Team News

အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင် 615 409 coyg

အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ဝန်ခံခဲ့တဲ့ အင်္ဂလန်အနိုင်ဂိုးသွင်းရှင်

အက်စတန် ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ အာဆင်နယ်အတွက် တစ်နေ့မှာ ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ တိုက်စစ်မှာ ရွေးချယ်စရာ အများအပြား ရှိနေပြီး ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယား၊ ကိုင် ဟာဗတ်ဇ်၊ လီအန်ဒရို ထရော့ဆာ့ဒ်တို့အားလုံးက အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက မြောက်လန်ဒန်ကို နောက်ထပ် အထောင်တိုက်စစ်မှူးတစ်ဦး…

read more
အာဆင်နယ်ရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ပြောရဲဆိုရဲရပ်ကွက်က ချဲလ်ဆီးဂန္တဝင် 1024 504 coyg

အာဆင်နယ်ရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ပြောရဲဆိုရဲရပ်ကွက်က ချဲလ်ဆီးဂန္တဝင်

ချဲလ်ဆီးဂန္တဝင် မာဆယ် ဒက်ဆယ်လီက လာမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်ခင် ဟောကိန်းထုတ်လိုက်ပါတယ်။ ဂန်းနားတွေဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံး ၈ ပွဲကနေ ရမှတ် ၂၀ အထိ ရယူထားနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ ခြေစွမ်းပိုင်း…

read more
ချဲလ်ဆီးနဲ့ပွဲအမီ ဆာကာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာနိုင်မလား 1024 683 coyg

ချဲလ်ဆီးနဲ့ပွဲအမီ ဆာကာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာနိုင်မလား

ဘူကာယို ဆာကာဟာ လက်ရွေးစင်အသင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပေမယ့်လည်း နိုင်ငံတကာပွဲစဥ် အားလပ်ရက်အပြီး လာမယ့်အပတ် ချဲလ်ဆီးနဲ့ ရင်ဆိုင်ဖို့ ပြည့်ဝလာလိမ့်မယ်လို့ အာဆင်နယ်က အကောင်းမြင်နေပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာစီးတီးကို ဂန်းနားတွေ သမိုင်းဝင် နိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အဲဒီပွဲမတိုင်ခင်မှာ ဒဏ်ရာကနေ အချိန်မီ ပြန်လည်သက်သာပြီး ပါဝင်လာနိုင်တယ်လို့တောင် သတင်းအချို့က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဖြစ်မှန်ကတော့…

read more
ဂန်းနားပရိသတ်တွေရဲ့ ရင်ထဲက အနာဟောင်းကို ပြန်တူးဆွလိုက်တဲ့ အဒီဘာယော 1024 640 coyg

ဂန်းနားပရိသတ်တွေရဲ့ ရင်ထဲက အနာဟောင်းကို ပြန်တူးဆွလိုက်တဲ့ အဒီဘာယော

အီမန်နျူရယ် အဒီဘာယောက ၎င်းရဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒေါသထွက်စရာ အောင်ပွဲခံမှုကို မေ့ပစ်ပြီး ပြီးခဲ့တာတွေကို ပြီးလိုက်ကြဖို့ အာဆင်နယ်ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ မန်ချက်စတာစီးတီးကို ရေနံစလောင်းနေတဲ့အချိန် ၂၀၀၉ ခုနှစ် နွေရာသီမှာ မြောက်လန်ဒန်ကလပ်ကို စွန့်ခွာသွားခဲ့တာဖြစ်ပြီး အဒီဘာယောဟာ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့ပွဲမှာ တစ်ပွဲလုံး လှောင်ပြောင်ခံခဲ့ရပေမယ့် ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရေးကြီးတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။…

read more
အာဆင်နယ်ပွဲတွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အွန်နရီ 810 539 coyg

အာဆင်နယ်ပွဲတွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီဟာ လွန်ခဲ့တဲ့ ၅ နှစ်က စိတ်ပျက်စရာအချိန်အပိုင်းအခြားအတွင်း အသင်းဟောင်းရဲ့ ပွဲစဉ်တွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ နည်းပြ အာတီတာလက်အောက်မှာ ပြန်လည်အသက်ဝင်လာခဲ့တာဖြစ်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီး ခြေချော်မှုကြောင့် ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အကောင်းဆုံးရာသီပြီးဆုံးမှုကို…

read more
အာတီတာလက်အောက်က အာဆင်နယ်နဲ့ အရင်က အာဆင်နယ်ကို နှိုင်းယှဉ်ခဲ့တဲ့ ဖာဘရီဂတ်စ် 1024 504 coyg

အာတီတာလက်အောက်က အာဆင်နယ်နဲ့ အရင်က အာဆင်နယ်ကို နှိုင်းယှဉ်ခဲ့တဲ့ ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အာဆင်နယ် လေ့ကျင့်ရေးကွင်းကို ပုံမှန်လည်ပတ်ခဲ့သူဖြစ်ပြီး အာတီတာရဲ့ ကစားဟန်ကို အံ့ဩခဲ့ပြီး ၂၀၁၁ ခုနှစ်တုန်းက စွန့်ခွာခဲ့တဲ့ အသင်းနဲ့ လုံးဝမတူညီတော့ဘူးလို့ ယုံကြည်နေပါတယ်။ စပိန်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ယူအီးအက်ဖ်အေရဲ့ အေ လိုင်စင် ရရှိခဲ့ပြီးဖြစ်တာကြောင့် ဂန်းနားတွေရဲ့ လန်ဒန်ကိုလ်နီကွင်းကို ဒါဇင်ဝက်ကျော် လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး အဲဒါကြောင့် အာတီတာနဲ့ အီဒူးတို့ကို မေးခွန်းတွေ ထုတ်ခွင့်ရခဲ့သလို အပြောင်းအလဲကြောင့်လည်း အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။…

read more
အာတီတာရဲ့နံပါတ် ၁ ပစ်မှတ်နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ မာတင် ကီယွန် 1024 504 coyg

အာတီတာရဲ့နံပါတ် ၁ ပစ်မှတ်နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ မာတင် ကီယွန်

မာတင် ကီယွန်က ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ်ကနေ အိုင်ဗန် တိုနီကို ခေါ်ယူနိုင်ခြေရှိနေတာနဲ့ပတ်သက်ပြီး အာတီတာကို သတိပေး ပြောဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အပြောင်းအရွှေ့စျေးကွက် ဖွင့်တာနဲ့ ပျားတွေကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ပြီး ဇန်နဝါရီလလယ်မှာ ၈ ပွဲ ပွဲကစားခွင့် ပိတ်ခံထားရတာလည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ တိုနီဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး…

read more
ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ 1024 504 coyg

ဇန်နဝါရီမှာ တိုနီကို ခေါ်ယူဖို့ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဆာလီဘာ

အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာဟာ နည်းပြ အာတီတာကို ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်လာအောင် ကူညီပေးနိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်နေ့မတိုင်ခင်အထိ ပွဲကစားခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ပွဲပြန်လည်မကစားမီ ကြံ့ခိုင်မှု ရရှိဖို့ လေ့ကျင့်ရေး…

read more
ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ ရမ်းစ်ဒေးလ်ကိုယ်စားလှယ်အဖွဲ့နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ 644 476 coyg

ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ ရမ်းစ်ဒေးလ်ကိုယ်စားလှယ်အဖွဲ့နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာရွန် ရမ်းစ်ဒေးလ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ဂိုးသမားက ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ခြင်းမခံခဲ့ရတဲ့အပေါ်မှာ အံ့အားသင့်ခဲ့ကြပေမယ့်လည်း ကစားသမားက အသင်းဖော် ရာယာအပေါ် ဘာရန်ငြှိုးရန်စမှ မရှိဘူးလို့ သိရပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ရာသီအစ ၄ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အာတီတာက ဒေးဗစ် ရာယာကို နေရာပေးလာခဲ့တာဖြစ်ပြီး လွန်းစ်နဲ့ပွဲက အမှားနဲ့…

read more
စီးတီးဖလားရမယ်လို့ ထောက်ခံခဲ့ပေမယ့် ဂန်းနားတွေ ဖလားရဖို့ လိုတာကိုပြောပြခဲ့တဲ့ ရွိုင် ကီးန် 644 361 coyg

စီးတီးဖလားရမယ်လို့ ထောက်ခံခဲ့ပေမယ့် ဂန်းနားတွေ ဖလားရဖို့ လိုတာကိုပြောပြခဲ့တဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပေမယ့် အမ်းမရိတ်စ်မှာ တိုက်စစ်မှူးသစ် ရောက်လာမယ်ဆိုရင် အရာအားလုံးက ဂန်းနားတွေအတွက် အသာစီးရစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂါဘရီယဲလ် မာတီနယ်လီဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲရရှိစေဖို့ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ…

read more