Pre Match Talks

ဒဏ်ရာရကြယ်ပွင့် ၂ ဦးပြန်လာခဲ့ပြီး စီးတီးနဲ့ပွဲမှာ ဂန်းနားတို့ ပွဲထွက်လာနိုင်တဲ့ အခင်းအကျင်း 1024 504 coyg

ဒဏ်ရာရကြယ်ပွင့် ၂ ဦးပြန်လာခဲ့ပြီး စီးတီးနဲ့ပွဲမှာ ဂန်းနားတို့ ပွဲထွက်လာနိုင်တဲ့ အခင်းအကျင်း

အာဆင်နယ်ဟာ ယနေ့ည အစ်တီဟတ်ကွင်းကို သွားရောက်ပြီး မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာမယ့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ၈ ပွဲဆက်နိုင်ပွဲစံချိန်ကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးနဲ့ ၁ မှတ်အကွာ၊ လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ည ၂၀၁၅ ခုနှစ် ဇန်နဝါရီကတည်းက အနိုင်မရခဲ့တဲ့…

read more
စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးပွဲကို အဝေးကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြမယ့် ဂန်းနားများ 1024 504 coyg

စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးပွဲကို အဝေးကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြမယ့် ဂန်းနားများ

နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ နှစ်သစ်ကူးအကြိုနေ့ ခရာဗင်ကော့တေ့ချ်မှာ မဖြစ်မနေ နိုင်ပွဲရယူသွားရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့ည အိမ်ကွင်းမှာ…

read more
ကလင်ဒါကျအတိုင်းပဲ ပျားဖွပ်ပြီး စီးတီးကို ဖိအားဆက်ပေးမယ့် ဂန်းနားများ 1024 504 coyg

ကလင်ဒါကျအတိုင်းပဲ ပျားဖွပ်ပြီး စီးတီးကို ဖိအားဆက်ပေးမယ့် ဂန်းနားများ

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကာလ ကုန်ဆုံးသွားပြီဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ဟာ စနေနေ့ညမှာ အာဆင်နယ်ကို ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပျားတွေနဲ့ အကောင်းအဆိုး ရောထွေးနေတဲ့ ဆက်ဆံရေးမျိုးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက အနောက်လန်ဒန်မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက အာတီတာရဲ့အသင်းဟာ တွေ့ဆုံမှုတွေမှာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲကမှ အပြောင်မြောက်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ရာသီ ဂျီတက်ချ်ကွင်းမှာ…

read more
ဘန်လေကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာအတွင်းက တိုက်ပွဲမှာ အမှားခံမှာမဟုတ်တဲ့ ဂန်းနားများ 1024 504 coyg

ဘန်လေကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာအတွင်းက တိုက်ပွဲမှာ အမှားခံမှာမဟုတ်တဲ့ ဂန်းနားများ

အာဆင်နယ်ဟာ စနေနေ့မှာ အမှတ်ပေးဇယား အောက်ခြေက တန်းတက် ဘန်လေကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားတွေအတွက် သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲဖြစ်လာဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကွန်ပနီရဲ့ ဘန်လေအသင်းကလည်း ချန်ပီယံရှစ်ကနေ တန်းတက်လာပြီးကတည်းက ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့…

read more
ဆီဗီလာကို အိမ်ကွင်းမှာ ထပ်အနိုင်ယူပြီး အုပ်စုကို ထိန်းချုပ်သွားမယ့် ဂန်းနားများ 1024 504 coyg

ဆီဗီလာကို အိမ်ကွင်းမှာ ထပ်အနိုင်ယူပြီး အုပ်စုကို ထိန်းချုပ်သွားမယ့် ဂန်းနားများ

ဂန်းနားတွေဟာ ယနေ့ည ဆီဗီလာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အုပ်စု ဘီကို အပြည့်အဝ ထိန်းချုပ်ခွင့် ရယူသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပွဲစလုံးက အဝေးကွင်းပွဲစဉ်ဖြစ်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ညဟာ အမ်းမရိတ်စ်မှာ ထူးခြားတဲ့ ဥရောပညတစ်ညဖြစ်လာဦးမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဗွီကို ၄-၀ နိုင်ပွဲနဲ့ အုပ်စုကို စဖွင့်ခဲ့ပြီး ဆီဗီလာကို ပွဲစဥ် ၃ မှာ ၂-၁…

read more
ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး 1024 504 coyg

ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး

အာဆင်နယ်ဟာ ယနေ့ညမှာ ကာရာဘောင်းဖလား စတုတ္ထပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအိမ်ကွင်း လန်ဒန်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာလမှာ ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့ စတုတ္ထအဆင့်မှာ ကျရောက်ခဲ့ပြီး နောက်ထပ် အန္တရာယ်များတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်သွားရမှာဖြစ်ပေမယ့်လည်း လက်ရှိရရှိနေတဲ့ ပုံစံကောင်းကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းကို အကောင်းဆုံးရင်ဆိုင်သွားနိုင်မှာ သေချာပါတယ်။ ဝက်စ်ဟမ်းဟာ…

read more
အမ်းမရိတ်စ်မှာ နောက်ထပ်နိုင်ပွဲနဲ့ ဇယားထိပ်က စပါးစ်ကို အမီလိုက်မယ့် ဂန်းနားများ 1024 576 coyg

အမ်းမရိတ်စ်မှာ နောက်ထပ်နိုင်ပွဲနဲ့ ဇယားထိပ်က စပါးစ်ကို အမီလိုက်မယ့် ဂန်းနားများ

အာဆင်နယ်ဟာ အင်္ဂါနေ့ည ဆီဗီလာကို စပိန်မြေမှာ အနိုင်ရခဲ့တဲ့ ယုံကြည်ချက်တွေနဲ့အတူ စနေနေ့မှာ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး မြောက်လန်ဒန်မှာ နောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ နှစ်ဖက်အသင်း သတင်းများ အာဆင်နယ်ဘက်မှာ ကာလရှည် အနားယူနေရတဲ့ တင်းဘား ဆက်လက်လွဲချော်မှာဖြစ်ပြီး…

read more
ဆီးဗီး ခရီးကြမ်းမှာ သရေ ၁ မှတ်ယူပြီး အိမ်ပြန်လာနိုင်ဖို့ အာရုံစိုက်ရမယ့် အာဆင်နယ် 1024 576 coyg

ဆီးဗီး ခရီးကြမ်းမှာ သရေ ၁ မှတ်ယူပြီး အိမ်ပြန်လာနိုင်ဖို့ အာရုံစိုက်ရမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ယနေ့ည ဆီးဗီးကို သွားရောက်ပြီး ချန်ပီယံလိဂ်အုပ်စုဘီ ပွဲစဉ်အဖြစ် ဆီဗီလာနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ််ပြီး၂၀၀၇ ခုနှစ် ချန်ပီယံလိဂ်တုန်းက အာဆင်ဝင်းဂါးရဲ့ ဂန်းနားတွေကို ၃-၁ နဲ့ အနိုင်ယူခဲ့တဲ့ မှတ်တမ်းဆိုးရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အုပ်စုအဖွင့်မှာ ပီအက်စ်ဗွီကို ၄-၀ နဲ့ အနိုင်ရပြီးနောက် လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြင်သစ်ကလပ်ဟာ ၂၀၁၉ ခုနှစ်…

read more
စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက် ဘွဲ့ခံဦးမယ့် ဂန်းနားများ 1024 504 coyg

စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက် ဘွဲ့ခံဦးမယ့် ဂန်းနားများ

နိုင်ငံတကာပွဲစဉ်အားလပ်ရက် ၂ ပတ်ကြောင့် နားခဲ့ရပြီးနောက် အာတီတာရဲ့အသင်းဟာ စနေနေ့ညနေမှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်ကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မြင့်မားတဲ့စိတ်ဓာတ်နဲ့အတူ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဖြတ်သန်းခဲ့တာဖြစ်ပြီး အာတီတာရဲ့လူစာရင်းဟာ လန်ဒန်ကိုလ်နီကွင်းကို ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ကြီးမားတဲ့ အောင်ပွဲကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ…

read more
ဂွါဒီယိုလာရဲ့စီးတီးကို ဒုတိယမြောက်နိုင်ပွဲရယူဖို့ အဓိကလက်နက်ကြီးတွေ ပျောက်ဆုံးနေတဲ့ ဂန်းနားများ 1024 504 coyg

ဂွါဒီယိုလာရဲ့စီးတီးကို ဒုတိယမြောက်နိုင်ပွဲရယူဖို့ အဓိကလက်နက်ကြီးတွေ ပျောက်ဆုံးနေတဲ့ ဂန်းနားများ

အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး စတင်နိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ရှုုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အများစုကို ဦးဆောင်နိုင်ခဲ့တာကြောင့် ဆုဖလားအားလုံးကို စိန်ခေါ်နိုင်တဲ့ ဂွါဒီယိုလာရဲ့အသင်းကို ကြောက်ရွံ့စေခဲ့တာဖြစ်ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေချော်မှုကြောင့် မန်စီးတီးကို ၃ နှစ်ဆက် ဖလားပေးလိုက်ရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာတော့…

read more