Post Match Review

ဘွန်ဒက်စ်လီဂါချန်ပီယံတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်တီးထုတ်လိုက်တဲ့ အာဆင်နယ် 1024 504 coyg

ဘွန်ဒက်စ်လီဂါချန်ပီယံတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်တီးထုတ်လိုက်တဲ့ အာဆင်နယ်

၂၀၂၄-၂၀၂၅ ရာသီမစတင်ခင် ပထမဆုံး ပြန်ကစားခဲ့တဲ့ အမ်းမရိတ်စ်က ပွဲစဉ်ဟာ ပရိသတ်တွေအတွက် အမှတ်ရစရာပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ၅၃ ပွဲမှာ ၁ ပွဲပဲ ရှုံးခဲ့တဲ့ လေဗာကူဆင်ဟာ ဂန်းနားတွေရဲ့ ထက်မြက်လှတဲ့ တိုက်စစ်ကို မတွန်းလှန်နိုင်ဘဲ ပြိုလဲခဲ့ရပါတယ်။ ဇင်ချန်ကိုနဲ့ ထရော့ဆာ့ဒ်တို့ဟာ ပထမပိုင်း ၈ မိနစ် အတွင်းမှာပဲ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေ ကိုယ်စီ သွင်းယူနိုင်ခဲ့ကြပြီး…

read more
ဘရိုက်တန်ကို အလွယ်တကူအနိုင်ယူပြီး ဇယားထိပ်ပြန်တက်ခဲ့တဲ့ ဂန်းနားတို့နိုင်ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဘရိုက်တန်ကို အလွယ်တကူအနိုင်ယူပြီး ဇယားထိပ်ပြန်တက်ခဲ့တဲ့ ဂန်းနားတို့နိုင်ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်မြင်း ၃ ကောင်ပြေးတဲ့ပြိုင်ပွဲမှာ အထင်ကြီးဖွယ် ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလောင်းဆိုတာကို အကောင်းဆုံး သက်သေပြသခဲ့တာဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းထဲ ပြန်ပါလာပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာကာ အာတီတာရဲ့ အပြောင်းအလဲအချို့က ခန့်မှန်းလို့ ရနိုင်ခဲ့ပေမယ့်လည်း ဆာကာ ပြန်ပါလာနိုင်မလားဆိုတာကတော့ သံသယဖြစ်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ စောစောစီးစီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီးနောက်…

read more
အစ်တီဟတ်က စံချိန်ဆိုးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ဇယားထိပ်နေရာကို စွန့်လွှတ်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

အစ်တီဟတ်က စံချိန်ဆိုးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ဇယားထိပ်နေရာကို စွန့်လွှတ်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဇယားထိပ်ပြန်တက်နိုင်ဖို့ လိုအပ်တဲ့ နိုင်ပွဲကို မရယူနိုင်ခဲ့ပါဘူး။ ဂန်းနားတွေဟာ အစ်တီဟတ်ကို ၈ ပွဲဆက်နိုင်ပွဲနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၇ ပွဲဆက်တိုက် အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်တွေကို အလဲမထိုးနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ ပြိုင်ပွဲစုံ ၃၉ ပွဲအထိ တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ပျင်းစရာကောင်းတဲ့ ပထမပိုင်းမှာ နေသန်…

read more
စူပါရာယာကြောင့် ကွာတားတက်နိုင်ခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ 1024 504 coyg

စူပါရာယာကြောင့် ကွာတားတက်နိုင်ခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမအကျော့က ၁-၀ ရလဒ်ကို ချေဖျက်ဖို့ လိုအပ်တယ်ဆိုတာကို သိနေခဲ့ပြီး ထရော့ဆာ့ဒ်ပ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပြီး ချေဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုက ဘာမှမလုပ်နိုင်ခဲ့ပေမယ့်လည်း ပထမအကျော့က ဦးဆောင်နိုင်မှုကို ကာကွယ်ဖို့ ခံစစ်မှာ ကျောက်ချပိတ်ဆို့ခဲ့ပေမယ့်လည်း…

read more
ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက် 636 382 coyg

ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက်

ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် အာတီတာရဲ့အသင်းဟာ ဘရန့်တ်ဖို့ဒ်ကို သည်းထိတ်ရင်ဖိုနိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကလန် ရိုက်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်ကို အမ်းမရိတ်စ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ယိုအန်း ဝစ်ဆာက ပထမပိုင်းနာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ တိုက်စစ်အပြင်းအထန်ဆင်ခဲ့ပြီး ဘန်…

read more
မန်စီးတီးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ 1024 576 coyg

မန်စီးတီးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ တနင်္လာနေ့ညက ဘရာမောလ် လိန်းမှာ အမှတ်ပေးဇယားကြမ်းတိုက်နေတဲ့ ရှက်ဖီးကို ၆ ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဇယားထိပ်က ၂ သင်းနဲ့ ထပ်ချပ်မကွာ လိုက်ပါယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ပထမပိုင်းအဖွင့် ၁၅ မိနစ်မှာပဲ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဆုဖလားပြိုင်ဘက်တွေကို ဒီရာသီမှာတော့ အတိမ်းအစောင်းခံတော့မှာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့တာဖြစ်ပါတယ်။ အိမ်ကွင်းပရိသတ်အများအပြားဟာ ပထမပိုင်းမှာ ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေတာကြောင့်…

read more
၆ ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလောင်းတွေလို့ ကြွေးကြော်ခဲ့တဲ့ ဂန်းနားတွေရဲ့နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

၆ ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလောင်းတွေလို့ ကြွေးကြော်ခဲ့တဲ့ ဂန်းနားတွေရဲ့နိုင်ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ စနေနေ့ညက အမ်းမရိတ်စ်မှာ ၄-၁ နိုင်ပွဲနဲ့အတူ ဆုဖလားမျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပြီး နယူးကာဆယ်ကို သက်တောင့်သက်သာ အနိုင်ရယူနိုင်ခဲ့ပါတယ်။ ပထဝီမြေမျက်နှာသွင်ပြင်အရရော အမှတ်ပေးဇယား ရပ်တည်မှုပါ အတိုင်းအတာတစ်ခုအထိ ကွာဟချက်ရှိနေပေမယ့်လည်း ဒီနှစ်သင်းကြား ပွဲစဉ်တွေဟာ ပြီးခဲ့တဲ့တွေ့ဆုံမှုတွေမှာ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့ကြတာစြဖ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ပွဲမှာဆို နည်းပြအဖွဲ့ဝင်တွေကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး နိုဝင်ဘာလ တွေ့ဆုံမှုတုန်းက…

read more
အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ရိုက်ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေကို ခြောက်ခြားစေခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ရိုက်ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေကို ခြောက်ခြားစေခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ လန်ဒန်ကွင်းမှာ ပထမပိုင်းအတွင်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာရဲ့ သွင်းဂိုးနဲ့ စဖွင့်ခဲ့ပြီး ဆာကာ၊ ဂါဘရီယဲလ်၊ ထရော့ဆာ့ဒ်နဲ့ ဒီကလန် ရိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲကနေ ပြန်ပြောရမယ့်အချက် ၅…

read more
ဒီခြေနဲ့ ဖလားလိုချင်တာလားလို့ လိပ်ပုတွေကို မေးခဲ့တဲ့ အမ်းမရိတ်စ်နိုင်ပွဲက ပြန်ပြောစရာများ 1024 504 coyg

ဒီခြေနဲ့ ဖလားလိုချင်တာလားလို့ လိပ်ပုတွေကို မေးခဲ့တဲ့ အမ်းမရိတ်စ်နိုင်ပွဲက ပြန်ပြောစရာများ

တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဂန်းနားတွေက ၃-၁ နဲ့ နိုင်ပွဲရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲက စိတ်ဝင်စားစရာပိုကောင်းလာခဲ့ပြီဖြစ်ပါတယ်။ မာတီနယ်လီက ဗန်ဒိုက်ရဲ့ ဆိုးရွားတဲ့ အမှားကို အခွင့်ကောင်းယူပြီး အာဆင်နယ်အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားဖြစ်တဲ့ ထရော့ဆာ့ဒ်က ပွဲပြီးဆုံးခါနီးမှာ နောက်ထပ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆုဖလားမျှော်လင့်ချက်အတွက် အားတက်စရာဖြစ်ခဲ့တဲ့ အာဆင်နယ်…

read more
နောက်ကျချေပဂိုးပေးခဲ့ရပြီး ရင်တထိတ်ထိတ်နဲ့အနိုင်ရခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

နောက်ကျချေပဂိုးပေးခဲ့ရပြီး ရင်တထိတ်ထိတ်နဲ့အနိုင်ရခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ အင်္ဂါနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ပွဲဆက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ဖောရက်စ်ခံစစ်ကို ထိုးဖောက်ဖို့အတွက် ရုန်းကန်ခဲ့ရပေမယ့်လည်း ၆၅ မိနစ်မှာတော့ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဂိုးအောက်ထောင့်ထဲကို အနိမ့်ဘောကန်ချက်နဲ့ ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၇ မိနစ်အကြာမှာ ဂန်းနားတွေဟာ နောက်ထပ်…

read more