Post Match Review

ရိစ် နယ်လ်ဆင်ကယ်တင်ခဲ့ပြီး စတုတ္ထအဆင့်တက်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ရိစ် နယ်လ်ဆင်ကယ်တင်ခဲ့ပြီး စတုတ္ထအဆင့်တက်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အပြောင်းအလဲတွေ အများကြီး လုပ်ထားတဲ့ အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ရိစ် နယ်လ်ဆင်ရဲ့ အစောပိုင်း သွင်းဂိုးကြောင့် ဘရန့်တ်ဖို့ဒ်ကို အနိုင်ရပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုငခဲ့ပါတယ်။ စပါးစ်နဲ့ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် လူစာရင်းထဲက အပြောင်းအလဲ ၈ ခုမှာ တစ်ခုဖြစ်ခဲ့တဲ့ ရိစ် နယ်လ်ဆင်ဟာ ပထမပိုင်း ၈ မိနစ်မှာ ဇန်ကာရဲ့ နောက်ပြန်ပေးပို့မှုကို အန်ကီးတီးယားက ကြားဖြတ်ရယူ…

read more
မြောက်လန်ဒန်ဒါဘီနိုင်ပွဲ ရသင့်လျက်နဲ့ အမှတ်ခွဲယူခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

မြောက်လန်ဒန်ဒါဘီနိုင်ပွဲ ရသင့်လျက်နဲ့ အမှတ်ခွဲယူခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်နဲ့ စပါးစ်တို့ဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ဆွန်ဟောင်မင်က စပါးစ်အတွက် ချေပဂိုးတွေ လိုက်သွင်းခဲ့ပြီး ဆာကာက ပင်နယ်တီကနေ ဦးဆောင်ဂိုး မသွင်းယူမီ ရိုမဲရိုးကို ကိုယ့်ဂိုးကိုယ်သွင်းမိအောင် ပြုလုပ်ခဲ့ပြီးနောက် အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆွန်ဟာ ပထမပိုင်း ၅ မိနစ်မှာပဲ ဂိုးကန်သွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံနေတာကြောင့် ဂိုးအဖြစ်…

read more
ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချိုမြိန်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ 1024 504 coyg

ပီအက်စ်ဗွီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချိုမြိန်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု B အဖွင့်ပွဲစဉ်မှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမ်းမရိတ်စ်ကွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းက အစပိုင်းကတည်းက လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးရဖို့ ၈ မိနစ်သာ လိုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ဆာကာက သွင်းယူပေးခဲ့ပြီး နောက်ထပ်…

read more
ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုးကို ချေဖျက်ပြီး အနိုင် ၃ မှတ်နဲ့အိမ်ပြန်ခဲ့တဲ့ ဂန်းနားများ 1024 504 coyg

ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုးကို ချေဖျက်ပြီး အနိုင် ၃ မှတ်နဲ့အိမ်ပြန်ခဲ့တဲ့ ဂန်းနားများ

ယနေ့ည ၁၀ နာရီမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အာတီတာလက်ထက် ဂွတ်ဒီဆင်ပါ့ခ်မှာ နိုင်ပွဲမရရှိဖူးတဲ့ ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမပိုင်းမှာ မာတီနယ်လီရဲ့ သွင်းဂိုးကို VAR က ငြင်းပယ်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး အဲဒီထက်ပိုဆိုးသွားတာကတော့ ဘရာဇီးလ်ကြယ်ပွင့်က ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မာတီနယ်လီရဲ့နေရာမှာ လီအန်ဒရို…

read more
အချိန်ပိုမှာ အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲက ထုတ်နုတ်ပြန်ပြောစရာ ၇ ချက် 1024 504 coyg

အချိန်ပိုမှာ အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲက ထုတ်နုတ်ပြန်ပြောစရာ ၇ ချက်

အာဆင်နယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၎င်းအတွက် ပေးချေခဲ့ရတဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ သရေနဲ့ပွဲပြီးဆုံးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေက ဒီကလန် ရိုက်နဲ့ ဒဏ်ရာကနေ သက်သာလာပြီး ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ ဂျေးဇုတို့ရဲ့ သွင်းဂိုးတွေကြောင့်…

read more
ရမ်းစ်ဒေးလ်အစောပိုင်းအမှားကြောင့် တစ်ယောက်လျော့ဖူလ်ဟမ်ကို သရေကျခဲ့တဲ့ပွဲက ပြောစရာများ 1024 504 coyg

ရမ်းစ်ဒေးလ်အစောပိုင်းအမှားကြောင့် တစ်ယောက်လျော့ဖူလ်ဟမ်ကို သရေကျခဲ့တဲ့ပွဲက ပြောစရာများ

အာဆင်နယ်ဟာ ပြီးပြည့်စုံတဲ့ရာသီအစကို ဆက်လက်တိုးမြှင့်နိုင်ဖို့ ရွှေရောင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ပယ်လ်ဟင်ညာက တစ်ယောက်လျော့ ဖူလ်ဟမ်ကို မြောက်လန်ဒန်ကနေ သရေ ၁ မှတ်ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပါရဲရားရဲ့ ပထမပိုင်း ၁ မိနစ်မှာ သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ဂန်းနားတွေ အငိုက်မိခဲ့ပြီး သတိလက်လွတ်ဖြစ်နေတဲ့ ရမ်းစ်ဒေးလ်ကို အဝေးကန်ချက်နဲ့ အလဲထီုးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးကို…

read more
အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ပွဲစဉ်က ပြန်ပြောစရာအချက်များ 1024 504 coyg

အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ပွဲစဉ်က ပြန်ပြောစရာအချက်များ

အာဆင်နယ်ဟာ တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို တိုမီယဆု ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံရမှုကြောင့် ခက်ခက်ခဲခဲနဲ့ နိုင်ပွဲ ရယူခဲ့ရပြီး မာတင် အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်မှာ တိုမီယဆုကို ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပြီးနောက် ဂန်းနားတွေဟာ အနိုင် ၃ မှတ်ကို…

read more
လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု 1024 504 coyg

လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အားလပ်ရက်အပိုရတာကို အလကားမနေဘဲ လူတန်တောင်းနဲ့ လန်ဒန်ကိုလ်နီကွင်းမှာ တံခါးပိတ်ခြေစမ်းပွဲကစားခဲ့ပြီး ဂန်းနားတွေက အရင်ကလည်း လေ့ကျင့်ရေးကွင်းကို တံခါးပိတ်ခြေစမ်းပွဲအတွက် အသုံးချခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သာမန်လေ့ကျင့်ရေးအစီအစဉ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုယှဉ်ပြိုင်မှုရှိတာကြောင့် အာတီတာအတွက် ကစားကွက်လည်း စမ်းလို့ရ၊ ကစားသမားတွေအတွက်လည်း ပွဲကြံ့ခိုင်မှု ရပြီးသားဖြစ်ပြီး တစ်ချက်ခုတ် ၂ ချက်ပြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လူတန်တောင်းရဲ့ အိမ်ကွင်းဟာ…

read more
ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ 1024 504 coyg

ဆာကာရဲ့ အမိုက်စားကန်ချက်နဲ့ ဆုဖလားစိန်ခေါ်မှုစတင်ခဲ့တဲ့ ဆင်ပျံကြီးရဲ့ပွဲက ပြန်ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဘူကာယို ဆာကာရဲ့ အလွန်ကောင်းမွန်တဲ့ ပထမပိုင်း ကန်ချက်က အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုကို အကူအညီပေးခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးက သောကြာနေ့ညမှာ ဘန်လေကို ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က မြောက်လန်ဒန်မှာ ပရိသတ်တွေရှေ့မှောက် အနိုင် ၃ မှတ်ကို…

read more
ထိုက်ထိုက်တန်တန် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ 1024 504 coyg

ထိုက်ထိုက်တန်တန် ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ၈ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အဆုံးသတ်ပြီး ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဘရိုင်းနားရဲ့ ကန်ချက် တိုင်ထိပြီး ရိုဒရီရဲ့ ကန်ချက်ကို အာရွန် ရမ်းစ်ဒေးလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂန်းနားတွေဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပါလ်မာရဲ့ အလစ်အငိုက် ကန်သွင်းမှုကို ထရော့ဆာ့ဒ်က နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချေပနိုင်ခဲ့တာကြောင့်…

read more