Team News

လွန်းစ်နဲ့ပွဲမတိုင်ခင် သတင်းဆိုးကို အာတီတာ အတည်ပြုခဲ့ပြီး ပွဲထွက်လူစာရင်းကို အရိပ်အမြွက်ပြခဲ့တဲ့ ဂန်းနားကြယ်ပွင့် 1024 726 coyg

လွန်းစ်နဲ့ပွဲမတိုင်ခင် သတင်းဆိုးကို အာတီတာ အတည်ပြုခဲ့ပြီး ပွဲထွက်လူစာရင်းကို အရိပ်အမြွက်ပြခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်နည်းပြ အာတီတာဟာ ယနေ့ည အာစီ လွန်းစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဖေဘီယို ဗီယာရာဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်နည်းပြက တနင်္လာနေ့မှာ ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး လွန်းစ်နဲ့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောပြခဲ့တာဖြစ်ပြီး ဂျာနယ်လစ်တွေက ဗီယာရာကို လေ့ကျင့်ရေးမှာ မတွေ့ရဘူးလို့…

read more
ပထမအကျော့ရှုံးကြွေးအကျေဆပ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်မယ့် ဂန်းနားများ 1024 504 coyg

ပထမအကျော့ရှုံးကြွေးအကျေဆပ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်မယ့် ဂန်းနားများ

အုပ်စုဘီ ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ဟာ ဗုဒ္ဓဟူး​နေ့ည အမ်းမရိတ်စ်မှာ လွန်းစ်ကို လက်ခံယှဉ်ပြိုင်တဲ့ပွဲမှာ ပြီးခဲ့တဲ့လက ရှုံးကြွေးကို ပြန်ဆပ်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စုဘီမှာ လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့တစ်ပွဲသာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း…

read more
ရိုက်ရဲ့အခန်းကဏ္ဍသစ်ကို ထောက်ခံပြီး အာတီတာကို ခေါင်းကိုက်စေခဲ့တဲ့ အီယန် ရိုက် 810 539 coyg

ရိုက်ရဲ့အခန်းကဏ္ဍသစ်ကို ထောက်ခံပြီး အာတီတာကို ခေါင်းကိုက်စေခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန်ရိုက်ဟာ အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် ကလင်းရှစ်တ်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက်ပိုင်း အာတီတာကို ဒီကလန် ရိုက်နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ သတင်းစကားပေးပို့ခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် နိုင်ပွဲ ရယူပြီးနောက် အစောပိုင်း ကစားခဲ့တဲ့ စီးတီးနဲ့ လီဗာပူးလ်တို့ပွဲက သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄…

read more
ကင်းကိုင်ကြောင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ကင်းကိုင်ကြောင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညက ဂျီတက်ချ် ကွန်မြူနတီကွင်းကို သွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မယ်ဆိုတာကို သိရှိနေခဲ့ပြီးသားဖြစ်ပြီး လူစားဝင်ကစားသမား ကိုင် ဟာဗတ်ဇ်က ဂန်းနားတွေကို အနိုင်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၁။ ဖိအားတွေ ခံစားနေရတဲ့ ရမ်းစ်ဒေးလ် အာရွန် ရမ်းစ်ဒေးလ်ဟာ ရာယာ မိခင်အသင်းနဲ့ ရင်ဆိုင်ကစားလို့ မရတာကြောင့် ပွဲထွက်ပါဝင်ကစားပေးခွင့်ရခဲ့ပြီး အင်္ဂလန်ဂိုးသမားဟာ ပွဲကို တိတ်တိတ်ဆိတ်ဆိတ်နဲ့…

read more
ပွဲမတိုင်ခင် အာတီတာဆုံးဖြတ်ရမယ့်အရာကို ပြောပြလိုက်တဲ့ သောမတ်စ် ဖရန့်ခ် 1024 576 coyg

ပွဲမတိုင်ခင် အာတီတာဆုံးဖြတ်ရမယ့်အရာကို ပြောပြလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

ဘရန့်တ်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က ဒီရာသီကုန်မှာ အာဆင်နယ်အနေနဲ့ ဒေးဗစ် ရာယာကို အပြီးသတ်ခေါ်ယူဖို့များတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ FFP မထိအောင် စပိန်ဂိုးသမားကို အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့အတွက် အငှားကြေး ပေါင် ၃ သန်း ပေးခဲ့ရတာဖြစ်ပြီး လာမယ့်နွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။…

read more
ကလင်ဒါကျအတိုင်းပဲ ပျားဖွပ်ပြီး စီးတီးကို ဖိအားဆက်ပေးမယ့် ဂန်းနားများ 1024 504 coyg

ကလင်ဒါကျအတိုင်းပဲ ပျားဖွပ်ပြီး စီးတီးကို ဖိအားဆက်ပေးမယ့် ဂန်းနားများ

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကာလ ကုန်ဆုံးသွားပြီဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ဟာ စနေနေ့ညမှာ အာဆင်နယ်ကို ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပျားတွေနဲ့ အကောင်းအဆိုး ရောထွေးနေတဲ့ ဆက်ဆံရေးမျိုးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက အနောက်လန်ဒန်မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက အာတီတာရဲ့အသင်းဟာ တွေ့ဆုံမှုတွေမှာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲကမှ အပြောင်မြောက်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ရာသီ ဂျီတက်ချ်ကွင်းမှာ…

read more
ဘရန့်တ်ဖို့ဒ်နဲ့ ဂန်းနားတို့ရဲ့ပွဲရလဒ်နဲ့ပတ်သက်ပြီး နဗီးဟောကိန်းကို သဘောမတူတဲ့ ရွိုင် ကီးန် 1024 504 coyg

ဘရန့်တ်ဖို့ဒ်နဲ့ ဂန်းနားတို့ရဲ့ပွဲရလဒ်နဲ့ပတ်သက်ပြီး နဗီးဟောကိန်းကို သဘောမတူတဲ့ ရွိုင် ကီးန်

ဂယ်ရီ နဗီးနဲ့ ရွိုင် ကီးန်တို့ဟာ စနေနေ့ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်အတွက် ဟောကိန်းထုတ်ခဲ့ကြပါတယ်။ အာဆင်နယ်ဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် ဘန်လေကို အမ်းမရိတ်စ်မှာ ၃-၁ နဲ့ အနိုင်ယူပြီး နယူးကာဆယ်နဲ့ပွဲစဉ်က စိတ်ပျက်ခဲ့ရမှုကို အကောင်းဆုံး တုံ့ပြန်ပြီး ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲအားလပ်ရက်ကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ နဗီးနဲ့ ရွိုင်…

read more
ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း 1024 504 coyg

ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း

အာဆင်နယ်ဂန္တဝင် ဒေးဗစ် ဆီးမန်းက ယခုအပတ် ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားသမားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာရွန် ရမ်းစ်ဒေးလ် ပြန်လည်ပွဲထွက်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပုံပေါ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီအစောပိုင်းမှာ ဂန်းနားတွေရဲ့ ကျောနံပါတ် ၁ နေရာကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒေးဗစ် ရာယာရဲ့ လက်စွမ်းက စိတ်မချရပေမယ့်လည်း အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲကို ပြန်ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်က မကြာသေးမီက ၎င်းရဲ့ ကစားသမားဘဝ စိန်ခေါ်မှုအပြင်းထန်ဆုံး…

read more
ဇန်နဝါရီပစ်မှတ်အတွက် အဖြေရခဲ့ပြီဖြစ်တဲ့ အာဆင်နယ် 1024 645 coyg

ဇန်နဝါရီပစ်မှတ်အတွက် အဖြေရခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်စတန် ဗီလာကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝီးဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း အူနိုင်း အမ်မရီရဲ့အသင်းက ဂန်းနားတွေဆီက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဂန်းနားတွေဆီကနေ ကမ်းလှမ်းမှု ၃ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက အက်စတန် ဗီလာနဲ့ စာချုပ်သက်တမ်း ၁ နှစ်တောင်မကျန်တော့ဘဲ…

read more
ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် 800 450 coyg

ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်

ဘောလုံးဝေဖန် သုံးသပ်သူ ဂရေမီ ဆောင်းနက်စ်က အမ်းမရိတ်စ်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးခဲ့တာကြောင့် စိတ်ပျက်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို မန်ချက်စတာယူနိုက်တက်နောက်ခံလူနဲ့ နှိုင်းယှဉ်ပြီး အားပေးစကားပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဖြစ်တဲ့ ဟာရီ မက်ဂွိုင်းယားဟာ နည်းပြ အဲရစ် တန်ဟက်ရဲ့ အပယ်ခံဘဝကနေ အယုံကြည်ရဆုံးကစားသမားတွေထဲက တစ်ဦး ပြန်ဖြစ်လာတဲ့အထိ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက်…

read more