Former Players’ Talks

အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ coyg

အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ

အာဆင်နယ်နောက်ခံကစားသမားဟောင်း မူစတာဖီက ဂန်းနားတွေဟာ ယခုရာသီကို အဆင့် ၂ နေရာနဲ့ အဆုံးသတ်ရမယ့်ပုံပေါ်နေပေမယ့်လည်း ဆုဖလားအနိုင်ရရှိပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေစွမ်းပိုင်း ကမောက်ကမဖြစ်မှုတွေကြောင့် မန်ချက်စတာစီးတီးကို ထိန်းချုပ်မှု ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲစလုံး နိုင်ပွဲ ရရှိခဲ့ခြင်းမရှိဘဲ နောက်ဆုံး…

read more
အစ်တီဟတ်မှာ အနိုင်ရမယ့်အသင်းကို ရွေးချယ်ခဲ့တဲ့ စီးတီးနဲ့ ဂန်းနားကြယ်ပွင့်ဟောင်း coyg

အစ်တီဟတ်မှာ အနိုင်ရမယ့်အသင်းကို ရွေးချယ်ခဲ့တဲ့ စီးတီးနဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း ကိုလို တိုရေးဟာ ယခုရာသီပရီးမီးယားလိဂ်ဖလားကို အနိုင်ရသွားမယ်လို့ ထင်မြင်တဲ့အသင်းကို ရွေးချယ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ ဆုဖလားအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၃ ပွဲဆက်တိုက် သရေကျခဲ့ချိန်မှာ မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ နောက်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် ကိုင်မြှောက်နိုင်ဖို့အတွက်…

read more
ဆာကာကို အံ့အားသင့်ဖွယ် သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင် coyg

ဆာကာကို အံ့အားသင့်ဖွယ် သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက အာဆင်နယ်အသင်းသာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိခဲ့ဘူးဆိုရင် ဆာကာရဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်က ပင်နယ်တီလွဲချော်မှုဟာ မေ့လို့ရနိုင်မှာမဟုတ်တော့ဘူးလို့ သတိပေးခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ ၂ ပွဲဆက်တိုက် ၂ -၀ နဲ့ ဦးဆောင်နိုင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ၂-၂ သရေကျသွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာတော့ ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်ရဲ့  ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး…

read more
ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတဲ့ အာဆင်နယ် coyg

ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ မရှုံးနိမ့်နိုင်သောအသင်းမှာ ပါဝင်ခဲ့တဲ့ လော်ရန်က ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအပေါ် ကြီးမားတဲ့ အားသာချက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်မှု အနည်းငယ် လျော့ကျခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ မာဆေးဆိုဒ်မှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်က ပင်နယ်တီလွဲချော်ပြီး ရွှေရောင်အခွင့်အရေး ၃…

read more
လီဗာပူးလ်နဲ့အာဆင်နယ်တို့ပွဲမတိုင်ခင် ဆုဖလား ဟောကိန်းထုတ်လိုက်တဲ့ ဆိုးလ် ကမ်းဘဲလ် coyg

လီဗာပူးလ်နဲ့အာဆင်နယ်တို့ပွဲမတိုင်ခင် ဆုဖလား ဟောကိန်းထုတ်လိုက်တဲ့ ဆိုးလ် ကမ်းဘဲလ်

ဆိုးလ် ကမ်းဘဲလ်က တနင်္ဂနွေနေ့ အန်းဖီးက အောင်ပွဲဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရရှိစေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ ဖေဖော်ဝါရီလက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပြီး အထင်ကြီးဖွယ် ၇ ပွဲဆက် နိုင်ပွဲနဲ့အတူ လက်ရှိ ချန်ပီယံတွေကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယနေ့မှာ ကြမ်းကပ် ဆောက်သမ်တန်အသင်းကို အနိုင်ယူပြီး ၅ မှတ်အကွာကို…

read more
All or Nothing Series ထဲက အချို့အရာတွေဟာ မမှန်ဘူးလို့ ဂန်းနားဟောင်း လေနို ပြောကြား mgsaw

All or Nothing Series ထဲက အချို့အရာတွေဟာ မမှန်ဘူးလို့ ဂန်းနားဟောင်း လေနို ပြောကြား

ဒီနှစ်ရာသီမှာမှ အာဆင်နယ်အသင်းကနေ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား ဘန်းဒ် လေနိုကတော့ Amazon က ရိုက်ကူးတင်ဆက်ထားတဲ့ All or Nothing Series ထဲက အချို့သော အရာတွေဟာ မှန်ကန်ခြင်း မရှိဘူးလို့ Goal သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။ လေနိုဟာ နည်းပြ အာတေတာလက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးနေတာကြောင့် လန်ဒန်မြို့ခံကလပ်အသင်းတသင်းပဲ ဖြစ်တဲ့ ဖူလ်ဟမ်အသင်းဆီ…

read more
ကိုယ့်အတွက်ပဲ ကစားတတ်သူတွေဟာ အာဆင်နယ်နဲ့ အဆင်မပြေဘူးလို့ အက်ဂွါဒို မှတ်ချက်ပြု mgsaw

ကိုယ့်အတွက်ပဲ ကစားတတ်သူတွေဟာ အာဆင်နယ်နဲ့ အဆင်မပြေဘူးလို့ အက်ဂွါဒို မှတ်ချက်ပြု

အာဆင်နယ်အသင်းဟာ အစဉ်အဆက် လူငယ်ကြယ်ပွင့်တွေနဲ့ အသင်းလိုက်စုဖွဲ့မှုကိုပဲ ဦးစားပေးတတ်တဲ့အသင်းဖြစ်တာကြောင့် ကိုယ့်အတွက်ပဲ ကစားတတ်တဲ့ နာမည်ကျော် ကစားသမားတွေနဲ့ အဆင်မပြေတတ်ဘူးလို့ ဂန်းနားတိုက်စစ်မှူးဟောင်း အက်ဂွါဒို ဒါဆေးဗားလ်က မှတ်ချက်ပြုပါတယ်။ ဒီရာသီမှာ ဂန်းနားတွေဟာ နည်းပြ အာတေတာရဲ့ အကောင်းဆုံး ဦးဆောင်မှုနဲ့အတူ လူငယ်ကြယ်ပွင့်တွေရဲ့ အသင်းလိုက်စုဖွဲ့မှုအပြည့်နဲ့ ချန်ပီယံဆုလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့အထိ အမြင့်ပျံနေပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဂန္ထဝင်နည်းပြကြီး အာစင် ဗင်းန်ဂါးရဲ့နှောင်းပိုင်းခေတ်က…

read more
အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက် mgsaw

အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက်

ပြင်သစ်ကလပ် လီယွန်အသင်းမှာ ကစားနေတဲ့ ဂန်းနားတိုက်စစ်မှူးဟောင်း အလက်ဇန်းဒါး လာကာဇက်ကတော့ နည်းပြ အာတေတာလို နည်းပြမျိုး ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ ပြင်သစ်သားကြီးဟာ နည်းပြ အာတေတာရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်မှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး အတိုင်းအတာတခုအထိ အသင်းအတွက် အကျိုးပြုခဲ့ပြီးနောက် ဒီရာသီမှာ အသင်းဟောင်း လီယွန်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။…

read more
ဒက်ကလန် ရိုက်ကို အာဆင်နယ်မှာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်တဲ့ ဂျက် ဝဲလ်ရှား mgsaw

ဒက်ကလန် ရိုက်ကို အာဆင်နယ်မှာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်တဲ့ ဂျက် ဝဲလ်ရှား

ဂန်းနားကြယ်ပွင့်‌ဟောင်း ဂျက် ဝဲလ်ရှားက ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်တယောက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ နွေဈေးကွက်အတွက် အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပြီး နည်းပြ အာတေတာနဲ့ အားကစားဒါရိုက်တာ အက်ဒူးတို့ရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၄၁) ပွဲ ကစားပြီးထားတဲ့ အသက် (၂၄)…

read more
ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ coyg

ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ

ရော်ဘင် ဗန်ပါစီက အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားအတွက် ၁၉ နှစ်ကြာ စောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၀၃-၂၀၀၄ ရာသီတုန်းက အာဆင်ဝင်းဂါးလက်အောက်မှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက ထိပ်တန်းပြိုင်ပွဲမှာ ထိပ်ဆုံး ၄ နေရာဝင်နိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အူနိုင်း အမ်မရီ၊ ဖရက်ဒီ ယွန်းဘတ်တို့ကလည်း မျှော်လင့်ခဲ့တဲ့အတိုင်း အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်ပေမယ့်လည်း…

read more