Team News

ကိုင် ဟာဗတ်ဇ်ကို ရုန်းကန်နေရတဲ့ ဂန်းနားကြယ်ပွင့်နေရာမှာ ထည့်ခဲ့သင့်တယ်ဆိုတဲ့ အီယန် ရိုက် 600 450 coyg

ကိုင် ဟာဗတ်ဇ်ကို ရုန်းကန်နေရတဲ့ ဂန်းနားကြယ်ပွင့်နေရာမှာ ထည့်ခဲ့သင့်တယ်ဆိုတဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာစီးတီးနဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ကိုင် ဟာဗတ်ဇ်အနေနဲ့ အာဆင်နယ် ပွဲထွက်လူစာရင်းထဲက အန်ကီးတီးယားရဲ့နေရာမှာ အစားထိုးခြင်း ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှသာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ဂါဘရီယဲလ် မာတီနယ်လီရဲ့ နောက်ကျ အနိုင်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ…

read more
ကိုဗာချစ်ကို ထုတ်မယ်ဆို ၂ ခါပြန်ထုတ်လို့ရတယ်လို့ ဝန်ခံခဲ့တဲ့ ဟောင်းဝက် ဝက်ဘ် 1024 504 coyg

ကိုဗာချစ်ကို ထုတ်မယ်ဆို ၂ ခါပြန်ထုတ်လို့ရတယ်လို့ ဝန်ခံခဲ့တဲ့ ဟောင်းဝက် ဝက်ဘ်

PGMOL ဥက္ကဌ ဟောင်းဝက် ဝက်ဘ်က မက်တီအို ကိုဗာချစ်ဟာ အလွန်အမင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးချုပ်ဖြစ်တဲ့ ဟောင်းဝက် ဝက်ဘ်က ကိုဗာချစ်ဟာ အဝါကတ် ထိထားချိန်မှာ ဒီကလန် ရိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကွင်းလယ်လူဟာ ပထမပိုင်းမှာ မာတင် အော်ဒီဂွါဒ်ကို ပြင်းထန်တဲ့ ဖျက်ထုတ်မှု…

read more
အာတီတာ ခေါင်းကိုက်ရဦးမယ့် အိုဆီမန် အလဲအထပ်သဘောတူညီမှု 1024 576 coyg

အာတီတာ ခေါင်းကိုက်ရဦးမယ့် အိုဆီမန် အလဲအထပ်သဘောတူညီမှု

နာပိုလီဟာ လာမယ့်နှစ်မှာ ဗစ်တာ အိုဆီမန်ကို ရောင်းထုတ်ဖို့ ကြိုတင်ပြင်ဆင်နေပြီး ကြယ်ပွင့်တိုက်စစ်မှူးကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးသွားချင်ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇုကို ပြန်လည် ရရှိမှသာဖြစ်လိမ့်မယ်လို့ သိရပါတယ်။ အိုဆီမန်ဟာ ဘိုလော့ဂ်ညာနဲ့ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်း နိုင်ဂျီးရီးယားကြယ်ပွင့်ကို ဟာသလုပ်ထားပုံပေါ်တဲ့ ဗီဒီယိုကို နာပိုလီက ပြီးခဲ့တဲ့လက တင်ခဲ့ပြီးနောက် အီတလီချန်ပီယံတွေကို တရားဥပဒေကြောင်းအရ စွဲဆိုသွားဖို့ စဉ်းစားနေတယ်လို့…

read more
အာဆင်နယ်နည်းပြနဲ့ ဝေါ်ကာတို့ ပြဿနာတက်ခဲ့ရတဲ့ အဓိကနောက်ကွယ်က အကြောင်းအရင်း 1024 538 coyg

အာဆင်နယ်နည်းပြနဲ့ ဝေါ်ကာတို့ ပြဿနာတက်ခဲ့ရတဲ့ အဓိကနောက်ကွယ်က အကြောင်းအရင်း

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂန်းနားနည်းပြအဖွဲ့ဝင်နဲ့ မန်စီးတီးကစားသမား ၂ ဦးဖြစ်တဲ့ ကိုင်လီ ဝေါ်ကာနဲ့ ဟာလန်းတို့ကြား လက်ဆွဲနှုတ်ဆက်တဲ့ကိစ္စနဲ့ ပြဿနာဖြစ်ခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ဂါဘရီယဲလ် မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း မန်စီးတီးကို ပထမဆုံးအကြိမ် အနိုင်ရခဲ့ပြီး ဂန်းနား အလွတ်တည်ကန်ဘောနည်းပြ နီကိုလတ်စ် ဂျိုဗာဟာ ပွဲအပြီးမှာ မန်စီးတီးနောက်ခံလူ…

read more
ဆေးအဖွဲ့စကားနားထောင်ရင် အနိုင်ရခဲ့မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ 1024 504 coyg

ဆေးအဖွဲ့စကားနားထောင်ရင် အနိုင်ရခဲ့မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ

အာတီတာက မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးဖို့ အရန်ခုံကနေ ဘရာဇီးလ်ကြယ်ပွင့် ဝင်မလာခင်မှာ မာတီနယ်လီရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဆေးအဖွဲ့က စိုးရိမ်ပူပင်နေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မာတီနယ်လီဟာ ပြီးခဲ့တဲ့ဩဂုတ်လနှောင်းပိုင်းတုန်းက အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံး ၅ ပွဲစလုံးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ ယခုလ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးအထိ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်သေးဘူးလို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း တနင်္ဂနွေနေ့က ဖလား…

read more
ပွဲကြီးပွဲကောင်းတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် 1024 504 coyg

ပွဲကြီးပွဲကောင်းတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရာသီအစောပိုင်းသာရှိသေးပေမယ့်လည်း ဒီပွဲစဉ်ဟာ ရာသီကို အတိုင်းအတာတစ်ခုအထိ သတ်မှတ်ပေးနိုင်မယ့်ပွဲအဖြစ် ရှုမြင်ခြင်းခံထားရပါတယ်။ ယခုရာသီမှာလည်း ဒီနှစ်သင်းကပဲ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်သူတွေဖြစ်လာနိုင်ခြေရှိနေပြီး ဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့သူက ကျန်တဲ့ရာသီအချိန်တွေအတွက် ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်ကြီးတစ်ခု ရရှိသွားမှာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ အာဆင်နယ်ဟာ ဒီပွဲစဉ်ကို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မရှိမဖြစ် အဓိကကစားသမားဖြစ်တဲ့…

read more
အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ 1024 504 coyg

အင်္ဂလန်ဆေးအဖွဲ့နဲ့ ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ်အပြီးမှာ ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိနေချိန်မှာ အင်္ဂလန်ဆေးအဖွဲ့နဲ့ ပြောဆိုဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဆာကာဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဒဏ်ရာပြဿနာနဲ့ ဖြတ်သန်းရဖွယ်ရှိပေမယ့်လည်း ဆောက်ဂိတ်က ဩစတြေးလျ၊ အီတလီတို့နဲ့ ရင်ဆိုင်ရမယ့်လူစာရင်းထဲမှာ ဂန်းနားကြယ်ပွင့်ကို ထည့်သွင်းခဲ့တာဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနဲ့ ကစားရမယ့်ပွဲအတွက် ဆာကာရဲ့ ကြံ့ခိုင်မှုအခြေအနေကို တစ်နေ့ချင်းစီ အကဲဖြတ်နေရတာကြောင့်…

read more
စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ 1024 504 coyg

စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ

အာဆင်နယ်နဲ့ မန်စီးတီးကစားသမားဟောင်း ဂေးလ် ကလစ်ချီဟာ ယခုအပတ် တနင်္ဂနွေနေ့ အသင်းဟောင်း ၂ သင်းကြား တွေ့ဆုံယှဉ်ပြိုင်သွားမယ့်ပွဲစဉ်ကို စောင့်မျှော်နေပြီး အံ့အားသင့်စရာကောင်းတဲ့ပွဲဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ မန်ချက်စတာစီးတီးကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့အတွက် ရေပန်းအစားဆုံးအသင်း ၂ သင်းကြား ယှဉ်ပြိုင်မှုဖြစ်တာကြောင့် အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ ၇ ပွဲကစားပြီးချိန်မှာ မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့်လည်း အာဆင်နယ်က…

read more
အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ် 644 394 coyg

အာတီတာတောင် မသုံးရဲလို့ အနားပေးထားရတဲ့ ဆာကာကိုမှ ဘာလို့ ရွေးခေါ်လဲ ပြောပြခဲ့တဲ့ ဆောက်ဂိတ်

ဂါးရတ် ဆောက်ဂိတ်က အာဆင်နယ်အတွက် ကစားပေးရင်း ဒဏ်ရာရခဲ့ပေမယ့်လည်း နောက်ဆုံး အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ဘူကာယို ဆာကာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဆာကာဟာ အာဆင်နယ်က လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဂန်းနားတွေရဲ့ တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့…

read more
ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက် 720 405 coyg

ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက်

Sky Sports သတင်းထောက် ဂယ်ရီ ကော့တရေးလ်က တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်ရဲ့ အရေးကြီးပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးရ သတင်းကို ပေးခဲ့ပါတယ်။ ဆာကာဟာ အင်္ဂါနေ့ညက လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမပိုင်း နာရီဝက်လောက် ကစားပြီးနောက် ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ…

read more