Articles

ချန်ပီယံလိဂ်ဝင်ခွင့်က ဂန်းနားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိလာနိုင်လဲ coyg

ချန်ပီယံလိဂ်ဝင်ခွင့်က ဂန်းနားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိလာနိုင်လဲ

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်အိပ်မက်ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ရာသီအစတုန်းက သတ်မှတ်ခဲ့တဲ့ အောင်မြင်မှုကိုတော့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အာတီတာနဲ့ အီဒူးတို့ရဲ့ စီမံကိန်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မဖြစ်မနေ ရယူနိုင်ဖို့ဖြစ်ပြီး ၅ ပွဲ ကစားဖို့ ကျန်နေသေးတဲ့အချိန်ကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်က သေချာနေခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး လက်ရှိ လူစာရင်းထဲက ကစားသမားအများစုအတွက် မရင်းနှီးတဲ့ နယ်မြေတစ်ခု…

read more
ဘရိုက်တန်နဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ coyg

ဘရိုက်တန်နဲ့ပွဲအပြီး အင်တာဗျူးမှာ အာတီတာ ပြောခဲ့သမျှ

ဘရိုက်တန်အသင်းကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှတွေကို ဖြေကြားပေးခဲ့ပါတယ်။ မေး- ပွဲအပေါ်မှာ ခင်ဗျား ဘယ်လို သုံးသပ်မလဲ။ ဖြေ- ပြီးခဲ့တဲ့တနင်္ဂနွေနေ့အပြီးနောက် ကျွန်တော်တို့ အားလုံး တကယ်ကို ကွဲပြားခြားနားတဲ့ ခံစားချက်တစ်ခု ရခဲ့တယ်။ ကျွန်တော်တို့ အဲဒီတုန်းက ဂုဏ်ယူတဲ့ ခံစားချက်မျိုး ခံစားခဲ့ရပြီး အနိုင်ရဖို့…

read more
ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ coyg

ဘရိုက်တန်ကို ရှုံးပြီး ဆုဖလားပြိုင်ပွဲအဆုံးသတ်ခဲ့တဲ့ပွဲစဉ်က အာတီတာ မှားယွင်းခဲ့တဲ့အရာများ

ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ အာဆင်နယ်အသင်းက ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။ အမ်းမရိတ်စ်မှာ နှစ်သင်းစလုံးဟာ အခွင့်အရေးရတိုင်း တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု တိုင်ထိသွားခဲ့တာက ပထမပိုင်းမှာ ဂန်းနားတွေရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာ အန်ဆီဆိုက ဘရိုက်တန်အတွက် အဖွင့်ဂိုးကို…

read more
နယူးကာဆယ်နဲ့ပွဲမှာ အာတီတာသင်ယူခဲ့ရတဲ့သင်ခန်းစာ ၃ ခု coyg

နယူးကာဆယ်နဲ့ပွဲမှာ အာတီတာသင်ယူခဲ့ရတဲ့သင်ခန်းစာ ၃ ခု

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အကောင်းဆုံးပုံစံ ရရှိနေတဲ့ နယူးကာဆယ်အသင်းကို ၂-၀ နဲ့ အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အဓိကမေးခွန်းအချို့ကို အဖြေပေးနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေက တောက်ပတဲ့ စွမ်းဆောင်ရည် ပြသခဲ့တာကြောင့် အာတီတာလည်း ဒီပွဲစဉ်ကနေ သင်ခန်းစာယူစရာတွေ ရှိခဲ့တာဖြစ်ပါတယ်။ သင်ခန်းစာ ၁- ထိပ်တန်းခြေစွမ်းပိုင်ဆိုင်နေသေးတဲ့ ဂျော်ဂျင်ညို…

read more
ငှက်ကျားတွေကို မီးကင်ပြီး စီးတီးကိုပါ ထိတ်လန့်စေခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ coyg

ငှက်ကျားတွေကို မီးကင်ပြီး စီးတီးကိုပါ ထိတ်လန့်စေခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက တတိယနေရာက နယူးကာဆယ်အသင်းကို အထင်ကြီးဖွယ် အပြင်းအထန် တိုက်ပွဲဝင်ပြီး ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဒီပွဲစဉ်ကို ဆုဖလားမျှော်လင့်ချက်အတွက် ဘယ်လိုခြေချော်မှုမျိုးမှ ဖြစ်လို့ မရတော့ဘူးဆိုတဲ့ စိတ်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ဟာ အဖွင့်ပွဲကစားချိန် စက္ကန့် ၉၀ မှာပဲ ဦးဆောင်နိုင်ခွင့်ရရှိဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျေကော့ဘ် မာဖီရဲ့ ဘယ်ခြေကန်ချက်က…

read more
ချဲလ်ဆီးနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ coyg

ချဲလ်ဆီးနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာတီတာဟာ အင်္ဂါနေ့ညနေက အမ်းမရိတ်စ်မှာ ချဲလ်ဆီးကို ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။ မေး- ပထမပိုင်း စွမ်းဆောင်ရည်အပေါ်မှာ ခင်ဗျားဘယ်လိုမြင်လဲ။ ဖြေ- ကျွန်တော် ပထမ မိနစ် ၆၀ ကို တကယ် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ပွဲကို ချဉ်းကပ်တဲ့ပုံ၊ ကျွန်တော်တို့ စတင်ခဲ့တဲ့ပုံစံ၊ ကျွန်တော်တို့ရဲ့…

read more
ပေါင် ၁၀၅ သန်းတန်ကြယ်ပွင့်ကြောင့် ဒုတိယတိုက်စစ်မှူး ဖြစ်လာတော့မယ့် ဂျေးဇု coyg

ပေါင် ၁၀၅ သန်းတန်ကြယ်ပွင့်ကြောင့် ဒုတိယတိုက်စစ်မှူး ဖြစ်လာတော့မယ့် ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပေမယ့်လည်း ခြောက်ပစ်ကင်းသဲလဲစင်ပြီး အညှာအတာကင်းမဲ့တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းနေတဲ့အသင်းအတွက် ရေတိုရော ရေရှည်အတွက်ပါ လုံလောက်ခြင်းမရှိတာဖြစ်ပါတယ်။ ဂျေးဇုဟာ အာဆင်နယ်ကို အဆင့်သစ်တစ်ခုရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပစ်မှတ်ကို ရရှိအောင်သာမက ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ပထမဆုံးအကြိမ် ရာသီပြီးဆုံးခါနီးအထိ ဆုဖလားပြိုင်ပွဲထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နိုင်အောင်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ပိုင်းမှာ…

read more
ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး coyg

ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ အစ်တီဟတ်က နိင်ပွဲမတိုင်ခင်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားဖို့ ရေပန်းအစားဆုံးဖြစ်နေပြီးသားဖြစ်တဲ့ ဂွါဒီယိုလာရဲ့အသင်းရဲ့ ခုခံကာကွယ်လို့မရနိုင်တဲ့ တိုက်စစ်ကြောင့် ချေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အာလင်း ဟာလန်းရဲ့ ကြောက်မက်ဖွယ် ဂိုးကန်သွင်းချက် အများအပြားကို ကာကွယ်နိုင်ခဲ့လို့သာ ဒီထက်…

read more
စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ coyg

စိန့်တွေနဲ့ပွဲမှာ ပြန်လာနိုင်ခဲ့ပေမယ့် နောင်တတွေနဲ့ ကျန်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ မဖြစ်မနေ နိုင်ပွဲရယူရမယ့်အစား အံ့အားသင့်ဖွယ် ခြေစွမ်းပိုင်းမတည်ငြိမ်မှုကို ဆက်လက် ပြသခဲ့ပြီး မန်စီးတီးကို ဆုဖလားပြိုင်ပွဲမှာ ထိန်းချုပ်နိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း စစချင်း ၁၈ စက္ကန့်အကြာမှာပဲ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ရာမှာ အယ်လ်ကာရက်ဇ်က ကြားဝင်ရယူပြီး အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၁၄ မိနစ်မှာ အာဆင်နယ်ကြယ်ပွင့်ဟောင်း သီယို ဝဲလ်ကော့တ်က အာရွန်…

read more
လူမျိုးရေးခွဲခြားမှုတွေခံနေရတဲ့ ဆာကာကို အားကောင်းတဲ့ သတင်းစကားပေးပို့ခဲ့တဲ့ အီယန် ရိုက် coyg

လူမျိုးရေးခွဲခြားမှုတွေခံနေရတဲ့ ဆာကာကို အားကောင်းတဲ့ သတင်းစကားပေးပို့ခဲ့တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က တနင်္ဂနွေနေ့ညမှာ လူမျိုးရေးခွဲခြားမှုတွေကို ခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် ဘူကာယို ဆာကာကို အားပေးထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဆာကာရဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်အပြီးမှာ လူမှုကွန်ရက်ပေါ်ကနေတဆင့် နှောင့်ယှက်စော်ကားတဲ့ သတင်းစကားတွေ ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ အင်္ဂလန်ကြယ်ပွင့်က အာတီတာရဲ့အသင်း ၂-၁ နဲ့ ဥိးဆောင်နေချိန်မှာ အရေးကြီးတဲ့ပင်နယ်တီကို…

read more