Team News

စိုးရိမ်စရာ ဒဏ်ရာသတင်း ၂ ခုကို အတည်ပြုခဲ့တဲ့ အာတီတာ user

စိုးရိမ်စရာ ဒဏ်ရာသတင်း ၂ ခုကို အတည်ပြုခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာတင် အော်ဒီဂွါဒ်နဲ့ ထရော့ဆာ့ဒ်တို့ရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေရတယ်လို့ အာတီတာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ကြာသပတေးနေ့ညက ရာသီကြို ခြေစမ်းပွဲအဖြစ် ဂျာမနီမှာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပြီး ပွဲမကစားခင်ကတည်းက မာတင် အော်ဒီဂွါဒ်ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်…

read more
ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင် user

ဂန်းနားပစ်မှတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင်

ဖရန့်ခ် လမ်းပတ်က ချဲလ်ဆီးအသင်းနည်းပြအဖြစ်နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ကာလတုန်းက အာဆင်နယ်ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံရတော့မယ့် ဒီကလန် ရိုက်ကို ခေါ်ယူချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ ဧပြီလမှာ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို နောက်ထပ်တစ်ကြိမ် စွန့်ခွာခဲ့သူဖြစ်ပြီး ချဲလ်ဆီးဂန္တဝင်ဟာ ၁၁ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့အထိ ခက်ခဲတဲ့ နည်းပြဒုတိယသက်တမ်းကို…

read more
အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား user

အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား

ဖိုလာရင် ဘာလိုဂန်ဟာ ၎င်းရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ အာဆင်နယ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ ယခုနွေရာသီထက် ကျော်လွန်ပြီး ဆက်နေတော့မယ်ဆိုတဲ့ သဲလွန်စပေးခဲ့ပါတယ်။ ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားထွက်ကစားချိန်အတွင်း လီဂူးဝမ်း ၂၇ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအများအပြားက အလိုရှိတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာလိုဂန်ရဲ့ ခြေစွမ်းကောင်းပြသနိုင်မှုက…

read more
ဟာဗတ်ဇ်အခန်းကဏ္ဍအပါအဝင် လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့ အရာ ၅ ခု user

ဟာဗတ်ဇ်အခန်းကဏ္ဍအပါအဝင် လေ့ကျင့်ရေးမှာ မြင်ခဲ့ရတဲ့ အရာ ၅ ခု

အာဆင်နယ်လူစာရင်းရဲ့ ကစားသမားအများစုဟာ လက်ရှိမှာ ရာသီကြို လေ့ကျင့်ရေးအတွက် အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပူပြင်းတဲ့နေရောင်အောက်မှာ အာတီတာရဲ့ လေ့ကျင့်မှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိမှာ နုရင်ဘတ်နဲ့ ယခုနွေရာသီ ပထမဆုံး ခြေစမ်းပွဲကစားဖို့ ဂျာမနီကို ရောက်ရှိနေတာဖြစ်ပြီး ဒီပွဲစဉ်ဟာ ဂန်းနားပရိသတ်တွေအတွက် ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ကို ပထမဆုံးမြင်တွေ့ခွင့်ရမယ့် အခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လူမှုကွန်ရက်အဖွဲ့ကလည်း ရာသီသစ်ရဲ့…

read more
၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ user

၂ ပတ်ကြာတဲ့အထိ ရိုက်ကို ချမပြနိုင်သေးတာ ဘာကြောင့်လဲ

ဒီကလန် ရိုက်ရဲ့ အာဆင်နယ်ကို အပြောင်းအရွှေ့ဟာ ဝက်စ်ဟမ်းအသင်းက လွန်ခဲ့တဲ့ ၂ ပတ်နီးပါးကတည်းက ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အပြီးမသတ်နိုင်သေးတာဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်းပါဝင်တဲ့ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀…

read more
အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ် user

အမ်ဘာပေကို ခေါ်ဖို့သတင်းထွက်နေချိန်မှာ သတိပေးခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်တိုက်စစ်မှူးဟောင်း အလန် စမစ်က ခီလီယန် အမ်ဘာပေကို ခေါ်ယူပြီး အသင်းရဲ့ လစာပေးချေမှုပုံစံကို ဖျက်ဆီးပစ်နိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီး အသင်းဟောင်းကို သတိပေးခဲ့ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနွေရာသီ မဟုတ်ရင်တောင် လာမယ့်နွေရာသီမှာ လီဂူးဝမ်း ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ လာမယ့်နှစ်မှာ မပြောင်းရွှေ့ခင် ပဲရစ်မှာ ဆက်ရှိနေချင်နေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ ကြီးမားတဲ့…

read more
အာတီတာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့လိုက်တဲ့ တောင်ပံကြယ်ပွင့် user

အာတီတာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့လိုက်တဲ့ တောင်ပံကြယ်ပွင့်

အာဆင်နယ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေရဲ့ အနာဂတ်ဟာ အမ်းမရိတ်စ်မှာ မရှိတော့တဲ့ပုံပေါ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ နွေရာသီမှာ ပေါင် ၇၂ သန်းနဲ့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်တောင်ပံကစားသမားဟာ ၂၀၁၈-၂၀၁၉ ရာသီကို လီဂူးဝမ်းကလပ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဲဒီလိုခြေစွမ်းမျိုးပြသနိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပေပေဟာ ပြင်သစ်ကို အငှားပြန်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကို လီဂူးဝမ်းကလပ် နိစ်အသင်းနဲ့အတူ…

read more
ဂန်းနားပစ်မှတ်အတွက် ရှားရှားပါးပါး သဘောတူခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ဟောင်း ၂ ဦး user

ဂန်းနားပစ်မှတ်အတွက် ရှားရှားပါးပါး သဘောတူခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ဟောင်း ၂ ဦး

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အော်ရယ်လီယန် ချွင်မင်နီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ဆုံးကစားသမားဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဂရားနစ် ချာကာကို ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကို ထွက်ခွာခွင့်ပေးခဲ့ပြီး သောမတ်စ် ပါတေးကိုလည်း သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ အမ်းမရိတ်စ်ကို ရောက်ရှိလာတော့မယ့် ကွင်းလယ်ကစားသမားတစ်ဦးကတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ဖြစ်ပြီး အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။…

read more
ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ user

ဗီယာရာ ရုန်းကန်နေရမှုအတွက် ဘယ်သူ့ကို အာတီတာ အပြစ်တင်ရမလဲ

အာဆင်နယ်အသင်းဟာ အဓိကကစားသမားခေါ်ယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် အသင်းကနေ ကစားသမားထွက်ခွာမှုတွေကို မြင်တွေ့ရတော့မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ အခု ဒီစာကို ရေးနေတဲ့အချိန်မှာ ပြီးခဲ့တဲ့လမှာ ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို ပထမအသင်းလူစာရင်းထဲ သွတ်သွင်းပြီးဖြစ်ပြီး ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျက်စိတမှိတ်လောက်သာလိုတော့တာဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးရဲ့ အပြောင်းအရွှေ့ပြီးတာနဲ့…

read more
ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ် user

ငွေကြေးသုံးစွဲနေမှုတွေကို ရပ်တန့်သွားတော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း ကစားသမားအဝင်ကို ရပ်တန့်သွားဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဒင်း ဂျုံးစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားစိန်ခေါ်နိုင်ခဲ့ပြီး ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် အာဆင်ဝင်းဂါးလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့မှာ အမှန်တကယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းရဲ့…

read more