Transfer News

အမ်းမရိတ်စ်က ထွက်ဖို့ သဘောတူလိုက်တဲ့ ပါတေးကြောင့် အစားထိုးရတော့မယ့် အာဆင်နယ် user

အမ်းမရိတ်စ်က ထွက်ဖို့ သဘောတူလိုက်တဲ့ ပါတေးကြောင့် အစားထိုးရတော့မယ့် အာဆင်နယ်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ အမ်းမရိတ်စ်ကို စွန့်ခွာပြီး ဆော်ဒီ အာရေဗျကလပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ အရှေ့အလယ်ပိုင်းက သတင်းတွေအရ သိရပါတယ်။ ဂါနာကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ဒီကလန် ရိုက်ရဲ့ ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းကနေ ပြောင်းရွှေ့လာမှုက ကောလာဟလတွေကို အရှိန်မြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီ…

read more
မျှော်နေတဲ့ ပရိသတ်တွေကို ရိုက်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ် user

မျှော်နေတဲ့ ပရိသတ်တွေကို ရိုက်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားအနေနဲ့ ဟမ်းမားတွေကို စွန့်ခွာသွားပြီလို့ ယနေ့နံနက်အစောပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ကြေညာခဲ့ပြီးနောက် မြောက်လန်ဒန်ကလပ်အသင်းနဲ့ ဒီကလန် ရိုက်တို့ ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ နည်းပြ မီခေးလ် အာတီတာက “ကျွန်တော်တို့နဲ့ ဒီကလန် ရိုက် ပူးပေါင်းခဲ့တဲ့အတွက် တကယ်ကို…

read more
အာဆင်နယ်ကို ပြောင်းရတဲ့အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရိုက် user

အာဆင်နယ်ကို ပြောင်းရတဲ့အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရိုက်

ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဟာ ဘယ်အရာက တွန်းအားပေးခဲ့တာလဲဆိုတာကို ရှင်းလင်းထားတဲ့ နှုတ်ဆက်စာကို ဝက်စ်ဟမ်းအသင်းပရိသတ်တွေဆီ ပေးပို့ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ရဲ့ ဗြိတိန်စံချိန်တင်အပြောင်းအရွှေ့ဟာ ယနေ့မှာ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းက တရားဝင် ကြေညာသွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ အာတီတာက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားကို နံပါတ် ၁ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးမှုတွေ…

read more
အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား user

အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား

ဖိုလာရင် ဘာလိုဂန်ဟာ ၎င်းရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ အာဆင်နယ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ ယခုနွေရာသီထက် ကျော်လွန်ပြီး ဆက်နေတော့မယ်ဆိုတဲ့ သဲလွန်စပေးခဲ့ပါတယ်။ ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားထွက်ကစားချိန်အတွင်း လီဂူးဝမ်း ၂၇ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအများအပြားက အလိုရှိတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာလိုဂန်ရဲ့ ခြေစွမ်းကောင်းပြသနိုင်မှုက…

read more
၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ user

၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ

ဒီကလန် ရိုက်ရဲ့ အာဆင်နယ်ကို အပြောင်းအရွှေ့ဟာ ဝက်စ်ဟမ်းအသင်းက လွန်ခဲ့တဲ့ ၂ ပတ်နီးပါးကတည်းက ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အပြီးမသတ်နိုင်သေးတာဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်းပါဝင်တဲ့ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀…

read more
အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ် user

အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်တိုက်စစ်မှူးဟောင်း အလန် စမစ်က ခီလီယန် အမ်ဘာပေကို ခေါ်ယူပြီး အသင်းရဲ့ လစာပေးချေမှုပုံစံကို ဖျက်ဆီးပစ်နိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီး အသင်းဟောင်းကို သတိပေးခဲ့ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနွေရာသီ မဟုတ်ရင်တောင် လာမယ့်နွေရာသီမှာ လီဂူးဝမ်း ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ လာမယ့်နှစ်မှာ မပြောင်းရွှေ့ခင် ပဲရစ်မှာ ဆက်ရှိနေချင်နေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ ကြီးမားတဲ့…

read more
ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ် user

ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း ကစားသမားအဝင်ကို ရပ်တန့်သွားဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားစိန်ခေါ်နိုင်ခဲ့ပြီး ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် အာဆင်ဝင်းဂါးလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့မှာ အမှန်တကယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းရဲ့…

read more
တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ user

တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ချယ်လော့တီဟာ အာဆင်နယ်အသင်းရဲ့ ယခုနွေရာသီ နောက်ထပ် အထင်ကြီးဖွယ်ကစားသမားခေါ်ယူမှုကို လုပ်ဆောင်နိုင်ဖို့ အဓိကကျလာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အတက်ကြွဆုံး ပရီးမီးယားလိဂ်ကလပ်တွေထဲက တစ်ခုဖြစ်ပြီး ဟာဗတ်ဇ်ကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်နဲ့ အိုင်းယက်နောက်ခံလူ ယူရီယန် တင်းဘားတို့ကိုလည်း လာမယ့်ရက်ပိုင်းတွေမှာ အမ်းမရိတ်စ်အရောက်ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။ ရိုက်နဲ့ တင်းဘားတို့ဟာ သောကြာနေ့(ယနေ့)မှာ…

read more
အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ user

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာ

အာဆင်နယ်ကို ဖျက်ဆီးခဲ့တဲ့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေး ရခဲ့တဲ့ အာတီတာအာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလကို အကောင်းဆုံးပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့သလို ဒီကလန် ရိုက်စ်နဲ့ ယူရီယန် တင်းဘားတို့ကိုလည်း…

read more
ရိုက်ရဲ့အပြောင်းအရွှေ့အပြီး နောက်ထပ် အပြောင်းအရွှေ့ ၂ ခု အပြီးသတ်မယ့် အာဆင်နယ် user

ရိုက်ရဲ့အပြောင်းအရွှေ့အပြီး နောက်ထပ် အပြောင်းအရွှေ့ ၂ ခု အပြီးသတ်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက ဒီကလန် ရိုက်အတွက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဖက်ဘရီဇီယို ရိုမာနိုက အင်္ဂလန်ကြယ်ပွင့်ကို ဆေးစစ်မှုအပြီးမှာ ဂန်းနားတွေ အပြီးသတ်မယ့် နောက်ထပ် အပြောင်းအရွှေ့ ၂ ခုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာတီတာဟာ အပြောင်းအရွှေ့စျေးကွက် မဖွင့်ခင်ကတည်းက ဒီကလန် ရိုက်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ ဇန်နဝါရီလကတည်းက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့…

read more