Team News

လက်ကို ဘောလုံးထိလို့ ပင်နယ်တီပေးကြေးဆို လက်မပါတဲ့ နောက်ခံလူပဲ သုံးတော့မယ်ဆိုတဲ့ ပေါ်စတီကိုဂလူ 1024 504 coyg

လက်ကို ဘောလုံးထိလို့ ပင်နယ်တီပေးကြေးဆို လက်မပါတဲ့ နောက်ခံလူပဲ သုံးတော့မယ်ဆိုတဲ့ ပေါ်စတီကိုဂလူ

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်ဂီ ပေါ်စတီကိုဂလူက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်း အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာကို လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် ၎င်းရဲ့ကစားသမားတွေထဲက တစ်ဦးကို ချီးကျူးခဲ့ပါတယ်။ စပါးစ်ဟာ အမ်းမရိတ်စ်ကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ ချေပဂိုး ၂ ဂိုးကြောင့် တော့တင်ဟမ်ဟော့စပါးဟာ နည်းပြသစ် လက်အောက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတဲ့အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်က ပထမပိုင်းမှာ…

read more
အာတီတာနဲ့ ဘာတွေ ကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြခဲ့တဲ့ ပေါ်စတီကိုဂလူ 1024 504 coyg

အာတီတာနဲ့ ဘာတွေ ကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြခဲ့တဲ့ ပေါ်စတီကိုဂလူ

အန်ဂီ ပေါ်စတီကိုဂလူက အာဆင်နယ်နည်းပြ အာတီတာကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ၎င်းတို့ဟာ ပုံစံ အများအပြားနဲ့ အလွန်ကွဲပြားခြားနားတဲ့သူတွေဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဩစတြေးလျနည်းပြအတွက်တော့ မြောက်လန်ဒန်က ဘဝအစဟာ အလွန်အားကောင်းခဲ့တာဖြစ်ပြီး စပါးစ်က ၅ ပွဲကစားပြီးချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပေါ်စတီကိုဂလူဟာ တနင်္ဂနွေနေ့(ယနေ့) အမ်းမရိတ်စ်မှာ ပထမဆုံးသော မြောက်လန်ဒန်ဒါဘီ အရသာကို…

read more
AI က ရွေးချယ်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့တသက်တာအကြီးကျယ်ဆုံးအသင်း 1024 504 coyg

AI က ရွေးချယ်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့တသက်တာအကြီးကျယ်ဆုံးအသင်း

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ မယုံနိုင်စရာ ပါရမီရှင်ကစားသမားတွေ အများအပြားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ် စတင်ကျင်းပချိန်ကတည်းက ၃ ကြိမ်အထိ အနိုင်ရရှိခဲ့သလို ဒုတိယအဖြစ် ၇ ကြိမ် ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရခဲ့တဲ့ ဖလား ၃ လုံးထဲက တစ်လုံးဟာ တကမ္ဘာလုံးမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ မရှုံးနိမ့်နိုင်သော ရာသီမှာ ရရှိခဲ့တာဖြစ်ပြီး အာဆင်ဝင်းဂါးရဲ့ ဂန်းနားတွေဟာ တစ်ရာသီလုံး…

read more
အညှာအတာကင်းတဲ့ ဂိုးသွင်းပုံစံကောင်းနဲ့ မြောက်လန်ဒန်ဒါဘီနိုင်ပွဲရယူသွားမယ့် ဂန်းနားများ 1024 504 coyg

အညှာအတာကင်းတဲ့ ဂိုးသွင်းပုံစံကောင်းနဲ့ မြောက်လန်ဒန်ဒါဘီနိုင်ပွဲရယူသွားမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၀၁၄ ခုနှစ်နောက်ပိုင်း တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ခါးသီးမြောက်လန်ဒန်ပြိုင်ဘက်ကို ၂ ကျော့စလုံး အနိုင်ရရှိခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ စပါးစ်ဟာ နည်းပြသစ် အန်ဂီ ပိုစတီကိုဂလူလက်အောက်မှာ အကောင်ဆုံးပုံစံရရှိနေပြီး ဂန်းနားတွေနဲ့ ရမှတ်တူညီနေတာဖြစ်ပါတယ်။ နှစ်ဖက်အသင်း သတင်းများ အာတီတာက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် ခေါင်းကိုက်စရာအနည်းငယ်ရှိတယ်လို့ ဝန်ခံခဲ့ပြီး ဂါဘရီယဲလ် မာတီနယ်လီ ဒဏ်ရာရရှိနေတာကြောင့် ထရော့ဆာ့ဒ်ပဲ…

read more
ဂန္တဝင်ကစားသမား ၃ နှစ်ကြာတောင်းဆိုခဲ့တဲ့ ဆန္ဒဖြည့်ပေးခဲ့တဲ့ အာဆင်နယ် 1024 670 coyg

ဂန္တဝင်ကစားသမား ၃ နှစ်ကြာတောင်းဆိုခဲ့တဲ့ ဆန္ဒဖြည့်ပေးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း အီမန်နျူရယ် ပီတစ်က ဂန်းနားတွေရဲ့ နွေရာသီစံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်ကို ချစ်မြတ်နိုးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ယခုနွေရာသီမှာ ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့ပြီးနောက် ဒီကလန် ရိုက်ဟာ အမ်းမရိတ်စ်ကို ရောက်ရောက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး ဩဂုတ်လရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီတစ်က အသက်…

read more
ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ရနိုင်ခြေကို သတ်မှတ်ခဲ့တဲ့ အွန်နရီ 644 326 coyg

ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ရနိုင်ခြေကို သတ်မှတ်ခဲ့တဲ့ အွန်နရီ

သီယာရီ အွန်နရီက အာဆင်နယ်ရဲ့ ယခုရာသီ အလွန်ကြပ်တည်းတဲ့ ပွဲချိန်စာရင်းက ချန်ပီယံလိဂ်က အခွင့်အရေးကို နှောင့်နှေးစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အာတီတာရဲ့အသင်းဟာ ၆ နှစ်ခွဲအကြာမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေ အမ်းမရိတ်စ်မှာ ပီအက်စ်ဗွီကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရလဒ်နဲ့အတူ အထင်ကြီးဖွယ်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ပြီး…

read more
ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချိုမြိန်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ 1024 504 coyg

ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချိုမြိန်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု B အဖွင့်ပွဲစဉ်မှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမ်းမရိတ်စ်ကွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းက အစပိုင်းကတည်းက လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးရဖို့ ၈ မိနစ်သာ လိုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ဆာကာက သွင်းယူပေးခဲ့ပြီး နောက်ထပ်…

read more
ချန်ပီယံလိဂ်တေးသံဝေမယ့် အမ်းမရိတ်စ်မြေမှာ အမှားမခံမယ့် ဂန်းနားများ 1024 504 coyg

ချန်ပီယံလိဂ်တေးသံဝေမယ့် အမ်းမရိတ်စ်မြေမှာ အမှားမခံမယ့် ဂန်းနားများ

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၆ နှစ်ခွဲကြာ ဝေးကွာခဲ့ရတဲ့ အာဆင်နယ်ဟာ နောက်ဆုံးမှာတော့ ယနေ့ညမှာ ပီအက်စ်ဗွီနဲ့ အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒတ်ချ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီ ရိန်းဂျားစ်ကို Play-off ရှုံးပွဲမှာ လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တာက ၂၀၀၆-၂၀၀၇ ရာသီတုန်းက…

read more
ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ် 615 410 coyg

ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ်

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဇန်နဝါရီလမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ ကြိုးပမ်းသွားကြဖွယ်ရှိပါတယ်။ ဘရန့်တ်ဖို့ဒ်ဟာ ဇန်နဝါရီလမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့မယ့် ကစားသမားတစ်ဦးအတွက် အနည်းဆုံး ပေါင်သန်း ၆၀ အထိ တောင်းဆိုသွားမှာဖြစ်ပြီး သင့်တော်တဲ့စျေးနှုန်းမရဘူးဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ ရောင်းထုတ်သွားဖွယ်မရှိတာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်က အိုင်ဗန် တိုနီဟာ ၎င်းတို့အတွက် သွင်းဂိုးတွေ…

read more
အလှည့်ကျမူဝါဒအပေါ် အော်ဒီဂွါဒ်နဲ့ရိုက်တို့ သဘောတူပေမယ့် ဝေဖန်ခဲ့တဲ့ ဆီးမန်း 540 360 coyg

အလှည့်ကျမူဝါဒအပေါ် အော်ဒီဂွါဒ်နဲ့ရိုက်တို့ သဘောတူပေမယ့် ဝေဖန်ခဲ့တဲ့ ဆီးမန်း

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က အဲဗာတန်ကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒေးဗစ် ရာယာကို နည်းပြ အာတီတာက ပွဲထွက်ခွင့်ပေးခဲ့ပြီးနောက် အရန်ခုံထိုင်ခဲ့ရတဲ့ အာရွန် ရမ်းစ်ဒေးလ်ရဲ့ အပြုအမူအတွက် ချီးကျူးခဲ့ပါတယ်။ <img class=”alignnone size-medium wp-image-5465″ src=”http://official.arsenalmyanmar.com/wp-content/uploads/sites/2/2023/09/GettyImages-1686696824-300×200.jpeg” alt=”” width=”300″ height=”200″ /> အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့ရာသီမှာ နံပါတ် ၁…

read more