Team News

အာဖရိကဖလားလူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်ကြောင့် ခြိမ်းခြောက်မှု ၃ ခုနဲ့ ရင်ဆိုင်ရမယ့် အာတီတာ 696 456 coyg

အာဖရိကဖလားလူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဂန်းနားကြယ်ပွင့်ကြောင့် ခြိမ်းခြောက်မှု ၃ ခုနဲ့ ရင်ဆိုင်ရမယ့် အာတီတာ

အာဖရိကဖလားပြိုင်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားဟာ ဇန်နဝါရီလမှာ အဓိကကစားသမားအချို့ မပါဝင်ဘဲ ကစားသွားရတော့မှာဖြစ်ပါတယ်။ အသင်းအများစုဟာ ရာသီလယ် ပြိုင်ပွဲရဲ့ အကျိုးသက်ရောက်မှု ခံရမှာဖြစ်ပြီး အာဆင်နယ်ကလည်း အဓိကကစားသမား ၃ ဦးအထိ မပါဝင်ဘဲ ကစားသွားရနိုင်တယ်လို့ မျှော်မှန်းခြင်း ခံထားရတာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်ဟာ ၃၄ ကြိမ်မြောက် အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ကနေ ဖေဖော်ဝါရီ…

read more
စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးပွဲကို အဝေးကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြမယ့် ဂန်းနားများ 1024 504 coyg

စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးပွဲကို အဝေးကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြမယ့် ဂန်းနားများ

နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ နှစ်သစ်ကူးအကြိုနေ့ ခရာဗင်ကော့တေ့ချ်မှာ မဖြစ်မနေ နိုင်ပွဲရယူသွားရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့ည အိမ်ကွင်းမှာ…

read more
ဝက်စ်ဟမ်းနဲ့ပွဲအပြီး ကစားသမား ၂ ဦးကို ပစ်မှတ်ထားဖို့ တောင်းဆိုခံခဲ့ရတဲ့ အာဆင်နယ် 1024 576 coyg

ဝက်စ်ဟမ်းနဲ့ပွဲအပြီး ကစားသမား ၂ ဦးကို ပစ်မှတ်ထားဖို့ တောင်းဆိုခံခဲ့ရတဲ့ အာဆင်နယ်

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်း အိုဝင် ဟားဂရိဗ်ဟာ အာဆင်နယ်အနေနဲ့ ကြာသပတေးနေ့ညက အမ်းမရိတ်စ်မှာ ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူးတစ်ဦးနဲ့ ဘယ်နောက်ခံကစားသမားတစ်ဦးကို ပစ်မှတ်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ဆူးချက်နဲ့ နောက်ခံကစားသမားဟောင်း မက်ဗရိုပါးနော့စ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ…

read more
ပြီးခဲ့တဲ့ရာသီမှာ ရူးသွပ်စေခဲ့တဲ့ ကစားသမားကို ပြောပြခဲ့တဲ့ အာတီတာ 644 361 coyg

ပြီးခဲ့တဲ့ရာသီမှာ ရူးသွပ်စေခဲ့တဲ့ ကစားသမားကို ပြောပြခဲ့တဲ့ အာတီတာ

အာတီတာက ဒီကလန် ရိုက်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ အထင်ကြီးမိခဲ့ပြီးနောက် အင်္ဂလန်ကွင်းလယ်လူကို ခေါ်ယူဖို့ ရူးသွပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေး ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူဟာ ယနေ့ညမှာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဝက်စ်ဟမ်းနည်းပြ…

read more
ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ 1024 504 coyg

ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်အင်အားဖြည့်တင်းမှုအဖြစ် အိုင်းယက်စ်ရဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂျော်ရယ် ဟာတိုကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ မြောက်လန်ဒန်သားတွေဟာ လက်ရှိမှာ ခံစစ်နေရာအတွက် ရွေးချယ်စရာ နည်းပါးနေတာဖြစ်ပြီး တင်းဘားက ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေဆဲဖြစ်သလို တိုမိယဆုကလည်း ဖေဖော်ဝါရီလလယ်မတိုင်ခင်အထိ ပြန်ကောင်းလာဖို့ မရှိသေးတာဖြစ်ပါတယ်။ အာတီတာဟာ ခံစစ်အတွက် အင်အားဖြည့်တင်းချင်နေပေမယ့်လည်း…

read more
အာဆင်နယ်-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက် 1024 504 coyg

အာဆင်နယ်-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်

အမှတ်ပေးဇယား ဦးဆောင်သူတွေအဖြစ် ခရစ္စမတ်နေ့ကို ဖြတ်သန်းခဲ့တဲ့ အာဆင်နယ်ဟာ ကြာသပတေးနေ့ညမှာ ဝက်စ်ဟမ်းကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့ညက လစ်ဗာပူးလ်အိမ်ကွင်းမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပြီးနောက် ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် အင်္ဂါနေ့ညက ဘန်လေကို လီဗာပူးလ်က၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဇယားထိပ်ကနေ ယာယီဆင်းပေးခဲ့ရပါတယ်။ ဝက်စ်ဟမ်းကလည်း…

read more
မန်ယူနဲ့သရေကျတုန်းက ဆတ်ဆတ်ခါခဲ့သလောက် ပွဲအပြီးမှာ ဂန်းနားကြယ်ပွင့်နဲ့ ရှပ်လဲခဲ့တဲ့ ဗန်ဒိုက် 720 405 coyg

မန်ယူနဲ့သရေကျတုန်းက ဆတ်ဆတ်ခါခဲ့သလောက် ပွဲအပြီးမှာ ဂန်းနားကြယ်ပွင့်နဲ့ ရှပ်လဲခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ အန်းဖီးမှာ အာဆင်နယ်နဲ့ သရေကျခဲ့ပြီးနောက် ဥမင်လျှောက်လမ်းထဲမှာ အာဆင်နယ်ကြယ်ပွင့်နဲ့ ရှပ်ချင်းလဲလှယ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ဟာ စနေနေ့က လီဗာပူးလ်အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ပြီးနောက် အန်းဖီး ကျိန်းစာဆိုးကို အဆုံးသတ်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်း ၄ မိနစ်မှာပဲ မာတင် အော်ဒီဂွါဒ်ရဲ့…

read more
ဝက်စ်ဟမ်းနဲ့ပွဲအတွက် အကောင်းဆုံးဒဏ်ရာပြဿနာအခင်းအကျင်းကို ရခဲ့တဲ့ အာတီတာ 810 539 coyg

ဝက်စ်ဟမ်းနဲ့ပွဲအတွက် အကောင်းဆုံးဒဏ်ရာပြဿနာအခင်းအကျင်းကို ရခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ လာမယ့် ကြာသပတေးနေ့ည ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ မလုပ်ဘဲ ပွဲထွက်လာနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ခရစ္စမတ်မတိုင်ခင် အန်းဖီးမှာ လီဗာပူးလ်ဆီကနေ အဖိုးတန် သရေ ၁ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အာဆင်နယ်ဟာ အခြား ဆုဖလားပြိုင်ဘက်အချို့နဲ့မတူဘဲ…

read more
ဒီကလန် ရိုက်က ပွဲစဉ်ထဲမှာ ဘာတွေတိုးတက်လာလဲဆိုတာ ရှင်းပြခဲ့တဲ့ ဘောလုံးဝေဖန်သူ 960 640 coyg

ဒီကလန် ရိုက်က ပွဲစဉ်ထဲမှာ ဘာတွေတိုးတက်လာလဲဆိုတာ ရှင်းပြခဲ့တဲ့ ဘောလုံးဝေဖန်သူ

ဘောလုံးဝေဖန်သူ ဂ့ါသ် ခရွတ်စ်က ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက တိုးတက်လာခဲ့တဲ့ပုံစံအတွက် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟာ ဝက်စ်ဟမ်းအတွက် ကစားပေးခဲ့တဲ့အချိန်ကတည်းက ကြီးကြီးမားမား အထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်သူဖြစ်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း ခရွတ်စ်က အမ်းမရိတ်စ်ကို ရောက်လာပြီးနောက်ပိုင်းမှာ တကယ့်ခေါင်းဆောင်မှုအရည်အချင်းရှိလာပုံပေါ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ အာဆင်နယ်အတွက် ကြီးကြီးမားမား အထင်ကြီးစရာ စွမ်းဆောင်ရည်ပြသနေခဲ့တဲ့ကစားသမားဆိုတာ သံသယဖြစ်စရာ မရှိဘဲ အခုအချိန်မှာ…

read more
အမ်ဘာပေအပါအဝင် ဇန်နဝါရီမှာ ဂန်းနားတို့ အလွတ်နဲ့ခေါ်နိုင်မယ့် ကြယ်ပွင့် ၄ ဦး 810 539 coyg

အမ်ဘာပေအပါအဝင် ဇန်နဝါရီမှာ ဂန်းနားတို့ အလွတ်နဲ့ခေါ်နိုင်မယ့် ကြယ်ပွင့် ၄ ဦး

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ဖို့က ရက်အနည်းငယ်သာ လိုအပ်တော့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အရေးကြီးတဲ့ကာလကို ရောက်လာပြီဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။ ဆောင်းရာသီစျေးကွက်ဟာ အသင်းတွေကို ရာသီဝက်ကစားပြီးချိန်မှာ လိုအပ်တဲ့နေရာတွေကို အင်အားဖြည့်တင်းခွင့်ပေးပြီး ရာသီကုန်မှာ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက်ကတော့ ပရီးမီးယားလိဂ်ဖလားကို ဆယ်စုနှစ် ၂ ခုကျော်အကြာမှာ ပြန်လည်ရယူချင်နေတယ်ဆိုတာ ရှင်းလင်းနေပြီး ချန်ပီယံလိဂ်နဲ့အက်ဖ်အေပြိုင်ပွဲတို့မှာလည်း ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ များပြားတဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနိုင်ဖို့…

read more