Manager’s Talk

ကွန်မြူနတီဒိုင်းလုပွဲမတိုင်ခင် မန်စီးတီးကို သတိပေးလိုက်တဲ့ အာတီတာ 1024 504 coyg

ကွန်မြူနတီဒိုင်းလုပွဲမတိုင်ခင် မန်စီးတီးကို သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ သောကြာနေ့က နည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ရဲ့  ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်မှုဟာ ဇွဲမလျှော့တတ်တဲ့ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရာသီနှောင်းပိုင်းမှာ ဂွါဒီယိုလာရဲ့အသင်းက ရလဒ်ကောင်းတွေ ပုံမှန်ရယူပြီးနောက် ၃ ကြိမ်ဆက် အမှတ်ပေးချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ယနေ့ည ဝင်ဘလေကွင်းမှာ မန်ချက်စတာစီးတီးကို လက်စားချေပြီး ပရီးမီးယားလိဂ်ရာသီသစ်ကို ကန့်လန့်ကာဖွင့်ဖို့…

read more
ရာသီကြိုနဲ့ ကစားသမားသစ်တွေအပေါ် အကဲဖြတ်ခဲ့တဲ့ အာတီတာ အင်တာဗျူးမှာ ပြောခဲ့သမျှ 1024 576 coyg

ရာသီကြိုနဲ့ ကစားသမားသစ်တွေအပေါ် အကဲဖြတ်ခဲ့တဲ့ အာတီတာ အင်တာဗျူးမှာ ပြောခဲ့သမျှ

မိုနာကိုနဲ့ ယနေ့ညကစားရမယ့် အမ်းမရိတ်စ်ဖလားပွဲစဉ်မတိုင်ခင် အာတီတာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရီးမီးယားလိဂ်ရာသီသစ် စဖို့ တဖြည်းဖြည်းနီးကပ်လာနေတာကြောင့် ရာသီကြိုနဲ့ လူစာရင်းကို အကဲဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ “အမေရိကားက ကျွန်တော်တို့ရဲ့ ရာသီကြိုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အားပေးမှုအဆင့်အတန်းက မယုံနိုင်စရာကောငး်ခဲ့ပါတယ်။ ကျွန်တော်တို့ အမ်းမရိတ်စ်ဖလားအတွက် မြောက်လန်ဒန်က ကျွန်တော်တို့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာရတာကိုလည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။” ”ကျွန်တော်တို့ ခရီးစဉ်က မြို့ ၃ မြို့ကို ခရီးတွေ…

read more
အီဒူးကို အပြောင်းအရွှေ့အတွက် သတိပေးလိုက်တဲ့ အာတီတာ 1024 768 coyg

အီဒူးကို အပြောင်းအရွှေ့အတွက် သတိပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို လက်ရှိ အသင်းလူစာရင်းရဲ့ ပမာဏဟာ ရေရှည် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပြီး ကစားသမားအထွက်လည်း ရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ တက်ကြွလှုပ်ရှားနေတာဖြစ်ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ တင်းဘားတို့ကို ပေါင်သန်း ၂၀၀ ကျော်သုံးစွဲထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ငွေကြေးအများအပြား…

read more
ဘာစီလိုနာနဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ 1024 576 coyg

ဘာစီလိုနာနဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ ဘာစီလိုနာအသင်းကို လော့စ်အိန်ဂျလိစ်မှာ ၅-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိချင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ မေး- ဒီညမှာ ရုပ်ပိုင်းဆိုင်ရာပိုင်း ယှဉ်ပြိုင်ဖို့ လိုအပ်ခဲ့လား။ ဖြေ- ချစ်ကြည်ရေးခြေစမ်းပွဲအတွက်ဆိုရင်တော့ တကယ်ကို ယှဉ်ပြိုင်မှုရှိခဲ့တယ်။ ပထမဆုံး ဖျက်ထုတ်မှုအပြီးမှာ ပထမဆုံးသွင်းဂိုးအပြီးမှာ အဲဒီပုံစံဖြစ်ခဲ့တယ်။ ပရိသတ် ၇ သောင်းရှေ့မှာ ကစားရတာက အငွေ့အသက်တစ်ခုကို ဖန်တီးဖို့…

read more
မာတီနက်ဇ်ရဲ့ လူချမှု၊ ရိုက်ရဲ့ပထမဆုံးပွဲထွက်ပါဝင်မှု အပါအဝင် အင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ 150 150 user

မာတီနက်ဇ်ရဲ့ လူချမှု၊ ရိုက်ရဲ့ပထမဆုံးပွဲထွက်ပါဝင်မှု အပါအဝင် အင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ နယူးဂျာစီမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိချင်နေမယ့်အကြောင်းအရာတွေကို အဖြေပေးခဲ့ပါတယ်။ မေး- ရလဒ်မကောင်းခဲ့ပေမယ့်လည်းအကောင်းဘက်ကနေ ယူစရာတွေ ရှိခဲ့လား။ ဖြေ- ကောင်းတဲ့ဘက်ကနေဆိုရင် ဒါက စမ်းသပ်တဲ့ပွဲပါ။ ဒီလို အဆင့်မှာ ဒီအခြေအနေက ခင်ဗျားကို သတင်းအချက်အလက်တွေ အများကြီးပေးပါတယ်။ ဒါက အမြဲတမ်း အပြုသဘောဆောင်ပါတယ်။ သတင်းအချက်လက်က…

read more
အမ်းမရိတ်စ်မှာ ဟာဗတ်ဇ် ကစားရမယ့်နေရာကို ပြောပြလိုက်တဲ့ အာတီတာ user

အမ်းမရိတ်စ်မှာ ဟာဗတ်ဇ် ကစားရမယ့်နေရာကို ပြောပြလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို အထောင်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ အသုံးပြုသွားမယ်လို့ သဲလွန်စပေးခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ မေဂျာလိဂ် မြေမကျဘောစိန်ခေါ်မှုမှာ တစ်ဂိုးမှ မသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပေမယ့်လည်း အဲဒီစိတ်ပျက်စရာတွေကို ကြာသပတေးနေ့မှာ မေဂျာလိဂ် ကြယ်စင်စုအသင်းကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ကျသွင်းဂိုးကို သွင်းယူပြီး ချေဖျက်ခဲ့တာဖြစ်ပါတယ်။…

read more
ဟာဗတ်ဇ်ကစားရမယ့်နေရာကို သဲလွန်စပေးလိုက်တဲ့ အာတီတာ coyg

ဟာဗတ်ဇ်ကစားရမယ့်နေရာကို သဲလွန်စပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ ချဲလ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာမှာ ကစားခိုင်းဖို့ စီစဉ်ထားလဲဆိုတာကို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်ကြယ်ပွင့် ဟာဗတ်ဇ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်က ၃ နှစ်တာ ကာလကို အဆုံးသတ်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်…

read more
အာဆင်နယ်ပရိသတ်တွေကို တောင်းဆိုမှုတွေ ပြုလုပ်လိုက်တဲ့ အာတီတာ coyg

အာဆင်နယ်ပရိသတ်တွေကို တောင်းဆိုမှုတွေ ပြုလုပ်လိုက်တဲ့ အာတီတာ

အာတီတာဟာ စိတ်လှုပ်ရှားဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဂန်းနားပရိသတ်တွေကို ဂုဏ်ပြုခဲ့ပေမယ့်လည်း လာမယ့်ရာသီမှာ ပရိသတ်တွေဆီကနေ ပိုပြီး မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီပိတ်ပွဲစဉ်အဖြစ် ယနေ့ည အမ်းမရိတ်စ်မှာ ဝုလ်ဗ်စ်နဲ့ ကစားသွားရမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးရဲ့ နောက် ဒုတိယနေရာနဲ့ ရာသီပြီးဆုံးရမှာဖြစ်ပါတယ်။ ယခုရာသီ အချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပေမယ့်လည်း ရာသီနောက်ဆုံးရက်သတ္တပတ်တွေမှာ ခြေချော်သွားခဲ့ပြီးနောက် အာတီတာက နောက်ထပ်တစ်ကြိမ်…

read more
ခရွန်ကီနဲ့ လျှို့ဝှက်ပြောဆိုပြီးနောက် အပြောင်းအရွှေ့သတင်းစကားပါးခဲ့တဲ့ အာတီတာ coyg

ခရွန်ကီနဲ့ လျှို့ဝှက်ပြောဆိုပြီးနောက် အပြောင်းအရွှေ့သတင်းစကားပါးခဲ့တဲ့ အာတီတာ

အာတီတာဟာ အာဆင်နယ်အနေနဲ့ ဆုဖလားစိန်ခေါ်နိုင်မှုကို ကောက်ရိုးမီးမဖြစ်အောင် နွေရာသီအပြောင်းအရွှေ့ပစ်မှတ်တွေကို အရခေါ်ယူနိုင်ဖို့ လိုအပ်မယ်လို့ သတိပေးခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီ အချိန်အများစုမှာ မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ အသာစီးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေ အံ့အားသင့်ခဲ့ရပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မယ့်ပုံတောင် ပေါ်ခဲ့တာဖြစ်ပါတယ်။ ရာသီနောက်ဆုံးအပတ်တွေမှာ ခြေချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ယခုရာသီကို ဒုတိယနေရာကနေသာ ပြီးဆုံးရတော့မှာဖြစ်ပေမယ့်လည်း ၂၀၂၃-၂၀၂၄…

read more
၃ နာရီလောက်ကန်ရင်တောင် နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ coyg

၃ နာရီလောက်ကန်ရင်တောင် နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလား ပေးခဲ့ရပြီးနောက် ဆင်ခြေပေးဖို့ ရှာဖွေသွားမှာမဟုတ်ဘူးလို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ရာသီအချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ရာသီ နောက်ဆုံးရက်သတ္တပတ်တွေမှာ ခြေချော်သွားခဲ့တာဖြစ်ပြီး နောက်ဆုံး ရှုံးနိမ့်မှုက ဂွါဒီယိုလာရဲ့အသင်းဟာ ယနေ့ညနေ ချဲလ်ဆီးနဲ့ မကစားမီမှာ ချန်ပီယံတွေဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီအစတုန်းက ထိပ်ဆုံး ၄ နေရာအတွက်…

read more