Post Match Review

တစ်ယောက်လျော့နဲ့ ဘန်လေကို အနိုင်ယူပြီး စီးတီးကို အမီလိုက်နိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

တစ်ယောက်လျော့နဲ့ ဘန်လေကို အနိုင်ယူပြီး စီးတီးကို အမီလိုက်နိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညနေက အမ်းမရိတ်စ်မှာ ဘန်လေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ရမှတ်တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးဆုံးခါနီးအထိ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ ထရော့ဆာ့ဒ်က နာကျင်အချိန်ပိုမှာ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဘရောင်းဟေးလ်က ဘန်လေတို့အတွက် ဒုတိယပိုင်းအစမှာပဲ ချေပဂိုး ပြန်သွင်းပေးသွားပေမယ့်လည်း ဆာလီဘာနဲ့ ဇင်ချန်ကိုတို့က အာဆင်နယ်အတွက် အနိုင်…

read more
ဆီဗီလာကို အနိုင်ယူပြီး ရှုံးထွက်ကို ခြေတလှမ်းလှမ်းနိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

ဆီဗီလာကို အနိုင်ယူပြီး ရှုံးထွက်ကို ခြေတလှမ်းလှမ်းနိုင်ခဲ့တဲ့ပွဲက ပြန်ပြောစရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ ဆီဗီလာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်း လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီအန်ဒရို ထရော့ဆာ့ဒ်က ပထမပိုင်း ပွဲကစားချိန် အလယ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဘူကာယို ဆာကာက ၆၄ မိနစ်မှာ ထူးခြားဆန်းကြယ်တဲ့ အဆုံးသတ်နဲ့အတူ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။…

read more
ဒိုင်ကူငှက်ကျားတွေကို ရှုံးနိမ့်ပြီး ရှုံးပွဲမရှိစံချိန်အဆုံးသတ်ခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဒိုင်ကူငှက်ကျားတွေကို ရှုံးနိမ့်ပြီး ရှုံးပွဲမရှိစံချိန်အဆုံးသတ်ခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ဟာ စနေနေ့ညက အန်သိုနီ ဂေါ်ဒွန်ရဲ့ အနိုင်ဂိုးကြောင့် အဆုံးသတ်ခဲ့ရပြီး လက်ရှိမှာတော့ စပါးစ်တသင်းတည်းသာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲအရသာ မမြည်းစမ်းဖူးသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဟာ စိန့်ဂျိမ်းစ် ပါ့ခ်မှာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အက်ဒီဟောင်းရဲ့အသင်းဟာ လက်စားပြန်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အထူးသဖြင့် ပထမပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့ခဲ့ပြီး…

read more
ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်းကို ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ အဆိုးရွားဆုံး အဝေးကွင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရာမှာ အထင်ကြီးဖွယ် မှတ်တမ်းတွေနဲ့ ဒီပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၆ ပွဲနိုင် ၂ ပွဲသရေ ရလဒ် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း…

read more
အွန်နရီ ဝင်ပူးတဲ့ သခင်ကြီး အန်ကီးတီးယားရဲ့ဟက်ထရစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

အွန်နရီ ဝင်ပူးတဲ့ သခင်ကြီး အန်ကီးတီးယားရဲ့ဟက်ထရစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ အကောင်းဆုံး ခြေစွမ်းမရရှိခဲ့ပေမယ့်လည်း အမှတ်ပေးဇယားအောက်ခြေနားက အသင်းကိုတော့ သက်တောင့်သက်သာနိုင်ပွဲ ရယူနိုင်ဆဲ ဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇု တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ပါဝင်ကစားပေးခဲ့တဲ့ အက်ဒီ အန်ကီးတီးယားရဲ့…

read more
ဂျေးဇုတောက်ပမှုနဲ့ စပိန်မြေမှာ တန်ခိုးထွားခဲ့တဲ့ ဂန်းနားတို့ရဲ့ပွဲစဉ် မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဂျေးဇုတောက်ပမှုနဲ့ စပိန်မြေမှာ တန်ခိုးထွားခဲ့တဲ့ ဂန်းနားတို့ရဲ့ပွဲစဉ် မှတ်မှတ်ရရ ပြန်ပြောစရာများ

ဂါဘရီယဲလ် ဂျေးဇုဟာ ဆီဗီလာကို အင်္ဂါနေ့ညက အနိုင်ရခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုနဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပေမယ့်လည်း ပထမပိုင်း နာကျင်အချိန်ပိုမှာ မာတီနယ်လီက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဆီဗီလာဂိုးသမားကို လှည့်ထွက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီနောက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၈…

read more
Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ၂-၀ နဲ့ ဦးဆောင်ခြင်းခံခဲ့ရပြီးနောက် ရာသီအစ ရှုံးပွဲမရှိ စံချိန် ကျိုးပျက်တော့မယ့်ပုံပေါ်ခဲ့ပါတယ်။ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုး ပါလ်မာက ချဲလ်ဆီးတို့ကို လန်ဒန်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့ပွဲမှာ လျင်လျင်မြန်မြန်နဲ့ စတင်ခွင့် ပေးခဲ့ပြီး VAR က ဝီလီယံ ဆာလီဘာ လက်ထိဘောဖြစ်ခဲ့တယ်လို့ သတ်မှတ်ခဲ့တဲ့အတွက် ပင်နယ်တီကနေ စီးတီးကြယ်ပွင့်ဟောင်းက ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။…

read more
မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ စီးတီးကို သမိုင်းဝင်နိုင်ပွဲရခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ စီးတီးကို သမိုင်းဝင်နိုင်ပွဲရခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

မီခေးလ် အာတီတာဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ မာတီနယ်လီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် မန်ချက်စတာစီးတီးကိုရော ဆရာဟောင်း ဂွါဒီယိုလာကိုပါ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ယို့စ်ကို ဂဗာဒီယောလ်နဲ့ နေသန် အကီတို့ရဲ့ အစောပိုင်း အခွင့်အရေးတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေက ပွဲကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ပြည့်ဖို့ ၅ မိနစ်လိုတဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့်…

read more
ရာယာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးတဲ့ လွန်းစ်နဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ 1024 504 coyg

ရာယာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးတဲ့ လွန်းစ်နဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ

အာဆင်နယ်ရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ဟာ အင်္ဂါနေ့ည လွန်းစ်ကို ချန်ပီယံလိဂ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ ပထမပိုင်း ၁၅ မိနစ်မပြည့်ခင်မှာပဲ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ ပြီးပြည့်စုံတဲ့ စတင်မှုကို ပြုလုပ်ပေးခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ အက်ဒရီယန် သောမတ်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဘူကာယို…

read more
ကိုင် ဟာဗတ်ဇ် ဂိုးစသွင်းပြီး ချယ်ရီတွေကို ခူးခြွေစားသုံးခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ကိုင် ဟာဗတ်ဇ် ဂိုးစသွင်းပြီး ချယ်ရီတွေကို ခူးခြွေစားသုံးခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ည ဘုန်းမောက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ၄-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆာကာက ပထမပိုင်း ၁၇ မိနစ်မှာပဲ ဂျေးဇုရဲ့ ဂိုးသွင်းယူမှု တိုင်ထိထွက်ခဲ့ပြီးနောက် လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မက်စ် အာရွန်စ်က ပထမပိုင်းပြီးခါနီးမှာ အန်ကီးတီးယားကို ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့ပြီး ဂန်းနားတွေကို နောက်ထပ်တစ်ကြိမ်…

read more