Team News

ပထမဆုံးနွေရာသီခေါ်ယူမှုနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ် 1024 724 coyg

ပထမဆုံးနွေရာသီခေါ်ယူမှုနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

အာတီတာဟာ ဆက်တိုက် ဆုဖလားစိန်ခေါ်သူတွေအဖြစ် အသင်းကို တည်ဆောက်ဖို့ ရည်မှန်းထားတာကြောင့် ဒီနွေရာသီမှာ အဆင်နယ်က ကြီးမားတဲ့ အစီအစဉ်တွေ ရှိနေပြီး ဘယ်နောက်ခံနေရာက စပိန်လူမျိုးနည်းပြရဲ့ ဦးစားပေးတွေထဲက တစ်ခုဖြစ်ပါတယ်။ တိုမိယဆုက မကြာသေးမီက ဘယ်နောက်ခံနေရာအတွက် အာတီတာရဲ့ ပထမဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ ဂျပန်နောက်ခံလူအတွက် ယှဉ်ပြိုင်မှု ပိုပေးနိုင်မယ့် ကစားသမားမျိုးကို ထပ်ခေါ်ချင်နေတာဖြစ်ပါတယ်။ ဒီရာသီ စိတ်ပျက်စရာ စွမ်းဆောင်ရည် ပြသခဲ့တဲ့…

read more
စပါး-မန်စီးတီးပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ်သတင်းများ 1024 504 coyg

စပါး-မန်စီးတီးပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ်သတင်းများ

ဒီနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်လှုပ်ရှားနေကြပြီး ဒီပွဲရလဒ်ဟာ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမတိုင်ခင် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ဖြစ်ပျက်နေတဲ့အရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ -အာဆင်နယ်ပရိသတ်တွေဟာ အင်္ဂါနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မန်ချက်စတာစီးတီးကစားသမားတွေ အနားယူနေတဲ့ မန်ချက်စတာဟိုတယ်အပြင်ဘက်မှာ တနင်္လာနေ့နံနက် ၂ နာရီလောက် မီးရှူးမီးပန်းတွေသွားဖောက်ပြီး အနှောက်အယှက်ပေးခဲ့ပါတယ်။ -အာဆင်နယ်ကြယ်ပွင့်ဟောင်း…

read more
အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း 1024 504 coyg

အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း

အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားသမားဘဝ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပထမအသင်း လူစာရင်းထဲကနေ ထုတ်ခံခဲ့ရပြီး ဇန်နဝါရီလမှာ အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားကစားခဲ့တာဖြစ်ပါတယ်။ ဂျာမနီကို ပြန်ရောက်ခဲ့ချိန်ကတည်းက ဆန်ချိုက…

read more
ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ် 1024 504 coyg

ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား ၇ ဦးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ အာတီတာဟာ ယခုနွေရာသီမှာ အသင်းတာဝန်ရှိသူတွေဆီကနေ နောက်ထပ်သိသာထင်ရှားတဲ့ အပြောင်းအရွှေ့ဘတ်ဂျက်တစ်ခု ရရှိဦးမှာဖြစ်ပြီး ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် ထိပ်ဆုံးကနေ ယှဉ်ပြိုင်သူတွေထဲက တစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာတည်ဆောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ ဒီရာသီကုန်မှာ အမ်းမရိတ်စ်ကနေ ထွက်တော့မယ်လို့…

read more
သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ 1024 791 coyg

သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းဖော်ထဲမှာ သူ့ထက်ပိုပြီး ပါးနပ်တဲ့ကစားသမား ၂ ဦးရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေဟာ အခြား အဆင့်တစ်ခုမှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းဟာ သူ့ရဲ့ လူသိအနည်းဆုံးအရည်အချင်းတွေထဲက တစ်ခုဖြစ်ပြီး ပါးနပ်မှုမရှိဘဲနဲ့တော့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ကောင်းမွန်ခြင်းရှိမှာမဟုတ်ပါဘူး။ ဆာကာက…

read more
ဘောလုံးလောကမှာ ဟာလန်းထက် ပိုကောင်းတဲ့တိုက်စစ်မှူးက ဘယ်သူလဲ အဖြေပေးခဲ့တဲ့ ရာယာ 1024 576 coyg

ဘောလုံးလောကမှာ ဟာလန်းထက် ပိုကောင်းတဲ့တိုက်စစ်မှူးက ဘယ်သူလဲ အဖြေပေးခဲ့တဲ့ ရာယာ

အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာက မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုကောင်းတယ်လို့ ထင်တဲ့ ကစားသမားကို ပြောပြခဲ့ပါတယ်။ ရာယာက ဒီရာသီမှာ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်တို့ ရရှိအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း မန်စီးတီး ခြေချော်မှသာ ဖြစ်နိုင်ခြေရှိနေပြီး ဟာလန်းက အကောင်းဆုံးပုံစံပြန်လည်ရရှိနေတာဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ဝုဗ်နဲ့ပွဲမှာ တစ်ဦးတည်း ၄…

read more
အာဆင်နယ်က အပြောင်းအရွှေ့အမှားကြီး လုပ်ခဲ့မိတယ်လို့ ဝေဖန်ခဲ့တဲ့ နောက်ခံလူဟောင်း 1024 576 coyg

အာဆင်နယ်က အပြောင်းအရွှေ့အမှားကြီး လုပ်ခဲ့မိတယ်လို့ ဝေဖန်ခဲ့တဲ့ နောက်ခံလူဟောင်း

အာဆင်နယ်ဟာ ဂရာနစ် ချာကာကို လေဗာကူဆင်အသင်းဆီ ရောင်းထုတ်လိုက်တာက မှားယွင်းတဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နောက်ခံလူဟောင်း ဆန်းဒရို့စ်က ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ကစားပေးခဲ့တဲ့ ဆန်းဒရို့စ်က ပြီးခဲ့တဲ့ နွေရာသီမှာ အမ်းမရိတ်စ်ကနေ ချာကာ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။ ချာကာဟာ ၂၀၂၂-၂၀၂၃ ရာသီ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုမှာ…

read more
မန်စီးတီးထက် အာဆင်နယ်ကို ရွေးရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ ရိုက် 768 432 coyg

မန်စီးတီးထက် အာဆင်နယ်ကို ရွေးရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ ရိုက်

ဒီကလန် ရိုက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့အတွက် မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ တိုက်ပွဲဝင်နေကြချိန်မှာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာလို့ ဂန်းနားတွေကို ရွေးချယ်ခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို မန်ချက်စတာစီးတီးကရော အာဆင်နယ်ကပါ ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ဒေးဗစ် မိုရက်စ်ရဲ့အသင်းက ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လက်ရှိချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ငြင်းပယ်ပြီး အာတီတာရဲ့ ဂန်းနားတွေဆီကို…

read more
ဘယ်လင်ဟမ်လောက် အလုပ်ကြိုးစားတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဟာရီ ကိန်း 1024 683 coyg

ဘယ်လင်ဟမ်လောက် အလုပ်ကြိုးစားတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဟာရီ ကိန်း

ဟာရီ ကိန်းဟာ ကစားသမားဘဝတလျှောက်လုံးမှာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတွေနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ပြီး စပါး၊ ဘိုင်ယန်၊ အင်္ဂလန်တို့မှာ တွဲကစားဖူးတဲ့ အသင်းဖော်တွေရဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟာရီ ကိန်းဟာ ပွဲစဉ်တစ်ပွဲအတွင်း အကွာအဝေးအများဆုံး ကာဗာလုပ်ပေးနိုင်တဲ့ အသင်းဖော်က ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ ပြန်ပြောခဲ့တဲ့ အဖြေက စိတ်ဝင်စားစရာကောင်းခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးက ဘယ်လင်ဟမ်ဟာ တွဲကစားဖူးသမျှထဲမှာ အလုပ်အကြိုးစားဆုံးအသင်းဖော်တွေထဲက တစ်ဦးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။…

read more
အာတီတာအတွက် အားတက်စရာဖြစ်လာတဲ့ အဓိကကစားသမားရဲ့ ဒဏ်ရာသတင်း 640 426 coyg

အာတီတာအတွက် အားတက်စရာဖြစ်လာတဲ့ အဓိကကစားသမားရဲ့ ဒဏ်ရာသတင်း

ယူရီယန် တင်းဘားဟာ လာမယ့် စနေနေ့ ဘုန်းမောက်နဲ့ ကစားရမယ့်ပွဲစဉ်မှာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ အာဆင်နယ် ပထမအသင်း လူစာရင်းထဲ ပြန်လည်ပါဝင်လာနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် နောက်ခံလူဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့တဲ့အချိန်ကတည်းက အာဆင်နယ်အတွက် ထပ်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒဏ်ရာအခြေအနေ တိုးတက်လာတာကြောင့် ယူ-၂၁ အသင်းနဲ့အတူ ၂ ပွဲ…

read more