Team News

ဂန်းနားနောက်ခံလူကို ပြစ်တင်ခဲ့တဲ့ ကီးန်နဲ့ ဗီယာရာ coyg

ဂန်းနားနောက်ခံလူကို ပြစ်တင်ခဲ့တဲ့ ကီးန်နဲ့ ဗီယာရာ

ပက်ထရစ် ဗီယာရာနဲ့ ရွိုင် ကီးန်တို့ဟာ အာဆင်နယ်နောက်ခံလူ ခီဗီယောကို တနင်္ဂနွေနေ့ညနေက ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အဖွင့်ဂိုးအတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။ ဆုဖလား ပြိုင်ဘက် အာဆင်နယ်အသင်းက ဘရိုက်တန်နဲ့ ပွဲမှာ နောက်ထပ်တစ်ကြိမ် ခြေချော်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တကမ်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။…

read more
ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ အာတီတာ coyg

ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၃-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဒုတိယပိုင်း စွမ်းဆောင်ရည်အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက် အသက်ဆက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်အားလုံးကို မဖြစ်မနေ အနိုင်ကစားနိုင်ဖို့ လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း အထင်ကြီးစရာကောင်းတဲ့ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကြောင့် မရှုမလှ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ ဂိုးမရှိ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပေမယ့်လည်း ရောဘတ်တို…

read more
အာဆင်နယ်နဲ့ဘရိုက်တန်ပွဲအတွက် ဟောကိန်းထုတ်ရာမှာ သဘောထားကွဲလွဲခဲ့တဲ့ ဆပ်တန်နဲ့ မာဆန် coyg

အာဆင်နယ်နဲ့ဘရိုက်တန်ပွဲအတွက် ဟောကိန်းထုတ်ရာမှာ သဘောထားကွဲလွဲခဲ့တဲ့ ဆပ်တန်နဲ့ မာဆန်

အာဆင်နယ်အသင်းဟာ ယခုရာသီ နောက်ဆုံး လက်ကျန် ၃ ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပြီး ဒီ ၃ ပွဲစလုံးကို အနိုင်ရအောင် ကစားနိုင်မှသာ ယခုလကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အသေးငယ်ဆုံးအခွင့်အရေးကို မျှော်လင့်နိုင်မယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။ ပထမဆုံး ကစားရမယ့်ပွဲစဉ်ကတော့ ရောဘတ်တို ဒီဇာဘီလက်အောက်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနေတဲ့ ဘရိုက်တန်နဲ့ဖြစ်ပြီး စင်ရော်တွေဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၅-၁ နဲ့…

read more
ဒီရာသီမှာ အံ့အားသင့်အောင်အလုပ်နိုင်ဆုံးကစားသမားကို သတ်မှတ်ခဲ့တဲ့ အီယန် ရိုက် coyg

ဒီရာသီမှာ အံ့အားသင့်အောင်အလုပ်နိုင်ဆုံးကစားသမားကို သတ်မှတ်ခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဂရာနစ် ချာကာဟာ ယခုရာသီမှာ ၎င်းကို ကျန်တဲ့ အာဆင်နယ်ကစားသမားတွေအားလုံးထက် ပိုပြီး အံ့အားသင့်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ချာကာဟာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်တစ်ခုတည်းမှာပဲ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကြောင့် ဆုဖလားအတွက် စိန်ခေါ်နေတဲ့…

read more
မန်စီးတီးပွဲကြည့်မယ့် ကစားသမားတွေကို သတိပေးခဲ့တဲ့ အာတီတာ coyg

မန်စီးတီးပွဲကြည့်မယ့် ကစားသမားတွေကို သတိပေးခဲ့တဲ့ အာတီတာ

အာတီတာက မန်ချက်စတာစီးတီးပွဲကြည့်ရှုမယ့် ကစားသမားတွေကို တားဆီးမှာမဟုတ်ပေမယ့် အာဆင်နယ်အနေနဲ့ ဘယ်လို ခြေချော်မှုမျိုးကိုမဆို အခွင့်ကောင်းယူဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ သတိပေးခဲ့ပါတယ်။ ဂန်းနားနည်းပြ အာတီတာဟာ ယနေ့မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ရှေ့ဆင့်နောက်ဆင့် ကစားရမှာဖြစ်တာကြောင့် ဆုဖလားပြိုင်ပွဲမှာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဲဗာတန်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်…

read more
အာဆင်ဝင်းဂါး ပစ်မှတ်ကို ခေါ်ယူပြီး ပေါင် ၉၂ သန်း ချွေတာနိုင်မယ့် အာတီတာ coyg

အာဆင်ဝင်းဂါး ပစ်မှတ်ကို ခေါ်ယူပြီး ပေါင် ၉၂ သန်း ချွေတာနိုင်မယ့် အာတီတာ

အာဆင်ဝင်းဂါးရဲ့ ခေတ်နှောင်းပိုင်းဟာ လက်ရှိ နည်းပြ အာတီတာရဲ့ ယခုရာသီ မျှော်မှန်းချက်တွေထက် ကျော်လွန်ပြီး စွမ်းဆောင်ပြသနေမှုတွေကြောင့် ပရိသတ်အများစုအတွက် တော်တော်လေးဝေးကွာနေပြီဖြစ်တဲ့ မှတ်ဉာဏ်မျိုးဖြစ်နေမယ့်ပုံပေါ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်ဝင်းဂါးလက်ထက် ပြီးဆုံးခါနီးမှာ အဓိကကစားသမားခေါ်ယူမှုတစ်ခု ပြုလုပ်ချင်ခဲ့ပြီး အာဆင်နယ်အတွက် အမှန်တကယ်ခေါ်ယူနိုင်မှုမဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နောက်ထပ်တစ်ကြိမ် ခေါ်ယူနိုင်တော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။ သောမတ်စ် လီမာဟာ အက်သလက်တီကို မက်ဒရစ်နဲ့ အချိန်တွေကို အဆုံးသတ်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ယခုနွေရာသီမှာ…

read more
ရာသီကုန်ဖို့ ၃ ပွဲသာလိုချိန်မှာ အဓိကကစားသမား ၂ ဦးမပါဘဲကစားရတော့မယ့် ဂန်းနားများ coyg

ရာသီကုန်ဖို့ ၃ ပွဲသာလိုချိန်မှာ အဓိကကစားသမား ၂ ဦးမပါဘဲကစားရတော့မယ့် ဂန်းနားများ

ဝီလီယံ ဆာလီဘာဟာ ယခုရာသီမကုန်ခင် ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ဘဲ အာဆင်နယ်ဟာ ဇင်ချန်ကိုကိုလည်း ဆုဖလားပြိုင်ပွဲမှာ အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဆုဖလားစိန်ခေါ်နေတဲ့ ဂန်းနားတွေဟာ မတ်လလယ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆာလီဘာ နောက်ကျောဒဏ်ရာ ရရှိသွားခဲ့ချိန်ကတည်းက ပြင်သစ်နောက်ခံလူမပါဝင်ဘဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အာတီတာဟာ ဘယ်တုန်းကမှ ပြင်သစ်နောက်ခံလူ ရာသီမကုန်ခင် ပြန်လည် ပါဝင်ကစားပေးနိုင်ခြေနဲ့ပတ်သက်ပြီး…

read more
ပေါင် ၁ ဘီလီယံပြည့်ဖို့ အပြောင်းအရွှေ့ ၃ ခုသာ လိုတော့တဲ့ ခရွန်ကီ coyg

ပေါင် ၁ ဘီလီယံပြည့်ဖို့ အပြောင်းအရွှေ့ ၃ ခုသာ လိုတော့တဲ့ ခရွန်ကီ

အာတီတာနဲ့ အီဒူးတို့ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်ကို အားကောင်းတဲ့ လူစာရင်းဖြစ်လာအောင် တည်ဆောက်ခဲ့ကြပြီး ယခုရာသီမှာ ပထမဆုံးအကြိမ် စိုက်ပျိုးခဲ့သမျှ ပြန်လည်ရိတ်သိမ်းနေရပြီဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ အမ်းမရိတ်စ်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၁၂ လအတွင်းမှာ ထိပ်ဆုံး ၄ နေရာမဝင်နိုင်တဲ့အသင်းအဖြစ်ကနေ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သူတွေအဖြစ် ပြောင်းလဲခဲ့ပြီး ဒီအပြောင်းအလဲဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အသင်းပိုင်ရှင် စတန် ခရွန်ကီဟာ ၂၀၁၈…

read more
ဆုဖလားပြိုင်ပွဲအတွင်း အာတီတာလုပ်ခဲ့တဲ့အမှားကို ပြောပြခဲ့တဲ့ ပေါလ် မာဆန် coyg

ဆုဖလားပြိုင်ပွဲအတွင်း အာတီတာလုပ်ခဲ့တဲ့အမှားကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က အာတီတာဟာ ဆိုးရွားတဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အိပ်မက်ကို ထိခိုက်စေခဲ့တဲ့ ဧပြီလအတွင်းမှာ ဂျော်ဂျင်ညိုကို ပွဲထွက်အသုံးမပြုခဲ့တဲ့အမှားကို ကျူးလွန်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ ရာသီအချိန်အများစုမှာ အလွန်အထင်ကြီးစရာ ကောင်းခဲ့တာဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ ဆုဖလားစိန်ခေါ်မှုဟာ ပြီးခဲ့တဲ့လမှာ စတင်ပြီး ယိမ်းယိုင်လာခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်နဲ့ မန်ချက်စတာစီးတီးတို့နဲ့ပွဲစဉ်တွေမှာ ရမှတ်တွေလျော့ကျခဲ့တာဖြစ်ပါတယ်။…

read more
ဘားကမ့်လက်သစ်ကို ဘယ်မှာရှာလို့ရလဲဆိုတာ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ် coyg

ဘားကမ့်လက်သစ်ကို ဘယ်မှာရှာလို့ရလဲဆိုတာ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘရန့်တ်ဖို့ဒ်နဲ့ အံ့အားသင့်ဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖွယ်ရှိနေတဲ့ အိုင်ဗန် တိုနီက ၎င်းတို့ရဲ့ ဒန်းနစ် ဘားကမ့် ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ ပြောကြားခြင်းခံခဲ့ရပါတယ်။ အာလင်း ဟာလန်းနဲ့ ဟာရီ ကိန်းတို့ ၂ ဦးသာ ယခုရာသီမှာ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးထက် သွင်းဂိုးတွေ ပိုမို သွင်းယူထားနိုင်ကြတာဖြစ်ပြီး ဂန်းနားတွေရဲ့…

read more