Post Match Review

အန်ကီးတီးယားတောက်ပပြီး ထိုးနှက်ချက်နဲ့ ကြုံခဲ့ရတဲ့ပွဲက ပြောစရာအချက်များ 1024 504 coyg

အန်ကီးတီးယားတောက်ပပြီး ထိုးနှက်ချက်နဲ့ ကြုံခဲ့ရတဲ့ပွဲက ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ မိုနာကိုအသင်းကို သာမန်ပွဲကစားချိန်မှာ ၁-၁ နဲ့ ခက်ခက်ခဲခဲ သရေကျခဲ့ပြီးနောက် ရာသီကြိုကို ပင်နယ်တီ အဆုံးအဖြတ်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဂူးဝမ်းအသင်းအတွက် ယူဆွတ်ဖ် ဖိုဖာနာက ၃၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ပထမပိုင်းမပြီးခင်မှာပဲ အန်ကီးတီးယားရဲ့ အနီးကပ်အဆုံးသတ်ကနေတဆင့် ချေပနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန် ယက်ဒါက မိုနာကိုအသင်းကို ဦးဆောင်ခွင့် ရရှိနိုင်တဲ့ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး အာဆင်နယ်က…

read more
၈ ဂိုးအထိရှိခဲ့တဲ့ ဘာဆာကို ဆုံးမတော်မူခန်းကနေ ပြန်ပြောချင်စရာအချက် ၆ ချက် 1024 504 coyg

၈ ဂိုးအထိရှိခဲ့တဲ့ ဘာဆာကို ဆုံးမတော်မူခန်းကနေ ပြန်ပြောချင်စရာအချက် ၆ ချက်

အာဆင်နယ်အသင်းဟာ လော့စ်အိန်ဂျလိစ်မှာ ဘာစီလိုနာကို ၅-၃ နဲ့ အနိုင်ယူပြီး ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်ပြီး ဒီပွဲစဉ်ကနေ မှတ်မှတ်ရရ ပြန်ပြောစရာ ၆ ချက်ရှိပါတယ်။ ၁။ ဒဏ်ရာ စိုးရိမ်ရမှုကြောင့် မပါဝင်ခဲ့တဲ့ ရိုက် ဒီကလန် ရိုက်ဟာ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ဘာစီလိုနာကို ရင်ဆိုင်မယ့် ပွဲနေ့လူစာရင်းမှာ လုံးဝ…

read more
ဝိန်းရူနီရဲ့ မေဂျာလိဂ်ကြယ်စင်စုကို ချေမှုန်းခဲ့တဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ user

ဝိန်းရူနီရဲ့ မေဂျာလိဂ်ကြယ်စင်စုကို ချေမှုန်းခဲ့တဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ ယူအက်စ်အေ ရာသီကြိုခရီးစဉ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ဝိန်း ရူနီ ကိုင်တွယ်တဲ့ မေဂျာလိဂ်ကြယ်စင်စုအသင်းကို အကောင်းဆုံးပုံစံနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဂိုးသမားကို ကျော်ကန်ပြီး သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပြီး ထရော့ဆာ့ဒ်က ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ၅ မိနစ်တောင် အချိန်မယူခဲ့ဘဲ ပင်နယ်တီဧရိယာအစွန်ကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အာတီတာက…

read more
ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု user

ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု

အာဆင်နယ်အသင်းဟာ ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမား ၁၉ ဦးအထိ အသုံးပြုခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ဂျာမနီတောင်ပိုင်းမှာ အလွန်ကောင်းမွန်တဲ့စတင်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘူကာယို ဆာကာက ၇ မိနစ်မှာပဲ အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းမှုနဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပထမပိုင်း မပြီးဆုံးခင်မှာ…

read more
လမ်းမခွဲခင် အစွမ်းကုန်ပေးဆပ်သွားခဲ့တဲ့ နှလုံးလှလူမိုက်ကြီးနဲ့ ဝုလ်ဗ်စ်နဲ့ပွဲက ပြန်ပြောစရာများ coyg

လမ်းမခွဲခင် အစွမ်းကုန်ပေးဆပ်သွားခဲ့တဲ့ နှလုံးလှလူမိုက်ကြီးနဲ့ ဝုလ်ဗ်စ်နဲ့ပွဲက ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်နဲ့ ကစားရမယ့် ရာသီနောက်ဆုံးပွဲစဉ်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းခဲ့မှာဖြစ်ပြီး ဆုဖလားအိပ်မက်က သေဆုံးခဲ့ပြီဖြစ်ပေမယ့်လည်း ဒုတိယနေရာမှာ ပြီးဆုံးဖို့ ထိုက်တန်တဲ့ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ဖို့အတွက် ၁၅ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ချာကာက အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီးနောက် ၃ မိနစ်အကြာမှာပဲ ဝုလ်ဗ်စ်ရဲ့ စိတ်ပျက်ဖွယ် ခံစစ်ကစားပုံကို အခွင့်ကောင်းယူပြီး ဒုတိယမြောက်…

read more
စီးတီးကို ကိုယ်တိုင်ဖလားပေးခဲ့တဲ့ပွဲစဥ်က မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ coyg

စီးတီးကို ကိုယ်တိုင်ဖလားပေးခဲ့တဲ့ပွဲစဥ်က မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ

အာဆင်နယ်ဟာ စနေနေ့ညက နော်တင်[ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးကို ပရီးမိးယားလိဂ်ဖလား ပေးအပ်လိုက်ရပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ယနေ့မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပေမယ့် ဂန်းနားတွေက နော်တင်ဟမ် ဖောရက်စ်အိမ်ကွင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ဂွါဒီယိုလာရဲ့အသင်းကို ရှန်ပိန်ပုလင်း စောစောစီးစီး ဖောက်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရက်စ်ဟာ…

read more
ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ coyg

ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ

ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ အာဆင်နယ်အသင်းက ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။ အမ်းမရိတ်စ်မှာ နှစ်သင်းစလုံးဟာ အခွင့်အရေးရတိုင်း တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု တိုင်ထိသွားခဲ့တာက ပထမပိုင်းမှာ ဂန်းနားတွေရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာ အန်ဆီဆိုက ဘရိုက်တန်အတွက် အဖွင့်ဂိုးကို…

read more
ငှက်ကျားတွေကို မီးကင်ပြီး စီးတီးကိုပါ ထိတ်လန့်စေခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ coyg

ငှက်ကျားတွေကို မီးကင်ပြီး စီးတီးကိုပါ ထိတ်လန့်စေခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက တတိယနေရာက နယူးကာဆယ်အသင်းကို အထင်ကြီးဖွယ် အပြင်းအထန် တိုက်ပွဲဝင်ပြီး ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဒီပွဲစဉ်ကို ဆုဖလားမျှော်လင့်ချက်အတွက် ဘယ်လိုခြေချော်မှုမျိုးမှ ဖြစ်လို့ မရတော့ဘူးဆိုတဲ့ စိတ်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ဟာ အဖွင့်ပွဲကစားချိန် စက္ကန့် ၉၀ မှာပဲ ဦးဆောင်နိုင်ခွင့်ရရှိဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျေကော့ဘ် မာဖီရဲ့ ဘယ်ခြေကန်ချက်က…

read more
ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး coyg

ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ အစ်တီဟတ်က နိင်ပွဲမတိုင်ခင်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားဖို့ ရေပန်းအစားဆုံးဖြစ်နေပြီးသားဖြစ်တဲ့ ဂွါဒီယိုလာရဲ့အသင်းရဲ့ ခုခံကာကွယ်လို့မရနိုင်တဲ့ တိုက်စစ်ကြောင့် ချေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အာလင်း ဟာလန်းရဲ့ ကြောက်မက်ဖွယ် ဂိုးကန်သွင်းချက် အများအပြားကို ကာကွယ်နိုင်ခဲ့လို့သာ ဒီထက်…

read more
စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ coyg

စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ မဖြစ်မနေ နိုင်ပွဲရယူရမယ့်အစား အံ့အားသင့်ဖွယ် ခြေစွမ်းပိုင်းမတည်ငြိမ်မှုကို ဆက်လက် ပြသခဲ့ပြီး မန်စီးတီးကို ဆုဖလားပြိုင်ပွဲမှာ ထိန်းချုပ်နိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း စစချင်း ၁၈ စက္ကန့်အကြာမှာပဲ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ရာမှာ အယ်လ်ကာရက်ဇ်က ကြားဝင်ရယူပြီး အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၁၄ မိနစ်မှာ အာဆင်နယ်ကြယ်ပွင့်ဟောင်း သီယို ဝဲလ်ကော့တ်က အာရွန်…

read more