Team News

ဂန်းနားတွေ နောက်ဆုံး ၃ ပွဲအနိုင်ရခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးဖြစ်တဲ့ ဂွါဒီယိုလာ coyg

ဂန်းနားတွေ နောက်ဆုံး ၃ ပွဲအနိုင်ရခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးဖြစ်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း အိုနူအိုဟာက ဂွါဒီယိုလာဟာ အာဆင်နယ်က ၎င်းတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲကို အနိုင်ရရှိခဲ့ရင်လည်း အစီအစဉ်ရှိထားပြီးသားလို့ ပြောကြားခဲ့ပါတယ်။ ဒုတိယနေရာက အာဆင်နယ်ဟာ လက်ရှိမှာ အမှတ်ပေးဇယား ဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နေပြီး ဘရိုက်တန်၊ နော်တင်ဟမ် ဖောရက်စ်၊ ဝုလ်ဗ်စ်တို့နဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး…

read more
နယူးကာဆယ်နဲ့ပွဲမှာ အာတီတာပွဲထုတ်သင့်တဲ့ ပွဲထွက်လူစာရင်း coyg

နယူးကာဆယ်နဲ့ပွဲမှာ အာတီတာပွဲထုတ်သင့်တဲ့ ပွဲထွက်လူစာရင်း

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ စိန့် ဂျိမ်းစ်ပါ့ခ်ကို မဖြစ်မနေ အနိုင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ရာသီနောက်ဆုံး ၄ ပွဲမှာ အနိုင်ကစားနိုင်မှ ဆုဖလားမျှော်လင့်ချက် အသက်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ နယူးကာဆယ်ယူနိုက်တက်ကို အနိုင်ကစားနိုင်မှသာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ရမှတ် ၄ မှတ် ကွာဟနေမှုကို ၁ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းထက် တစ်ပွဲပိုနေဦးမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ…

read more
နယူးကာဆယ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေတဲ့ အဓိကကစားသမား coyg

နယူးကာဆယ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ပျောက်ဆုံးနေတဲ့ အဓိကကစားသမား

အာဆင်နယ်အသင်းဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မတိုင်ခင် ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ ကြံ့ခိုင်မှုအပေါ်မှာ ဆက်လက်ပြီး စိုးရိမ်ပူပင်နေရတယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးက စနေနေ့က လိဒ်စ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဦးဆောင်ခွင့် ပြန်ပေးခဲ့ရတာဖြစ်ပြီး ဂန်းနားတွေအနေနဲ့ နောက်ထပ် ဘယ်လိုအမှားမှ ကျူးလွန်လို့မရတာဖြစ်ပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ခရီးစဉ်ဟာ တော်တော်လေး ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အက်ဒီ…

read more
ပေါင်သန်း ၃၀ တန်အစားထိုးမှုကို ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်ကြောင့် မိတိုမာကို ခေါ်ဖို့ နီးစပ်လာတဲ့ အာဆင်နယ် coyg

ပေါင်သန်း ၃၀ တန်အစားထိုးမှုကို ပြုလုပ်ခဲ့တဲ့ ဘရိုက်တန်ကြောင့် မိတိုမာကို ခေါ်ဖို့ နီးစပ်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘရိုက်တန်ရဲ့ နောက်ဆုံး အပြောင်းအရွှေ့ လုပ်ဆောင်မှုအပြီး ယခုနွေရာသီမှာ မိတိုမာကို ခေါ်ယူဖို့အတွက် ရှင်းလင်းတဲ့ လမ်းကြောင်း ရရှိခဲ့ပြီဖြစ်ပါတယ်။ အာတီတာဟာ လာမယ့်ရာသီ အလုပ်များတဲ့ ချန်ပီယံလိဂ်ပွဲချိန်စာရင်းကြောင့် ယခုရာသီကုန်မှာ တောင်ပံကစားသမား ခေါ်ယူဖို့အတွက် စျေးကွက်ထဲကို ဝင်ရောက်သွားမယ်လို့ ယူဆခြင်း ခံထားရတာ ဖြစ်ပါတယ်။ မိတိုမာဟာ ယခုရာသီမှာ ဘရိုက်တန်အသင်းအတွက် အထင်ကြီးစရာကောင်းလွန်းတဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက်…

read more
ဆုဖလားပြိုင်ပွဲမှာ ဆာကာအတွက် စိုးရိမ်မှုကို သတိပေးခဲ့တဲ့ အီယန် ရိုက် coyg

ဆုဖလားပြိုင်ပွဲမှာ ဆာကာအတွက် စိုးရိမ်မှုကို သတိပေးခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အာတီတာကို ယခုလကုန် ရာသီမကုန်ဆုံးခင် ဘူကာယို ဆာကာရဲ့ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှု အမြင့်မားဆုံးဖြစ်လာအောင် ကောင်းကောင်း အနားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ယခုရာသီအစကတည်းက အာဆင်နယ်အတွက် ကြီးကြီးမားမား အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ…

read more
ဂန်းနားတွေရဲ့လာမယ့်ရာသီ ပရီးမီးယားလိဂ်စိန်ခေါ်နိုင်စွမ်းကို သုံးသပ်ခဲ့တဲ့ အာဆင်ဝင်းဂါး coyg

ဂန်းနားတွေရဲ့လာမယ့်ရာသီ ပရီးမီးယားလိဂ်စိန်ခေါ်နိုင်စွမ်းကို သုံးသပ်ခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး လူအင်အားမဖြည့်တင်းဘဲနဲ့တောင် အမှတ်ပေးဖလားစိန်ခေါ်နိုင်မယ့် လူစာရင်းကို ပိုင်ဆိုင်ထားပြီးသားလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အလွန်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ချက်စတာစီးတီးသာ သိသိသာသာ ခြေမချော်ဘူးဆိုရင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုရာသီအစောပိုင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့်…

read more
မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း coyg

မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ ဗုဒ္ဓဟူးနေ့ညမှာ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၃-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီးနောက် နောက်ထပ် ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂါနေ့က ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက လက်ရှိမှာတော့ ဇယားထိပ်ဆုံးကို ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ပြန်လည်တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။…

read more
အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ coyg

အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးတာက ၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးသတ်နိုင်မှာဖြစ်တာကြောင့် အောင်မြင်မှုဖြစ်တယ်လို့ ခံစားနေရပါတယ်။ မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီဖြစ်ပြီး ဂန်းနားတွေနဲ့ ၂ မှတ်ကွာနေပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ၂ ပွဲလျော့နေတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တော့မယ့်ပုံပေါ်နေတာ…

read more
VAR ရဲ့ ဂန်းနားတွေအပေါ် မမျှတမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပရိသတ်များ coyg

VAR ရဲ့ ဂန်းနားတွေအပေါ် မမျှတမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ VAR ရဲ့ နောက်ထပ်တစ်ကြိမ် ဒုက္ခပေးခြင်းကို ခံခဲ့ရမှုကို ညည်းတွားခဲ့ကြပါတယ်။ ကီဗင် ဒီဘရိုင်းနားက ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ မန်ချက်စတာစီးတီးအတွက် ၇ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဂျွန် စတုန်းစ်ဟာ ကနဦးမှာ လူကျွံအလံထောင်ပြခြင်းခံခဲ့ရပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ မန်စီးတီးနောက်ခံလူဟာ…

read more
ဂန်းနားတွေနဲ့ပွဲမတိုင်ခင် အာတီတာနဲ့ ဆက်ဆံရေးဘယ်လိုပြောင်းလဲခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဂွါဒီယိုလာ coyg

ဂန်းနားတွေနဲ့ပွဲမတိုင်ခင် အာတီတာနဲ့ ဆက်ဆံရေးဘယ်လိုပြောင်းလဲခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက နှစ်ပေါင်းများစွာအတွင်း ၎င်းရဲ့ အာတီတာနဲ့ ဆက်ဆံရေးဟာ ဘယ်လို ပြောင်းလဲသွားခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးနည်းပြဟာ အာဆင်နယ်ကွင်းလယ်ဂန္တဝင်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ၃ နှစ် နီးပါး အနီးကပ် အလုပ်အတူတူ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာနဲ့ အာတီတာတို့ဟာ အစ်တီဟတ်ကွင်းမှာ အတူတူ ကြီးမားတဲ့ အောင်မြင်မှုတွေကို…

read more