Articles

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ coyg

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ ယခုရာသီရဲ့ အရေးအကြီးဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပရိသတ်တွေသိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ မေး- နောက်ဆုံးအကြိမ် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့အပေါ်မှာ ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ။ ဖြေ- ကျွန်တော်တို့အတွက် အဲဒါက သာမန်ပါပဲ။ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းနဲ့ ပွဲစဉ်တိုင်းကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။…

read more
ဇင်ချန်ကိုမပါဝင်နိုင်ချိန်မှာ ဘယ်လိုကာဗာလုပ်နိုင်မလဲ coyg

ဇင်ချန်ကိုမပါဝင်နိုင်ချိန်မှာ ဘယ်လိုကာဗာလုပ်နိုင်မလဲ

ဇင်ချန်ကိုဟာ အာဆင်နယ်မှာ ပြုပြင်ပြောင်းလဲနိုင်တဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ၎င်းရဲ့အလွန်ကောင်းမွန်မှုက တီယာနီရဲ့အနာဂတ်ကို မရေမရာ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အရမ်းထူးခြားတဲ့ နောက်ခံတောင်ပံကစားသမားအတွက် သင့်တော်တဲ့ ကာဗာ ဘယ်လို ပေးနိုင်မလဲဆိုတဲ့မေးခွန်းက ရှိလာပြီး တီယာနီဟာ အူနိုင်း အမ်မရီ လက်ထက်မှာ ပြောင်းရွှေ့လာပြီးကတည်းက ဂန်းနားတွေရဲ့ အဓိကဘယ်နောက်ခံလူ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနှိပ်စက်တာခံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပေမ့ယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေပြီး…

read more
ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး coyg

ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့တဲ့အချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး တစ်ရာသီလုံး ဂန်းနားတွေရဲ့ ဖလားဖြစ်နေခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အောင်ပွဲရရှိဖို့ တဖြည်းဖြည်းနီးစပ်လာနေပြီဖြစ်ပြီး အရေးကြီးတဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦးလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ၁။ ရော့ဘ် ဟိုးဒင်း အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့…

read more
ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-မာ့ခ် ဟုချ်က အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံပြီး ပရီးမီးယားလိဂ်ဖလားကို အရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နည်းပြဟောင်း မာ့ခ် ဟုချ်က မန်စီးတီးရဲ့  ဆုဖလားတွေ အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံက အရေးပါပေမယ့် အာဆင်နယ်က ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က တကယ်ကို အားကောင်းလာပါတယ်။ ကျွန်တော် သူတို့ကို…

read more
စီးတီးကို ဘယ်လိုအနိုင်ယူရလဲဆိုတာ အာတီတာရဲ့အသင်းကို ပြသခဲ့တဲ့ ဂန်းနားလေဒီများ admin

စီးတီးကို ဘယ်လိုအနိုင်ယူရလဲဆိုတာ အာတီတာရဲ့အသင်းကို ပြသခဲ့တဲ့ ဂန်းနားလေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ကစားနေကြ ၄-၃-၃ ကစားကွက်အစား ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုခဲ့ပြီး ဂိုးသမားနေရာမှာ ဒီ-အိန်ဂျလိုကိုနောက်တန်းမှာ ဆိုဇာ၊ ဝပ်ဘင်-မွိုင်း၊ မက်ကေ့ဘ်၊ မာရစ်ဇ်တို့ကွင်းလယ်မှာတော့ ဝီလီယမ်ဆန်၊ မာနမ်၊ ဗာလ်တီ၊ ဖို့ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘလက်စတင်နီးယပ်စ်ကို အထောင်တိုက်စစ်မှူးအနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ လစ်တဲနေရာအတွက် ဘိုင်ယန်ပွဲမှာ အစားထိုး အသုံးပြုခဲ့လို့…

read more
လိဒ်စ်ကို အနိုင်ယူပြီး မန်စီးတီးကို ၈ မှတ်ပြန်ဖြတ်တဲ့ပွဲက အာတီတာမှန်ကန်ခဲ့တဲ့အရာ ၃ ခု coyg

လိဒ်စ်ကို အနိုင်ယူပြီး မန်စီးတီးကို ၈ မှတ်ပြန်ဖြတ်တဲ့ပွဲက အာတီတာမှန်ကန်ခဲ့တဲ့အရာ ၃ ခု

အာတီတာရဲ့အသင်းဟာ စနေနေ့ညနေက အမ်းမရိတ်စ်မှာ လိဒ်စ်ယူနိုက်တက်အသင်းကို ၄-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ စနေနေ့နေ့လယ်အစောပိုင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးက လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေနဲ့ ၅ မှတ်အကွာကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အတိမ်းအစောင်းမခံဘဲ လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ…

read more
ဖုန်းလိုင်းပြန်မိတဲ့ ဂျေးဇုနဲ့ လိဒ်တွေကို တောက်ချလိုက်တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ coyg

ဖုန်းလိုင်းပြန်မိတဲ့ ဂျေးဇုနဲ့ လိဒ်တွေကို တောက်ချလိုက်တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်အသင်းဟာ စနေနေ့နေ့လယ်အစောပိုင်းပွဲစဉ်အဖြစ် လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ကစားခဲ့တဲ့ မန်စီးတီးအတိုင်းပဲ တူညီတဲ့ အနိုင်ရလဒ်ကို ရယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ၈ မှတ်နဲ့ ဦးဆောင်မှုကို ပြန်လည်ရယူခဲ့ပါတယ်။ ဂန်းနားတွေဟာ ၅ လနီးပါးအကြာမှာ ပထမဆုံးအကြိမ် ပွဲထွက်ခဲ့တဲ့ ဂါဘရီယဲလ် ဂျေးဇုရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘန် ဝှိုက်၊ ချာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် လိဒ်စ်ကို…

read more
တန်ဆင်းဇုန်ထဲ မရောက်အောင် အားကုန်ရုန်းမယ့် အဖြူရောင်တွေကို သတိကြီးကြီးနဲ့ နှိမ်နင်းမယ့် အိမ်ရှင်ဂန်းနားများ 150 150 admin

တန်ဆင်းဇုန်ထဲ မရောက်အောင် အားကုန်ရုန်းမယ့် အဖြူရောင်တွေကို သတိကြီးကြီးနဲ့ နှိမ်နင်းမယ့် အိမ်ရှင်ဂန်းနားများ

နိုင်ငံတကာပွဲမစမီ ခြောက်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းထက် တပွဲပိုကစားပြီး အမှတ်ပေးဇယားထိပ်တွင် ရှစ်မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းကတော့ နောက်ဆုံးပွဲမှာ အိမ်ကွင်းမာတဲ့ ဝုလ်ဗ်စ်အသင်းအိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပေမယ့် အိမ်ရှင်တွေကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး တန်ဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ကာ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရပ်တည်လာနိုင်ပေမယ့် တန်းဆင်းဇုန်နဲ့ ရမှတ်…

read more
Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု coyg

Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု

ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတဲ့ ကစားသမားဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာမရှိဘဲ ယူကရိန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးတောင်ပံကစားသမားဖြစ်နေတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားနေရာအတွက် ယှဉ်ပြိုင်မှုတွေ အများအပြားရှိနေပေမယ့် ဆာကာက ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဆိုတာ အခိုင်အမာ ပြောလို့ရနိုင်တဲ့…

read more
ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ 150 150 admin

ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂိုးသမား ဇင်းစ်ဘာဂါ၊ နောက်တန်းမှာ လေး ဝီလီယမ်ဆန်၊ မက်ကေ့ဘ်၊ မာရစ်ဇ်နဲ့ ဆိုဇာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာနမ်၊ လစ်တဲလ်နဲ့ ဗာလ်တီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖို့ဒ်၊ ဘလက်စတင်နီးယပ်စ်နဲ့ ဗစ်တိုးရီးယား ပီလိုဗာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီလူစာရင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က စပါးစ်အမျိုးသမီးအသင်းကို ၅…

read more