News

ဂန်းနားတွေရဲ့လာမယ့်ရာသီ ပရီးမီးယားလိဂ်စိန်ခေါ်နိုင်စွမ်းကို သုံးသပ်ခဲ့တဲ့ အာဆင်ဝင်းဂါး coyg

ဂန်းနားတွေရဲ့လာမယ့်ရာသီ ပရီးမီးယားလိဂ်စိန်ခေါ်နိုင်စွမ်းကို သုံးသပ်ခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး လူအင်အားမဖြည့်တင်းဘဲနဲ့တောင် အမှတ်ပေးဖလားစိန်ခေါ်နိုင်မယ့် လူစာရင်းကို ပိုင်ဆိုင်ထားပြီးသားလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အလွန်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ချက်စတာစီးတီးသာ သိသိသာသာ ခြေမချော်ဘူးဆိုရင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုရာသီအစောပိုင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့်…

read more
မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း coyg

မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေနဲ့ ဂန်းနားတွေရဲ့ နောက်ဆုံး ၄ ပွဲကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ ဗုဒ္ဓဟူးနေ့ညမှာ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၃-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီးနောက် နောက်ထပ် ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂါနေ့က ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက လက်ရှိမှာတော့ ဇယားထိပ်ဆုံးကို ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ပြန်လည်တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။…

read more
ငါတို့ကို သူတို့ဖျက်ဆီးခဲ့တယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ချာကာ coyg

ငါတို့ကို သူတို့ဖျက်ဆီးခဲ့တယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ချာကာ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာက ပြီးခဲ့တဲ့ရာသီမှာ ငှက်ကျားတွေရဲ့ ထိုးသုတ်ခြင်းကို ခံခဲ့ရပြီးနောက် နယူးကာဆယ်နဲ့ ပွဲစဉ်ဟာ ဘယ်လောက်အထိ ခက်ခဲလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။ နယူးကာဆယ်ဟာ ယခုရာသီ ဥရောပမှာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ နယူးကာဆယ်ကို ရာသီ အခုလိုအချိန်မှာ ခြေစွမ်းကျဆင်းပြီး…

read more
အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ coyg

အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ

အာဆင်နယ်နောက်ခံကစားသမားဟောင်း မူစတာဖီက ဂန်းနားတွေဟာ ယခုရာသီကို အဆင့် ၂ နေရာနဲ့ အဆုံးသတ်ရမယ့်ပုံပေါ်နေပေမယ့်လည်း ဆုဖလားအနိုင်ရရှိပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေစွမ်းပိုင်း ကမောက်ကမဖြစ်မှုတွေကြောင့် မန်ချက်စတာစီးတီးကို ထိန်းချုပ်မှု ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲစလုံး နိုင်ပွဲ ရရှိခဲ့ခြင်းမရှိဘဲ နောက်ဆုံး…

read more
အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ coyg

အာဆင်နယ်အနေနဲ့ ဒုတိယရရင် ပျော်သင့်တယ်လို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးတာက ၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးသတ်နိုင်မှာဖြစ်တာကြောင့် အောင်မြင်မှုဖြစ်တယ်လို့ ခံစားနေရပါတယ်။ မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီဖြစ်ပြီး ဂန်းနားတွေနဲ့ ၂ မှတ်ကွာနေပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ၂ ပွဲလျော့နေတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တော့မယ့်ပုံပေါ်နေတာ…

read more
မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ မျှော်လင့်နေတဲ့ ရမ်းစ်ဒေးလ် coyg

မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ မျှော်လင့်နေတဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က အာဆင်နယ်ဟာ ခါးသီးတဲ့အဆုံးသတ်အထိ ဆုဖလားအတွက် တိုက်ပွဲဝင်နေတာကို လက်မြှောက် အရှုံးပေးသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားဂိုးသမားက မန်ချက်စတာစီးတီးဟာ ကျန်တဲ့အသင်းတွေအားလုံးအတွက် စံနှုန်းတစ်ခုဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပေမယ့်လည်း အာဆင်နယ်ဟာ အစ်တီဟတ်မှာ လုံလောက်တဲ့ ယှဉ်ပြိုင်မှုမျိုး မပြုလုပ်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ အာဆင်နယ်ကို ၄-၁ နဲ့ အနိင်ရရှိခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက်…

read more
VAR ရဲ့ ဂန်းနားတွေအပေါ် မမျှတမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပရိသတ်များ coyg

VAR ရဲ့ ဂန်းနားတွေအပေါ် မမျှတမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ VAR ရဲ့ နောက်ထပ်တစ်ကြိမ် ဒုက္ခပေးခြင်းကို ခံခဲ့ရမှုကို ညည်းတွားခဲ့ကြပါတယ်။ ကီဗင် ဒီဘရိုင်းနားက ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ မန်ချက်စတာစီးတီးအတွက် ၇ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဂျွန် စတုန်းစ်ဟာ ကနဦးမှာ လူကျွံအလံထောင်ပြခြင်းခံခဲ့ရပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ မန်စီးတီးနောက်ခံလူဟာ…

read more
စီးတီးနိုင်ပွဲအပြီး အာဆင်နယ်ကို စကားတစ်လုံးတည်းနဲ့ ဖော်ပြခဲ့တဲ့ ဒီဘရိုင်းနား coyg

စီးတီးနိုင်ပွဲအပြီး အာဆင်နယ်ကို စကားတစ်လုံးတည်းနဲ့ ဖော်ပြခဲ့တဲ့ ဒီဘရိုင်းနား

ကီဗင် ဒီဘရိုင်းနားဟာ မန်ချက်စတာစီးတီးက အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို ၄-၁ နဲ့ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဂန်းနားတွေကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် ကောင်းခဲ့ပြီး မန်ချက်စတာစီးတီးက ၅၄ မိနစ်အတွင်း အာဆင်နယ်ကို ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဒီဘရိုင်းနားနဲ့…

read more
ဘိုင်ယန်မှာကတည်းက အထင်ကြီးခဲ့မိတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ coyg

ဘိုင်ယန်မှာကတည်းက အထင်ကြီးခဲ့မိတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက အစ်တီဟတ်မှာ ကစားရမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင် အာဆင်နယ်ရဲ့ ထူးခြားတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ချီးကျူးခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်ဖလားကို အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းထက် ၂ ပွဲပို ၅ မှတ်အသာနဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။…

read more
စီးတီးနဲ့ပွဲမှာ သွေးကြောင်တဲ့ကစားသမားတွေကို သတ်ပစ်မယ်လို့ ပြောလိုက်တဲ့ အာတီတာ coyg

စီးတီးနဲ့ပွဲမှာ သွေးကြောင်တဲ့ကစားသမားတွေကို သတ်ပစ်မယ်လို့ ပြောလိုက်တဲ့ အာတီတာ

အာတီတာက မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ဆုဖလားအဆုံးအဖြတ်ပွဲစဉ်မှာ သွေးကြောင်နေတဲ့ ဘယ်ကစားသမားကိုမဆို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ အာတီတာက အာဆင်နယ်အနေနဲ့ အစ်တီဟတ်မှာ ကြီးမားတဲ့ရလဒ်တစ်ခု လုပ်ပြနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပြီး ၎င်းရဲ့ လူစာရင်းဟာ ရာသီရဲ့အကြီးမားဆုံးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးသားလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိဖို့အတွက် ထိန်းချုပ်မှု ပြန်လည်ရယူချင်တယ်ဆိုရင် မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်မှာဖြစ်ပြီး မကြာသေးမီက…

read more