Team News

မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ် 1024 504 coyg

မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့ပြီးဖြစ်ပေမယ့်လည်း အင်အားမဖြည့်တင်းရသေးတဲ့တစ်နေရာကတော့ တောင်ပံဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်က ကွင်းလယ်တိုက်စစ်နေရာမှာ ကစားဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်နဲ့ တင်းဘားတို့က ခံစစ်ပိုင်းအတွက် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ဟာ အများကြီး အားဖြည့်စရာမလိုဘူးဆိုပေမယ့်လည်း ဆာကာကို အနားပေးနိုင်ဖို့အတွက် အရည်အသွေးရှိတဲ့ တောင်ပံကစားသမားတစ်ဦးလောက်တော့ လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်။ Ekstrabladet…

read more
ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု 600 469 coyg

ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု

အာဆင်နယ်ဟာ ဘရန့်တ်ဖို့ဒ်အသင်းက ဂိုးသမား ဒေးဗစ် ရာယာကို အာရွန် ရမ်းစ်ဒေးလ်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုပေးနိုင်အောင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ရာယာဟာ အာဆင်နယ်နည်းပြရဲ့ ကာလရှည် သဘောကျနှစ်သက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ကိန်းဂဏန်းပိုင်းအရ အာရွန် ရမ်းစ်ဒေးလ်ထက်တောင် ပိုမို သာလွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့တာကြောင့် စပိန်ဂိုးသမားလို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ကစားသမားကို ခေါ်တာ အာဆင်နယ်အတွက် အရှုံးမရှိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။   ဒီအပြောင်းအရွှေ့က အာဆင်နယ်ရဲ့…

read more
အမ်းမရိတ်စ်မှာ ကစားသမားသစ်တွေ ထပ်မြင်ရဦးမယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂျာနယ်လစ် 1024 512 coyg

အမ်းမရိတ်စ်မှာ ကစားသမားသစ်တွေ ထပ်မြင်ရဦးမယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂျာနယ်လစ်

အာဆင်နယ်အသင်းဟာ အရေးပါတဲ့ကစားသမားကိုသာ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ၎င်းရဲ့ နေရာမှာ အစားထိုးခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Sky Sport သတင်းထောက် ဒါးမက် ရှက်သ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်လာစေနိုင်တဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်စီးတီးကို ဆုဖလားအတွက် နောက်ထပ်တစ်ကြိမ် စိန်ခေါ်သွားဖို့…

read more
တခြားပရီးမီးယားလိဂ်အသင်းတွေမှာ မရှိတဲ့ဟာကို ကြိုးပမ်းနေတဲ့ အာဆင်နယ် 1024 794 coyg

တခြားပရီးမီးယားလိဂ်အသင်းတွေမှာ မရှိတဲ့ဟာကို ကြိုးပမ်းနေတဲ့ အာဆင်နယ်

ဘောလုံးဝေဖန်သုံးသပ်သူ ဂါဘရီယဲလ် အဘွန်လဟောက အာဆင်နယ်နဲ့ ဒေးဗစ် ရာယာတို့သတင်းထွက်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ဂန်းနားတွေဟာ လက်ရှိအချိန် အခြားပရီးမီးယားလိဂ်အသင်းတွေမှာ မရှိတဲ့ဟာတစ်ခုကို ရှိလာအောင် ကြိုးပမ်းနေတာလို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဂန်းနားတွေဆီကနေ တရားဝင် ကမ်းလှမ်းမှု…

read more
ဘရာဇီးလ်ပါရမီရှင်ကစားသမားအတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ 1024 504 coyg

ဘရာဇီးလ်ပါရမီရှင်ကစားသမားအတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်နောက်ခံကစားသမားတွေထဲက တစ်ဦးဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့သွားနိုင်တယ်လို့ ဂျာနယ်လစ် ပေါလ် ဘရောင်းက ပြောကြားခဲ့ပြီး အာတီတာနဲ့ အီဒူးတို့ဟာ ဖောင်းပွနေတဲ့ လူစာရင်းကို ချုံ့ပစ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ နီကိုလာ ပေပေ၊ ဘာလိုဂန်၊ လိုကွန်ဂါ၊ ထရပ်စတီ၊ ဆီးဒရစ်၊ ဟိုးဒင်း၊ တာဗာရက်စ်နဲ့ ရန်းနားဆင်တို့ဟာ နွေရာသီစျေးကွက်မပိတ်ခင် ရောင်းထုတ်ခံရနိုင်တယ်ပြီး အာဆင်နယ်က ပေပေကို ဝယ်မယ့်အသင်းပေါ်မလာရင် စာချုပ်ဖျက်သိမ်းဖို့…

read more
အမ်းမရိတ်စ်က ထွက်ရတဲ့အကြောင်းအရင်းအမှန်ကို ထုတ်ပြောလာတဲ့ ချာကာ 1024 504 coyg

အမ်းမရိတ်စ်က ထွက်ရတဲ့အကြောင်းအရင်းအမှန်ကို ထုတ်ပြောလာတဲ့ ချာကာ

ဂရာနစ် ချာကာက အာဆင်နယ်အသင်းကနေ လေဗာကူဆင်အသင်းကို ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူဟာ အမ်းမရိတ်စ်မှာ ၇ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ ဇာဘီ အလွန်ဆိုရဲ့ ဘွန်ဒက်စ်လီဂါကလပ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲသာ လွဲချော်ခဲ့တဲ့အထိ အားကိုးရတဲ့ ကစားသမားကို လက်လွှတ်ခဲ့ရတဲ့အတွက်…

read more
ဂန်းနားကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားခဲ့တဲ့ တန်ဟက် 1024 504 coyg

ဂန်းနားကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန္တာတိုက်စစ်မှူး ရာ့စ်မွတ် ဟိုရီလွန်းကို ခေါ်ယူဖို့ အာရုံမစိုက်မီမှာ အာဆင်နယ်လူငယ်ကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူသွားဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒိန်းမတ်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဟိုရီလွန်းအတွက် ပေါင်သန်း ၆၀ ပေးချေသွားလိုတဲ့ဆန္ဒရှိနေပေမယ့်လည်း အတ္တလန္တာအသင်းက ပေါင်သန်း ၈၀ ကျော်…

read more
စျေးကွက်မပိတ်ခင် အာတီတာ အပြီးသတ်နိုင်ဖွယ်ရှိတဲ့ ပစ်မှတ် ၅ ခု 1024 504 coyg

စျေးကွက်မပိတ်ခင် အာတီတာ အပြီးသတ်နိုင်ဖွယ်ရှိတဲ့ ပစ်မှတ် ၅ ခု

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ကစားသမားခေါ်ယူမှု ၃ ခုအထိ ပြုလုပ်ထားပြီးဖြစ်ပေမယ့်လည်း ငွေကြေးသုံးစွဲမှုတွေက မပြီးဆုံးသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ကစားသမားသစ်ခေါ်ယူမှုထက် ကစားသမားထွက်ခွာမှုအပေါ်မှာ အာရုံစိုက်နေတယ်ဆိုပေမယ့်လည်း မြန်မြန်ရောင်းထုတ်နိုင်မယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ ပစ်မှတ်တွေကို အနှေးနဲ့အမြန်ဆိုသလို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်စဖို့ကလည်း ၃ ပတ်တောင်မလိုတော့တာကြောင့် အာဆင်နယ်အနေနဲ့ ပစ်မှတ်ကစားသမားတွေကို ဘယ်လောက်အထိ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိလဲဆိုတာကို Bet365 က တွက်ချက်ခဲ့ပါတယ်။…

read more
အာတီတာ ဘာလို့ အရမ်းပျော်နေလဲဆိုတာကို ပြောပြခဲ့တဲ့ ဖက်ဘရီဇီယို ရိုမာနို 1024 681 coyg

အာတီတာ ဘာလို့ အရမ်းပျော်နေလဲဆိုတာကို ပြောပြခဲ့တဲ့ ဖက်ဘရီဇီယို ရိုမာနို

ရာသီကြိုဟာ ကစားသမားတွေအတွက်တော့ ရာသီသစ် မစတင်ခင်မှာ နည်းပြကို အထင်ကြီးအောင် လုပ်ပြနိုင်ဖို့အတွက် အခွင့်အရေးဖြစ်ပြီး အကယ်ဒမီကစားသမားတွေအတွက် ပထမအသင်းကို တက်ရောက်ခွင့်မျှော်လင့်နိုင်သလို ကစားသမားသစ်တွေလည်း အသင်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပြသနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ရာသီကြိုဟာ အသင်းမှာ နေရာရပြီးသားကစားသမားတွေအချို့အတွက်လည်း ပွဲထွက်လူစာရင်းထဲမှာ တစ်နေရာအခိုင်အမာရရှိနိုင်ဖို့ အစွမ်းပြသခွင့်တစ်ခုဖြစ်ပြီး အာဆင်နယ်က နေရာအချို့မှာ ပွဲထွက်ချိန်အတွက် အန္တရာယ်ရှိနေတဲ့ကစားသမားအချို့လည်း ရှိနေပါတယ်။ ပွဲထွက်ကစားချိန်အတွက် ခြိမ်းခြောက်ခံနေရတယ်လို့…

read more
အီဒူးကို အပြောင်းအရွှေ့အတွက် သတိပေးလိုက်တဲ့ အာတီတာ 1024 768 coyg

အီဒူးကို အပြောင်းအရွှေ့အတွက် သတိပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို လက်ရှိ အသင်းလူစာရင်းရဲ့ ပမာဏဟာ ရေရှည် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပြီး ကစားသမားအထွက်လည်း ရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ တက်ကြွလှုပ်ရှားနေတာဖြစ်ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ တင်းဘားတို့ကို ပေါင်သန်း ၂၀၀ ကျော်သုံးစွဲထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ငွေကြေးအများအပြား…

read more