Transfer News

ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဂန်းနားကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ ဖာဒီနန် user

ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဂန်းနားကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက် ကစားသမားသစ်ဖြစ်လာတော့မယ့် မေဆန် မောင့်ကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ထက် ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းနဲ့ ထပ်ဆောင်း ပေါင် ၅ သန်းနဲ့ ပေါင် ၅၅ သန်း ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး…

read more
အာဆင်နယ်ရဲ့ ကြီးမားတဲ့အပြောင်းအရွှေ့ကို ကြားဝင်ခဲ့တဲ့ အိုဇေးလ် user

အာဆင်နယ်ရဲ့ ကြီးမားတဲ့အပြောင်းအရွှေ့ကို ကြားဝင်ခဲ့တဲ့ အိုဇေးလ်

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်အထိ အလွန်ထူးခြားကောင်းမွန်တဲ့ အပြောင်းအရွှေ့ကာလကို ဖြတ်သန်းနေပေမယ့်လည်း ဂန်းနားကွင်းလယ်ဖန်တီးရှင်ဟောင်း အိုဇေးလ်က အာတီတာရဲ့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့ကို ဟန့်တားခဲ့ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းဟာ ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဒီကလန် ရိုက်စ်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်း၊ အိုင်းယက်စ်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။…

read more
ပေါင် ၁၀၅ သန်းတန်အပြောင်းအရွှေ့မတိုင်ခင် တွေ့ဆုံမှုမှာ အာတီတာကို အံ့အားသင့်ခဲ့တဲ့ ရိုက်စ် user

ပေါင် ၁၀၅ သန်းတန်အပြောင်းအရွှေ့မတိုင်ခင် တွေ့ဆုံမှုမှာ အာတီတာကို အံ့အားသင့်ခဲ့တဲ့ ရိုက်စ်

ဒီကလန် ရိုက်စ်ဟာ ဇန်နဝါရီလတုန်းက အာဆင်နယ်နည်းပြ အာတီတာနဲ့ တွေ့ဆုံခဲ့ပြီးနောက် စပိန်လူမျိုးနည်းပြကို အံ့ဩတကြီးဖြစ်ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။ အာတီတာဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် အဓိကပစ်မှတ်တွေထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပြီး အာဆင်နယ်ဟာ ယခုအပတ်မှာ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၀၅ သန်းပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်ကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ…

read more
ရိုက်စ်ကြောင့် အပြောင်းအရွှေ့ ပြုလုပ်ခွင့်တောင်းခံခဲ့တဲ့ ဂန်းနားကြယ်ပွင့် user

ရိုက်စ်ကြောင့် အပြောင်းအရွှေ့ ပြုလုပ်ခွင့်တောင်းခံခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို အသင်းနဲ့ နည်းပြ အာတီတာတို့ကို အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှု နောက်တဆင့် တက်ရောက်နိုင်ခဲ့တာကြောင့် အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားအဖြစ် ပြီးခဲ့တဲ့လမှာ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂါနာကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂…

read more
ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ တိုမီယဆုနဲ့ ဝီလီယံ ဆာလီဘာတို့ ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိဖို့အတွက် နီးစပ်နေပြီဖြစ်တယ်ဆိုတဲ့ အားတက်စရာသတင်းကောင်းကို ကြားခဲ့ရပြီဖြစ်ပြီး နှစ်ဦးစလုံးဟာ ဒူးဒဏ်ရာနဲ့ နောက်ကျောကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ဦးစလုံးဟာ အနည်းဆုံး ရာသီကြိုကာလရဲ့ အစိတ်အပိုင်းအချို့မှာ ပါဝင်ကစားပေးသွားတော့မှာဖြစ်ပြီး တိုမီယဆုက မတ်လက စပို့တင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ပြီးနောက် လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာကလည်း…

read more
ထမင်းလုတ်ကို ပုတ်ချခါနီးမှ ပြူးပြဲပြီး အရေးပေါ်အစီအစဉ်ထဆွဲတဲ့ အာဆင်နယ် coyg

ထမင်းလုတ်ကို ပုတ်ချခါနီးမှ ပြူးပြဲပြီး အရေးပေါ်အစီအစဉ်ထဆွဲတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် လုပ်ဆောင်ဖို့ အရေးပေါ်အစီအစဉ်ကို ဆွဲနေတယ်လို့ သိရပါတယ်။ အာတီတာဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ဇန်နဝါရီလလောက်ကတည်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဂန်းနားတွေဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားကို…

read more
စီးတီးရဲ့ စိတ်ဝင်စားမှုခံရပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒီကလန် ရိုက်စ် coyg

စီးတီးရဲ့ စိတ်ဝင်စားမှုခံရပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒီကလန် ရိုက်စ်

ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာစီးတီးအသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အာတီတာဟာ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ၎င်းရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ဝက်စ်ဟမ်းအသင်းနဲ့ သဘောတူညီမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးဟာ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးကမ်းလှမ်းမှုဟာ ကနဦးပေါင် ၇၅ သန်းနဲ့…

read more
အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်နိုင်ခြေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဌာနတွင်း အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ Arsenal Informer ရဲ့ ဖော်ပြချက်အရ ဒီအစည်းအဝေးမှာ ဂန်းနားတွေရဲ့ မျက်နှာဖုံးအသစ်ဖြစ်လာမယ့် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုက်စ်ကို အရေးကြီးတဲ့ ခေါ်ယူမှုအဖြစ် အသင်းရဲ့ အရေးပါသူတွေက ရှုမြင်ထားတဲ့အကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။…

read more
စီးတီးနဲ့ဂန်းနားတို့အတွက် အနာဂတ်အပေါ်ကြီးမားတဲ့သဲလွန်စပေးလိုက်တဲ့ ရိုက်စ် coyg

စီးတီးနဲ့ဂန်းနားတို့အတွက် အနာဂတ်အပေါ်ကြီးမားတဲ့သဲလွန်စပေးလိုက်တဲ့ ရိုက်စ်

နွေရာသီအပြောင်းအရွှေ့စျေးကွက် အဖွင့်ရက်သတ္တပတ်စစချင်းမှာပဲ ဒီကလန် ရိုက်စ်ရဲ့ အနာဂတ်ဟာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းက ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ ဂန်းနားတွေဟာ ကွင်းလယ်ကြယ်ပွင့်အတွက် ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကို ပေးချေလိုတဲ့ဆန္ဒမရှိခြင်းက မန်ချက်စတာစီးတီးကို ဒီကလန် ရိုက်စ်အပေါ် စိတ်ဝင်စားမှုကို အရှိန်မြှင့်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဖလား ၃…

read more
အဓိကပစ်မှတ်နဲ့ ဆေးစစ်ဖို့ နီးပြီဖြစ်တဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်နဲ့ ဆေးစစ်ဖို့ နီးပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ခိုင် ဟာဗတ်ဇ်အတွက် ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တယ်လို့ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းက ပြောကြားခဲ့ပါတယ်။ လန်ဒန်ကလပ် ၂ သင်းဟာ လက်ရှိမှာတော့ အရစ်ကျပေးချေမှုနဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်နိုင်တဲ့ စာချုပ် တည်ဆောက်ပုံကို အပြီးသတ်ဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး ဟာဗတ်ဇ်ဟာ အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေးအရ…

read more