Exclusive Interview

ပထမအသင်းမှာကစားဖို့က ကျွန်တော့်အိပ်မက်ပါဆိုတဲ့ ဘာလိုဂွန်ရဲ့ ရင်တွင်းစကားများ coyg

ပထမအသင်းမှာကစားဖို့က ကျွန်တော့်အိပ်မက်ပါဆိုတဲ့ ဘာလိုဂွန်ရဲ့ ရင်တွင်းစကားများ

အာဆင်နယ် မီဒီယာအဖွဲ့ဟာ မကြာသေးမီက အငှားထွက်ကစားနေတဲ့ ဖိုလာရင် ဘာလိုဂွန်နဲ့ တွေ့ဆုံဖို့ ပြင်သစ်ကို သွားရောက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးက ၎င်းရဲ့ ရင်တွင်းက စကားသံတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မေး- ရင်းမ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ်။ ဖြေ- ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ တွေးမိခဲ့လို့ဖြစ်ပြီး စိန်ခေါ်မှုကောင်းလည်း ဖြစ်မယ်လို့ ထင်လို့ပါ။ ကျွန်တော် ယှဉ်ပြိုင်ချင်ပြီး နောက်ထပ်အများကြီး…

read more
နည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကရွန်ကီတို့ ပံ့ပိုးမှုတွေအကြောင်း နည်းပြ အာတေတာ ဖွင့်ဟ mgsaw

နည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကရွန်ကီတို့ ပံ့ပိုးမှုတွေအကြောင်း နည်းပြ အာတေတာ ဖွင့်ဟ

နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ရမယ့်အချိန်မှာ ထိပ်တန်းကလပ်အသင်းတသင်းကို အကောင်းဆုံး ကိုယ်တွယ်နိုင်ဖို့ဆိုတာ လူငယ်နည်းပြတဦးအဖို့တော့ မလွယ်ကူပါဘူး။ စိန်ခေါ်မှုတွေက ကြမ်းတမ်းတယ်။ အတွေ့အကြုံနဲ့မလိုက်အောင် ဖြေရှင်းရမယ့် ပြဿနာတွေက အသင့်စောင့်ကြိုနေတယ်။ တခုခု လွဲချော်တာနဲ့ ကြုံတွေ့ရလာနိုင်တဲ့ ဝေဖန်မှုတွေ၊ ထိုးချမှုတွေ၊ စိတ်ပျက်စရာတွေကြားမှာ တော်ရုံမာကျောမှုလောက်နဲ့တော့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နည်းပြ အာတေတာကတော့ လက်ရှိအချိန်မှာ ဒါကို ရအောင် လုပ်ပြခဲ့ပြီလို့…

read more
နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ mgsaw

နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ

ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဂန်းနားတွေဟာ အဝတ်လဲခန်းအတွင်းမှာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းထဲ ချိတ်ဆွဲထားတဲ့ ပုံစံတူနာရီနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။ ဂန်းနားတွေဟာ အဆိုပါနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို (၅) မှတ် ဆက်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး အားလုံးရဲ့မျက်နှာပေါ်မှာ အပြုံးတွေ ဆက်လက်ဆင်မြန်းခဲ့ပါတယ်။ အဲဒီနောက်မှာ လက်တံတွေက (၂) နဲ့ (၁၁) နေရာမှာ ပြဆိုထားတဲ့ နာရီနဲ့ပတ်သက်လို့ နည်းပြ အာတေတာက…

read more
အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ mgsaw

အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ

ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လို့ မန်နေဂျာတွေကို ကလပ်အသင်းဘက်က လွတ်လပ်ခွင့် ပေးထားပေမယ်လို့ ရွေးချယ်စရာ သိပ်များများ‌စားစားတော့ မရှိပါဘူး။ ပုံမှန်အားဖြင့် သုံးမျိုးသုံးစားပဲ တွေ့ရတတ်တယ်။ ပထမတမျိုးကတော့ ထုံးစံအတိုင်း ကုတ်အင်္ကျီနဲ့ နက်ကတိုင်နဲ့ပေါ့လေ။ အနောက်တိုင်းဆန်ဆန် အထာကျကျပေါ့။ ရှောင်ဒိုက်၊ ဒေးဗစ်မွိုက်စ်နဲ့ တချိန်က ဆာအဲလက်စ် ဖာဂူဆန်တို့ဟန်မျိုး ဖြစ်တယ်။ ဒုတိယကတော့ အားလုံးတသားတည်းပဲဆိုတဲ့ အထာမျိုး။ tracksuit ဝတ်ထားမယ်။ ဘေ့စ်ဘောဦးထုပ်ဆောင်းမယ်။ အားကစားနည်းပြစစ်စစ်ဆိုတဲ့…

read more