွိႏိုင္မယ့္ နည္းလမ္းမို႔လို႔ပါ။

ေမး- ၃ ပြဲဆက္တိုက္ လူစားဝင္ကစားသမားက ဂိုးသြင္းယူႏိုင္ခဲ့တဲ့အေပၚမွာေရာ။
ေျဖ- ဘယ္သူကမွ တစ္ေနရာအတြက္ အာမခံခ်က္မရွိပါဘူး။ ကြၽန္ေတာ္လည္း အာမခံခ်က္မေပးထားဘူး။ ခင္ဗ်ားက ဒီမွာ အျမင့္မားဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္ၿပီး ႏိုင္ပြဲေတြရဖို႔ ကြၽန္ေတာ္တို႔ကို ကူညီေပးရမယ္။ ဒါက ကြၽန္ေတာ္တို႔ လုပ္ရမယ့္ဟာပဲ။ ဘယ္သူ႔အတြက္မွ အဲဒါက မေျပာင္းလဲသြားဘူး။ ကြၽန္ေတာ္တို႔ အဲဒီစံႏႈန္းေတြကို ကိုယ့္ဘာသာ သတ္မွတ္တယ္။ အသင္းအတြင္းပိုင္းထဲမွာ ဘာေတြပဲျဖစ္ေနေန အဲဒီထက္ပိုၿပီး ႀကီးမားတဲ့အရာ ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ပါဘူး။ ဒါက ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ အဆုံးသတ္ပဲ။

ေမး- ရာယာကို ဘာလို႔ ပြဲထြက္ခြင့္ေပးဖို႔ ေ႐ြးတာလဲ။
ေျဖ- ေဖဘီယိုက ဟာဗတ္ဇ္ေနရာမွာ ကစားတယ္။ အက္ဒီက ေဂ်းဇုေနရာမွာ ကစားတယ္။ ဒါက တူညီတဲ့ အလွည့္က်စနစ္ပဲ။ ဘာေၾကာင့္ ဂါဘရီယဲလ္ကိုက် ပြဲထြက္ခြင့္မေပးတာလဲဆိုၿပီး ကြၽန္ေတာ္ အေမးမခံရဘူး။ သူက အဝတ္လဲခန္းထဲမွာ ကြၽန္ေတာ္အပါအဝင္ အားလုံးထက္ ဆုဖလားေတြ ပိုရခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြ မေမးၾကဘူး။ ကြၽန္ေတာ္ ကစားသမား ၂ ဦးကို တစ္ေနရာတည္းမွာ သုံးလို႔မရလို႔ မကစားခိုင္းတာပါ။ ေဒးဗစ္က အာ႐ြန္နဲ႔ ကားလ္လိုပဲ ႀကီးမားတဲ့ အရည္အခ်င္းေတြရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအရည္အခ်င္းေတြကို အသုံးျပဳရမယ္။ ဒါပါပဲ။

ေမး- ရမ္းစ္ေဒးလ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာကို ဘယ္လို တုံ႔ျပန္ေစခ်င္လဲ။
ေျဖ- ေဂ်းဇုအတိုင္း၊ တိုမီယဆုအတိုင္းပဲေပါ့။ ကြၽန္ေတာ္တို႔ ကစားသမား ၁၁ ဦးနဲ႔ ကစားေနရၿပီး ၁၀+၁ ဒါမွဟုတ္ ၁၀ ေယာက္၊ ၉ ေယာက္နဲ႔ ကစားတာမဟုတ္ပါဘူး။ သူ႔ရဲ႕ တုံ႔ျပန္မႈက အတိအက် တူညီပါတယ္။

Arsenal Myanmar

Ref: Internet