အခွင့်အရေးတွေကို ပိုမိုရယူကြဖို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ 1024 576 coyg

အခွင့်အရေးတွေကို ပိုမိုရယူကြဖို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ည ခရာဗင် ကော့တေ့ချ်ကို သွားရောက်ပြီး ဖူလ်ဟမ်နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။

မေး- ဝက်စ်ဟမ်းပွဲရလဒ်အပြီးမှာ အသင်းရဲ့ အရှိန်အဟုန်အပေါ်မှာ အကျိုးသက်ရောက်မှုရှိလာမှာ စိုးရိမ်မိလား။
ဖြေ- စိတ်လှုပ်ရှားစရာမရှိပါဘူး။ ပိုပြီး ကြိုးစားဖို့ပဲ အရေးကြီးတယ်။ ပိုပြီးကောင်းအောင်လုပ်ပြီး နိုင်ပွဲတွေ ရယူသွားမယ်။ အသင်းက ဒီလိုမျိုးသာ ကစားနိုင်ရင် သူတို့တွေ ပွဲတွေ အများကြီး အနိုင်ရမှာပါ။

မေး-ဝက်စ်ဟမ်းနဲ့ပွဲမှာ ကစားခဲ့တဲ့အတိုင်းဆိုရင် ဒီအသင်းက ဆုဖလားအနိုင်ရဖို့ ကစားနိုင်ပါ့မလား။
ဖြေ- ကျွန်တော်တို့ ပင်နယ်တီဧရိယာထဲမှာ မတိုးတက်လာရင်တော့ မကစားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးမှာ အဲဒါက အရေးကြီးလို့ပါ။ ဒါပေမယ့် ကျန်တာတွေအားလုံး ကောင်းပါတယ်။ ဟုတ်ပါတယ်။ အဲဒါက စံချိန်(ပင်နယ်တီဧရိယာထဲမှာ ထိတွေ့မှုအများဆုံး)
လို့ ခင်ဗျား ပြောနိုင်လား။ မပြောနိုင်ဘူးလား။ နှစ်ပေါင်းများစွာ ပရီးမီးယားလိဂ်က အသင်းများများစားစားက ဒါကို မလုပ်နိုင်ခဲ့ကြဘူး။ အဲဒီတော့ အရမ်းအပြုသဘောဆောင်တယ်လို့ ကျွန်တော် ထင်တယ်။

မေး- ဆာကာနဲ့ မာတီနယ်လီတို့ ဖိအားတွေ ခံစားနေရတာလား။
ဖြေ- ကျွန်တော် မသိဘူး။ ပွဲတွေက အများကြီးရှိနေတာတော့ သိသာတယ်။ ဒါပေမယ့် သူတို့တွေ တကယ်ကောင်းမွန်နေတဲ့ပုံပေါ်ခဲ့ပါတယ်။ သူတို့တွေပုံစံက လန်းဆန်းနေပြီး ခင်ဗျား အနိုင်ရတဲ့အချိန်ကျအဲဒီလို မြင်မှာမဟုတ်ပါဘူး။ သူတို့တွေက ငယ်ရွယ်တယ်။ သူတို့တွေသာ အသက် ၃၅ နှစ်လောက်ဆိုရင်တော့ မတူညီတဲ့ မေးခွန်းဖြစ်နိုင်ပါတယ်။ သူတို့တွေ ခွန်အားတွေ အများကြီးရှိတယ်။ သူတို့တွေ ဆက်ကစားနိုင်တယ်။ ဒါတော့ သေချာတယ်။

မေး- သူတို့တွေ အရှိန်ရဖို့ မီးစာကို နောက်ထပ်တစ်ကြိမ်ရှာတွေ့ဖို့လိုနေတာလား။
ဖြေ- မီးစာမရှိဘဲ အသင်းလုပ်ဆောင်နေတဲ့အရာကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးအရာ၊ နောက်ဆုံးထိတွေ့မှု၊ နောက်ဆုံးလုပ်ဆောင်မှုက ဘောလုံးကို ဂိုးပိုက်ထဲဝင်အောင်သွင်းမလား ဒါမှမဟုတ် မသွင်းဘူးလား။ ဒါပဲ ကျွန်တော်တို့ လိုအပ်တာပါ။

မေး- ပရိသတ်တွေဆီကနေ တင်းမာမှုတွေက ကစားသမားတွေကို အကျိုးသက်ရောက်စေလား။
ဖြေ- ကျွန်တော် မသိဘူး။ ကျွန်တော်တို့ အနိုင်ရချင်တယ်။ သူတို့လည်း ကျွန်တော်တို့နဲ့အတူ အနိုင်လိုချင်တယ်။ သူတို့တွေက အသင်း အဲဒီလိုလုပ်နိုင်အောင် တွန်းအားပေးနေတာပါ။ ပရိသတ်တွေဆီကနေ ကျွန်တော်တို့ တောင်းဆိုလို့ရနိုင်တာ ဘာမှမရှိပါဘူး။ သူတို့တွေ ကျွန်တော်တို့အတွက် သူမတူအောင်ထူးခြားခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာဆိုလို့ သူတို့ကို ပိုပိုပြီး အများကြီး ပြန်ပေးနိုင်အောင် လုပ်ဖို့ပဲ။

မေး- ကျွန်တော်တို့ ပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ- သေချာပါတယ်။ သူတို့တွေ အနိုင်လိုချင်နေမှာဖြစ်ပြီး ဂိုးရလဒ်တွေက တကယ်ကို သေးငယ်နေတယ်ဆိုတာ သူတို့သိတယ်။ သူတို့တွေ အသင်းကို အနိုင်ရတာပဲ မြင်ချင်မှာဖြစ်ပြီး ကျွန်တော်တို့လည်း အဲဒီလိုဖြစ်အောင် လုပ်နေတာပါ။

မေး- ဒီပွဲမှာ ရလဒ်က ထင်သလိုဖြစ်မလာရင် အဆင့် ၄ နေရာအထိ ကျဆင်းသွားနိုင်တဲ့အပေါ် စိုးရိမ်မိလား။
ဖြေ- ကျွန်တော်တို့ ဒုတိယလည်း ဖြစ်နိုင်ပါတယ်။ အနိုင်ရခဲ့ရင် ကျွန်တော်တို့ ပထမဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာကိုပဲ လုပ်ရမှပြါ။ တခြားအသင်းတွေကို ကြည့်ဖို့ အချိန်မရှိဘူး။ ခင်ဗျား တခြားအသင်းတွေအတွက် မနေ့ကနဲ့ ဒီနေ့က ဘယ်လောက် ခက်ခဲလဲ သိလား။ ဒီတိုင်းဆက်သွားနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ လိဂ်ရဲ့အဆင့်အတန်းက မယုံနိုင်လေက်အောင် မြင့်မားလို့ပါ။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔ည ခရာဗင္ ေကာ့ေတ့ခ်္ကို သြားေရာက္ၿပီး ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ် ေမးခြန္းေတြကို အေျဖေပးခဲ့ပါတယ္။

ေမး- ဝက္စ္ဟမ္းပြဲရလဒ္အၿပီးမွာ အသင္းရဲ႕ အရွိန္အဟုန္အေပၚမွာ အက်ိဳးသက္ေရာက္မႈရွိလာမွာ စိုးရိမ္မိလား။
ေျဖ- စိတ္လႈပ္ရွားစရာမရွိပါဘူး။ ပိုၿပီး ႀကိဳးစားဖို႔ပဲ အေရးႀကီးတယ္။ ပိုၿပီးေကာင္းေအာင္လုပ္ၿပီး ႏိုင္ပြဲေတြ ရယူသြားမယ္။ အသင္းက ဒီလိုမ်ိဳးသာ ကစားႏိုင္ရင္ သူတို႔ေတြ ပြဲေတြ အမ်ားႀကီး အႏိုင္ရမွာပါ။

ေမး-ဝက္စ္ဟမ္းနဲ႔ပြဲမွာ ကစားခဲ့တဲ့အတိုင္းဆိုရင္ ဒီအသင္းက ဆုဖလားအႏိုင္ရဖို႔ ကစားႏိုင္ပါ့မလား။
ေျဖ- ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာထဲမွာ မတိုးတက္လာရင္ေတာ့ မကစားႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဆုံးမွာ အဲဒါက အေရးႀကီးလို႔ပါ။ ဒါေပမယ့္ က်န္တာေတြအားလုံး ေကာင္းပါတယ္။ ဟုတ္ပါတယ္။ အဲဒါက စံခ်ိန္(ပင္နယ္တီဧရိယာထဲမွာ ထိေတြ႕မႈအမ်ားဆုံး)
လို႔ ခင္ဗ်ား ေျပာႏိုင္လား။ မေျပာႏိုင္ဘူးလား။ ႏွစ္ေပါင္းမ်ားစြာ ပရီးမီးယားလိဂ္က အသင္းမ်ားမ်ားစားစားက ဒါကို မလုပ္ႏိုင္ခဲ့ၾကဘူး။ အဲဒီေတာ့ အရမ္းအျပဳသေဘာေဆာင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။

ေမး- ဆာကာနဲ႔ မာတီနယ္လီတို႔ ဖိအားေတြ ခံစားေနရတာလား။
ေျဖ- ကြၽန္ေတာ္ မသိဘူး။ ပြဲေတြက အမ်ားႀကီးရွိေနတာေတာ့ သိသာတယ္။ ဒါေပမယ့္ သူတို႔ေတြ တကယ္ေကာင္းမြန္ေနတဲ့ပုံေပၚခဲ့ပါတယ္။ သူတို႔ေတြပုံစံက လန္းဆန္းေနၿပီး ခင္ဗ်ား အႏိုင္ရတဲ့အခ်ိန္က်အဲဒီလို ျမင္မွာမဟုတ္ပါဘူး။ သူတို႔ေတြက ငယ္႐ြယ္တယ္။ သူတို႔ေတြသာ အသက္ ၃၅ ႏွစ္ေလာက္ဆိုရင္ေတာ့ မတူညီတဲ့ ေမးခြန္းျဖစ္ႏိုင္ပါတယ္။ သူတို႔ေတြ ခြန္အားေတြ အမ်ားႀကီးရွိတယ္။ သူတို႔ေတြ ဆက္ကစားႏိုင္တယ္။ ဒါေတာ့ ေသခ်ာတယ္။

ေမး- သူတို႔ေတြ အရွိန္ရဖို႔ မီးစာကို ေနာက္ထပ္တစ္ႀကိမ္ရွာေတြ႕ဖို႔လိုေနတာလား။
ေျဖ- မီးစာမရွိဘဲ အသင္းလုပ္ေဆာင္ေနတဲ့အရာကို လုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ အဲဒါက မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ေနာက္ဆုံးအရာ၊ ေနာက္ဆုံးထိေတြ႕မႈ၊ ေနာက္ဆုံးလုပ္ေဆာင္မႈက ေဘာလုံးကို ဂိုးပိုက္ထဲဝင္ေအာင္သြင္းမလား ဒါမွမဟုတ္ မသြင္းဘူးလား။ ဒါပဲ ကြၽန္ေတာ္တို႔ လိုအပ္တာပါ။

ေမး- ပရိသတ္ေတြဆီကေန တင္းမာမႈေတြက ကစားသမားေတြကို အက်ိဳးသက္ေရာက္ေစလား။
ေျဖ- ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္တယ္။ သူတို႔လည္း ကြၽန္ေတာ္တို႔နဲ႔အတူ အႏိုင္လိုခ်င္တယ္။ သူတို႔ေတြက အသင္း အဲဒီလိုလုပ္ႏိုင္ေအာင္ တြန္းအားေပးေနတာပါ။ ပရိသတ္ေတြဆီကေန ကြၽန္ေတာ္တို႔ ေတာင္းဆိုလို႔ရႏိုင္တာ ဘာမွမရွိပါဘူး။ သူတို႔ေတြ ကြၽန္ေတာ္တို႔အတြက္ သူမတူေအာင္ထူးျခားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာဆိုလို႔ သူတို႔ကို ပိုပိုၿပီး အမ်ားႀကီး ျပန္ေပးႏိုင္ေအာင္ လုပ္ဖို႔ပဲ။

ေမး- ကြၽန္ေတာ္တို႔ ပရိသတ္ေတြရဲ႕ ေမွ်ာ္မွန္းခ်က္ေတြအေပၚမွာ ဘယ္လိုျမင္လဲ။
ေျဖ- ေသခ်ာပါတယ္။ သူတို႔ေတြ အႏိုင္လိုခ်င္ေနမွာျဖစ္ၿပီး ဂိုးရလဒ္ေတြက တကယ္ကို ေသးငယ္ေနတယ္ဆိုတာ သူတို႔သိတယ္။ သူတို႔ေတြ အသင္းကို အႏိုင္ရတာပဲ ျမင္ခ်င္မွာျဖစ္ၿပီး ကြၽန္ေတာ္တို႔လည္း အဲဒီလိုျဖစ္ေအာင္ လုပ္ေနတာပါ။

ေမး- ဒီပြဲမွာ ရလဒ္က ထင္သလိုျဖစ္မလာရင္ အဆင့္ ၄ ေနရာအထိ က်ဆင္းသြားႏိုင္တဲ့အေပၚ စိုးရိမ္မိလား။
ေျဖ- ကြၽန္ေတာ္တို႔ ဒုတိယလည္း ျဖစ္ႏိုင္ပါတယ္။ အႏိုင္ရခဲ့ရင္ ကြၽန္ေတာ္တို႔ ပထမျဖစ္ႏိုင္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္တာကိုပဲ လုပ္ရမွျပါ။ တျခားအသင္းေတြကို ၾကည့္ဖို႔ အခ်ိန္မရွိဘူး။ ခင္ဗ်ား တျခားအသင္းေတြအတြက္ မေန႔ကနဲ႔ ဒီေန႔က ဘယ္ေလာက္ ခက္ခဲလဲ သိလား။ ဒီတိုင္းဆက္သြားႏိုင္ဖို႔ဆိုတာ မလြယ္ဘူး။ ဘာလို႔လဲဆိုေတာ့ လိဂ္ရဲ႕အဆင့္အတန္းက မယုံႏိုင္ေလက္ေအာင္ ျမင့္မားလို႔ပါ။

Arsenal Myanmar

Ref: Internet