Team News

ပဟေဠိဆန်တဲ့ စကားလုံး ၃ လုံးပေးပို့လိုက်တဲ့ အာဆင်နယ်အဓိကပစ်မှတ် user

ပဟေဠိဆန်တဲ့ စကားလုံး ၃ လုံးပေးပို့လိုက်တဲ့ အာဆင်နယ်အဓိကပစ်မှတ်

အာဆင်နယ်အသင်းရဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကြောင့် အများစုဟာ ယူရီယန် တင်းဘားအနေနဲ့ ဂန်းနားတွေဆီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်ဆိုတာကို မေ့လျော့နေကြပုံပေါ်ပါတယ်။ အိုင်းယက်စ်နောက်ခံလူဟာ အာတီတာရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး တင်းဘားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ယခုအပတ်မှာ နောက်ဆုံး ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးညှိနှိုင်းမှု…

read more
တင်းဘားနဲ့သဘောတူညီမှုရအပြီး ဂန်းနားတွေပြုလုပ်နိုင်သေးတဲ့ အပြောင်းအရွှေ့ ၁၀ ခု user

တင်းဘားနဲ့သဘောတူညီမှုရအပြီး ဂန်းနားတွေပြုလုပ်နိုင်သေးတဲ့ အပြောင်းအရွှေ့ ၁၀ ခု

အာဆင်နယ်အသင်းဟာ ယူရီယန် တင်းဘားအတွက် အိုင်းယက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုနွေရာသီမှာ နောက်ထပ် အပြောင်းအရွှေ့ ၁၀ ခုအထိ လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ အာတီတာဟာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်သလို နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေ အများအပြားလည်း ထပ်မံ လုပ်ဆောင်ဖွယ်ရှိပြီး ဗုဒ္ဓဟူးနေ့ညနေမှာ အာဆင်နယ်က ခိုင် ဟာဗတ်ဇ်ကို ယခုနွေရာသီရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။…

read more
နောက်ပိုင်း အာဆင်နယ်ကြမ်းမည်ဟု ပြောခဲ့တဲ့အတိုင်း ကတိတည်ပြနေပြီဖြစ်တဲ့ ဂျော့ရှ် ခရွန်ကီ coyg

နောက်ပိုင်း အာဆင်နယ်ကြမ်းမည်ဟု ပြောခဲ့တဲ့အတိုင်း ကတိတည်ပြနေပြီဖြစ်တဲ့ ဂျော့ရှ် ခရွန်ကီ

၂၀၂၃ နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ စတင်ခဲ့တာဖြစ်ပြီး ခိုင် ဟာဗတ်ဇ်က ဗုဒ္ဓဟူးနေ့မှာ ပေါင် ၆၅ သန်းဝန်းကျင်နဲ့ အမ်းမရိတ်စ်ကို ပထမဆုံးပြောင်းရွှေ့လာတဲ့ အာတီတာရဲ့ ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝက်စ်ဟမ်းကို ပေါင် ၁၀၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုဟာ လက်ခံခြင်းခံခဲ့ရပြီဖြစ်တာကြောင့် အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ယူရီယန် တင်းဘားအတွက်လည်း ပေါင်သန်း…

read more
ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ တိုမီယဆုနဲ့ ဝီလီယံ ဆာလီဘာတို့ ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိဖို့အတွက် နီးစပ်နေပြီဖြစ်တယ်ဆိုတဲ့ အားတက်စရာသတင်းကောင်းကို ကြားခဲ့ရပြီဖြစ်ပြီး နှစ်ဦးစလုံးဟာ ဒူးဒဏ်ရာနဲ့ နောက်ကျောကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ဦးစလုံးဟာ အနည်းဆုံး ရာသီကြိုကာလရဲ့ အစိတ်အပိုင်းအချို့မှာ ပါဝင်ကစားပေးသွားတော့မှာဖြစ်ပြီး တိုမီယဆုက မတ်လက စပို့တင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ပြီးနောက် လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာကလည်း…

read more
ဟာဗတ်ဇ်ကစားရမယ့်နေရာကို သဲလွန်စပေးလိုက်တဲ့ အာတီတာ coyg

ဟာဗတ်ဇ်ကစားရမယ့်နေရာကို သဲလွန်စပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ ချဲလ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာမှာ ကစားခိုင်းဖို့ စီစဉ်ထားလဲဆိုတာကို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်ကြယ်ပွင့် ဟာဗတ်ဇ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်က ၃ နှစ်တာ ကာလကို အဆုံးသတ်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်…

read more
စာချုပ်သတ်မှတ်ရက်ကြောင့် ပါရမီရှင်ကစားသမားကို ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ် coyg

စာချုပ်သတ်မှတ်ရက်ကြောင့် ပါရမီရှင်ကစားသမားကို ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့လို အသင်းတွေဆီကနေ စိတ်ဝင်စားမှု ခံနေရချိန်မှာ အီသန် နွာနယ်ရီအတွက် သဘောတူညီမှုရရှိဖို့ သောကြာနေ့အထိပဲ အချိန်ရမှာဖြစ်ပါတယ်။ နွာနယ်ရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသက် ၁၅ နှစ် ၁၈၁ ရက်အရွယ်နဲ့ လူစားဝင်ကစားပေးခဲ့တဲ့အချိန်မှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ…

read more
ထမင်းလုတ်ကို ပုတ်ချခါနီးမှ ပြူးပြဲပြီး အရေးပေါ်အစီအစဉ်ထဆွဲတဲ့ အာဆင်နယ် coyg

ထမင်းလုတ်ကို ပုတ်ချခါနီးမှ ပြူးပြဲပြီး အရေးပေါ်အစီအစဉ်ထဆွဲတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် လုပ်ဆောင်ဖို့ အရေးပေါ်အစီအစဉ်ကို ဆွဲနေတယ်လို့ သိရပါတယ်။ အာတီတာဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ဇန်နဝါရီလလောက်ကတည်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဂန်းနားတွေဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားကို…

read more
စီးတီးရဲ့ စိတ်ဝင်စားမှုခံရပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒီကလန် ရိုက်စ် coyg

စီးတီးရဲ့ စိတ်ဝင်စားမှုခံရပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒီကလန် ရိုက်စ်

ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာစီးတီးအသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အာတီတာဟာ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ၎င်းရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ဝက်စ်ဟမ်းအသင်းနဲ့ သဘောတူညီမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးဟာ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးကမ်းလှမ်းမှုဟာ ကနဦးပေါင် ၇၅ သန်းနဲ့…

read more
အမ်းမရိတ်စ်ရောက်တော့မယ့်ပစ်မှတ်အကြောင်း ပြောပြလိုက်တဲ့ အာတီတာ coyg

အမ်းမရိတ်စ်ရောက်တော့မယ့်ပစ်မှတ်အကြောင်း ပြောပြလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းက ချဲလ်ဆီးတိုက်စစ်မှူးကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ခိုင် ဟာဗတ်ဇ်ကို အရည်အချင်းရှိတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဂန်းနားတွေဟာ အသက် ၂၄ နှစ်အရွယ် ဂျာမန်ကြယ်ပွင့်ကို ထပ်ဆောင်းပေးချေမှုတွေပါဝင်တဲ့ ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟာ လာမယ့်အပတ်မှာ အသင်းနဲ့ ဆေးစစ်မှုခံယူသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်…

read more
အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်အတွက် အရေးပေါ်ဘုတ်အစည်းအဝေးလုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်နိုင်ခြေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဌာနတွင်း အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ Arsenal Informer ရဲ့ ဖော်ပြချက်အရ ဒီအစည်းအဝေးမှာ ဂန်းနားတွေရဲ့ မျက်နှာဖုံးအသစ်ဖြစ်လာမယ့် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုက်စ်ကို အရေးကြီးတဲ့ ခေါ်ယူမှုအဖြစ် အသင်းရဲ့ အရေးပါသူတွေက ရှုမြင်ထားတဲ့အကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။…

read more