News

အာဆင်နယ်ကို ပြောင်းမယ့် ရိုက်စ်ကို သတိပေးစကား ပြောကြားလိုက်တဲ့ ကာရေဂါ coyg

အာဆင်နယ်ကို ပြောင်းမယ့် ရိုက်စ်ကို သတိပေးစကား ပြောကြားလိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်မှာ ကြီးမားတဲ့ အောင်မြင်မှုဇာတ်လမ်းကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း အမ်းမရိတ်စ်ကို သွားရင်တော့ ဆုဖလားအောင်မြင်မှုရဖို့ အာမခံချက်မရှိဘူးလို့ သတိပေးခဲ့ပါတယ်။ ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ထပ်ဆောင်းပေးချေမှုတွေနဲ့ဆိုရင် ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ အသင်းသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ်နဲ့ ခေါ်ယူနိုင်ဖို့ ဝက်စ်ဟမ်းနဲ့ ညှိနှိုင်းနေပြီး သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းက…

read more
လာမယ့်ရာသီမှာ စီးတီးကို ဂန်းနားတွေရဲ့စိန်ခေါ်နိုင်ခြေကို သုံးသပ်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း coyg

လာမယ့်ရာသီမှာ စီးတီးကို ဂန်းနားတွေရဲ့စိန်ခေါ်နိုင်ခြေကို သုံးသပ်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း

ဂလင်း ဂျွန်ဆင်က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် မန်ချက်စတာစီးတီးရဲ့ အကြီးမားဆုံး ပြိုင်ဘက်ကို သတ်မှတ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ငြင်းပယ်ခဲ့ပါတယ်။ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ကိုင်မြှောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးဟာ ၂၀၂၂-၂၀၂၃ ရာသီ ဒုတိယပိုင်းမှာ အမှားမရှိသလောက် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်…

read more
အာဆင်နယ်မှာ ပြီးပြည့်စုံတဲ့ ရှပ်နံပါတ်ကို ရရှိနိုင်မယ့် ဒီကလန် ရိုက်စ် coyg

အာဆင်နယ်မှာ ပြီးပြည့်စုံတဲ့ ရှပ်နံပါတ်ကို ရရှိနိုင်မယ့် ဒီကလန် ရိုက်စ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ဂန်းနားနည်းပြ အာတီတာက လာမယ့်ရာသီမတိုင်ခင် ကွင်းလယ်ကစားသမား ၂ ဦးအထိ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒီကလန် ရိုက်စ်ဟာ ဖီအိုရင်တီးနားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲကို ဝက်စ်ဟမ်းကစားသမားအဖြစ် နောက်ဆုံးပါဝင်ကစားပေးခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဌ ဆူလီဗန်က ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။…

read more
ဒီကလန် ရိုက်စ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဒီကလန် ရိုက်စ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ဂန္တဝင် ရောဘတ် ပီးရက်စ်က ၎င်းရဲ့ အသင်းဟောင်းဟာ ယခုနွေရာသီမှာ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အီကွေဒေါကြယ်ပွင့်က ဂန်းနားတွေရဲ့ ကစားဟန်နဲ့ အရမ်းအံဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ “အာဆင်နယ်ကို သူ ပြောင်းရွှေ့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အာတီတာက သူ့ကို လိုချင်နေတယ်။ အာဆင်နယ်မှာ အောင်မြင်မှုရရှိဖို့ လိုအပ်တဲ့အရာအားလုံး သူ့မှာ…

read more
ဖီဖာရဲ့စည်းမျဉ်းနဲ့ အင်္ဂလန်ရဲ့ကြေညာချက်ကြောင့် အမြတ်ထွက်တော့မယ့် အာဆင်နယ် coyg

ဖီဖာရဲ့စည်းမျဉ်းနဲ့ အင်္ဂလန်ရဲ့ကြေညာချက်ကြောင့် အမြတ်ထွက်တော့မယ့် အာဆင်နယ်

ဒီအပတ်ဟာ အာဆင်နယ်ရဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး တိုးတက်မှုအချို့ကို မြင်ရနိုင်တဲ့ ရက်သတ္တပတ်ဖြစ်ပြီး အထူးသဖြင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့အတွက် ယခုနွေရာသီမှာ ဝက်စ်ဟမ်း ကွင်းလယ်ကြယ်ပွင့်ကို ဦးစားပေး ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ချာကာကလည်း လေဗာကူဆင်အသင်းကို ပေါင် ၁၃…

read more
စီးတီးချန်ပီယံဖြစ်ပြီးနောက် အုပ်စုအဆင့်မှာ ရှောင်လွှဲနိုင်မယ့်အသင်းကို သိခဲ့ရတဲ့ အာဆင်နယ် coyg

စီးတီးချန်ပီယံဖြစ်ပြီးနောက် အုပ်စုအဆင့်မှာ ရှောင်လွှဲနိုင်မယ့်အသင်းကို သိခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သိရဖို့ ၂ လလောက် စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့်လည်း ဘယ်အသင်းနဲ့ မတွေ့ဘူးလဲဆိုတာကို သိခဲ့ရပြီဖြစ်ပါတယ်။ မန်စီးတီးက စနေနေ့ညမှာ အင်တာကို ၁-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့ပြီးနောက် လက်ရှိမှာ လာမယ့်ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းက ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မလား ဒါမှမဟုတ် စီးရီးအေထိပ်သီးအသင်းကြီးက ပိုကောင်းအောင် လုပ်နိုင်မလားဆိုတဲ့ဘက်ကို အာရုံစိုက်နေကြပြီဖြစ်ပါတယ်။ ၂…

read more
ကိုင်ဆေဒိုကို နှစ်သက်နေတဲ့ အာတီတာကြောင့် မြင်သာလာတဲ့ ဂန်းနားတွေရဲ့အပြောင်းအရွှေ့ဗျူဟာ coyg

ကိုင်ဆေဒိုကို နှစ်သက်နေတဲ့ အာတီတာကြောင့် မြင်သာလာတဲ့ ဂန်းနားတွေရဲ့အပြောင်းအရွှေ့ဗျူဟာ

အာဆင်နယ်ရဲ့ ဘရိုက်တန်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားမှုက ဂန်းနားတွေအနေနဲ့ ဘာကြောင့် အီကွေဒေါကွင်းလယ်လူကို အရမ်းခေါ်ယူချင်နေတာလဲဆိုတာ ပိုမို ရှင်းလင်းလာပါတယ်။ အာဆင်နယ်ဟာ ယခုနှစ်အစောပိုင်း ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အီကွေဒေါကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အမြင့်ဆုံးကမ်းလှမ်းမှုအနေနဲ့ ပေါင်သန်း ၇၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းချက်တွေကို ကြယ်ပွင့်ကစာသးမားအတွက် အများကြီးပိုပြီး မျှော်မှန်းထားတဲ့ ဘရိုက်တန်အသင်းက…

read more
ရိုက်စ်ရဲ့အပြောင်းအရွှေ့မှာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုပြုလုပ်သွားမယ့် ဝက်စ်ဟမ်းနဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ရိုက်စ်ရဲ့အပြောင်းအရွှေ့မှာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုပြုလုပ်သွားမယ့် ဝက်စ်ဟမ်းနဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ရောင်းချမယ့်အချိန်မှာ အာဆင်နယ်ကို စျေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်ပေးမယ့်ပုံမပေါ်ဘဲ သဘောတူညီမှုကို ပိုမိုခက်ခဲအောင် ဂန်းနားတွေ လက်မလွှတ်ချင်တဲ့ ကစားသမားကို အလိုက်အဖြစ် တောင်းဆိုသွားချင်နေတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဒေးဗစ် မွိုက်စ်ဟာ စမစ် ရိုးကို အပြောင်းအရွှေ့မှာ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းချင်နေတာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက်…

read more
ဂန်းနားတွေ ထိုင်မရ ထမရဖြစ်အောင် အချက်ပေးလိုက်တဲ့ ဇာဗီ ဆိုင်မွန်နဲ့ အပြောင်းအရွှေ့ခြေလှမ်းများ coyg

ဂန်းနားတွေ ထိုင်မရ ထမရဖြစ်အောင် အချက်ပေးလိုက်တဲ့ ဇာဗီ ဆိုင်မွန်နဲ့ အပြောင်းအရွှေ့ခြေလှမ်းများ

ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီ ဆိုင်မွန်က အာဆင်နယ်အသင်းဆီကနေ စိတ်ဝင်စားခြင်း ခံနေရတဲ့အချိန်မှာ လာမယ့်ရက်သတ္တပတ်တွေအတွင်း ၎င်းရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဒတ်ချ်ကြယ်ပွင့်ဟာ ၂၀၂၂-၂၀၂၃ ရာသီကို ဒတ်ချ်ထိပ်သီးအသင်းကြီးနဲ့အတူ အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီး ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်…

read more
နွေရာသီဘတ်ဂျက် ပေါင် ၁၆၇ သန်းနဲ့ အာတီတာရဲ့ပစ်မှတ်တွေကို ခေါ်ပေးမယ့် အီဒူး coyg

နွေရာသီဘတ်ဂျက် ပေါင် ၁၆၇ သန်းနဲ့ အာတီတာရဲ့ပစ်မှတ်တွေကို ခေါ်ပေးမယ့် အီဒူး

အာဆင်နယ်အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီအတွင်း အာတီတာရဲ့ စီမံကိန်းကနေ ကြီးမားတဲ့ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရက်ပေါင်း ၂၄၀ ကျော် ရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံးမှာ မန်ချက်စတာစီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အလွန်ထူးခြားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းပိုင်ရှင် စတန် ခရွန်ကီက အာတီတာကို…

read more