Players’ Talk

ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ 644 361 coyg

ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ

အင်္ဂလန်ဂန္တဝင်တောင်ပံကစားသမား ဂျိုး ကိုးက စနေနေ့ညနေက ယူကရိန်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အင်္ဂလန်ကြယ်ပွင့် ဘူကာယို ဆာကာကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ဆာကာဟာ အင်္ဂလန်က ရလဒ်ကောင်း မပိုင်ဆိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တာဖြစ်ပြီး အနိုင်ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးတိုင်ထိသွားခဲ့တာဖြစ်ပါတယ်။…

read more
ရိုက်ရဲ့အပြောင်းအရွှေ့မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆာကာ 1024 683 coyg

ရိုက်ရဲ့အပြောင်းအရွှေ့မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက ဒီကလန် ရိုက် ဝက်စ်ဟမ်းကနေ ကြီးမားတဲ့ နွေရာသီအပြောင်းအရွှေ့ မပြုလုပ်ခင် အင်္ဂလန်အသင်းဖော်ကို အမ်းမရိတ်စ် ပြောင်းရွှေ့ချင်လာအောင် အားပေးခဲ့ပြီး မြောက်လန်ဒန်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အတွက် နေရာမှန်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ဂန်းနားတွေဆီကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ အသားကျသွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ လက်ရှိအချိန်အထိ…

read more
အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ 1024 576 coyg

အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ

ကီရန် တီယာနီက အာဆင်နယ်ကနေ ရီးရဲလ် ဆိုစီဒက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြ အာတီတာနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဇင်ချန်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့် မရရှိတော့တာဖြစ်ပြီး ယခုရာသီမှာလည်း ဂန်းနားတွေရဲ့ ပွဲနေ့ လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြားရှိခဲ့တာဖြစ်ပြီး…

read more
အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းဖော် သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှာ underrated အဖြစ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ယခုရာသီမှာ ညာနောက်ခံနေရာမှာ ကစားနေရတဲ့ ဂါနာကွင်းလယ်လူရဲ့ အကောင်းဆုံးနေရာကို ပြောပြခဲ့ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကွင်းလယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီအစမှာ အံ့အားသင့်ဖွယ်အပြောင်းအလဲအဖြစ်နဲ့…

read more
ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ် 1024 576 coyg

ကစားသမားသစ်တွေနဲ့ လန်ဒန်ကိုလ်နီက ဘဝကို ပြောပြခဲ့တဲ့ ထရော့ဆာ့ဒ်

အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာ ၈ လ ရှိပြီဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ဟာ မြောက်လန်ဒန်မှာရှိနေခဲ့တဲ့ မိနစ်တိုင်းကို ပျော်ရွှင်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးပြီး အရေးပါတဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကိုလ်နီကွင်းမှာ နေလို့ကောင်းသလို ကစားသမားသစ်တွေဖြစ်တဲ့ ကိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်တို့နဲ့အတူ အာဆင်နယ်က ယခုရာသီမှာ နောက်ထပ်တစ်ကြိမ်…

read more
ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ 1024 775 coyg

ပရိသတ်တွေကို ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလီဘာ

ဝီလီယံ ဆာလီဘာက ၂၀၂၃-၂၀၂၄ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း မကြာသေးမီက အင်တာဗျူးမှာ ကြံ့ခိုင်မှုအခြေအနေက အပြည့်အဝ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ ရာသီနောက်ဆုံးပိုင်းကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်လည်း ယခုနွေရာသီမှာ ရာသီကြို ခရီးစဉ်အတွက် လူစာရင်းထဲကို အချိန်မီ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာလီဘာက လက်ရှိအချိန်မှာ ၁၀၀…

read more
ပရိသတ်တွေ ဘာလို့ချစ်တာလဲမသိဘူးဆိုတဲ့ ဆာကာနဲ့ တွေ့ဆုံမေးမြန်းမှု 624 351 coyg

ပရိသတ်တွေ ဘာလို့ချစ်တာလဲမသိဘူးဆိုတဲ့ ဆာကာနဲ့ တွေ့ဆုံမေးမြန်းမှု

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက မကြာသေးမီက အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ကလေးဘဝနဲ့ တန်ဖိုးထားရတဲ့အရာတွေကို France Football နဲ့ အင်တာဗျူးမှာ အဖြေပေးခဲ့ပါတယ်။ မေး- ဘောလုံးက ခင်ဗျားရဲ့ ဘဝဖြစ်လာပုံကို ပြောပါဦး။ ဖြေ- ဘောလုံးက ကျွန်တော်ကလေးဘဝကတည်းက ကျွန်တော့်ဘဝထဲမှာ ရှိခဲ့တာပါ။ ကျွန်တော် ဒီပြိုင်ပွဲရှိတာကို သိတာနဲ့တပြိုင်နက် ကျွန်တော် နှစ်သက်မိခဲ့တယ်။ ကျွန်တော် နှစ်သက်နေတုန်းပါပဲ။ ကျွန်တော့်အိမ်ပတ်ဝန်းကျင်က…

read more
ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြအာတီတာအပေါ် အမြင်ကို ဖွင့်ဟခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြအာတီတာအပေါ် အမြင်ကို ဖွင့်ဟခဲ့တဲ့ ဇင်ချန်ကို

Game4Ukraine ရန်ပုံငွေပွဲမတိုင်ခင် ဇင်ချန်ကိုက ရီယို ဖာဒီနန်ရဲ့ FIVE ယူကျုချန်နယ်မှာ စကားပြောဆိုခဲ့ပြီး ဂန်းနားနောက်ခံလူက ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြ အာတီတာအပေါ် အမြင်တွေကို မျှဝေခဲ့ပါတယ်။ မေး- နေရာအတွက် ယှဉ်ပြိုင်မှုတွေအပေါ်။ ဖြေ- လေ့ကျင့်ရေးအစီအစဉ်မှာ ခင်ဗျား ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ရင် ခင်ဗျားနေရာကို ဝင်ယူမယ့်လူက နောက်မှာ ၅ ယောက်လောက်ရှိတယ်။ ခင်ဗျားနေရာအတွက်၊…

read more
မန်ယူနိုက်တက်ကို ငြင်းပြီး ဂန်းနားဖြစ်လာခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ တင်းဘား 1024 504 coyg

မန်ယူနိုက်တက်ကို ငြင်းပြီး ဂန်းနားဖြစ်လာခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ တင်းဘား

ယူရီယန် တင်းဘားဟာ ၎င်းကို ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာအောင် ကူညီပေးခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ တင်းဘားဟာ ယခုနွေရာသီအစောပိုင်းမှာ အိုင်းယက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ နည်းပြဟောင်း အဲရစ် တန်ဟက်နဲ့ ပြန်လည်ဆုံစည်းနိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာစြဖ်ပါတယ်။ ဒတ်ချ်နောက်ခံကစားသမားဟာ အိုင်းယက် ပထမအသင်းထဲမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် တန်ဟက်ရဲ့လက်အောက်မှာ ၃ နှစ်ကြာ ကစားပေးခဲ့ပြီး…

read more
အာဆင်နယ် လာမယ့်ရာသီ အဆင့် ဘယ်လောက်ရမလဲဆိုတာ ပြောပြခဲ့တဲ့ ဒီကလန် ရိုက် 1024 576 user

အာဆင်နယ် လာမယ့်ရာသီ အဆင့် ဘယ်လောက်ရမလဲဆိုတာ ပြောပြခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးခဲ့တဲ့ အာဆင်နယ်ကို ပိုမိုကောင်းမွန်တဲ့ အဆင့်တစ်ခုကို ရရှိစေချင်နေပြီး အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အလွန်နီးစပ်ခဲ့တာဖြစ်ပြီး ၂၄၈ ရက်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ…

read more