Team News

ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ 1024 538 coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ပွဲအတွက် လူစာရင်းကို သဲလွန်စပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေ ကာရာဘောင်းဖလားပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ဂန်းနားတွေအတွက် ပြသနေခဲ့တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ချီးကျူးခြင်းခံခဲ့ရတဲ့ ဇင်ချန်ကိုဟာ ဝက်စ်ဟမ်းနဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါတယ်။ ယူကရိန်းနောက်ခံလူဟာ မကြာခဏ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ရရှိနေတဲ့အချိန်မှာ ကွင်းလယ်ကို ဝင်ကစားခဲ့ပေမယ့်လည်း…

read more
ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး 620 413 coyg

ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ စျေးကြီးပေးဝယ်ခဲ့ရပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရတဲ့ မိုင်ခေလို မာဒရစ်ခ်ကို ဇန်နဝါရီလမှာ ရောင်းချသွားနိုင်တာကြောင့် ဂန်းနားတွေက စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် မိုင်ခေလို မာဒရစ်ခ်ကို ထွက်ခွာခွင့်ပေးသွားဖို့ စဉ်းစားနေပြီး အခြားအကြံအစည်တွေကိုလည်း တွေးတောနေပါတယ်။ ချဲလ်ဆီးဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို အတွေ့အကြုံရရှိဖို့…

read more
အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး 1024 504 coyg

အဆင်နယ်နဲ့စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်သူကို သတ်မှတ်ခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကြား ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ကွဲပြားခြားနားမှုတွေ ဖြစ်စေနိုင်မယ့်သူက ဒီကလန် ရိုက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ဂန္တဝင် နောက်ခံကစားသမားက ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ခြေချော်တော့မှာဖြစ်ပြီး အာဆင်နယ်က နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “သူက ကွဲပြားခြားနားမှုပြုလုပ်ပေးနိုင်မယ့်သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။…

read more
တိုမိယဆုဂိုးသွင်းလိုက်ချိန် အာဆင်နယ်အရန်ခုံတန်းက မြင်ခဲ့တဲ့အရာကို မျှဝေခဲ့တဲ့ ဘောလုံးဝေဖန်သူ 1024 538 coyg

တိုမိယဆုဂိုးသွင်းလိုက်ချိန် အာဆင်နယ်အရန်ခုံတန်းက မြင်ခဲ့တဲ့အရာကို မျှဝေခဲ့တဲ့ ဘောလုံးဝေဖန်သူ

အာဆင်နယ်ပရိသတ်တွေဟာ စနေနေ့ညနေက အမ်းမရိတ်စ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ကို ကြည့်ရှုခံစားခွင့်ရခဲ့ကြပါတယ်။ အာတီတာရဲ့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ ရှက်ဖီးယူနိုက်တက်ကို အပြတ်အသတ် ချေမှုန်းပြီး အမှတ်ပေးဇယားထိပ်ဆုံးက စပါးစ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ အက်ဒီ အန်ကီးတီးယားက အာဆင်နယ်အတွက် ပထမဆုံးသော ပရီးမီးယားလိဂ်ဟက်ထရစ်နဲ့အတူ တောက်ပခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ တိုမိယဆုနဲ့…

read more
အန်ကီးတီးယားကို သရဲနီတိုက်စစ်မှူးနဲ့ နှိုင်းယှဉ်လိုက်တဲ့ စပါးစ် နည်းပြဟောင်း 1024 576 coyg

အန်ကီးတီးယားကို သရဲနီတိုက်စစ်မှူးနဲ့ နှိုင်းယှဉ်လိုက်တဲ့ စပါးစ် နည်းပြဟောင်း

ဘောလုံးဝေဖန်သုံးသပ်သူ တင် ရှားဝုဒ်က အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၆၄ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို အဆင့်မြှင့်တင်မှုဖြစ်တယ်လို့ ထင်မြင်နေပါတယ်။ အန်ကီးတီးယားဟာ စနေနေ့ညနေက ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကီးတီးယားဟာ…

read more
ဂျေးဇုနဲ့ ပါတေးနောက်ဆုံးဒဏ်ရာအခြေအနေနဲ့ ရှက်ဖီးပွဲမတိုင်ခင် အာတီတာ ပြောခဲ့သမျှ 510 396 coyg

ဂျေးဇုနဲ့ ပါတေးနောက်ဆုံးဒဏ်ရာအခြေအနေနဲ့ ရှက်ဖီးပွဲမတိုင်ခင် အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်ဟာ စနေနေ့မှာ ရှက်ဖီးယူနိုက်တက်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပါတေးနဲ့ ဂျေးဇုတို့ရဲ့ ဒဏ်ရာအခြေအနေ၊ ဟာဗတ်ဇ်ရဲ့အခန်းကဏ္ဍတို့ကို အဖြေပေးခဲ့ပါတယ်။ မေး-ပါတေးရဲ့ ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။ ဖြေ-သူ ကြွက်သားဒဏ်ရာရခဲ့ပြီး သူ ရက်သတ္တပတ်အနည်းငယ်လောက် လွဲချော်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ကြာမလဲ ကျွန်တော်တို့ မသိဘူး။ သူ ဒီနေ့မှာ နောက်ထပ် ဓာတ်မှန်ရိုက်တာတွေ…

read more
ဒီရာသီမှာ အထူးချွန်ဆုံးဖြစ်နေတဲ့ ဂန်းနားကြယ်ပွင့်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆန် 1024 504 coyg

ဒီရာသီမှာ အထူးချွန်ဆုံးဖြစ်နေတဲ့ ဂန်းနားကြယ်ပွင့်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်ဟာ စနေနေ့ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာကို ကြီးမားတဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းက အကောင်းဆုံးအခြေအနေမှာရှိမနေခဲ့ဘဲ ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား အာဆင်နယ်ရဲ့…

read more
ဂန်းနားတွေရဲ့ ဇန်နဝါရီပစ်မှတ် ချန်ပီယံလိဂ်လူငယ်ကြယ်ပွင့်ကြောင့် အံ့ဩခဲ့ရတဲ့ အွန်နရီ 644 377 coyg

ဂန်းနားတွေရဲ့ ဇန်နဝါရီပစ်မှတ် ချန်ပီယံလိဂ်လူငယ်ကြယ်ပွင့်ကြောင့် အံ့ဩခဲ့ရတဲ့ အွန်နရီ

သီယာရီ အွန်နရီဟာ ယခုနှစ်အစောပိုင်းမှာ အာဆင်နယ်က ခေါ်ယူချင်ခဲ့တဲ့ ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ဝါရန် ဇဲ-အမ်မရီကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့က အေစီမီလန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော်တော်လေးအထင်ကြီးစရာကောင်းခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဇဲ-အမ်မရီကို…

read more
ရာယာနဲ့ပတ်သက်ပြီး အာဆင်နယ်ကို ရမ်းစ်ဒေးလ် ထုတ်ရမယ့် မေးခွန်း ၂ ခု 1024 504 coyg

ရာယာနဲ့ပတ်သက်ပြီး အာဆင်နယ်ကို ရမ်းစ်ဒေးလ် ထုတ်ရမယ့် မေးခွန်း ၂ ခု

နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်က ဒေးဗစ် ရာယာနဲ့ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အာရွန် ရမ်းစ်ဒေးလ် မေးရမယ့် မေးခွန်း ၂ ခုကို ပြောပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်နိုင်ခဲ့တဲ့ကာလအတွင်း အသင်းအတွက် သူရဲကောင်းဆန်တဲ့ လက်စွမ်းပြသခဲ့တဲ့ ရမ်းစ်ဒေးလ်ရှိနေရဲ့သားနဲ့ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့်…

read more
ရာယာရဲ့ လက်စွမ်းကို ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားဂန္တဝင် 640 436 coyg

ရာယာရဲ့ လက်စွမ်းကို ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက အင်္ဂါနေ့ညက ဆီဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပြီးဆုံးခါနီးအချိန်တွေက ဒေးဗစ် ရာယာရဲ့ ဂိုးဖမ်းစွမ်းရည်ကို အနည်းငယ် ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ရာယာရဲ့ မတည်ငြိမ်တဲ့ လက်စွမ်းဟာ အာတီတာက ပြီးခဲ့တဲ့လမှာ အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာကစားတဲ့ စပိန်သားအချင်းချင်း နေရာပေးခဲ့တဲ့အချိန်ကစပြီး ပြင်းထန်တဲ့…

read more