Team News

ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာထားကစားသင့်လဲဆိုတာ အကြံပေးလိုက်တဲ့ အီယန် ရိုက် 1024 713 coyg

ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာထားကစားသင့်လဲဆိုတာ အကြံပေးလိုက်တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က ခိုင် ဟာဗတ်ဇ်အနေနဲ့ ယခုရာသီမှာ အာဆင်နယ်အတွက် ဘယ်နေရာမှာ ကစားပေးသင့်လဲဆိုတာကို အကြံပေးခဲ့ပြီး ဂန်းနားတွေရဲ့ ရာသီစတင်မှုနဲ့ပတ်သက်ပြီး အင်္ဂလန်ဂန္တဝင်က အလွန်ကျေနပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂ ပွဲစလုံးမှာ…

read more
တင်းဘားဒဏ်ရာကြောင့် အရေးပေါ်အစီအစဉ်ဆွဲနေတဲ့ အာဆင်နယ် 590 350 coyg

တင်းဘားဒဏ်ရာကြောင့် အရေးပေါ်အစီအစဉ်ဆွဲနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ တင်းဘားကြောင့် စက်တင်ဘာ ၁ ရက်နေ့မတိုင်ခင် ဘယ်နောက်ခံကစားသမားတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ယူရီယန် တင်းဘားဟာ အိုင်းယက်ကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အမ်းမရိတ်စ်မှာ ချက်ချင်းပဲ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အချိန်တစ်ခုအထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဇင်ချန်ကိုကလည်း…

read more
ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ 1024 775 coyg

ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ

ဝီလီယံ ဆာလီဘာက ၂၀၂၃-၂၀၂၄ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း မကြာသေးမီက အင်တာဗျူးမှာ ကြံ့ခိုင်မှုအခြေအနေက အပြည့်အဝ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ ရာသီနောက်ဆုံးပိုင်းကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်လည်း ယခုနွေရာသီမှာ ရာသီကြို ခရီးစဉ်အတွက် လူစာရင်းထဲကို အချိန်မီ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာလီဘာက လက်ရှိအချိန်မှာ ၁၀၀…

read more
ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ် 1024 504 coyg

ဖောရက်စ်နဲ့ပွဲက ဂန်းနားကြယ်ပွင့်နဲ့ပတ်သက်ပြီး သဘောတူခဲ့တဲ့ အာတီတာနဲ့ ဟားဂရိဗ်စ်

ဂါဘရီယဲလ် မာတီနယ်လီဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုဝင် ဟားဂရိဗ်စ်ရဲ့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အက်ဒီ အန်ကီးတီးယား၊ ဘူကာယို ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် အာဆင်နယ်အသင်းဟာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မာတီနယ်လီက ဂန်းနားတွေရဲ့ တိုက်စစ်မှာ အထင်ကြီးစရာအကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းလို့မရတာဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်ရဲ့…

read more
ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ 1024 504 coyg

ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဘူကာယို ဆာကာရဲ့ အလွန်ကောင်းမွန်တဲ့ ပထမပိုင်း ကန်ချက်က အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုကို အကူအညီပေးခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးက သောကြာနေ့ညမှာ ဘန်လေကို ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က မြောက်လန်ဒန်မှာ ပရိသတ်တွေရှေ့မှောက် အနိုင် ၃ မှတ်ကို…

read more
ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့တဲ့ သရဲနီဂန္တဝင် 1024 504 coyg

ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့တဲ့ သရဲနီဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က ဘရန့်တ်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အာတီတာရဲ့အသင်းက ဒေးဗစ် ရာယာအတွက် ဘရန့်တ်ဖို့ဒ်ကို ပေါင်သန်း ၃၀ ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ရာယာဟာ လက်ရှိမှာ အာရွန် ရမ်းစ်ဒေးလ်ကို ပွဲထွက်ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်မှု ပေးသွားတော့မှာဖြစ်ပြီး အာတီတာကလည်း အဲဒီအတိုင်း…

read more
ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ 590 386 coyg

ရမ်းစ်ဒေးလ်အတွက် စိုးရိမ်စရာ လျှို့ဝှက်ကတိပေးခဲ့တဲ့ အာတီတာ

ဒန်နီ မာဖီက အာတီတာဟာ အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ် ရာယာကို အမ်းမရိတ်စ်မှာ ပွဲထွက်ဂိုးသမားအဖြစ် အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးခံရမယ်လို့ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ စပိန်ဂိုးသမား ရာယာဟာ လာမယ့်နှစ် နွေရာသီမှာ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ဘရန့်တ်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ နော်တင်ဟမ် ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့…

read more
အာဆင်နယ်ကို မစွန့်ခွာချင်တော့တဲ့ ပေါင် ၄၅ သန်းတန်ကြယ်ပွင့် 1024 576 coyg

အာဆင်နယ်ကို မစွန့်ခွာချင်တော့တဲ့ ပေါင် ၄၅ သန်းတန်ကြယ်ပွင့်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ငွေကြေးအများအပြား သုံးစွဲပြီး ကစားသမားအများအပြား ခေါ်ယူခဲ့ပြီး လက်ရှိမှာတော့ ကစားသမားထွက်ခွာမှုအပေါ်မှာ အာရုံစိုက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီမှာ သုံးစွဲထားတဲ့ ပေါင်သန်း ၂၀၀ ကျော်ကို ပြန်လည် ရှာဖွေဖို့အတွက် လိုအပ်နေတာဖြစ်ပြီး နာမည်ကြီး ကစားသမားအချို့ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဖိုလာရင် ဘာလိုဂန်နဲ့ ဆမ်ဘီ လိုကွန်ဂါတို့ဟာ ယခုနွေရာသီမှာ…

read more
ချန်ပီယံဟောကိန်းထုတ်ရာမှာ အာဆင်နယ်ကို ချန်လှပ်ခဲ့တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း 768 432 coyg

ချန်ပီယံဟောကိန်းထုတ်ရာမှာ အာဆင်နယ်ကို ချန်လှပ်ခဲ့တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ယခုလာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် အဓိကယှဉ်ပြိုင်သူတွေဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပေမယ့်လည်း ဘာဘာတော့ဗ်က ၂ သင်းစလုံးကို ငြင်းပယ်ခဲ့ပြီး ပိုချက်တီနိုက အင်္ဂလိပ်ဘောလုံးလောကကို အကောင်းဆုံးပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။ “မန်စီးတီးပဲ နောက်ထပ်တစ်ကြိမ်ထပ်ရမယ်လို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်…

read more
အသင်းက ထွက်ခါနီးမှာ အာတီတာက စိတ်ပြောင်းအောင် လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ရိစ် နယ်လ်ဆင် 644 465 coyg

အသင်းက ထွက်ခါနီးမှာ အာတီတာက စိတ်ပြောင်းအောင် လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ရိစ် နယ်လ်ဆင်

အာဆင်နယ်အသင်းကို အသက် ၈ နှစ်သားအရွယ်က ရောက်ရှိလာခဲ့တဲ့ ဟေးအန့် အကယ်ဒမီထွက် ရီစ် နယ်လ်ဆင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ဘရိုက်တန်၊ အေစီမီလန်စသည့်အသင်းများရဲ့ စိတ်ဝင်စား​ခြင်း ခံခဲ့ရပြီး အာဆင်နယ်မှ ထွက်ခွာဖွယ် ရှိခဲ့ပေမယ့် နည်းပြ အာတေတာနဲ့ တွေ့ဆုံစကားပြောအပြီးမှာ စိတ်ပြောင်းသွားခဲ့ပြီး သူချစ်ရတဲ့ အာဆင်နယ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ESPN နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။…

read more