News

ဆုဖလားပြိုင်ပွဲမှာ လဲပြိုခဲ့မှုအတွက် ဝေဖန်သံတွေကို တုံ့ပြန်လိုက်တဲ့ အာတီတာ coyg

ဆုဖလားပြိုင်ပွဲမှာ လဲပြိုခဲ့မှုအတွက် ဝေဖန်သံတွေကို တုံ့ပြန်လိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ မန်ချက်စတာစီးတီးကို ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလား ရရှိဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိသွားအောင် ရာသီနောက်ဆုံးပိုင်းမှာ လဲပြိုခဲ့ပေမယ့်လည်း ဂန်းနားတွေရဲ့ မမျှော်လင့်ထားတဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုဟာ လေးစားမှုနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ဒုတိယနေရာက အာဆင်နယ်သာ ယနေ့ညနေ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်မကစားနိုင်ဘူးဆိုရင် အလိုအလျောက် ချန်ပီယံ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို အနိုင်ယူနိုင်မယ်ဆိုရင်…

read more
ဆုဖလားမျှော်လင့်ချက်ကို ၂၄ နာရီလောက်အသက်သွင်းဖို့ ဖောရက်စ်ကို အနိုင်ကစားမယ့် ဂန်းနားများ coyg

ဆုဖလားမျှော်လင့်ချက်ကို ၂၄ နာရီလောက်အသက်သွင်းဖို့ ဖောရက်စ်ကို အနိုင်ကစားမယ့် ဂန်းနားများ

အာဆင်နယ်အသင်းဟာစနေနေ့ညနေမှာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲနေတဲ့ နော်တင်ဟမ် ဖောရက်စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရာမှာ အနည်းဆုံး ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်ကို ၂၄ နာရီလောက် အသက်သွင်းဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်မှာ ဆန့်ကျင်ဘက် ရလဒ်တွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေက ဘရိုက်တန်ကို ၃-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ချိန်မှာ နော်တင်ဟမ် ဖောရက်စ်က ချဲလ်ဆီးနဲ့ ၂-၂…

read more
အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဖိအားပေးခြင်းခံခဲ့ရတဲ့ ချာကာ coyg

အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဖိအားပေးခြင်းခံခဲ့ရတဲ့ ချာကာ

ဂရာနစ် ချာကာဟာ ယခုရာသီကုန်မှာ အာဆင်နယ်အသင်းကို စွန့်ခွာဖို့ နီးစပ်နေပြီး လေဗာကူဆင်အသင်းက ဆွစ်ဇာလန်ကွင်းလယ်လူကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ အာဆင်နယ်က ဆွစ်ဇာလန်ကွင်းလယ်လူရဲ့ စာချုပ်ကို သက်တမ်းတိုးချင်တယ်ဆိုရင်တောင် အမ်းမရိတ်စ်မှာ မရရှိနိုင်တဲ့ ၄ နှစ်စာချုပ်ကို ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချာကာဟာ အာတီတာရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဂန်းနားတွေသာ…

read more
ဆာလီဘာနဲ့ပတ်သက်ပြီး တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ အာဆင်နယ် coyg

ဆာလီဘာနဲ့ပတ်သက်ပြီး တစ်ပူပေါ် နှစ်ပူဆင့်နေရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ ဝီလီယံ ဆာလီဘာနဲ့ပတ်သက်ပြီး နောက်ထပ် စိုးရိမ်စရာတွေ ရှိလာနေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ဝီလီယံ ဆာလီဘာရဲ့ စာချုပ်ကို လာမယ့် ရာသီထက် ကျော်လွန်ပြီး သက်တမ်းတိုးမြှင့်နိုင်ဖို့ ပြင်သစ် နောက်ခံကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးနေတာ ဖြစ်ပြီး အာဆင်နယ်နောက်ခံကစားသမားဟာ မတ်လက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်…

read more
တတိယမြောက်စီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ် coyg

တတိယမြောက်စီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဂျာအို ကန်ဆယ်လိုကို နောက်ဆုံး အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာကြောင့် မန်ချက်စတာစီးတီးနဲ့ နောက်ထပ်တစ်ကြိမ် အလုပ်လုပ်နိင်မယ်လို့ မျှော်လင့်နေပါတယ်။ အာတီတာဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆုဖလားတိုင်းကို စိန်ခေါ်နေတဲ့ မန်ချက်စတာစီးတီးအသင်းသားတွေရဲ့ လေးစားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက အာတီတာဟာ ဂွါဒီယိုလာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး မန်ချက်စတာစီးတီး စီနီယာကြယ်ပွင့်…

read more
ဆုဖလားစိန်ခေါ်မှုမှာ ဦးဆောင်မယ့်သူနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဆုဖလားစိန်ခေါ်မှုမှာ ဦးဆောင်မယ့်သူနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက အာဆင်နယ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဘရာဇီးလ်တောင်ပံကစားသမားကို ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရစေတဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုအတွက် တောင်းပန်ခဲ့ပါတယ်။ “အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ရရင် ကျွန်တော် အဲဒီလို ဆိုးရွားတဲ့ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့မှာမဟုတ်ပါဘူး”လို့ ကိုင်ဆေဒိုက တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ –အာဆင်နယ်အသင်းဟာ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီမှာ ခေါ်ယူဖို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို ထပ်မံရိုက်ချိုးဖို့…

read more
ဆုဖလားပြိုင်ပွဲမှာ လဲပြိုပြီးနောက် ခံစားနေရတဲ့ဖိအားကို ဖွင့်ဟခဲ့တဲ့ ဆာကာ coyg

ဆုဖလားပြိုင်ပွဲမှာ လဲပြိုပြီးနောက် ခံစားနေရတဲ့ဖိအားကို ဖွင့်ဟခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာဟာ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အာဆင်နယ်အသင်းရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဖိအားတွေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့လဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။ ဂန်းနားတောင်ပံကစားသမားဟာ ယခုရာသီ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ဆာကာဟာ အခြားကစားသမားတွေနည်းတူပဲ ရာသီကုန်ခါနီးမှာ ပွဲပမ်းမှုနဲ့ သက်တောင့်သက်သာမဖြစ်မှု လက္ခဏာတွေ ပြသခဲ့ပုံပေါ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ယခုရာသီ အချိန်အများစုကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ…

read more
ပေါင်သန်း ၉၀ တန်အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ် coyg

ပေါင်သန်း ၉၀ တန်အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်အတွက် ပေါင်သန်း ၉၀ တန် နွေရာသီအပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆုဖလား မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပြီးနောက် ဂန်းနားတွေဟာ လာမယ့်ရာသီအတွက် စတင်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ နောက်ထပ် ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းကို…

read more
အာဆင်နယ်ရဲ့ လဲပြိုမှုအပြီး ဆာလီဘာ ဒဏ္ဍာရီကို ရှင်းလင်းလိုက်တဲ့ ကာရေဂါ coyg

အာဆင်နယ်ရဲ့ လဲပြိုမှုအပြီး ဆာလီဘာ ဒဏ္ဍာရီကို ရှင်းလင်းလိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ရဲ့ လဲပြိုမှုအပြီး ဝီလီယံ ဆာလီဘာနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီကို ရှင်းလင်းခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့က အိမ်ကွင်းမှာ ဘရိုက်တန်ကို ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကြောင့် ဆုဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် မန်ချက်စတာစီးတီးဟာ လာမယ့် စနေနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ…

read more
ဝေဖန်မှုတွေကို တုံ့ပြန်ပြီး ဘရိုက်တန်ရဲ့ဂိုးကို ရှင်းပြခဲ့တဲ့ ခီဗီယော coyg

ဝေဖန်မှုတွေကို တုံ့ပြန်ပြီး ဘရိုက်တန်ရဲ့ဂိုးကို ရှင်းပြခဲ့တဲ့ ခီဗီယော

အာဆင်နယ်နောက်ခံလူ ခီဗီယောက တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ ဘရိုက်တန်အသင်း ရရှိသွားခဲ့တဲ့ အဖွင့်ဂိုးက ၎င်းရဲ့ အခန်းကဏ္ဍအတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီးနောက် VAR က ကြားဝင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ သွင်းယူပြီး လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးကို ဖိအားပေးချင်နေတဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား…

read more