Team News

ဂန်းနားတွေရဲ့စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြလိုက်တဲ့ အီဒူး 644 492 coyg

ဂန်းနားတွေရဲ့စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြလိုက်တဲ့ အီဒူး

အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက အသင်းရဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ အစီအစဉ်ဟာ အာတီတာရဲ့ ပထမအသင်းကို ချုံ့ဖို့ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ပြီးခဲ့တဲ့ရာသီကထက် ပိုမိုကောင်းမွန်လာဖို့နဲ့ မန်စီးတီးကို ကျော်တက်နိုင်ဖို့ ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီကလန် ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်၊ ဒေးဗစ် ရာယာတို့ကို ခေါ်ယူခဲ့တာဖြစ်ပြီး…

read more
အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ 1024 576 coyg

အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ

ကီရန် တီယာနီက အာဆင်နယ်ကနေ ရီးရဲလ် ဆိုစီဒက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြ အာတီတာနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဇင်ချန်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့် မရရှိတော့တာဖြစ်ပြီး ယခုရာသီမှာလည်း ဂန်းနားတွေရဲ့ ပွဲနေ့ လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြားရှိခဲ့တာဖြစ်ပြီး…

read more
အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းဖော် သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှာ underrated အဖြစ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ယခုရာသီမှာ ညာနောက်ခံနေရာမှာ ကစားနေရတဲ့ ဂါနာကွင်းလယ်လူရဲ့ အကောင်းဆုံးနေရာကို ပြောပြခဲ့ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကွင်းလယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီအစမှာ အံ့အားသင့်ဖွယ်အပြောင်းအလဲအဖြစ်နဲ့…

read more
အသင်းဟောင်း ၂ သင်းရဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းကို သတ်မှတ်ခဲ့တဲ့ ဖာဘရီဂတ်စ် 644 361 coyg

အသင်းဟောင်း ၂ သင်းရဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းကို သတ်မှတ်ခဲ့တဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်နဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဆက်စ် ဖာဘရီဂတ်စ်က အာဆင်နယ်ရဲ့ ယခုနွေရာသီ ကစားသမားသစ်တွေဟာ အသင်းကို ပိုမိုအားကောင်းစေခဲ့ပြီး နောက်ထပ် ဆုဖလားစိန်ခေါ်မှု ပြုလုပ်နိုင်စေလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ချဲလ်ဆီးကတော့ ဂန်းနားတွေ အဆင့်အတန်းကို ရောက်ဖို့ အချိန်အနည်းငယ် ယူရဦးမယ်လို့ သံသယရှိနေပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘားနဲ့ ဒေးဗစ် ရာယာတို့ကို…

read more
အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာတဲ့ ဂါဘရီယဲလ်အပေါ် အာတီတာရဲ့ဆက်ဆံပုံ 1024 576 coyg

အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာတဲ့ ဂါဘရီယဲလ်အပေါ် အာတီတာရဲ့ဆက်ဆံပုံ

အာဆင်နယ်နည်းပြ အာတီတာရဲ့ နောက်ခံကစားသမား ဂါဘရီယဲလ် မာဂါလိုင်စ်အပေါ်မှာ ဆက်ဆံပုံက အံ့အားသင့်ပြီးရင်း အံ့အားသင့်စရာဖြစ်လာပါတယ်။ ဂျာနယ်လစ် ချားလ်စ်ဝက်တ်စ်က ပေါင် ၂၇ သန်းတန် ဘရာဇီးလ်နောက်ခံကစားသမားကို ဖူလ်ဟမ်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ချန်လှပ်ခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တဲ့ ဂန်းနားတွေဟာ စနေနေ့က ဖူလ်ဟမ်နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀…

read more
အာဆင်နယ်ရဲ့စမ်းသပ်မှုကို သုံးသပ်ခဲ့ပြီး ယူနိုက်တက်ကို သတိပေးခဲ့တဲ့ နဗီး 1024 504 coyg

အာဆင်နယ်ရဲ့စမ်းသပ်မှုကို သုံးသပ်ခဲ့ပြီး ယူနိုက်တက်ကို သတိပေးခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက အာတီတာရဲ့ စမ်းသပ်ချက်က အလုပ်မဖြစ်ခဲ့ဘူးလို့ ခံစားခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကို ဂန်းနားတွေနဲ့ မတွေ့ဆုံခင်မှာ အခုထက် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ သတိပေးခဲ့ပါတယ်။ ဂန်းနားတွေဟာ စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၂ နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ပြီးနောက် လာမယ့်အပတ်မှာ အဲရစ် တန်ဟက်ရဲ့အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ၃-၂…

read more
ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ် 750 528 coyg

ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ်

အာဆင်နယ်အတွက် စနေနေ့ညနေ အမ်းမရိတ်စ်က ဖူလ်ဟမ်နဲ့ပွဲစဉ်ဟာ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အစောပိုင်းအမှားကြောင့် ပထမဆုံးမိနစ်မှာပဲ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်က ဆာကာနဲ့ အန်ကီးတီးယားတို့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးခဲ့ရပြီး သရေကျခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဖူလ်ဟမ်ကို ပွဲကစားချိန်အများစုမှာ အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း အားနည်းမှုတွေက ဂန်းနားတွေရဲ့ အခွင့်အလမ်းတွေကို အကန့်အသတ်ရှိစေခဲ့တာဖြစ်ပါတယ်။…

read more
အာဆင်နယ်ရဲ့ လာမယ့်ပရီးမီးယားလိဂ် ၅ ပွဲနဲ့ စီးတီး၊ လီဗာပူးလ်၊ စပါးစ်တို့ကို နှိုင်းယှဉ်ကြည့်ခြင်း 1024 504 coyg

အာဆင်နယ်ရဲ့ လာမယ့်ပရီးမီးယားလိဂ် ၅ ပွဲနဲ့ စီးတီး၊ လီဗာပူးလ်၊ စပါးစ်တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆင်နယ်ဟာ စနေနေ့ညနေက ဖူလ်ဟမ်ကို ၂-၂ သရေကျခဲ့တာကြောင့် ရာသီအစ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲကို ရှေ့မဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပါရဲရားရဲ့ အဝေးကန်ချက်ကို ရမ်းစ်ဒေးလ် မကာကွယ်နိုင်ခဲ့တာကြောင့် အဖွင့်မိနစ်မှာပဲ ဂိုးပေးခဲ့ရပြီး ဆာကာက ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းယူပေးသွားခဲ့ပြီးနောက် အန်ကီးတီးယားက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖူလ်ဟမ်အတွက် အဖိုးတန်အဝေးကွင်း သရေ ၁ မှတ်ကို ပယ်လ်ဟင်ညာက…

read more
ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ် 1024 576 coyg

ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ်

အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာ ၈ လ ရှိပြီဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ဟာ မြောက်လန်ဒန်မှာရှိနေခဲ့တဲ့ မိနစ်တိုင်းကို ပျော်ရွှင်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးပြီး အရေးပါတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကိုလ်နီကွင်းမှာ နေလို့ကောင်းသလို ကစားသမားသစ်တွေဖြစ်တဲ့ ကိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်တို့နဲ့အတူ အာဆင်နယ်က ယခုရာသီမှာ နောက်ထပ်တစ်ကြိမ်…

read more
အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ် 1024 504 coyg

အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ်

အာဆင်နယ်အနေနဲ့ နယူးကာဆယ်ယူနိုက်တက်ကြယ်ပွင့် အလက်ဇန်းဒါး အိုင်းဆက်လိုမျိုး တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ဂန္တဝင်ကွင်းလယ်ကစားသမား အီမန်နျူရယ် ပီတစ်က ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းဟာ ၎င်းရဲ့အသင်းဟောင်းအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အိုင်းဆက်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကနေ နယူးကာဆယ်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း သွင်းဂိုး…

read more