တိုမိယဆု ဒဏ်ရာ၊ ဆုဖလားပြိုင်ပွဲအပါအဝင် လူတန်နဲ့ပွဲမတိုင်ခင် အာတီတာ ပြောခဲ့သမျှ 810 539 coyg

တိုမိယဆု ဒဏ်ရာ၊ ဆုဖလားပြိုင်ပွဲအပါအဝင် လူတန်နဲ့ပွဲမတိုင်ခင် အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ လူတန်တောင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တိုမိယဆုရဲ့ ဒဏ်ရာအခြေအနေ၊ ဆုဖလားပြိုင်ပွဲအပေါ် သုံးသပ်ချက်၊ မန်စီးတီး ရမှတ်လျော့ကျမှုအပေါ် အားတက်မှုရှိ၊ မရှိ အပါအဝင် ပရိသတ်တွေသိလိုတဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

မေး- တိုမိယဆု ဘယ်လိုအခြေအနေရှိလဲ။
ဖြေ- ကျွန်တော်တို့ ပွဲအပြီးမှာ သူ့ကို အကဲဖြတ်ခဲ့တယ်။ သူ့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစာရင်းထဲကနေ ထုတ်ခဲ့တာပါ။ ကျွန်တော်တို့ စောင့်ရလိမ့်မယ်။ သူ့ကို သုံးတာက အသုံးတည့်မလားဆိုတာကို မနက်ဖြန်ဆုံးဖြတ်သွားမှာပါ။

မေး- ပွဲပမ်းတာလောက်ပဲလားဆိုတာ ခင်ဗျား သေချာပြီလား။
ဖြေ- သေတော့မသေချာသေးဘူး။ သူက သန်မာတဲ့ကောင်လေးပါ။ သူ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး- တကယ်လို့ အဆင်မပြေရင် ဘန် ဝှိုက်ကို အစားသုံးသွားမှာလား။
ဖြေ- ဒဏ်ရာရပြီးနောက် သူ ဝန်တွေကို စီမံခန့်ခွဲခဲ့တဲ့ပုံစံက အရမ်းကောင်းပါတယ်။သူက ပြီးပြည့်စုံနေတယ်လို့ ခံစားရတယ်။ ကြံ့ခိုင်မှုပြန်ရလာပြီး မိနစ်အချို့ကစားခဲ့တယ်။ သူက ကောင်းမွန်တဲ့နေရာမှာ ရှိနေပါတယ်။

မေး- ခင်ဗျားရဲ့ နောက်ဆုံး၁၄ ဂိုးထဲမှာ မတူညီတဲ့ ဂိုးသွင်းရှင် ၉ ဦးအထိ ရှိနေလို့ ဘယ်လောက်ပျော်လဲ။
ဖြေ- ဟုတ်ပါတယ်။ အဲဒါက တကယ်ကောင်းပါတယ်။ ဒါက အသင်းမှာ သွင်းဂိုးတွေ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သွင်းဂိုးတွေက မတူညီတဲ့နေရာတွေကနေ လာနေပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပိုပြီးတော့ ခန့်မှန်းလို့မရဖြစ်စေပြီး ကစားသမားတွေက ဂိုးသွင်းယူစိတ်ပြင်းပြနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အတူတူပါပဲ။ ကျွန်တော်တို့ အဲဒါကို ဆက်ပြီး လုပ်သွားရမှာပါ။

မေး- ဆာကာက မနက်ဖြန် ပွဲ၂၀၀ ပြည့်ပါဝင်ကစားပေးမှာလား။
ဖြေ- သူ့အသက်အရွယ်မှာဆိုရင် မဆိုးပါဘူး။ တော်တော်လေး မြန်ပါတယ်။ ဒါပေမယ့် အဲဒါက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ ပါဝင်ကစားပေးနိုင်မှုကို နောက်ထပ်တစ်ကြိမ် ပြသနေတာပါ။ သူရဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုက ကြီးမားခဲ့ပြီး တကယ်ကို အပြုသဘောဆောင်ခဲ့ပါတယ်။

မေး- လူတန်က စိတ်ဓာတ်ပိုင်း စစ်ဆေးမှုလား။
ဖြေ- အဲဒါက လှုံ့ဆော်ပေးတဲ့ နေရာလို့ပဲ ကျွန်တော် ပြောရလိမ့်မယ်။ သူတို့တွေ လုပ်ခဲ့တာတွေက အရမ်းထူးခြားပါတယ်။ ရော့ဘ် အသင်းနဲ့ လုပ်ခဲ့တာတွေ၊ အသင်းအဖွဲ့အဖြစ်နဲ့ သူတို့ လုပ်ခဲ့တာတွေက ထူးခြားပါတယ်။ ကျွန်တော်တို့က အိမ်နီးနားချင်းဖြစ်လုနီးပါးပါ။ ဒီကနေဆို အရမ်းနီးပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းက အံ့အားသင့်စရာဖြစ်ပြီး ချီးကျူးမှုတွေ အများကြီးနဲ့ အပြည့်အဝ ထိုက်တန်ပါတယ်။ မနှစ်ကနေ ဒီရာသီအထိ သူတို့ ကစားနေတဲ့ပုံစံက ပွဲစဉ်တွေအားလုံးမှာ ကစားရဘယ်လောက်တောင် ခက်ခဲ့လဲဆိုတာ ကြည့်ပါ။ ကျွန်တော်တို့ တကယ်ကို ခက်ခဲတဲ့ပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရတော့မှာပါ။

မေး- ခင်ဗျား နည်းပြလိုင်စင်ဖြေတုန်းက ရော့ဘ် အက်ဒွပ်က တစ်ခန်းတည်းပဲမလား။
ဖြေ-ဟုတ်ပါတယ်။ သူက အရမ်းတော်တဲ့နည်းပြပါ။ တကယ်ကို ထူးခြားတဲ့ပုဂ္ဂိုလ်လည်း ဟုတ်ပါတယ်။ ခင်ဗျား သူ့အသင်းတွေကို သူ နည်းပြတဲ့ပုံစံ၊ သူတို့တွေ ပြုမူတဲ့ပုံစံကိုလည်း ပြောနိုင်ပါတယ်။ အခု သွားနေတဲ့ပုံစံအတွက် ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ်။

မေး- ပပ်ရဲ့ ပွဲပြီးအင်တာဗျူးကြောင့် ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ- နောက်ထပ်မေးခွန်းမေးပေးပါ ပလိစ်။

မေး- မီခေးလ် လုပ်နေတယ်ဆိုတဲ့စကားလုံးက ဘောလုံးဝေါဟာရထဲမှာ အတိုကောက်စကားတစ်ခွန်းဖြစ်လာမယ်လို့ ထင်လား။
ဖြေ-ကျွန်တော့်မှာ ကျွန်တော့်ကိစ္စနဲ့တင် ကျွန်တော် ရှုပ်နေလို့ လုံလောက်နေပါပြီ။ တခြားမေးခွန်း ဆက်သွားကြမယ်။

မေး-လူတန်က အဆင့် ၁၇ ထက်ပိုကောင်းတယ်လို့ ပြောချင်လား။
ဖြေ- သူတို့တွေက တကယ်ကို ကောင်းတဲ့အသင်းလို့ ထင်ပါတယ်။ အမှတ်ပေးဇယားက သူတို့တွေ ပွဲစဉ်တွေအများကြီးမှာ လုပ်ခဲ့တဲ့အရာကို ထင်ဟပ်မပြနိုင်ပါဘူး။ သူတို့တွေ ပွဲတွေကို ရှုံးနိမ့်ခဲ့တာ၊ သရေကျခဲ့တာက နောက်ဆုံးအဆင့်တွေမှာဖြစ်လို့ အမှတ်ပေးဇယားက သူတို့ရဲ့ခြေစွမ်းကို မထင်ဟပ်စေပါဘူး။ ခက်ခဲတဲ့ပွဲဖြစ်လာမှာတော့ သေချာပေါက်ပဲ။

မေး- ခင်ဗျား အရင်တုန်းက မကစားခဲ့ဖူးတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ စိတ်လှုပ်ရှားလား။
ဖြေ- ကျွန်တော်ကတော့ လှုံ့ဆော်မှုလို့ပဲ ပြောမှာပါ။ ကျွန်တော်တို့ ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ပြီးသား ကိစ္စလည်း ဟုတ်ပါတယ်။ ကွဲပြားခြားနားမှုဖြစ်ပေမယ့် ကျွန်တော်တို့လိဂ်၊ အင်္ဂလိပ်ဘောလုံးရဲ့ ယဉ်ကျေးမှုအတွက် တကယ်ကို အပေါင်းလက္ခဏာပါ။ သူတို့တွေက လိဂ်မှာ မရှိခဲ့တာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး အာဆင်နယ်က သူတို့နဲ့ မကစားခဲ့ရတာလည်း တော်တော်ကြာပါပြီ။ အဲဒီတော့ ကောင်းမွန်တဲ့ ညနေခင်းလေးဖြစ်မယ်လို့ ထင်ပါတယ်။

မေး- အာဆင်နယ် လူတန်နဲ့ နောက်ဆုံးကစားတာက ၁၉၉၁ ခုနှစ်တုန်းကနော်။ အဲဒီတုန်းက စနေနေ့က ပွဲထွက်ကစားခဲ့တဲ့ ခင်ဗျားကစားသမားတွေထဲက တစ်ယောက်မှ မမွေးသေးဘူး။ ခင်ဗျား အသက်ကြီးနေပြီနော်။
ဖြေ- ကျွန်တော်တို့အားလုံး အသက်ကြီးနေတာပါ။

မေး- လူတန်ရဲ့ တိုးတက်မှုက ဘယ်လောက်ကောင်းလဲ။
ဖြေ- မယုံနိုင်စရာပဲ။ သူတို့တွေလုပ်ခဲ့တဲ့ပုံစံက အရမ်းကောင်းတယ်။ ပရီးမီးယားလိဂ်ကို တက်ချင်တဲ့အသင်းတိုင်းအတွက် ဦးဆောင်လမ်းပြ နမူနာပါ။ အဲဒါက ဒီလိုမျိုး ထူးခြားဆန်းကြယ်တဲ့အရာကို လုပ်ချင်တဲ့အသင်းတွေအတွက် မျှော်လင့်ချက်ပေးပါတယ်။

မေး- ကန်းနေလ်ဝေ့ါသ်ရုဒ်ကနေ ခင်ဗျား ဘာမျှော်လင့်ထားလဲ။
ဖြေ- သူတို့ သိပါတယ်။ ကျွန်တော်တို့ သူတို့ကို သတိပေးပြီးသားပါ။ သူတို့တွေ အရာအားလုံးကို သိပြီးသားပါ။ သူတို့တွေ မနက်ဖြန် ရင်ဆိုင်ရမယ့်အသင်းနဲ့ပတ်သက်ပြီး သိထားရမယ်။ သူတို့ ရင်ဆိုင်ရမယ့်အသင်းက ဘယ်လောက်ခက်ခဲလဲဆိုတာရော နိုင်ပွဲရဖို့ အခွင့်အလမ်းတွေက ဘယ်ကနေ ရမလဲဆိုတာကိုလည်း သိရမယ်။

မေး- စနေနေ့မှာ အမှားလုပ်ခဲ့ပြီးတဲ့နောက် ဇင်ချန်ကိုကို ကစားခိုင်းရမှာ ပြဿနာရှိမလား။
ဖြေ- သူက အခွင့်အရေးတွေ အများကြီးလည်း ဖန်တီးပေးခဲ့တယ်။ သူက ဂိုးဖန်တီးပေးခဲ့တယ်။ ဒါက ဘောလုံးရဲ့အစိတ်အပိုင်းပါ။ ကျွန်တော်တို့အားလုံး အမှားလုပ်ကြတာပဲ။ အမှားလုပ်တာက အရေးမကြီးဘူး။ ခင်ဗျား အဲဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာက အရေးကြီးတာပါ။ အဲဒီကိစ္စအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ တခြားအရာတွေလည်း ရှိခဲ့ပြီး ပိုပြီးကောင်းမွန်အောင်လည်း လုပ်လို့ရပါတယ်။ အဲဒီတော့ ဘာမှ ပြဿနာမရှိပါဘူး။

မေး- ပြီးခဲ့တဲ့ရာသီတုန်းက ဒီအချိန်မှာ ၄ မှတ် ပိုရနေခဲ့တယ်။ အဲဒါတောင်မှ ခင်ဗျားက ပိုကောင်းတယ်လို့ ထင်နေသေးလား။
ဖြေ- မတူပါဘူး။ လိဂ်ကလည်း မတူညီတော့ပါဘူး။ အဆင့်အတန်းကလည်း နောက်ထပ်တစ်ဆင့်တက်သွားပြီ။ ကျွန်တော် မနေ့ညနေက ပွဲတွေ တော်တော်များများကို ကြည့်ခဲ့တယ်။ ပွဲအခြေအနေနဲ့ ပွဲအရှိန်အဟုန် ပြောင်းလဲသွားတဲ့ပုံစံက မယုံနိုင်စရာပါ။ ပြိုင်ဘက်တွေမှာ ရှိတဲ့ အရည်အသွေး၊ နည်းပြတွေရဲ့ အရည်အသွေး အရင်ကနဲ့ မဆိုင်တော့ပါဘူး။ တကယ်ကို ခက်ခဲတဲ့လိဂ်ပါ။ ကျွန်တော်တို့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ မသိဘူး။ အခုအချိန်မှာတော့ ကျွန်တော်တို့ နေရာကောင်းမှာရှိနေပြီး မနက်ဖြန် ကျွန်တော်တို့ ပိုကောင်းတဲ့နေရာမှာ ရှိနေချင်တယ်။ အဲဒီလိုဖြစ်ဖို့က မနက်ဖြန်မှာ ကျွန်တော်တို့ အနိုင်ကစားရမယ်။

မေး- ခင်ဗျားရဲ့ပြိုင်ဘက်တွေ အမှတ်လျော့သွားလို့ ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီမှာ ခင်ဗျားက လိဂ်ဖလားရဖို့ ပိုကောင်းတဲ့နေရာမှာ ရှိနေတယ်လို့ ပြောချင်တာလား။
ဖြေ- ကျွန်တော် အဲဒီအကြောင်း မတွေးပါဘူး။ ကျွန်တော်တို့ မနက်ဖြန်မှာ ဘယ်လိုပိုကောင်းအောင် ကစားမလဲ၊ ပိုပြီးတော့ ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိလာဖို့၊ အနိုင်ယူဖို့ ပိုခက်ခဲတဲ့အသင်းဖြစ်လာဖို့၊ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရမယ့်အရာတွေ၊ နိုင်ပွဲရဖို့ ကျွန်တော်တို့ကစားသမားတွေကို အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းနဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာပဲ တွေးပါတယ်။ ကျွန်တော်တို့ရှေ့မှာ ကြီးမားတဲ့ မာရသွန်ပွဲကြီး ရှိပါသေးတယ်။

မေး- စီးတီးက အခုဆိုရင် ၃ ပွဲဆက်သရေကျသွားပြီ။ ခင်ဗျား အဲဒီကနေ အားတက်ခဲ့လား။
ဖြေ- အားတက်တယ် ဟုတ်လား။ မတက်ပါဘူး။ အသင်းကစားတာကို ကြည့်ပြီး၊ နေ့တိုင်း သူတို့ ပြုမူတဲ့ပုံစံကို ကြည့်ပြီး၊ ဘယ်လောက် နိုင်ပွဲတွေ ဆာလောင်နေလဲ၊ လေ့ကျင့်ရေးအချိန်တိုင်းမှာ သူတို့တွေ ချဉ်းကပ်မှု ပြုလုပ်ချင်စိတ်ရှိနေကြလဲဆိုတာကိုပဲ ကြည့်ပြီး အားတက်တာက ဖြစ်လာတာပါ။ ဒါကမှ ကျွန်တော့်ကို အားတက်စေတာပါ။ တခြားလူတွေ လုပ်နေတာတွေက ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တဲ့အရာမဟုတ်ပါဘူး။

မေး- စီးတီး အမှတ်လျော့သွားတာ ခင်ဗျားမြင်လား။
ဖြေ- ကျွန်တော် အဲဒီလို ကိစ္စတွေကို လိုက်မကြည့်ဘူး။ ကျွန်တော့်အသင်းကို ကြည့်နေရတာနဲ့တင် လုံလောက်နေပြီ။

မေး- ခင်ဗျားက စိတ်ဓာတ်စစ်ဆင်ရေးလုပ်တတ်တဲ့နည်းပြလား။
ဖြေ- ကျွန်တော်သာ စိတ်ဓာတ်စစ်ဆင်ရေးမှာ တော်ရင် ခင်ဗျားတောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေမှန်း သိလိုက်မှာမဟုတ်ဘူး။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ လူတန္ေတာင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ တိုမိယဆုရဲ႕ ဒဏ္ရာအေျခအေန၊ ဆုဖလားၿပိဳင္ပြဲအေပၚ သုံးသပ္ခ်က္၊ မန္စီးတီး ရမွတ္ေလ်ာ့က်မႈအေပၚ အားတက္မႈရွိ၊ မရွိ အပါအဝင္ ပရိသတ္ေတြသိလိုတဲ့ေမးခြန္းေတြကို ေျဖၾကားခဲ့ပါတယ္။

ေမး- တိုမိယဆု ဘယ္လိုအေျခအေနရွိလဲ။
ေျဖ- ကြၽန္ေတာ္တို႔ ပြဲအၿပီးမွာ သူ႔ကို အကဲျဖတ္ခဲ့တယ္။ သူ႔ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လူစာရင္းထဲကေန ထုတ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ေစာင့္ရလိမ့္မယ္။ သူ႔ကို သုံးတာက အသုံးတည့္မလားဆိုတာကို မနက္ျဖန္ဆုံးျဖတ္သြားမွာပါ။

ေမး- ပြဲပမ္းတာေလာက္ပဲလားဆိုတာ ခင္ဗ်ား ေသခ်ာၿပီလား။
ေျဖ- ေသေတာ့မေသခ်ာေသးဘူး။ သူက သန္မာတဲ့ေကာင္ေလးပါ။ သူ အဆင္ေျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမး- တကယ္လို႔ အဆင္မေျပရင္ ဘန္ ဝႈိက္ကို အစားသုံးသြားမွာလား။
ေျဖ- ဒဏ္ရာရၿပီးေနာက္ သူ ဝန္ေတြကို စီမံခန႔္ခြဲခဲ့တဲ့ပုံစံက အရမ္းေကာင္းပါတယ္။သူက ၿပီးျပည့္စုံေနတယ္လို႔ ခံစားရတယ္။ ႀကံ့ခိုင္မႈျပန္ရလာၿပီး မိနစ္အခ်ိဳ႕ကစားခဲ့တယ္။ သူက ေကာင္းမြန္တဲ့ေနရာမွာ ရွိေနပါတယ္။

ေမး- ခင္ဗ်ားရဲ႕ ေနာက္ဆုံး၁၄ ဂိုးထဲမွာ မတူညီတဲ့ ဂိုးသြင္းရွင္ ၉ ဦးအထိ ရွိေနလို႔ ဘယ္ေလာက္ေပ်ာ္လဲ။
ေျဖ- ဟုတ္ပါတယ္။ အဲဒါက တကယ္ေကာင္းပါတယ္။ ဒါက အသင္းမွာ သြင္းဂိုးေတြ ရွိေနတယ္ဆိုတဲ့ အဓိပၸာယ္ပါ။ သြင္းဂိုးေတြက မတူညီတဲ့ေနရာေတြကေန လာေနပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ကို ပိုၿပီးေတာ့ ခန႔္မွန္းလို႔မရျဖစ္ေစၿပီး ကစားသမားေတြက ဂိုးသြင္းယူစိတ္ျပင္းျပေနပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အတူတူပါပဲ။ ကြၽန္ေတာ္တို႔ အဲဒါကို ဆက္ၿပီး လုပ္သြားရမွာပါ။

ေမး- ဆာကာက မနက္ျဖန္ ပြဲ၂၀၀ ျပည့္ပါဝင္ကစားေပးမွာလား။
ေျဖ- သူ႔အသက္အ႐ြယ္မွာဆိုရင္ မဆိုးပါဘူး။ ေတာ္ေတာ္ေလး ျမန္ပါတယ္။ ဒါေပမယ့္ အဲဒါက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း သူ ပါဝင္ကစားေပးႏိုင္မႈကို ေနာက္ထပ္တစ္ႀကိမ္ ျပသေနတာပါ။ သူရဲ႕ အသင္းအေပၚ အက်ိဳးသက္ေရာက္မႈက ႀကီးမားခဲ့ၿပီး တကယ္ကို အျပဳသေဘာေဆာင္ခဲ့ပါတယ္။

ေမး- လူတန္က စိတ္ဓာတ္ပိုင္း စစ္ေဆးမႈလား။
ေျဖ- အဲဒါက လႈံ႕ေဆာ္ေပးတဲ့ ေနရာလို႔ပဲ ကြၽန္ေတာ္ ေျပာရလိမ့္မယ္။ သူတို႔ေတြ လုပ္ခဲ့တာေတြက အရမ္းထူးျခားပါတယ္။ ေရာ့ဘ္ အသင္းနဲ႔ လုပ္ခဲ့တာေတြ၊ အသင္းအဖြဲ႕အျဖစ္နဲ႔ သူတို႔ လုပ္ခဲ့တာေတြက ထူးျခားပါတယ္။ ကြၽန္ေတာ္တို႔က အိမ္နီးနားခ်င္းျဖစ္လုနီးပါးပါ။ ဒီကေနဆို အရမ္းနီးပါတယ္။ သူတို႔ရဲ႕ ဇာတ္လမ္းက အံ့အားသင့္စရာျဖစ္ၿပီး ခ်ီးက်ဴးမႈေတြ အမ်ားႀကီးနဲ႔ အျပည့္အဝ ထိုက္တန္ပါတယ္။ မႏွစ္ကေန ဒီရာသီအထိ သူတို႔ ကစားေနတဲ့ပုံစံက ပြဲစဥ္ေတြအားလုံးမွာ ကစားရဘယ္ေလာက္ေတာင္ ခက္ခဲ့လဲဆိုတာ ၾကည့္ပါ။ ကြၽန္ေတာ္တို႔ တကယ္ကို ခက္ခဲတဲ့ပြဲတစ္ပြဲနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။

ေမး- ခင္ဗ်ား နည္းျပလိုင္စင္ေျဖတုန္းက ေရာ့ဘ္ အက္ဒြပ္က တစ္ခန္းတည္းပဲမလား။
ေျဖ-ဟုတ္ပါတယ္။ သူက အရမ္းေတာ္တဲ့နည္းျပပါ။ တကယ္ကို ထူးျခားတဲ့ပုဂၢိဳလ္လည္း ဟုတ္ပါတယ္။ ခင္ဗ်ား သူ႔အသင္းေတြကို သူ နည္းျပတဲ့ပုံစံ၊ သူတို႔ေတြ ျပဳမူတဲ့ပုံစံကိုလည္း ေျပာႏိုင္ပါတယ္။ အခု သြားေနတဲ့ပုံစံအတြက္ ကြၽန္ေတာ္ သူ႔အတြက္ ေပ်ာ္႐ႊင္မိပါတယ္။

ေမး- ပပ္ရဲ႕ ပြဲၿပီးအင္တာဗ်ဴးေၾကာင့္ ဘယ္လိုခံစားခဲ့ရလဲ။
ေျဖ- ေနာက္ထပ္ေမးခြန္းေမးေပးပါ ပလိစ္။

ေမး- မီေခးလ္ လုပ္ေနတယ္ဆိုတဲ့စကားလုံးက ေဘာလုံးေဝါဟာရထဲမွာ အတိုေကာက္စကားတစ္ခြန္းျဖစ္လာမယ္လို႔ ထင္လား။
ေျဖ-ကြၽန္ေတာ့္မွာ ကြၽန္ေတာ့္ကိစၥနဲ႔တင္ ကြၽန္ေတာ္ ရႈပ္ေနလို႔ လုံေလာက္ေနပါၿပီ။ တျခားေမးခြန္း ဆက္သြားၾကမယ္။

ေမး-လူတန္က အဆင့္ ၁၇ ထက္ပိုေကာင္းတယ္လို႔ ေျပာခ်င္လား။
ေျဖ- သူတို႔ေတြက တကယ္ကို ေကာင္းတဲ့အသင္းလို႔ ထင္ပါတယ္။ အမွတ္ေပးဇယားက သူတို႔ေတြ ပြဲစဥ္ေတြအမ်ားႀကီးမွာ လုပ္ခဲ့တဲ့အရာကို ထင္ဟပ္မျပႏိုင္ပါဘူး။ သူတို႔ေတြ ပြဲေတြကို ရႈံးနိမ့္ခဲ့တာ၊ သေရက်ခဲ့တာက ေနာက္ဆုံးအဆင့္ေတြမွာျဖစ္လို႔ အမွတ္ေပးဇယားက သူတို႔ရဲ႕ေျခစြမ္းကို မထင္ဟပ္ေစပါဘူး။ ခက္ခဲတဲ့ပြဲျဖစ္လာမွာေတာ့ ေသခ်ာေပါက္ပဲ။

ေမး- ခင္ဗ်ား အရင္တုန္းက မကစားခဲ့ဖူးတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာ စိတ္လႈပ္ရွားလား။
ေျဖ- ကြၽန္ေတာ္ကေတာ့ လႈံ႕ေဆာ္မႈလို႔ပဲ ေျပာမွာပါ။ ကြၽန္ေတာ္တို႔ ကစားသမားေတြနဲ႔ ေဆြးေႏြးခဲ့ၿပီးသား ကိစၥလည္း ဟုတ္ပါတယ္။ ကြဲျပားျခားနားမႈျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔လိဂ္၊ အဂၤလိပ္ေဘာလုံးရဲ႕ ယဥ္ေက်းမႈအတြက္ တကယ္ကို အေပါင္းလကၡဏာပါ။ သူတို႔ေတြက လိဂ္မွာ မရွိခဲ့တာ ေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္က သူတို႔နဲ႔ မကစားခဲ့ရတာလည္း ေတာ္ေတာ္ၾကာပါၿပီ။ အဲဒီေတာ့ ေကာင္းမြန္တဲ့ ညေနခင္းေလးျဖစ္မယ္လို႔ ထင္ပါတယ္။

ေမး- အာဆင္နယ္ လူတန္နဲ႔ ေနာက္ဆုံးကစားတာက ၁၉၉၁ ခုႏွစ္တုန္းကေနာ္။ အဲဒီတုန္းက စေနေန႔က ပြဲထြက္ကစားခဲ့တဲ့ ခင္ဗ်ားကစားသမားေတြထဲက တစ္ေယာက္မွ မေမြးေသးဘူး။ ခင္ဗ်ား အသက္ႀကီးေနၿပီေနာ္။
ေျဖ- ကြၽန္ေတာ္တို႔အားလုံး အသက္ႀကီးေနတာပါ။

ေမး- လူတန္ရဲ႕ တိုးတက္မႈက ဘယ္ေလာက္ေကာင္းလဲ။
ေျဖ- မယုံႏိုင္စရာပဲ။ သူတို႔ေတြလုပ္ခဲ့တဲ့ပုံစံက အရမ္းေကာင္းတယ္။ ပရီးမီးယားလိဂ္ကို တက္ခ်င္တဲ့အသင္းတိုင္းအတြက္ ဦးေဆာင္လမ္းျပ နမူနာပါ။ အဲဒါက ဒီလိုမ်ိဳး ထူးျခားဆန္းၾကယ္တဲ့အရာကို လုပ္ခ်င္တဲ့အသင္းေတြအတြက္ ေမွ်ာ္လင့္ခ်က္ေပးပါတယ္။

ေမး- ကန္းေနလ္ေဝ့ါသ္႐ုဒ္ကေန ခင္ဗ်ား ဘာေမွ်ာ္လင့္ထားလဲ။
ေျဖ- သူတို႔ သိပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို သတိေပးၿပီးသားပါ။ သူတို႔ေတြ အရာအားလုံးကို သိၿပီးသားပါ။ သူတို႔ေတြ မနက္ျဖန္ ရင္ဆိုင္ရမယ့္အသင္းနဲ႔ပတ္သက္ၿပီး သိထားရမယ္။ သူတို႔ ရင္ဆိုင္ရမယ့္အသင္းက ဘယ္ေလာက္ခက္ခဲလဲဆိုတာေရာ ႏိုင္ပြဲရဖို႔ အခြင့္အလမ္းေတြက ဘယ္ကေန ရမလဲဆိုတာကိုလည္း သိရမယ္။

ေမး- စေနေန႔မွာ အမွားလုပ္ခဲ့ၿပီးတဲ့ေနာက္ ဇင္ခ်န္ကိုကို ကစားခိုင္းရမွာ ျပႆနာရွိမလား။
ေျဖ- သူက အခြင့္အေရးေတြ အမ်ားႀကီးလည္း ဖန္တီးေပးခဲ့တယ္။ သူက ဂိုးဖန္တီးေပးခဲ့တယ္။ ဒါက ေဘာလုံးရဲ႕အစိတ္အပိုင္းပါ။ ကြၽန္ေတာ္တို႔အားလုံး အမွားလုပ္ၾကတာပဲ။ အမွားလုပ္တာက အေရးမႀကီးဘူး။ ခင္ဗ်ား အဲဒါကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာက အေရးႀကီးတာပါ။ အဲဒီကိစၥအၿပီးမွာ ျဖစ္ပ်က္ခဲ့တဲ့ တျခားအရာေတြလည္း ရွိခဲ့ၿပီး ပိုၿပီးေကာင္းမြန္ေအာင္လည္း လုပ္လို႔ရပါတယ္။ အဲဒီေတာ့ ဘာမွ ျပႆနာမရွိပါဘူး။

ေမး- ၿပီးခဲ့တဲ့ရာသီတုန္းက ဒီအခ်ိန္မွာ ၄ မွတ္ ပိုရေနခဲ့တယ္။ အဲဒါေတာင္မွ ခင္ဗ်ားက ပိုေကာင္းတယ္လို႔ ထင္ေနေသးလား။
ေျဖ- မတူပါဘူး။ လိဂ္ကလည္း မတူညီေတာ့ပါဘူး။ အဆင့္အတန္းကလည္း ေနာက္ထပ္တစ္ဆင့္တက္သြားၿပီ။ ကြၽန္ေတာ္ မေန႔ညေနက ပြဲေတြ ေတာ္ေတာ္မ်ားမ်ားကို ၾကည့္ခဲ့တယ္။ ပြဲအေျခအေနနဲ႔ ပြဲအရွိန္အဟုန္ ေျပာင္းလဲသြားတဲ့ပုံစံက မယုံႏိုင္စရာပါ။ ၿပိဳင္ဘက္ေတြမွာ ရွိတဲ့ အရည္အေသြး၊ နည္းျပေတြရဲ႕ အရည္အေသြး အရင္ကနဲ႔ မဆိုင္ေတာ့ပါဘူး။ တကယ္ကို ခက္ခဲတဲ့လိဂ္ပါ။ ကြၽန္ေတာ္တို႔ ဘယ္လိုဆက္ျဖစ္ၾကမလဲဆိုတာ မသိဘူး။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ ေနရာေကာင္းမွာရွိေနၿပီး မနက္ျဖန္ ကြၽန္ေတာ္တို႔ ပိုေကာင္းတဲ့ေနရာမွာ ရွိေနခ်င္တယ္။ အဲဒီလိုျဖစ္ဖို႔က မနက္ျဖန္မွာ ကြၽန္ေတာ္တို႔ အႏိုင္ကစားရမယ္။

ေမး- ခင္ဗ်ားရဲ႕ၿပိဳင္ဘက္ေတြ အမွတ္ေလ်ာ့သြားလို႔ ၿပီးခဲ့တဲ့ရာသီကထက္ ဒီရာသီမွာ ခင္ဗ်ားက လိဂ္ဖလားရဖို႔ ပိုေကာင္းတဲ့ေနရာမွာ ရွိေနတယ္လို႔ ေျပာခ်င္တာလား။
ေျဖ- ကြၽန္ေတာ္ အဲဒီအေၾကာင္း မေတြးပါဘူး။ ကြၽန္ေတာ္တို႔ မနက္ျဖန္မွာ ဘယ္လိုပိုေကာင္းေအာင္ ကစားမလဲ၊ ပိုၿပီးေတာ့ ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိလာဖို႔၊ အႏိုင္ယူဖို႔ ပိုခက္ခဲတဲ့အသင္းျဖစ္လာဖို႔၊ ကြၽန္ေတာ္တို႔ ျပဳျပင္ေျပာင္းလဲရမယ့္အရာေတြ၊ ႏိုင္ပြဲရဖို႔ ကြၽန္ေတာ္တို႔ကစားသမားေတြကို အေကာင္းဆုံးျဖစ္ႏိုင္မယ့္နည္းလမ္းနဲ႔ ဘယ္လိုအသုံးျပဳရမလဲဆိုတာပဲ ေတြးပါတယ္။ ကြၽန္ေတာ္တို႔ေရွ႕မွာ ႀကီးမားတဲ့ မာရသြန္ပြဲႀကီး ရွိပါေသးတယ္။

ေမး- စီးတီးက အခုဆိုရင္ ၃ ပြဲဆက္သေရက်သြားၿပီ။ ခင္ဗ်ား အဲဒီကေန အားတက္ခဲ့လား။
ေျဖ- အားတက္တယ္ ဟုတ္လား။ မတက္ပါဘူး။ အသင္းကစားတာကို ၾကည့္ၿပီး၊ ေန႔တိုင္း သူတို႔ ျပဳမူတဲ့ပုံစံကို ၾကည့္ၿပီး၊ ဘယ္ေလာက္ ႏိုင္ပြဲေတြ ဆာေလာင္ေနလဲ၊ ေလ့က်င့္ေရးအခ်ိန္တိုင္းမွာ သူတို႔ေတြ ခ်ဥ္းကပ္မႈ ျပဳလုပ္ခ်င္စိတ္ရွိေနၾကလဲဆိုတာကိုပဲ ၾကည့္ၿပီး အားတက္တာက ျဖစ္လာတာပါ။ ဒါကမွ ကြၽန္ေတာ့္ကို အားတက္ေစတာပါ။ တျခားလူေတြ လုပ္ေနတာေတြက ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔ရႏိုင္တဲ့အရာမဟုတ္ပါဘူး။

ေမး- စီးတီး အမွတ္ေလ်ာ့သြားတာ ခင္ဗ်ားျမင္လား။
ေျဖ- ကြၽန္ေတာ္ အဲဒီလို ကိစၥေတြကို လိုက္မၾကည့္ဘူး။ ကြၽန္ေတာ့္အသင္းကို ၾကည့္ေနရတာနဲ႔တင္ လုံေလာက္ေနၿပီ။

ေမး- ခင္ဗ်ားက စိတ္ဓာတ္စစ္ဆင္ေရးလုပ္တတ္တဲ့နည္းျပလား။
ေျဖ- ကြၽန္ေတာ္သာ စိတ္ဓာတ္စစ္ဆင္ေရးမွာ ေတာ္ရင္ ခင္ဗ်ားေတာင္ စိတ္ဓာတ္စစ္ဆင္ေရးလုပ္ေနမွန္း သိလိုက္မွာမဟုတ္ဘူး။

Arsenal Myanmar

Ref: Internet