တင်းဘားအခြေအနေ၊ ရာယာပွဲဦးထွက်၊ အပြောင်းအရွှေ့နဲ့ ပဲလေ့စ်ပွဲနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ တနင်္လာနေ့မှာ ကစားရမယ့်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တင်းဘားရဲ့ အခြေအနေ၊ ဒေးဗစ် ရာယာကို ခေါ်ယူရတဲ့အကြောင်းအရင်း၊ အပြောင်းအရွှေ့အစီအစဉ်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ သိလိုသမျှ ဖြေကြားပေးခဲ့ပါတယ်။
မေး- တင်းဘားရဲ့ အခြေအနေဘယ်လိုလဲ။
ဖြေ- ကြီးမားတဲ့ ထိုးနှက်ချက်ပဲ။ အထူးသဖြင့် အသင်းကို ပြောင်းရွှေ့ပြီးနောက် သူ့အတွက်ပေါ့။ ကျွန်တော်တို့ သူ့ကို ရှင်းလင်းတဲ့ ရည်ရွယ်ချက်နဲ့ သူ့ကို ခေါ်ယူခဲ့ပြီး သူ အသင်းကို ယူဆောင်ပေးခဲ့တဲ့အရာက ထင်ရှားပါတယ်။
မေး- တင်းဘားရဲ့နေရာအတွက် အပြောင်းအရွှေ့ လုပ်ဖို့ရှိလား။
ဖြေ- ကျွန်တော်က လုပ်ချင်တာထက် အသင်းထဲမှာ ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ပတ်သက်ပြီးပဲ ပိုတွေးမိပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် တွေးစရာတွေ အများကြီးပေးခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့ဘက်ကတော့ အမြဲတမ်း တံခါးဖွင့်ထားပြီး ဒဏ်ရာပြဿနာတွေကြောင့်လည်း တံခါးဖွင့်ထားရမှာဖြစ်သလို စျေးကွက်ကိုလည်း တုံ့ပြန်ရမှာပါ။
မေး- ဂိုးသမားတွေအခြေအနေကရော။
ကျွန်တော်တို့ရဲ့ ပွဲကစားပုံအတွက် အရည်အသွေးပိုကောင်းလာတယ်။ ကျွန်တော်တို့ တစ်နေရာကို ၂ ပွဲကစားချင်တယ်။ တင်းဘားဖြစ်ခဲ့တဲ့အတိုင်းပဲ ဂိုးသမားနေရာမှာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အာရွန်သာ ဒူးအရွတ်ဒဏ်ရာရသွားရင် ခင်ဗျား ဘာပြောနိုင်မှာလဲ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဂိုးသမား ၂ ဦးရှိပါတယ်။
မေး- အသင်းသတင်းရော ဘာတွေရှိလဲ။
ဖြေ- ကျွန်တော်တို့ မကြာခင် ဇင်ချန်ကိုကို ပြန်သုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဂါဘီကတော့ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်သေးဘူး။ ဒါပေမယ့် သူလည်း မကြာခင် ပြန်ကစားလို့ရနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
မေး- ပွဲချိန်စာရင်း အရမ်းကြပ်နေတဲ့အပေါ်မှာရော။
ဖြေ- အူအန်ဒီယာ၊ ကူတွာနဲ့ မီလီတာအိုတို့ဖြစ်ခဲ့တာကို ကြည့်ပါ။ အဲဒါက အရင်တုန်းက ပွဲတွေနဲ့ ခရီးစဉ်တွေ ရှိခဲ့တဲ့အချိန်တုန်းက ဖြစ်ခဲ့တဲ့အရာပါ။ ကမ္ဘာ့ဖလားနဲ့ ခရီးစဉ်တွေနဲ့အတူ ပွဲတွေ အရမ်းများတယ်။ အဲဒါက ကစားသမားတွေအတွက် အရမ်းများတယ်။ ခင်ဗျား လာမယ့် ၃၆ လအတွင်းကို ကစားသမားတွေအတွက် မကြည့်တာက ပိုကောင်းလိမ့်မယ်။ အသင်းအနေနဲ့တော့ ကစားသမားတွေကို စောင့်ရှောက်ရမှာပါ။ လာမယ့် ၃၆ လအတွက်တော့ အရမ်းနောက်ကျသွားပြီလို့ ကျွန်တော် ထင်တယ်။ အဲဒီအတွက် ဘယ်သူက ထုတ်ပြောဖို့ လိုအပ်နေတာလဲဆိုတာ ကျွန်တော် မသိပါဘူး။
မေး- အမျိုးသမီး ကမ္ဘာ့ဖလားအပေါ် ခင်ဗျားရဲ့အမြင်က ဘယ်လိုလဲ။
ဖြေ- ကျွန်တော် ကမ္ဘာ့ဖလားကို ယေဘုယျအားဖြင့် ထောက်ခံပါတယ်။ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ အသင်း ၂ သင်းရှိပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂ ခုဆက်တိုက်မှာ အင်္ဂလန်လုပ်ခဲ့တာတွေက အံ့မခန်းပါပဲ။ စပိန်အတွက်လည်း ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။ စပိန်လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်ကို ပြသဖို့ အရမ်းကောင်းတဲ့ပုံစံပါပဲ။
မေး- နောက်ထပ်ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ရင် ထောက်ခံသင့်တယ်လို့ ခံစားရလား။
ဖြေ- အဲဒါက ဘယ်တုန်းကမှ ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ခဲ့ပါဘူး။ လူတွေအများကြီး ရှိပါတယ်။ ကျွန်တော်အာရုံစိုက်တာက အခုအချိန်ရှိနေတဲ့ လူစာရင်းဆီကနေ အကောင်းဆုံးပုံစံရဖို့ပဲ။ ဒါက ကျွန်တော့်ရည်မှန်းချက်ပဲ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဘယ်တောင်ပံကစားသမား ၂ ဦး၊ အရမ်းကောင်းတဲ့ တိုက်စစ်မှူး ၂ ဦး၊ အရမ်းကောင်းတဲ့ကွင်းလယ်အထိုင်ကစားသမား ၂ ဦးရှိတယ်။ ကျွန်တော်တို့မှာ ဂျော်ဂျင်ညိုရှိတယ်။ ကျွန်တော်တို့မှာ သောမတ်စ် ရှိတယ်။ ကျွန်တော်တို့မှာ ဒီကလန် ရိုက်ရှိတယ်။ အဲဒါက ပြဿနာမဟုတ်ပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview