ဆာကာရဲ့ဒဏ်ရာ၊ အော်ဒီဂွါဒ် ကြံ့ခိုင်မှု၊ ရမ်းစ်ဒေးလ် အနာဂတ်နဲ့ ပါတေးအခြေအနေတို့အပါအဝင် အာတီတာ ပြောခဲ့သမျှ 810 539 coyg

ဆာကာရဲ့ဒဏ်ရာ၊ အော်ဒီဂွါဒ် ကြံ့ခိုင်မှု၊ ရမ်းစ်ဒေးလ် အနာဂတ်နဲ့ ပါတေးအခြေအနေတို့အပါအဝင် အာတီတာ ပြောခဲ့သမျှ

အာတီတာဟာ စနေနေ့ အမ်းမရိတ်စ်မှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆာကာ၊ အော်ဒီဂွါဒ်၊ ပါတေးတို့ရဲ့ အခြေအနေနဲ့ ရမ်းစ်ဒေးလ်ရဲ့ အနာဂတ်ကိုပါ အဖြေပေးခဲ့ပါတယ်။

မေး- ခင်ဗျား ဒဏ်ရာပြဿနာတွေ တော်တော်များနေတယ်နော်။ မနက်ဖြန် ဘယ်သူ ပါဝင်နိုင်မလဲလို့ မေးတာက ပိုလွယ်မယ်ထင်တယ်နော်။
ဖြေ- ခင်ဗျား ပြောခဲ့သလိုပဲ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိပါတယ်။ အချို့ကတော့ ပြန်ကစားဖို့ ကြိုးပမ်းနေတုန်းပါ။ ကျွန်တော်တို့ သူတို့ကို အခွင့်အရေးပေးဖို့ နောက်ထပ် ၂၄ နာရီလောက် အချိန်ထပ်ပေးဖို့ လိုပါတယ်။ မနက်ဖြန်မတိုင်ခင်အထိ ကျွန်တော်တို့ ဘာမှ မသိနိုင်သေးပါဘူး။

မေး- ကျိန်းသေပေါက် မပါနိုင်မယ့်သူတွေရှိလား။
ဖြေ-တင်းဘားကတော့ မပါနိုင်တာ သေချာတယ်။ ပါတေးလည်း မပါနိုင်တာ သေချာတယ်။ စမစ် ရိုးလည်း မပါနိုင်လောက်ဘူး။ နောက်ထပ် မပါဝင်နိုင်တဲ့ သူအနည်းငယ်ရှိနိုင်ပါတယ်။

မေး-ဆာကာကို အင်္ဂလန်က လူစာရင်းထဲ ခေါ်ပြီး နောက်ဆုံးတစ်ခေါက်ကလိုမျိုး မသွားတာမျိုး ဖြစ်နိုင်မလား။
ဖြေ- မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို သူတို့ရဲ့ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် ကစားပေးစေချင်ပါတယ်။ ဘူကာယိုက တော်တော်လေး နာကျင်နေလို့ ကွင်းထဲက ထွက်မှရမှာမို့လို့ ထွက်ခဲ့တာပါ။ သူ မနေ့က လေ့ကျင့်ရေးမဆင်းခဲ့ဘူး။ မနက်ဖြန်မှာ သူ ပါဝင်နိုင်မလား ကြည့်တာပေါ့။

မေး- အက်ဒီကရော ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းထဲ ခေါ်ယူခြင်းမခံခဲ့ရတာလား။
ဖြေ- ကျွန်တော် တကယ့်အကြောင်းအရင်းကို မသိပါဘူး။ သူက ဂါးရတ်အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော် သိပါတယ်။ အက်ဒီအတွက် လက်ရွေးစင်အသင်းထဲမှာ ရှိနေခွင့်ရဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော် သိပြီး သူ နောက်ဆုံး နည်းနည်းကစားခွင့်ရခဲ့တာကို အများကြီး ပျော်ရွှင်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်လက်ထဲမှာ မရှိတဲ့ ဆုံးဖြတ်ချက်ပါ။

မေး- သောမတ်စ်ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်က သူ လွဲချော်မယ့် အချိန်ကာလကို အကျိုးသက်ရောက်မှု ရှိတဲ့ပုံမပေါ်ဘူးထင်တယ်။ အဲဒါအမှန်ပဲလား။
ဖြေ-ဟင့်အင်း။ အဲဓီလို မဟုတ်ဖို့ မျှော်လင့်ပါတယ်။သူ တကယ်ကောင်းကောင်း တိုးတက်နေပါတယ်။ ဒါပေမယ့် အဲဒါက သိသာထင်ရှားတဲ့ ဒဏ်ရာဖြစ်ခဲ့ပါတယ်။ အဲဒါက ရက်သတ္တပတ်လောက်ပဲ ဖြစ်လိမ့်မယ်။ လပိုင်းလောက် မဖြစ်ဖို့ မျှော်လင့်တယ်လို့ ကျွန်တော် ပြောခဲ့တယ်။ သူလညး် အဲဒီလို မဖြစ်ဖို့ လုပ်ဆောင်နေပါတယ်။ သူ အားပေးထောက်ခံမှုလိုအပ်ပြီး ဒဏ်ရာက မှန်ကန်တဲ့ပုံစံနဲ့ ကုစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ သူ့ကို ပြန်ပြီး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတာ့ သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်နေလို့ပါ။

မေး-သူကြံ့ခိုင်မှု ပြန်ရရင် အာဖရိကဖလားပြိုင်ပွဲသွားကစားမှာပေါ့။ အဲဒီကျရင် ခင်ဗျား သူမပါဘဲ အကြာကြီးတောင် ကစားရမှာနော်။
ဖြေ-အင်း။ အဲဒါကတော့ တပိုင်းပေါ့လေ။ သူ ကြံ့ခိုင်မှုရပြီး တတ်နိုင်သမျှ မြန်မြန် ကျန်းမာလာပါစေဦး။ အသင်းထဲမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ကစားပေးနိုင်ပါစေဦး။ သူ လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး-ဆောက်ဂိတ်က ယူရိုအတွက် အရွေးခံရဖို့ ရမ်းစ်ဒေးလ် ကစားခွင့်ရဖို့ လိုတယ်လို့ ပြောခဲ့တယ်။ သူ ခင်ဗျားကို အဲဒါနဲ့ပတ်သက်ပြီး ပြောခဲ့သေးလား။
ဖြေ- ဟင့်အင်း။ သူ့ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် မပြောခဲ့ပါဘူး။

မေး- ကွန်ပနီ ဘန်လေမှာ လုပ်နေတာတွေနဲ့ သူ နည်းပြဖြစ်လာတာက ခင်ဗျားကို အံ့အားသင့်စေခဲ့လား။
ဖြေ- အံ့အားမသင့်စေခဲ့ပါဘူး။ သူက ကစားနေတဲ့အချိန်ကတည်းက နည်းပြဖြစ်နေပြီးသားပါ။ သူက ခေါင်းဆောင်တစ်ယောက်ပါ။ သူက မတူညီတဲ့ အခင်းအကျင်းတွေမှာ လမ်းပြနိုင်တဲ့ အရမ်းတော်တဲ့သူပါ။ အဝတ်လဲခန်းထဲနဲ့ တခြားနေရာတွေမှာရောပါ။ သူက ပွဲကို နားလည်ခဲ့တယ်။ ဘာသာစကား အများအပြား ပြောနိုင်တယ်။ ခင်ဗျား သူက ထိပ်တန်းနည်းပြဖြစ်လာမယ်လို့ ချက်ချင်းကို ပြောနိုင်ပါတယ်။ သူက အရမ်းအားကောင်းတဲ့ကစားသမားဘဝလည်း ပိုင်ဆိုင်ခဲ့တာ သိသာပါတယ်။ အထူးသဖြင့် သူ လုပ်ခဲ့တဲ့ပုံစံကြောင့်ပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အားလုံး အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့အားလုံး ကောင်းမွန်တဲ့ အခိုက်အတန့်ရှိခဲ့တယ်။ သူ လုပ်နေတာတွေကို မြင်တွေ့ရလို့ တကယ် ပျော်ရွှင်မိပါတယ်။

မေး- ဒီရာသီမှာ ဘန်လေရုန်းကန်နေရတာ မြင်ရလို့ အံ့အားသင့်မိလား။
ဖြေ- သူတို့ ကစားခဲ့တဲ့ပွဲစဉ်တွေနဲ့ သူတို့ ရခဲ့တဲ့ ရလဒ်တွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော်ထင်တယ်။ သူတို့တွေ ရခဲ့တာထက် ပိုပြီးကောင်းမွန်တာနဲ့ ထိုက်တန်ခဲ့ပါတယ်။ သူတို့တွေ ရခဲ့တဲ့ရလဒ်တွေက သူတို့နဲ့ ထိုက်တန်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လည်း ဒီလိဂ်ရဲ့ ခက်ခဲမှုကြောင့် ခင်ဗျား တစ်ခါတလေ ရဖို့ထိုက်တန်တာကို မရတတ်ပါဘူး။ ပြိုင်ဘက်ရဲ့ အရည်အသွေးက အရမ်းကို မြင့်မားတာကြောင့်ပါ။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံ ပြောင်းလဲခဲ့တဲ့ပုံစံ၊ သူတို့တွေ လုပ်နေတာကို ယုံကြည်မှုနဲ့အတူ ဆက်ပြီးကစားနေတာတွေက ကျွန်တော့်အတွက်တော့ ထူးခြားပါတယ်။

မေး- VAR က ခုဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆယ်စုနှစ်တစ်ခုလောက် အချိန်ယူရနိုင်လား။
ဖြေ- ကျွန်တော် မသိဘူး။ ကျွန်တော် ၁၀ နှစ်အတွင်းမှာ ထိပ်ပြောင်သွားနိုင်တယ်။ ဘဝက အရမ်းကို ကွာခြားပြီး ကျွန်တော်တို့ ဘောလုံးမှာ တခြား စည်းမျဉ်းသစ်တွေအများကြီးလည်း ရှိလာနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ပြိုင်ပွဲရဲ့ ရှုထောင့်တိုင်းမှာ တိုးတက်လာဖို့ တစ်ဦးချင်းလုပ်နိုင်တာရော စုပေါင်းလုပ်နိုင်တာပါ အားလုံး လုပ်ဖို့ ကြိုးစားကြတာပေါ့။ ဒါပါပဲ။

မေး- ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့တာကို ကျေနပ်မိခဲ့လား။
ဖြေ- ကျွန်တော် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အရမ်း ကျေနပ်မိခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို အနိုင်ရခဲ့တဲ့ပုံစံကြောင့်ပါ။ ပြိုင်ဘက်တွေက ပွဲစဉ်ကနေ ရနိုင်သမျှ အခွင့်အရေးရဖို့ ကြိုးစားခဲ့တာကိုလည်း အရမ်းလေးစားမိခဲ့ပါတယ်။ ဒါပေမယ့် ကစားဖို့က အများကြီးကျန်ပါသေးတယ်။ အုပ်စုကတကယ်ကြပ်တယ်။ ကျွန်တော်တို့ ရှိနေချင်တဲ့နေရာမှာ ရှိနေနိုင်ဖို့ အများကြီး လုပ်ဖို့ ရှိပါသေးတယ်။

မေး- ခင်ဗျားမှာ ဒီလို ဒဏ်ရာပြဿနာတွေ ရှိနေတဲ့အချိန်မှာ ထရော့ဆာ့ဒ်ရဲ့ နေရာစုံကစားနိုင်စွမ်းက ရေကန်အသင့် ကြာအသင့်ဖြစ်ခဲ့တာပေ့ါ။ ခင်ဗျား သူနဲ့ပတ်သက်ပြီး ကျေနပ်ခဲ့လား။
ဖြေ- တကယ်ကို ပျော်ရွှင်မိပါတယ်။ သူ ကျွန်တော်တို့ဆီ ပြောင်းလာခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ကျွန်တော်တို့ သူ့အရည်အသွေးနဲ့ သူ အသင်းထဲကို ဘာတွေ ယူဆောင်လာနိုင်လဲဆိုတာကို သိခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့နေရာတွေမှာ ဖြည့်ကစားပေးနိုင်တယ်။ ကျွန်တော်တို့ မတူညီတဲ့အရာတစ်ခုကို လုပ်ချင်တဲ့အခါမှာ လူစာရင်းထဲမှာ မရှိတဲ့အရည်အသွေးနဲ့လည်း ကွဲပြားခြားနားမှုတွေလုပ်ဖို့ လိုအပ်တဲ့အခါမှာ သူက သူ့အရည်အသွေးကို ဆီဗီလာနဲ့ပွဲမှာ ပြခဲ့ပါတယ်။

မေး- ကိုင်ဟာဗတ်ဇ်က မမျှတတဲ့ ဖိအားတွေနဲ့ ဝေဖန်မှုတွေ ခံနေရတာလား။
ဖြေ- သူ ကစားနေတဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်စိတ်ကျေနပ်မိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူ ဂိုးရှေ့မှာ ပြသနေတဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် တိုးတက်အောင် လုပ်ရမှာပါ။ ကျွန်တော်တို့ အဲဒါကို တိုးတက်အောင်လုပ်ရမှာပါ။ ဒါပေမယ့် ကွင်းရဲ့အခြားနေရာတွေ အများအပြားမှာ အခု သူ လုပ်ပေးနေတာတွေက တကယ်ကို အရေးပါပါတယ်။

မေး- ရမ်းစ်ဒေးလ်သာ ခင်ဗျား အခန်းတံခါးလာခေါက်ပြီး ယူရိုကစားချင်လို့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ချင်တယ်ပြောရင် ခင်ဗျား နားလည်ပေးမှာလား။
ဖြေ- အင်း။ ပထမဆုံးအနေနဲ့ ကျွန်တော့်တံခါးက ဘယ်ကစားသမားအတွက်မဆို ဖွင့်ထားပါတယ်။ ကျွန်တော်တို့ကစားသမားတွေအတွက် အကောင်းဆုံးဖြစ်စေချင်ပြီး အဲဒီလို ဖြစ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ပြုလုပ်နိုင်တဲ့ လွှမ်းမိုးနိုင်စွမ်းကို သိပါတယ်။ တစ်ခါတလေ အကောင်းဘက်။ တစ်ခါတလေမှာ အရမ်း အကောင်းဘက်မရောက်ပါဘူး။ကျွန်တော်တို့ သူတို့ကို အကူအညီပေးနိုင်ဖို့ အမြဲတမ်း အကောင်းဆုံးလုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒါက ကစားမသား ၂၄ ဦးစလုံးကို အခန်းကဏ္ဍအလိုက် ဖြည့်ဆည်းပေးဖို့လိုတဲ့ အသင်းလိုက်အားကစားပါ။ ခင်ဗျား ဩဂုတ်လမှာ ရခဲ့တဲ့ အခန်းကဏ္ဍက မတ်လတုန်းက ရခဲ့တဲ့ အခန်းကဏ္ဍနဲ့ အရမ်းကွာခြားနိုင်ပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက် အဆောတလျင်ချမယ်ဆိုရင် ကျွန်တော့်အတွေ့အကြုံအရတော့ မကောင်းနိုင်သလို အသင်းမှာလည်း ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် လိုအပ်ချက်တွေလည်း ရှိတာကြောင့်ပါ။ ခင်ဗျား အဲဒါကို ကစားသမား ၆ ယောက်၊ ၁၀ ယောက်၊ ၁၄ ယောက်နဲ့ လုပ်လို့မရနိုင်ပါဘူး။ အဲဒီလို လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ခင်ဗျား အားလုံးကို လိုအပ်ပြီး အာရွန်က အသင်းမှာ တကယ်ကို အရေးပါတဲ့အခန်းကဏ္ဍရှိပါတယ်။

မေး-ရမ်းစ်ဒေးလ်က အခုဆိုရင် စိတ်ဝင်စားတဲ့အသင်းတွေရှိနေတယ်။ သူ့ကို ခေါ်ယူချင်နေတဲ့အသင်းတွေကို သတင်းစကားပေးချင်တာရှိလား။
ဖြေ- ကျွန်တော့်မှာ ဘယ်အသင်းအတွက်မှ သတင်းစကားပေးဖို့မရှိပါဘူး။ ကျွန်တော့်ကစားသမားတွေနဲ့ပတ်သက်ပြီး နည်းနည်းတော့ ပြောနိုင်တယ်။ ကျွန်တော့်ကစားသမားတွေကို ဘယ်လောက်အထိ နှစ်သက်လဲ၊ အာရွန်ကို ကျွန်တော် ဘယ်လောက် သဘောကျလဲဆိုတာပဲ ပြောနိုင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ အာရွန်ကို ရှိစေချင်တာတော့ သေချာပါတယ်။

မေး- ဂျေးဇုက သီအိုရီအရ အကဲဖြတ်မှုတွေလုပ်ဖို့အတွက် ဘရာဇီးလ်က သူ့ကို ခေါ်နိုင်လား။ အဲဒီလိုမဖြစ်လာဖို့ မျှော်လင့်လား
ဖြေ- ကျွန်တော်တို့ အမြဲတမ်း လက်ရွေးစင်အသင်းတွေနဲ့ စကားပြောဖို့ ကြိုးပမ်းပြီး ဘုံသဘောတူညီမှုရရှိဖို့ ကြိုးစားပါတယ်။ အရေးကြီးတဲ့တစ်ခုတည်းသောအရာက ကစားသမားရဲ့ အကျိုးစီး့ွားဖြစ်ပြီး အဲဒါပြီးရင်တော့ လက်ရွေးစင်နဲ့ အသင်းရဲ့ အကျိုးစီးပွားပါ။

မေး- အော်ဒီဂွါဒ်က ဗုဒ္ဓဟူးနေ့က အချိန်နဲ့အမျှ ပြိုင်ပွဲဝင်နေရတယ်လို့ ပြောခဲ့တယ်။ သူ့ဆီကနေ တိုးတက်မှုတွေ ရှိလား။
ဖြေ- ပြိုင်ပွဲဝင်နေရဆဲပါ။ သူ လုပ်နိုင်တဲ့အရာအားလုံး လုပ်ဖို့ ကြိုးစားနေတယ်။ ကြည့်တာပေါ့။ ဖြစ်နိုင်ခြေတော့ရှိပါတယ်။

မေး- ဇန်နဝါရီမှာ ခင်ဗျား လူအင်အားဖြည့်ဖို့လိုအပ်တယ်လို့ ထင်လား။
ဖြေ-ကျွန်တော်တို့မှာ ရှိနေတဲ့ ဒဏ်ရာပြဿနာအချို့က ကံဆိုးတာပါ့။ သူတို့တွေထဲက အချို့က ကာလရှည်ဒဏ်ရာတွေဖြစ်ပြီး ကျွန်တော်တို့မှာ အရည်အသွေးရှိတဲ့ကစားသမားတွေပဲ ရွေးနာနေသလိုပဲ။ ကျွန်တော်တို့ အရည်အသွေးအကြောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြီးရင်တော့ ခင်ဗျား အချို့နေရာတွေအကြောင်း ဒါမှမဟုတ် ကျွန်တော်တို့ နည်းနည်း အင်အားပိုနည်းနေတဲ့ နေရာတွေအကြောင်း ပြောရမှာပါ။ ဒါပေမယ့် အဲဒါက ရာသီရဲ့ စိန်ခေါ်မှုဖြစ်ပြီး တခြားလူတွေက တိုးတက်လာအောင် လုပ်ရမှာပါ။ အဲဒါက အသင်းအတွက်လည်း ကောင်းမွန်တဲ့ စမ်းသပ်မှုလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီလိုအခိုက်အတန့်တွေကို ဘယ်လို ရင်ဆိုင်လဲ၊ ကျွန်တော်တို့ အဲဒါကို ဘယ်လို တုံ့ပြန်လဲဆိုတာက အရေးကြီးပါတယ်။ အခုထိတော့ အသင်းက ကောင်းကောင်းလုပ်နေပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာတီတာဟာ စေနေန႔ အမ္းမရိတ္စ္မွာ ဘန္ေလနဲ႔ ယွဥ္ၿပိဳင္ကစားသြားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဆာကာ၊ ေအာ္ဒီဂြါဒ္၊ ပါေတးတို႔ရဲ႕ အေျခအေနနဲ႔ ရမ္းစ္ေဒးလ္ရဲ႕ အနာဂတ္ကိုပါ အေျဖေပးခဲ့ပါတယ္။

ေမး- ခင္ဗ်ား ဒဏ္ရာျပႆနာေတြ ေတာ္ေတာ္မ်ားေနတယ္ေနာ္။ မနက္ျဖန္ ဘယ္သူ ပါဝင္ႏိုင္မလဲလို႔ ေမးတာက ပိုလြယ္မယ္ထင္တယ္ေနာ္။
ေျဖ- ခင္ဗ်ား ေျပာခဲ့သလိုပဲ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာျပႆနာအနည္းငယ္ရွိပါတယ္။ အခ်ိဳ႕ကေတာ့ ျပန္ကစားဖို႔ ႀကိဳးပမ္းေနတုန္းပါ။ ကြၽန္ေတာ္တို႔ သူတို႔ကို အခြင့္အေရးေပးဖို႔ ေနာက္ထပ္ ၂၄ နာရီေလာက္ အခ်ိန္ထပ္ေပးဖို႔ လိုပါတယ္။ မနက္ျဖန္မတိုင္ခင္အထိ ကြၽန္ေတာ္တို႔ ဘာမွ မသိႏိုင္ေသးပါဘူး။

ေမး- က်ိန္းေသေပါက္ မပါႏိုင္မယ့္သူေတြရွိလား။
ေျဖ-တင္းဘားကေတာ့ မပါႏိုင္တာ ေသခ်ာတယ္။ ပါေတးလည္း မပါႏိုင္တာ ေသခ်ာတယ္။ စမစ္ ႐ိုးလည္း မပါႏိုင္ေလာက္ဘူး။ ေနာက္ထပ္ မပါဝင္ႏိုင္တဲ့ သူအနည္းငယ္ရွိႏိုင္ပါတယ္။

ေမး-ဆာကာကို အဂၤလန္က လူစာရင္းထဲ ေခၚၿပီး ေနာက္ဆုံးတစ္ေခါက္ကလိုမ်ိဳး မသြားတာမ်ိဳး ျဖစ္ႏိုင္မလား။
ေျဖ- မျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြကို သူတို႔ရဲ႕ ကလပ္နဲ႔ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးေစခ်င္ပါတယ္။ ဘူကာယိုက ေတာ္ေတာ္ေလး နာက်င္ေနလို႔ ကြင္းထဲက ထြက္မွရမွာမို႔လို႔ ထြက္ခဲ့တာပါ။ သူ မေန႔က ေလ့က်င့္ေရးမဆင္းခဲ့ဘူး။ မနက္ျဖန္မွာ သူ ပါဝင္ႏိုင္မလား ၾကည့္တာေပါ့။

ေမး- အက္ဒီကေရာ ဒဏ္ရာေၾကာင့္ အဂၤလန္လူစာရင္းထဲ ေခၚယူျခင္းမခံခဲ့ရတာလား။
ေျဖ- ကြၽန္ေတာ္ တကယ့္အေၾကာင္းအရင္းကို မသိပါဘူး။ သူက ဂါးရတ္အတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အက္ဒီအတြက္ လက္ေ႐ြးစင္အသင္းထဲမွာ ရွိေနခြင့္ရဖို႔ ဘယ္ေလာက္ အေရးႀကီးလဲဆိုတာ ကြၽန္ေတာ္ သိၿပီး သူ ေနာက္ဆုံး နည္းနည္းကစားခြင့္ရခဲ့တာကို အမ်ားႀကီး ေပ်ာ္႐ႊင္ခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ့္လက္ထဲမွာ မရွိတဲ့ ဆုံးျဖတ္ခ်က္ပါ။

ေမး- ေသာမတ္စ္ရဲ႕ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္က သူ လြဲေခ်ာ္မယ့္ အခ်ိန္ကာလကို အက်ိဳးသက္ေရာက္မႈ ရွိတဲ့ပုံမေပၚဘူးထင္တယ္။ အဲဒါအမွန္ပဲလား။
ေျဖ-ဟင့္အင္း။ အဲဓီလို မဟုတ္ဖို႔ ေမွ်ာ္လင့္ပါတယ္။သူ တကယ္ေကာင္းေကာင္း တိုးတက္ေနပါတယ္။ ဒါေပမယ့္ အဲဒါက သိသာထင္ရွားတဲ့ ဒဏ္ရာျဖစ္ခဲ့ပါတယ္။ အဲဒါက ရက္သတၱပတ္ေလာက္ပဲ ျဖစ္လိမ့္မယ္။ လပိုင္းေလာက္ မျဖစ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ သူလညး္ အဲဒီလို မျဖစ္ဖို႔ လုပ္ေဆာင္ေနပါတယ္။ သူ အားေပးေထာက္ခံမႈလိုအပ္ၿပီး ဒဏ္ရာက မွန္ကန္တဲ့ပုံစံနဲ႔ ကုစားႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ျပန္ၿပီး ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။ ဘာလို႔လဲဆိုတာ့ သူက ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ကစားသမားျဖစ္ေနလို႔ပါ။

ေမး-သူႀကံ့ခိုင္မႈ ျပန္ရရင္ အာဖရိကဖလားၿပိဳင္ပြဲသြားကစားမွာေပါ့။ အဲဒီက်ရင္ ခင္ဗ်ား သူမပါဘဲ အၾကာႀကီးေတာင္ ကစားရမွာေနာ္။
ေျဖ-အင္း။ အဲဒါကေတာ့ တပိုင္းေပါ့ေလ။ သူ ႀကံ့ခိုင္မႈရၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ က်န္းမာလာပါေစဦး။ အသင္းထဲမွာ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ကစားေပးႏိုင္ပါေစဦး။ သူ လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။

ေမး-ေဆာက္ဂိတ္က ယူ႐ိုအတြက္ အေ႐ြးခံရဖို႔ ရမ္းစ္ေဒးလ္ ကစားခြင့္ရဖို႔ လိုတယ္လို႔ ေျပာခဲ့တယ္။ သူ ခင္ဗ်ားကို အဲဒါနဲ႔ပတ္သက္ၿပီး ေျပာခဲ့ေသးလား။
ေျဖ- ဟင့္အင္း။ သူ႔ကို အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မေျပာခဲ့ပါဘူး။

ေမး- ကြန္ပနီ ဘန္ေလမွာ လုပ္ေနတာေတြနဲ႔ သူ နည္းျပျဖစ္လာတာက ခင္ဗ်ားကို အံ့အားသင့္ေစခဲ့လား။
ေျဖ- အံ့အားမသင့္ေစခဲ့ပါဘူး။ သူက ကစားေနတဲ့အခ်ိန္ကတည္းက နည္းျပျဖစ္ေနၿပီးသားပါ။ သူက ေခါင္းေဆာင္တစ္ေယာက္ပါ။ သူက မတူညီတဲ့ အခင္းအက်င္းေတြမွာ လမ္းျပႏိုင္တဲ့ အရမ္းေတာ္တဲ့သူပါ။ အဝတ္လဲခန္းထဲနဲ႔ တျခားေနရာေတြမွာေရာပါ။ သူက ပြဲကို နားလည္ခဲ့တယ္။ ဘာသာစကား အမ်ားအျပား ေျပာႏိုင္တယ္။ ခင္ဗ်ား သူက ထိပ္တန္းနည္းျပျဖစ္လာမယ္လို႔ ခ်က္ခ်င္းကို ေျပာႏိုင္ပါတယ္။ သူက အရမ္းအားေကာင္းတဲ့ကစားသမားဘဝလည္း ပိုင္ဆိုင္ခဲ့တာ သိသာပါတယ္။ အထူးသျဖင့္ သူ လုပ္ခဲ့တဲ့ပုံစံေၾကာင့္ပါ။ ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔အားလုံး အခက္အခဲေတြရွိပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ေကာင္းမြန္တဲ့ အခိုက္အတန႔္ရွိခဲ့တယ္။ သူ လုပ္ေနတာေတြကို ျမင္ေတြ႕ရလို႔ တကယ္ ေပ်ာ္႐ႊင္မိပါတယ္။

ေမး- ဒီရာသီမွာ ဘန္ေလ႐ုန္းကန္ေနရတာ ျမင္ရလို႔ အံ့အားသင့္မိလား။
ေျဖ- သူတို႔ ကစားခဲ့တဲ့ပြဲစဥ္ေတြနဲ႔ သူတို႔ ရခဲ့တဲ့ ရလဒ္ေတြကို ျပန္ၾကည့္လိုက္ရင္ ကြၽန္ေတာ္ထင္တယ္။ သူတို႔ေတြ ရခဲ့တာထက္ ပိုၿပီးေကာင္းမြန္တာနဲ႔ ထိုက္တန္ခဲ့ပါတယ္။ သူတို႔ေတြ ရခဲ့တဲ့ရလဒ္ေတြက သူတို႔နဲ႔ ထိုက္တန္တယ္လို႔ မထင္ပါဘူး။ ဒါေပမယ့္လည္း ဒီလိဂ္ရဲ႕ ခက္ခဲမႈေၾကာင့္ ခင္ဗ်ား တစ္ခါတေလ ရဖို႔ထိုက္တန္တာကို မရတတ္ပါဘူး။ ၿပိဳင္ဘက္ရဲ႕ အရည္အေသြးက အရမ္းကို ျမင့္မားတာေၾကာင့္ပါ။ ဒါေပမယ့္ သူတို႔ရဲ႕ ကစားပုံ ေျပာင္းလဲခဲ့တဲ့ပုံစံ၊ သူတို႔ေတြ လုပ္ေနတာကို ယုံၾကည္မႈနဲ႔အတူ ဆက္ၿပီးကစားေနတာေတြက ကြၽန္ေတာ့္အတြက္ေတာ့ ထူးျခားပါတယ္။

ေမး- VAR က ခုျဖစ္ေနတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ဆယ္စုႏွစ္တစ္ခုေလာက္ အခ်ိန္ယူရႏိုင္လား။
ေျဖ- ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ ၁၀ ႏွစ္အတြင္းမွာ ထိပ္ေျပာင္သြားႏိုင္တယ္။ ဘဝက အရမ္းကို ကြာျခားၿပီး ကြၽန္ေတာ္တို႔ ေဘာလုံးမွာ တျခား စည္းမ်ဥ္းသစ္ေတြအမ်ားႀကီးလည္း ရွိလာႏိုင္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲရဲ႕ ရႈေထာင့္တိုင္းမွာ တိုးတက္လာဖို႔ တစ္ဦးခ်င္းလုပ္ႏိုင္တာေရာ စုေပါင္းလုပ္ႏိုင္တာပါ အားလုံး လုပ္ဖို႔ ႀကိဳးစားၾကတာေပါ့။ ဒါပါပဲ။

ေမး- ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာသြားခဲ့တာကို ေက်နပ္မိခဲ့လား။
ေျဖ- ကြၽန္ေတာ္ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး အရမ္း ေက်နပ္မိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲကို အႏိုင္ရခဲ့တဲ့ပုံစံေၾကာင့္ပါ။ ၿပိဳင္ဘက္ေတြက ပြဲစဥ္ကေန ရႏိုင္သမွ် အခြင့္အေရးရဖို႔ ႀကိဳးစားခဲ့တာကိုလည္း အရမ္းေလးစားမိခဲ့ပါတယ္။ ဒါေပမယ့္ ကစားဖို႔က အမ်ားႀကီးက်န္ပါေသးတယ္။ အုပ္စုကတကယ္ၾကပ္တယ္။ ကြၽန္ေတာ္တို႔ ရွိေနခ်င္တဲ့ေနရာမွာ ရွိေနႏိုင္ဖို႔ အမ်ားႀကီး လုပ္ဖို႔ ရွိပါေသးတယ္။

ေမး- ခင္ဗ်ားမွာ ဒီလို ဒဏ္ရာျပႆနာေတြ ရွိေနတဲ့အခ်ိန္မွာ ထေရာ့ဆာ့ဒ္ရဲ႕ ေနရာစုံကစားႏိုင္စြမ္းက ေရကန္အသင့္ ၾကာအသင့္ျဖစ္ခဲ့တာေပ့ါ။ ခင္ဗ်ား သူနဲ႔ပတ္သက္ၿပီး ေက်နပ္ခဲ့လား။
ေျဖ- တကယ္ကို ေပ်ာ္႐ႊင္မိပါတယ္။ သူ ကြၽန္ေတာ္တို႔ဆီ ေျပာင္းလာခဲ့တာ တစ္ႏွစ္နီးပါးရွိခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ သူ႔အရည္အေသြးနဲ႔ သူ အသင္းထဲကို ဘာေတြ ယူေဆာင္လာႏိုင္လဲဆိုတာကို သိခဲ့တယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ သူ႔ကို ေခၚယူခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ သူက မတူညီတဲ့ေနရာေတြမွာ ျဖည့္ကစားေပးႏိုင္တယ္။ ကြၽန္ေတာ္တို႔ မတူညီတဲ့အရာတစ္ခုကို လုပ္ခ်င္တဲ့အခါမွာ လူစာရင္းထဲမွာ မရွိတဲ့အရည္အေသြးနဲ႔လည္း ကြဲျပားျခားနားမႈေတြလုပ္ဖို႔ လိုအပ္တဲ့အခါမွာ သူက သူ႔အရည္အေသြးကို ဆီဗီလာနဲ႔ပြဲမွာ ျပခဲ့ပါတယ္။

ေမး- ကိုင္ဟာဗတ္ဇ္က မမွ်တတဲ့ ဖိအားေတြနဲ႔ ေဝဖန္မႈေတြ ခံေနရတာလား။
ေျဖ- သူ ကစားေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တကယ္စိတ္ေက်နပ္မိခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။ သူ ဂိုးေရွ႕မွာ ျပသေနတဲ့ ကိန္းဂဏန္းေတြကို ၾကည့္လိုက္ရင္ တိုးတက္ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို တိုးတက္ေအာင္လုပ္ရမွာပါ။ ဒါေပမယ့္ ကြင္းရဲ႕အျခားေနရာေတြ အမ်ားအျပားမွာ အခု သူ လုပ္ေပးေနတာေတြက တကယ္ကို အေရးပါပါတယ္။

ေမး- ရမ္းစ္ေဒးလ္သာ ခင္ဗ်ား အခန္းတံခါးလာေခါက္ၿပီး ယူ႐ိုကစားခ်င္လို႔ ဇန္နဝါရီမွာ အသင္းကေန ထြက္ခ်င္တယ္ေျပာရင္ ခင္ဗ်ား နားလည္ေပးမွာလား။
ေျဖ- အင္း။ ပထမဆုံးအေနနဲ႔ ကြၽန္ေတာ့္တံခါးက ဘယ္ကစားသမားအတြက္မဆို ဖြင့္ထားပါတယ္။ ကြၽန္ေတာ္တို႔ကစားသမားေတြအတြက္ အေကာင္းဆုံးျဖစ္ေစခ်င္ၿပီး အဲဒီလို ျဖစ္ဖို႔ ႀကိဳးစားပါတယ္။ ကြၽန္ေတာ္တို႔ ျပဳလုပ္ႏိုင္တဲ့ လႊမ္းမိုးႏိုင္စြမ္းကို သိပါတယ္။ တစ္ခါတေလ အေကာင္းဘက္။ တစ္ခါတေလမွာ အရမ္း အေကာင္းဘက္မေရာက္ပါဘူး။ကြၽန္ေတာ္တို႔ သူတို႔ကို အကူအညီေပးႏိုင္ဖို႔ အၿမဲတမ္း အေကာင္းဆုံးလုပ္ဖို႔ ႀကိဳးစားပါတယ္။ ဒါေပမယ့္ ဒါက ကစားမသား ၂၄ ဦးစလုံးကို အခန္းက႑အလိုက္ ျဖည့္ဆည္းေပးဖို႔လိုတဲ့ အသင္းလိုက္အားကစားပါ။ ခင္ဗ်ား ဩဂုတ္လမွာ ရခဲ့တဲ့ အခန္းက႑က မတ္လတုန္းက ရခဲ့တဲ့ အခန္းက႑နဲ႔ အရမ္းကြာျခားႏိုင္ပါတယ္။ အဲဒီေတာ့ ဆုံးျဖတ္ခ်က္ အေဆာတလ်င္ခ်မယ္ဆိုရင္ ကြၽန္ေတာ့္အေတြ႕အႀကဳံအရေတာ့ မေကာင္းႏိုင္သလို အသင္းမွာလည္း ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ရမယ့္ လိုအပ္ခ်က္ေတြလည္း ရွိတာေၾကာင့္ပါ။ ခင္ဗ်ား အဲဒါကို ကစားသမား ၆ ေယာက္၊ ၁၀ ေယာက္၊ ၁၄ ေယာက္နဲ႔ လုပ္လို႔မရႏိုင္ပါဘူး။ အဲဒီလို လုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး။ အဲဒီေတာ့ ခင္ဗ်ား အားလုံးကို လိုအပ္ၿပီး အာ႐ြန္က အသင္းမွာ တကယ္ကို အေရးပါတဲ့အခန္းက႑ရွိပါတယ္။

ေမး-ရမ္းစ္ေဒးလ္က အခုဆိုရင္ စိတ္ဝင္စားတဲ့အသင္းေတြရွိေနတယ္။ သူ႔ကို ေခၚယူခ်င္ေနတဲ့အသင္းေတြကို သတင္းစကားေပးခ်င္တာရွိလား။
ေျဖ- ကြၽန္ေတာ့္မွာ ဘယ္အသင္းအတြက္မွ သတင္းစကားေပးဖို႔မရွိပါဘူး။ ကြၽန္ေတာ့္ကစားသမားေတြနဲ႔ပတ္သက္ၿပီး နည္းနည္းေတာ့ ေျပာႏိုင္တယ္။ ကြၽန္ေတာ့္ကစားသမားေတြကို ဘယ္ေလာက္အထိ ႏွစ္သက္လဲ၊ အာ႐ြန္ကို ကြၽန္ေတာ္ ဘယ္ေလာက္ သေဘာက်လဲဆိုတာပဲ ေျပာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ အာ႐ြန္ကို ရွိေစခ်င္တာေတာ့ ေသခ်ာပါတယ္။

ေမး- ေဂ်းဇုက သီအိုရီအရ အကဲျဖတ္မႈေတြလုပ္ဖို႔အတြက္ ဘရာဇီးလ္က သူ႔ကို ေခၚႏိုင္လား။ အဲဒီလိုမျဖစ္လာဖို႔ ေမွ်ာ္လင့္လား
ေျဖ- ကြၽန္ေတာ္တို႔ အၿမဲတမ္း လက္ေ႐ြးစင္အသင္းေတြနဲ႔ စကားေျပာဖို႔ ႀကိဳးပမ္းၿပီး ဘုံသေဘာတူညီမႈရရွိဖို႔ ႀကိဳးစားပါတယ္။ အေရးႀကီးတဲ့တစ္ခုတည္းေသာအရာက ကစားသမားရဲ႕ အက်ိဳးစီး့ြားျဖစ္ၿပီး အဲဒါၿပီးရင္ေတာ့ လက္ေ႐ြးစင္နဲ႔ အသင္းရဲ႕ အက်ိဳးစီးပြားပါ။

ေမး- ေအာ္ဒီဂြါဒ္က ဗုဒၶဟူးေန႔က အခ်ိန္နဲ႔အမွ် ၿပိဳင္ပြဲဝင္ေနရတယ္လို႔ ေျပာခဲ့တယ္။ သူ႔ဆီကေန တိုးတက္မႈေတြ ရွိလား။
ေျဖ- ၿပိဳင္ပြဲဝင္ေနရဆဲပါ။ သူ လုပ္ႏိုင္တဲ့အရာအားလုံး လုပ္ဖို႔ ႀကိဳးစားေနတယ္။ ၾကည့္တာေပါ့။ ျဖစ္ႏိုင္ေျခေတာ့ရွိပါတယ္။

ေမး- ဇန္နဝါရီမွာ ခင္ဗ်ား လူအင္အားျဖည့္ဖို႔လိုအပ္တယ္လို႔ ထင္လား။
ေျဖ-ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ ဒဏ္ရာျပႆနာအခ်ိဳ႕က ကံဆိုးတာပါ့။ သူတို႔ေတြထဲက အခ်ိဳ႕က ကာလရွည္ဒဏ္ရာေတြျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ အရည္အေသြးရွိတဲ့ကစားသမားေတြပဲ ေ႐ြးနာေနသလိုပဲ။ ကြၽန္ေတာ္တို႔ အရည္အေသြးအေၾကာင္း ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ၿပီးရင္ေတာ့ ခင္ဗ်ား အခ်ိဳ႕ေနရာေတြအေၾကာင္း ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ နည္းနည္း အင္အားပိုနည္းေနတဲ့ ေနရာေတြအေၾကာင္း ေျပာရမွာပါ။ ဒါေပမယ့္ အဲဒါက ရာသီရဲ႕ စိန္ေခၚမႈျဖစ္ၿပီး တျခားလူေတြက တိုးတက္လာေအာင္ လုပ္ရမွာပါ။ အဲဒါက အသင္းအတြက္လည္း ေကာင္းမြန္တဲ့ စမ္းသပ္မႈလည္း ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုအခိုက္အတန႔္ေတြကို ဘယ္လို ရင္ဆိုင္လဲ၊ ကြၽန္ေတာ္တို႔ အဲဒါကို ဘယ္လို တုံ႔ျပန္လဲဆိုတာက အေရးႀကီးပါတယ္။ အခုထိေတာ့ အသင္းက ေကာင္းေကာင္းလုပ္ေနပါတယ္။

Arsenal Myanmar

Ref: Internet